Pages

Friday, 11 October 2013

 (မန္တလေး)ရှိ အားကာ သိပ္ပံဝန်ထမ်း(၂)ဦး အကျင့်ပျက်ခြစား၊ သမတကြီး ဦးသိန်းစိန်နဲ့ ၀န်ကြီးများသိ၊ အရေးမယူသေး

အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေးသင်တန်းကျောင်း အထက်မြန်မာပြည်(မန္တလေး)ရှိ အားကာသိပ္ပံ ၀န်ထမ်း(၂)ဦး၏ အကျင့်ပျက်ခြစား ၊ လာဘ်စားနေမှုများကို ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်သမတကြီး ဦးသိန်းစိန်၊ အားကစားဝန်ကြီးဌာန အားကစားဝန်ကြီး ဦးတင့်ဆန်းနှင့် ပြည်သူ့လွှတ်တော်ရေးရာကော်မတီ အားကစား၊ယဉ်ကျေးမှုနှင့်စာနယ်ဇင်းကော်မတီ ဥက္ကဌ သူရဦးအေးမြင့်တို့ သိရှိ


ကျွန်ုပ်တို့မြန်မာနိင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီစနစ်ကို အားသွန်ခွန်စိုက်ဖော်ဆောင်လာခဲ့ရာ ယခုအချိန်တွင် ခရီးအတော် အသင့် ရောက်ရှိလာပြီဖြစ်သည်။
ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် နိုင်ငံတော် သမတကြီး ဦးသိန်းစိန်မှ ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုပြီး ပြုလုပ်သင့်သောပြောင်းလဲမှုများ ၊ဖြေလျော့မှုများကို ပြုလုပ်ပေးခဲ့ပါသည်။
ထို့အပြင် နိုင်ငံတော်သမတမှ မိမိနိုင်ငံ့ဝန်ထမ်းများ၏အလုပ်ဝတ်တရားများနှင့် ပတ်သက်ပြီး ပြုပြင်သင့်သော လမ်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများကို အသစ်ထပ်မံဖြည့်စွက် ညွှန်ကြားခဲ့သည်။
ထိုအထဲတွင် ၀န်ထမ်းများအကျင့်ပျက်ခြစားမှု၊ လာဘ်စားမှုများကို တိုက်ဖျက်ဖို့ရန် ညွှန်ကြားမှုများလည်း ရှိခဲ့သည်။
နိုင်ငံတော်သမတကြီးဦးသိန်းစိန်မှ မည်သို့ပင်လာဘ်စားမှုများ ၊အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်နေသော်လည်း အောက်ခြေ၀န်ထမ်းများ၏ ထိုအကျင့်ဆိုးများကပျောက်ပျက်ဖို့ရာ ခဲယဉ်းနေသေးသည်။

ထိုဝန်ထမ်းများထဲတွင် မန္တလေးအားကာသိပ္ပံ မှဝန်ထမ်းနှစ်ဦးလည်း ပါဝင်ပေသည်။
ပထမတစ်ဦးမှာ မန်းလေးအားကာသိပ်ပံဒုတိယကျောင်းအုပ်ကြီး ဦးမြင့်ခိုင်ဖြစ်ပြီး
ဒုတိယတစ်ဦးမှာ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်ဖြစ်သည်။

ဒုတိယကျောင်းအုပ်ကြီးဦးမြင့်ခိုင်သည် ဒုတိယညွှန်ကြားရေးမှူး အဆင့်ရှိပြီး တာဝန်ယူထားသောအပိုင်းမှာ ပညာရေးနှင့်လေ့ကျင့်ရေး ဌာနစုဖြစ်သည်။
အားကစားဝန်ကြီးဌာနမှ သင်တန်းသား/သူဦးရေ(၅၄၄)ဦး ၊ အားကစားနည်း(၂၃)နည်းစာအတွက် ရာသီလိုက် နှစ်စဉ် တစ်နှစ်လျှင်နှစ်ကြိမ် အားကစားပစ်စည်းများ ထုတ်ပေးလျက်ရှိရာ မန်းလေးအားကာသိပ်ပံ ဒုတိယကျောင်းအုပ်ကြီး ဦးမြင့်ခိုင်သည် အားကစားဝန်ကြီး ဌာနမှ တစ်နှစ်လျှင်နှစ်ကြိမ် ထုတ်ပေးသော အားကစားပစ်စည်းများကို တစ်နှစ်လျှင်တစ်ကြိမ်သာထုတ်ပေးပြီး ကျန်တစ်ကြိမ်မှ ရရှိသောငွေကြေးများကို မိမိကိုယ်ကျိုး စီးပွားအတွက် အသုံးပြုနေပါသည်။

