ရန်ကုန်မြို့အစွန် မင်္ဂလာဒုံမြို့နယ်အပိုင် ထောက်ကြံဟုခေါ်သော အရပ်မှာ
အခြေခံပညာဦးစီးဌာနမှ ဆရာအတက်သင်ကျောင်းဆိုလား၊
လုပ်ငန်းခွင်လေ့ကျင့်ရေးကျောင်းဆိုလား၊ ဆောက်လုပ်ရန် ကန်ထရိုက်ပေး ပါတယ်။ပညာရေးဌာနမှာအဆောက်အအုံကန်ထရိုက်ပေးရင် ငွေကိုအရစ်ကျနဲ့ထုက်ပေးတယ်။
သိရသ
လောက် ဆိုရင် လေးရစ်ပေါ့နော်။
ကိုယ့်နီးစပ်ရာနဲ့ကိုယ် ကန်ထရိုက်ရဖို့ကြိုးစားကြတာ နောက်ဆုံးတော့ စားနေကြကြောင်ဖားပဲ ကန်ထရိုက်
ရပါတယ်။
ကန်ထရိုက်တာ ကိုယ်တော်ချောက မည်သို့လုပ်လိုက်သည်မသိ၊ အမှန်တော့ သိပါတယ်။
လေးစားရတဲ့ဆရာတစ်ယောက်ရဲ့ ကိုယ်ကျင့်သိက္ခာကို ထိခိုက်မှာဖြစ်တာကြောင့်
ဆက်ပြီး ထိန်းသိမ်းလက်စနဲ့ မပြောတော့ဘူးနော်၊ ပြောချင်တာက ငွေတွေ
လုံးကနဲရတယ်ပေါ့။ ငွေထုတ်ပြီး ညနေအိမ်ရောက်တာနဲ့ ချက်ခြင်းပဲ
ကားပွဲစားခေါ်ပြီး ညတွင်းချင်းပဲ ကားဝယ်သတဲ့ဗျာ၊
နိုင်ငံခြားသွားချင်နေတဲ့သားတစ်ယောက်ကို နိုင်ငံခြားလွှတ်ဖို့ ချက်ချင်းစီစဉ်တယ်။ မကြာပါဘူး သားတော်မောင် အလိမ်မာတုံးကြီး ပြည်ပကို ရောက်တော် မူသွားပါတယ်။
ကျွန်တော်တို့ငယ်ငယ် ၁၉၇၄ ခုနှစ်လောက်က တောင်ဥက္ကလာပမြို့နယ် မြင်သာမှာ
ဝန်ထမ်းအိမ်ယာဆောက် တော့ ခဏခဏရောက်တယ်။ သူငယ်ချင်းတွေက (၇)ရပ်ကွက်မှာ
ရှိတယ်လေ။ အဲ့ဒီ အိမ်ယာစခန်းမှာ သုံးထားတဲ့တိုင်တွေက ကောက်တိကောက်ကွေး၊
ဘိလပ်မြေကလဲ ပါသည်ဆိုရုံ၊ ဆောက်လဲပြီးရော လာနေတဲ့ သူတွေ
ငရုပ်သီးတောင်မထောင်းရဲဘူး။ ပြိုကျမှာစိုးရိမ်ရလို့လေ။နောက်ပိုင်း
အိမ်ခန်းတွေ ဈေးတရားလွန် တက်လာတော့ မြင်သာအိမ်ယာတွေလဲ ဈေးကောင်းလာပြီး
ဝယ်တဲ့သူတွေ အကုန်ပြန်ပြင်ရတယ်လေ။ ကန်ထရိုက်တာပုဂ္ဂိုလ်ကြီးလဲ
မြင်သာအိမ်ယာစခန်းကို အတုယူပြီး ကျောင်းကြီးကိုဆောက်တယ်။
ကျောင်းဆောက်ဖို့မြေတူးကတည်းက မြေတူးစရိတ်၊အုတ်၊ဘိလပ်မြေသက်သာအောင် တိမ်တိမ်လေးတူးတယ်။ foundation ချတော့လဲ ဘိလပ်မြေပါလေကာပေါ့။တိုင်တွေကလဲ
ကောင်းလိုက်တာမှ ကော့ပျံကန်ကြောက်၊ တကယ်ဆောက်ရတဲ့သူတွေ ငိုတဲ့ကျောင်းပေါ့။
အမိုးကို မနဲမိုးရတယ်လေ။ အဲဒီ သုံးမျိုးဘဲ ပြီးတယ်။ အကာတွေ၊ အခင်းတွေတော့
မလုပ်နိုင်တော့ဘူး။ ထုတ်ပေးတဲ့ပိုက်ဆံကကုန်ဘီလေ။ လုပ်ငန်းပြီးဖို့ သတ်မှတ်
ထားတဲ့အချိန်ရောက်တော့ လာစစ်ပါလေရော။ လုပ်ငန်းမပြီးသေးဘူး။ ပညာရေးဋ္ဌာနက
ညှာတာပါတယ်။ ထုတ်ထားတဲ့ငွေတွေထဲက သိန်းငါးဆယ် ပြန်သွင်းစေ
ဆိုပြီးအတက်နိုင်ဆုံး လိုက်လျောပေးပါတယ်။ ဒီတော့ ကျေးဇူးရှင်က
