Pages

Tuesday, 26 March 2013

တခါတုန်းက မြန်မာပြည်မှာ(၂)


                                         အချိန်သည်ကား ၁၉၉၆ ခုနှစ်၊ ကျွန်တော်နေထိုင်ရာ ရန်ကင်းမြို့နယ်အတွင်း၌ တချိန်က သွားလေသူ ခေါင်းဆောင်ကြီး ဗိုလ်နေ၀င်း၏ ကိုယ်ရံတော် တပ်ဖြစ်သည့် ဗမာ့သေနတ်ကိုင် တပ်ရင်း(၄) ရှိပါတယ်။မြန်မာ့ တပ်မတော်၏ ထုံးစံအတိုင်း အရာရှိ အဆင့်များက သူဌေးများဖြစ်ပြီး အခြားအဆင့်များမှာ ကြက်ခြံ၊ ၀က်ခြံ၊ ငါးမွေးကန် များပြုလုပ် ၍မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးကြရပါတယ်။ စစ်တပ်နှင့်အနီးမှာမြန်မာပြည်၏ ထိပ်တန်းသူခိုး ဌာနကြီးနှစ်ခုဖြစ်သည့် ဆည်မြောင်းဦးစီးဌာနနှင့် လယ်ယာစိုက်ပျိုးရေးဌာနများရှိပါတယ်။ အဲဒီ အခါ အရင်းအနှီးအသင့်အတင့်ရှိသည့် တပ်တွင်းမိသားစုများက ထမင်းဆိုင်များဖွင့်ထားကြပါတယ်။

တစ်နေ့မှာ တပည့်ဟောင်းတစ်ဦးမှ ဆယ်တန်းကျောင်းသားများအား စာသင်ပေးရန် လာခေါ်သည့် အတွက် တပ်ရင်း(၄)နှင့် ပတ်သက်ရပါတယ်။ တဖြေးဖြေးနှင့် စာသင်သည့်တပည့်များ တိုးလာပါတယ်။ သုံးလ လောက်ကြာသည့်အခါ တပည့် (၃) ဦး စာလာမသင်ပဲ ပျောက်သွားသည့်အတွက် မတက် ချင်တော့လို့ မလာတာဖြစ်ပါပေါ့ဟုသာ ထင်မှတ်ထားလိုက်ပါသည်။ သူတို့ပျောက်သွားပြီး (၆)ရက်မြောက်နေ့မှာ ကိုယ်တော်ချော (၃) ယောက်ပြန်ရောက်လာပါသည်။ရောက်ရောက်ချင်း သူတို့က ကျွန်တော်ကို “ကျွန်တော်တို့ ဘာလို့မလာတာလဲလို့ မေးပါဆရာ” ဟုပြောသည့်အခါ ကျွန်တော်က “မေးမနေပါတော့ဘူးကွာ စာသာသင် ကြပါတော့” ဟုပြောပြီး စာသင်ရန်ပြင် လိုက်ပါ သည်။ သူတို့က မကျေမနပ်နှင့် “မေးပါဆရာ ပြောချင်လွန်းလို့ပါ ဆရာကမမေးပဲ ကျွန်တော်တို့ကပြောရင် ပြောရတဲ့သူရဲ့ စိတ်ထဲမှာ မကောင်းဘူးဆရာရဲ့” ဟုဆိုရာ တပည့်မ များက “မေးလိုက်ပါဆရာ နို့မို့ဆို စာသင်ရမှာ မဟုတ်တော့ဘူး သမီးတို့ကလည်း သိချင်တယ် ဆရာ” ဟု ပြောသည့်အတွက် ကျွန်တော်က “ကိုင်း ကိုင်း မေးဘီကွာ မင်းတို့တတွေ ဘာလို့ မလာတာလဲ” ဟုမေးလိုက်ပါတယ်။