ထို့အတူ သင်တန်းသား/သူများ မိမိနေရပ်သို့ခွင့်ပြန်သောအခါ ထိုသင်တန်းသား/သူများ၏ ခွင့်ပြန်ရက် အတွင်း အသုံးမပြုရသည့် တစ်ဦးလျှင် တစ်နေ့စားစရိတ်(၂၅၀၀)ကျပ်ကို စာရင်းအင်းများဖြင့် သိမ်းဆည်းထားခြင်းလည်းမရှိ၊ ဌာနသို့လည်းပြန်မသွင်းပဲ မိမိ၏တစ်ကိုယ်တည်း ကိုယ်ကျိုး အတွက် သုံးစွဲလျက်ရှိပါသည်။
၎င်းသည် ယခင်အစိုးရအဆက်ဆက်မှ ထိုင်းဒေသကြီးအစိုးရအဖွဲ့ လက်ထက်အထိ အားကစားမြှင့်တင်ရေး အတွက် ထူထောင်ထားသော ကျောင်းအကျိုးတော် ဆောင်ရံပုံငွေမှ ထုတ်ယူသုံးစွဲသည့် တစ်လနှစ်ကြိမ် အထူးနေ့လည်စာစားပွဲအတွက် ငွေကြေးပမာဏ လစဉ် တစ်ကြိမ်လျှင်(၅) သိန်းနှုန်းဖြင့် နှစ်ကြိမ်(၁၀)သိန်းပမာဏကို နည်းပြနှင့် ကျောင်းဆရာ/ ဆရာမများအပါအ၀င် လူဦးရေ(၆၁၄)ဦး စာအတွက် အထူးနေ့လည်စာ၌ အသုံးမပြုဘဲ မိမိကိုယ်ကျိုးအတွက်သာ အသုံးပြုလျက်ရှိပါသည်။


မန္တလေးအားကာသိပ္ပံ ဒုတိယကျောင်းအုပ်ကြီးဦးမြင့်ခိုင်သည် အားကစားဝန်ကြီးဌာနမှ ကျောင်းအသုံးပြုရန်ချထားပေးသော ဘီ၆၀၀ ကားလေးကို ပြင်ပ၌ပုပ်ဂလိကအဖြစ်ဌားရမ်းထားပြီး ငွေကြေးများကိုရှာဖွေသုံးစွဲနေပါသည်။
ထို့အပြင် သင်တန်းသား/သင်တန်းသူများအတွက် အားကစားဝန်းကြီးဌာနမှ ဆံပင်ညှပ်ခ လစဉ်(၅၀၀)ကျပ်ထုတ်ပေးလျက်ရှိရာ ၄င်းသည် သင်တန်းသား/ သူဦးရေ(၅၄၄)ဦးနှစ်မြှောက်လျှင် ငွေကျပ်(၂)သိန်း(၇)သောင်း(၂)ထောင်ကျပ် တိတိကို သင်တန်းသား/သူများကို ဝေမျှပေးခြင်းမရှိဘဲ မိမိကိုယ်ကျိုးအတွက်သာ ရယူသုံးစွဲလျက်ရှိပေသည်။

အခါအားလျော်စွာ အားကစားနည်းအလိုက် ပြင်ပပြိုင်ပွဲများသွားရောက်ယှဉ်ပြိုင်ရာတွင်လည်း မန္တလေးအားကာသိပ္ပံ ဒုတိယကျောင်းအုပ်ကြီးဦးမြင့်ခိုင်သည် ထိုင်းဒေသကြီး အစိုးရအဖွဲ့မှ အားကစားမြှင့်တင်ရေးအတွက် ထူထောင်ထားသော ကျောင်းအကျိုးတော်ဆောင် ရံပုံငွေမှ ခရီးစရိတ်များ၊ စားစရိတ်များ ထုတ်ယူသည့်အပြင် အားကစားဝန်ကြီး ဌာနမှလည်း ထိုစရိတ်များကို ထုတ်ယူပြီး ထုတ်ယူရရှိသော နေရာနှစ်ခုမှ ငွေကြေးများကို တစ်ဝက်သာ ခရီးစရိတ်၊ စားစရိတ် အသုံးပြုရန် ပေးပြီးကျန်တစ်ဝက်ကို မိမိငွေကြေးကဲ့သို့ အသုံးပြုပါသည်။