ဘာလုပ်လဲဆိုရင် ငွေငါးသောင်းကို ဘဏ်မှာသွင်းပြီး ဘဏ်ရဲ့ပြေစာမှာ
လက်ရေးနဲ့သုည တွေဖြည့်တယ်။ သိန်ငါးဆယ် သွင်းပြီးပြီးဆိုပြီး
မြို့နယ်ပညာရေးမှူးရုံးကို တင်ပြတယ်။ မြို့နယ်ရုံးကမှတဆင့် ဦးစီးဌာနကို
တင်ပြတယ်။ ဦးစီးဌာနက စစ်လိုက်တော့ မဟုတ်မှန်းသိရော။ မြို့နယ် ပညာရေးမှူးက
လူရိုးကြီး။ အင်မတန်ဖြောင့်မတ်တယ်။ ကန်ထရိုက်တာကို သူကရွေးချယ်ပြီး
တာဝန်ပေးတာမဟုတ်ပဲ မိုးပေါ်က ကျလာတာဆိုတော့ သိပ်ပြီးလဲမစစ်ဆေးရဲဘူး။
နောက်ပြီး အထက်တန်းပြဆရာဝါရင့်ကလာတဲ့ စာသင်တဲ့ ဆရာစစ်စစ်လေ။ ဒီတော့
ပြင်ပအကြောင်းဘာမှမသိဘူး။ လုပ်ငန်းကြီးလုပ်တဲ့သူတွေ လိမ်လိမ့်မယ်လို့ မထင်
ထားဘူးပေါ့။
ဒါနဲ့ပညာရေးမှူးမှာ တာဝန်ရှိတယ်ဆိုပြီးပညာရေးမှူးကို
အချုပ်ထဲထည့်လိုက်တယ်။ ဆရာကြီးခမျာ တစ်ပြား မှလဲ မစားရပဲ အဖမ်းခံရတာ။
ပြန်တော့လွတ်ပါတယ်၊ ဆရာကြီးခမျာရှက်လို့ အလုပ်က အပြီးထွက်သွားတယ်။ အမှုက
ရှုပ်နေဘီ၊ သြော် မေ့နေလို့၊ ပညာရေးဝန်ကြီးက အဘပန်း၊ အဘပန်း နဲ့
နာမည်ကြီးတဲ့ ဦးပန်းအောင်၊ ပြဿနာက ဝန်ကြီးနား ပေါက်သွားတယ်။ အဲဒီအချိန်မှာ
ဝန်ကြီးလုပ်တဲ့ဦးပန်းအောင်က မန္တလေးရောက် နေတယ်။ ရန်ကုန်ရောက်ရင်
ဒီပြဿနာကို ၀န်ကြီးက အပြတ်ရှင်းမယ်လို့ ကြိမ်းဝါးတယ် ဆိုတဲ့ အကြောင်းလဲ
ကန်ထရိုက်တာကြီး သိတော်မူရော၊ ဆင်ကြံ ကြံတယ်။ ဦးပန်းအောင်ထက်
ကြီးတဲ့ဆင်ကို ရှာတယ်။ ဆင်ကြီးတော့မတွေ့ဘူး။ ဆင်မလေးသွားတွေ့တယ်။ဆင်မလေးက
ဒုတိယဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့
သမီး ကညာလေး၊ မည်သို့လုပ်လိုက်သည်မသိ။ ဒါကတော့ တကယ်ကိုမသိတာနော်။
အတင်းဝင်လုံးပြီး ရွှေသားမက် လုပ်ပစ်လိုက်တယ်။ သူပေါင်းနေတဲ့မယားကြီးကို
ကွာပစ်လိုက်တယ်။ ဦးပန်းအောင် ရန်ကုန်ရောက် တယ်ဆိုရင်ဘဲ ကန်ထရိုက်တာ
ခေါ်လိုက်စမ်း လို့ အမိန့်ပေးလိုက်တယ်။ ကန်ထရိုက်တာလည်း သူ့အဖေ အသစ်
ဒုတိယဗိုလ်ချုပ်ကြီးဆီ ပြေးလိုက်တယ်ဆိုရင်ပဲ ဒုတိယဗိုလ်ချုပ်ကြီးက
ဝန်ကြီးမင်းဦးပန်းအောင်ကို မင်း ငါ့သားကို ဘာလုပ်မလို့လဲဆိုတဲ့
စကားတစ်ခွန်းနဲ့ ပြီးသွားတယ်လေ။ ကျောင်းကြီးလည်း စုတ်တိစုတ်ပြတ်နဲ့
ဘာမှပြီးတော်မမူတော့ဘူး။ ပြောချင်တဲ့ အကြောင်းကတော့ နောက်လူတွေ
သိစေချင်လို့၊ ဘယ်နေရာမှာ ဘာဖြစ်ခဲ့လဲ ဆိုတာ သိရင် နောင်မဖြစ်အောင်
တားဆီးနိုင်ဖို့ပါ။
သန့်စင်အောင်(ရန်ကင်း)
၃၀.၀၃.၂၀၁၃
No comments:
Post a Comment