သူတို့ထဲမှ သွက်သွက်လက်လက်ရှိသည့်တပည့်ကြီးက “ဆရာ ကျွန်တော်တို့မိသားစုတွေ ဘယ်လိုရပ် တည်နေရသလဲဆိုတာ ဆရာသိပါတယ်၊ ကျွန်တော့်အဖိုးဆိုရင် ဘီအိုင်အေခေတ်ကတည်းက စစ်တပ်ထဲ ၀င်တာ၊ တိုင်းပြည်အတွက် လုပ်ချင်လို့ကို ၀င်လုပ်ခဲ့တာ၊ အဖေဆိုလဲ ၁၈နှစ်သားမှာ သူ့အဖေ၊ ကျွန်တော် အဖိုးကယောက်ျားကောင်းဆိုတာ တပ်မတော်ထဲမှာ ရှင်သန်ရတာလို့ အကြိမ်ကြိမ် အထပ်ထပ်ေ့ပြာ လို့ ယောက်ျား ပီသအောင်ဆိုပြီး စစ်တပ်ထဲ ၀င်တာ” ဟုပြောနေစဉ် ကျွန်တော့်မှာ စိတ်မရှည်နိုင်တော့ပဲ “ဟေ့ကောင် မင်းအမျိုးတွေအကြောင်း ပြီးအုန်းမှာလား၊ ငါစာသင်ရအုန်းမယ”် ဟု ဖြတ်ပြောလိုက်သော အခါ သူက “ဒါနဲ့ ဆရာ၊ အတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦးအကြောင်း ဆရာဘာသိလဲ” ဟုမေးပြန်ပါတယ်။ ကျွန်တော်က စိတ်တိုလာပြီး  “ငါ ဘာသိမှာလဲကွ၊ ပြောစရာရှိရင် မြန်မြန်ပြောကွာ” ဟု ဆိုလိုက်သောအခါ “ဒီလို ဆရာရေ၊ ဗိုလ်ချုပ်တင်ဦးရဲ့ သမီးတစ်ယောက်နာမည်က ယမင်းဦးတဲ့၊ သူ့ယောက်ျားက ဒေါက်တာမြတ်နိုး၊ သူတို့ လင်မယားနှစ်ယောက်ပေါင်းပြီး ဖွင့်ထားတဲ့ ကုမ္ပဏီနာမည်ကို ယမင်းမြတ်နိုးကုမ္ပဏီလို့ နာမည်ပေး ထားတယ်။ အခုအချိန်မှာ နိုင်ငံခြားကို ကျွန်းသစ်အလုံး လိုက်ပို့ လို့ရတဲ့ကုမ္ပဏီက သူတို့ ကုမ္ပဏီ တစ်ခုတည်း ရှိတယ်၊( အခု၂၀၁၃ မှာ ဘယ်နှစ်ခုရှိလဲမသိပါ၊ ဒါပေမယ့် ဂျာနယ်ထဲကပုံတွေ ကြည့်ရသလောက် တစ်ခုမကဘူးထင်ပါတယ်)၊ အဲဒါဆရာရေ သူတို့ကုမ္ပဏီ ကရောင်းလို့ရတဲ့ငွေတွေ ရေတွက်ဖို့ဆိုပြီး ကျွန်တော်တို့ကိုခေါ်တာ၊ ကျွန်တော်တို့လို လူငယ် (၁၀)ယောက်ရေတွက်တာ (၅) ရက်ကြာတယ် ဆရာ ( ထိုအချိန်က ငွေရေတွက်သည့်စက် မသုံးသေးပါ၊ ဘယ်ဘဏ်မှလည်း မအပ်ပါ၊ လူသိမှာ စိုးရိမ်သည့်အတွက် ဖြစ်ပါတယ်) ကျွန်တော်ထင်တယ်၊ ဆောင်း တွင်းမီးလှုံရင်တောင် ကုန်မယ်မထင်ဘူး၊ စိတ်နာဖို့ကောင်းလိုက်တာ” တဲ့။ ကျွန်တော့်မှာ စာသင်ချင် သည့်စိတ်တောင် ကုန်သွားပါတယ်။ ဆုလည်းတောင်း လိုက်ပါတယ်။ သေချင်း ဆိုးတွေ မြန်မြန်သေ ပါစေလို့။ နောက်တော့လဲ တကယ့်ကို ပိုးစိုးပက်စက်သေသွားပါတယ်။

သန့်စင်အောင်(ရန်ကင်း)

၂၅.၀၃.၂၀၁၃

No comments:

Post a Comment