အားကစားဝန်ကြီးဌာနမှ နှစ်စဉ် တစ်နှစ်လျှင်နှစ်ကြိမ် သင်တန်းသား/သူများအတွက် ထုတ်ပေးသော အသုံးတူပစ်စည်း(အားကစားဝတ်စုံ၊ အိပ်ရာသုံးပစ္စည်း၊ကျောင်းသုံး ပစ္စည်း) များကိုလည်းဘဲ ၄င်းသည်တစ်နှစ်တစ်ကြိမ်သာ ထုတ်ပေးပြီး ကျန်တစ်ကြိမ်မှရရှိသော ပစ်စည်းများကို ပြန်လည်ရောင်းချခြင်းများပြုလုပ်ပြီး ရရှိသောငွေကြေးများကို မိမိပိုင်ကဲ့သို့အကျင့်ပျက်စွာဖြင့် သုံးစွဲလျက်ရှိပါသည်။

အလယ်တန်းကျောင်းသား/သူများဖြစ်သည့် သင်တန်းသား/သင်တန်းသူများအတွက် အားကစားဝန်ကြီးဌာနမှ လစာတစ်လလျှင် တစ်ယောက်(၈၀၀၀)ကျပ်၊ အထက်တန်းကျောင်းသား/သူများဖြစ်သည့် သင်တန်းသား/သူများအတွက် လစာတစ်လလျှင် တစ်ယောက်(၁၀၀၀၀)ကျပ်ကိုလည်း ကျန်ခဲ့သည့် (၇)လ၊ (၈)လ၊ (၉)လများအတွက် မန်းလေးအားကာ သိပ္ပံဒုတိယကျောင်းအုပ်ကြီး ဦးမြင့်ခိုင်သည် မပေးဘဲယခုထက်တိုင် ထိန်ချန်ထားရှိပါသည်။

ဒုတိယတစ်ယောက်မှာ လက်ထောက်ညွန်ကြားရေးမှူး ဦးမိုးကျော်လွင်ဖြစ်ပြီး တာဝန်ယူထားသောအပိုင်းမှာ အားကစား သိပ္ပံစီမံဌာနဖြစ်သည်။
၎င်းသည် ယခင်အစိုးရအဆက်ဆက်မှတိုင်း ဒေသကြီးအစိုးရလက်ထက်အထိ အားကစားမြှင့်တင်ရေး အတွက် ထူထောင်ထားသော ကျောင်းအကျိုးတော်ဆောင် ရံပုံငွေမှ လစဉ်ထုတ်ပေးသည့် သင်တန်းသား/သူတစ်ဦးစာအတွက် တစ်ရက်မုန့်ဖိုး(၂၀၀)ကျပ် စုစုပေါင်း သင်တန်းသား/သူဦးရေ (၅၄၄)ဦးဖြင့်မြှောက်လျှင် နေ့စဉ်(၁၀၈၈၀၀) ကျပ်ကို သင်တန်းသား/သူများထံသို့ ဝေမျှခြင်းမရှိဘဲ မိမိအိတ်ကပ်ထဲထည့်ပြီး မိမိပိုင်ပစ္စည်းကဲ့သို့ ကိုယ်ကျိုးအတွက် အသုံးပြုနေပါသည်။

ထို့အပြင် လက်ထောက်ညွန်ကြားရေးမှူး ဦးမိုးကျော်လွင်သည် အားကစားဝန်ကြီးဌာနမှ လစဉ် သင်တန်းသား/သူဦးရေ(၅၄၄)ဦး အတွက် စားစရိတ်အဖြစ် တစ်ယောက်စာ တစ်နေ့စားစရိတ်(၃)နပ်စာ(၂၅၀၀)ကျပ် ၊ သင်တန်းသား/သူဦးရေ (၅၄၄)ဦးဖြင့်မြှောက်လျှင် နေ့စဉ်ငွေကြေး (၁၃၆၀၀၀၀)ကျပ်မှ တစ်ပတ်ကို(၅)သိန်းနှုန်းဖြင့် မိမိပိုင်ငွေကြေးကဲ့သို့ မိမိကိုယ်ကျိုး စီးပွားအတွက် ယူငင်အသုံးပြုလျက်ရှိပါသည်။

ထို့ကြောင့် သက်ဆိုင်ရာအာဏာပိုင်များ၊အကြီးအကဲများအနေဖြင့် ထိုအကျင့်ပျက်ချစားမှုများကို သိရှိပြီး အမြန်ဆုံး ဖော်ထုတ်ပေးကြပါရန် တင်ပြလိုက်ရပါသည်။


အမှန်တရားမြတ်နိုးသူ
မန္တလာမောင် မောင်

No comments:

Post a Comment