Pages

Tuesday, 11 December 2012

မိဘတွေက အငတ်ခံ ကျောင်းထားပေမယ့်လည်း

ကျွန်တော့်ညီလေးတစ်ယောက်အတွက် အရမ်း ခံစားရပါတယ်။ တကယ် စာကြိုးစားပီး အောင်နိုင်တဲ့ အရည်အချင်း ရှိရဲ့သားနဲ့ မမျှော်လင့်ပဲ ကျရှူံးသွားပါတယ်။

သူ့လိုမျိုးလူတွေ အများကြီးပါပဲ။ ကျွန်တော် အရမ်း စိတ်မကောင်းဖြစ်ရပါတယ်။ အရည်အချင်း မရှိတဲ့ ဆရာဆရာမတွေက သင်ချင်သလိုသင်ပြီး မေးချင်သလို မေးနေကြတယ်။ အချိန်ကုန် ငွေကုန်ပီး ဘာမှဖြစ်မလာတော့ ကာယကံရှင် ကျောင်းသားနဲ့ မိဘတွေ အရမ်းခံစားရပါတယ်။ မောက္ခအဖွဲ့ဝင်များ အလျဉ်းသင့်ရင် သင့်သလို အဲဒီလိုမျိုး ကျောင်းသားတွေ ခံစားရတယ် ဆိုတဲ့ ဆောင်းပါးလေးတွေ ရေးပေးပါခင်များ။

ကျောင်းဝင်ခွင့် အမှတ်စာရင်းတွေကို မတရား မြှင့်တင်ပီး နိုင်ငံတကာစံနှုန်းတွေနဲ့ ခေါ်ပါတယ်။ အဲဒီလို ခေါ်တာတော့ ကောင်းပါ တယ်။ ဒါပေမဲ့ တချို့ကျောင်းတွေ တက္ကသိုလ်တွေက ဆရာဆရာမတွေ နိုင်ငံတကာစံနှုန်းနဲ့ အညီ သင်နေကြတာ ရှားပါတယ်။ တချို့ဆို ဆရာတွေတောင် သင်ရိုးညွန်းတန်းကို မေဂျာအသစ်တွေမှာ အစမ်းသဘောနဲ့ သင်ကြရပါတယ်။ သူတို့ ကိုယ်တိုင်တောင် ဂဂနန မသိကြပါဘူး။ အရည်အချင်းရော၊ ဆရာ့စိတ်ဓါတ်ပါ ရှိကြတဲ့ အဆင့်မြင့် ဆရာဆရာမတွေကို မဆိုလိုပါဘူး။
နောက်ပြီး ကျောင်းသားတွေရဲ့ အရည်အချင်းကို မြှင့်တင်ပေးဖို့လည်း လိုအပ်ပါတယ်။ တစ်နှစ် တစ်နှစ် မအောင်ခဲ့ရင် မအောင်တဲ့ ကျောင်းသားတွေဟာ အရည်အချင်းမရှိတဲ့ပုံစံလို့ အများက မြင်ကြပါတယ်။ သူတို့ တွေ တချို့ မှာ တကယ် ကြိုးစားကြပါတယ်။ ကြိုးစားတဲ့အတိုင်း မဖြစ်လာတာ စိတ်မကောင်းစရာပါ။ တချို့ ဆို ကျောင်း ဆက်တတ်ချင်စိတ် မရှိတော့ ပါဘူး။ တချို့ ဆို ကျောင်းပါ ထွက်လိုက်ရပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်တွေလည်း ပျက်စီးကုန်ပါတယ်။ တစ်နှစ်တစ်နှစ် တက္ကသိုလ်ကျောင်းသားတွေ ကုန်ကျတဲ့ စရိတ်စကကလည်း မနည်းပါဘူး။ တချို့ တတ်နိုင်တဲ့သူရှိသလို တချို့ မတတ်နိုင်တဲ့ သူတွေလဲ ဒုနဲ့ ဒေးပါ။ ငွေကို ခြစ်ခြုတ် စုဆောင်းပြီး သားသမီးတွေရဲ့ ရှေ့ ရေးကို မျှော်တွေးလို့ မိဘတွေကိုယ်တိုင် အငတ်ခံ ကာ ကျောင်းထားတဲ့ မိဘတွေလည်း ရှိကြပါတယ်။ မိဘတွေသာ ငတ်တယ်။ ကလေးတွေ ပညာ မတတ်လာခဲ့ပါဘူး။
တခါတလေ စဉ်းစားမိပါတယ် အဲသလို ကျောင်းသားတွေ ကုန်ခဲ့တဲ့ ငွေကို မနှမျောမိပါဘူး။ သူတို့ရဲ့ အကျိုး ရှိတဲ့ အချိန်တွေကို နှမျောမိတာပါ။ အချိန်ကို ငွေနဲ့ ဝယ်လို့ရရင် သိပ်ကောင်းမှာပဲ။ တကယ်လို့ သာ အဲလို ဝယ်လို့ ရခဲ့ရင် ကျွန်တော့်အတွက် မဝယ်ဘဲ ကျွန်တော့်ညီလေးကို သူ့ မွေးနေ့ လက်ဆောင်ပေးချင်ပါတယ်။ သူ့ ခမျာ ကျောင်းက တဖက် အမေအိုကိုတဖက် ကူညီနေတဲ့ကြားက သူ့ရဲ့အချိန်တွေကို အကျိုးရှိအောင် သုံးနေရင်းနဲ့ သူ့အတွက် သဲထဲ ရေသွန် ဖြစ်ခဲ့ရတယ်။ သူ့လိုမျိုး လူငယ်တွေအများကြီး ရှိကြပါတယ်။ ကိုယ်ချင်းလဲစာပါတယ်။
အထူးသဖြင့် အဂတိတရား ကင်းရှင်းတဲ့ ပညာရေးစနစ်ရယ်၊ ခွဲခြားဆက်ဆံမှု မရှိတဲ့ ပညာရေးစနစ်ရယ်၊ ဗီဇ၀ါသနာကို မြေတောင်မြှောက်ပေးတဲ့ ပညာရေးစနစ်ရှိမှသာလျှင် ကလေးအများစုဟာ စိတ်ဆင်းရဲခြင်း ကင်းမယ်ဆိုတာကို ခံစား ရေးဖွဲ့ပေးစေလိုပါတယ်။
ကျောင်းသားအကိုတစ်ဦး
Written by မောက္ခ 

No comments:

Post a Comment