Monday, 24 September 2012

အထက(၂)ကမာရွတ်မှ ကျောင်းအုပ်ဆရာမကြီး၏ဆိုးရွားလှသော တောင်းရမ်းချက်များ -


-

တနင်္လာနေ့  စက်တင်ဘာ ၂၄ရက်၊ ၂၀၁၂ ခုနှစ် သတင်း -Myanmar News Now

အထက (၂) ကမာရွတ် ခေါ် စိန်သြဂတ် စတင်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မေလှရီက မီးလောင်သွားသော ကျောင်းဆောင် အတွက်ဟုဆိုကာ ကျောင်းသား တစ်ဦးလျှင် အလှူငွေ တစ်သိန်း လှူရမည် ဟုကောက်ခံနေပါသည်။ ကျောင်းအဆောက်ဦ ဆိုသည်မှာ နိုင်ငံတော်မှ ထောက်ပံ့ ပေးထား
သော ပစ္စည်းဖြစ်သော်လည်း နိုင်ငံတော်က ချပေးထားသော ငွေကြေးတင်မကပဲ အခုလိုကျောင်းသား တွေအား မပေးမနေရ ကောက်ခံနေခြင်းမှာ ဓါးပြတိုက်သည်နှင့်ပင် တူကြောင်း ကျောင်းသားမိဘများက ညည်းညူ ကြသည်။

ယမန်နှစ်က့ါန်ပြူတာခန်းမှ ဝါယာရှော့ခ် ဖြစ်ရ်ျ မီးလောင်ခဲ့သောကျောင်းဆောင်အား နိုင်ငံတော်နှင့် ပြင်ပအဖွဲ့ အစည်းများမှအလှုငွေ အခမ်းအနားနှင့်ပေးအပ်ခဲ့သည်၊ နိုင်ငံတော်ကလှုတယ်ဆိုတာ စက္ကူပုံးကြီးပါပဲ အထဲမှာဘာမှမပါဘူးလို့  အလှုကောင်ခံရေးအတွက်ကျောင်းသားမိဘများကိုခေါ်ပြောစဉ်က ဆရာမကြီး ဒေါ်မေလှရီမှ ပြောပါသည်ဟုတက်ရောက်ခဲ့သောမိဘများကပြောသည်။

ယခုလိုခေတ်သစ်အုပ်ချုပ်ရေးအသစ်အချိန်အခါတွင် အစိုးရပိုင်းကပဲ ဒီလိုလုပ်သလား၊ ဒါမှမဟုတ်ဆရာမကြီးကပဲလုပ်တာလားဟု ထင်စရာပင်၊ မည်သို့ ဆိုစေ ကောင်းသောလုပ်ရပ်မဟုတ်၊ ကျမတို့ ကပြီးခဲ့တဲ့အပတ်ကပဲ ကျောင်းသစ်မှာတပ်ဖို့ ဆိုပြီး သားတို့ အတန်းကဆရာမကပြောလို့ အလှုငွေထည့်ပေးပြီးပြီ ခုကြတော့အလှုငွေကောက်ခံရေးဆိုပြီး အစည်းအဝေးကို အတန်းလိုက်မိဘတွေကိုခေါ်ပြီး လှုရမယ်လို့ ပြောတယ်၊ ကျောင်းသား ၂ ယောက် ၃ ယောက်ရှိရင်လည်း ၁ သိန်းပဲလှုဖို့ ပြောတယ်၊ ကျမတို့ မှာက သားလေးတစ်ယောက်ပဲရှိတော့ ၁သိန်းလုံးပေးလိုက်ရတာတော့ တော်တော်လေးများတယ်လို့  ကျောင်းသားမိဘတစ်ဦးကပြောပါသည်။

ကျမသမီးကျောင်းအပ်တုန်းကလည်း ရန်ပုံငွေဖျော်ဖြေပွဲလက်မှတ်ဆိုပြီး ရောင်းလိုက်သေးတယ် တစ်စောင်တည်းဝယ်လို့ မရဘူး ၂ စောင်ဝယ်ရမယ်ဆိုလို့  တစ်စောင် ၂ သောင်းပေးလိုက်ရသေးတယ်။ ဘယ်အိဘယ်လိုကောက်ခံနေဦးမှာလဲ မသိဘူး၊ အခုလဲလာပြန်ပြီ ဘယ်လောက်ပဲ ခွဲပြီးပိုက်ဆံကိုပေးနိုင်တယ်ပြောပြော သာမန်မိသားစုအတွက်တောင် တော်တော်လေးဝန်ကြီးပါတယ်၊ ဆင်းရဲတဲ့ မိသားစုတွေဆိုဘယ်ပြောကောင်းမလဲ၊ ပိုက်ဆံသိပ်ချမ်းသာတဲ့သူတွေဆို မသိသာပေမယ့် ကျမတို့ က သြဂတ်စတင်းကျောင်း ၁၀ တန်းအောင်ချက်ကောင်းတယ်ဆိုပြီးခြစ်ချုပ်ထားရတာဆိုတော့ မလွယ်ဘူး ဆိုလာသူမိဘတွေကိုလည်းတွေ့ ရသည်၊

လှုကြတယ်ဆိုပြီးကြားနေတွေ့ နေရတာပဲ အခုတော့ကျောင်းသားတစ်ယောက် ၁ သိန်းတဲ့ ကြားလို့ မကောင်းပါဘူး၊ ကျောင်းဆောင်ကော ဆရာမကြီးစီးဖို့ ကားဖိုးရောလှုရတာလားမသိပါဘူး၊ စေတနာအလျောက် ဘယ်ရွေ့ ဘယ်မျှမဟုတ်ဘူးလို့ အလှုခံရင်လည်း နိုင်သလောက်လှုကြမှာပါ ကိုယ့်ကျောင်းပဲဟာ၊ အနည်းဆုံး ၁ သောင်းလောက်ဆိုရင်လည်းခံသာပါသေးတယ်။ အခုတော့ စာရွက်ကြီးပြပြီးလက်မှတ်ထိုးလှုရမှာ ကိုယ့်ကလေးကမပေးနိုင်ရင်လည်း ကျောင်းမှာမျက်နှာငယ်အညိုငြင်ခံရဦးမယ်။ နယ်အချို့ တွင်ကျောင်းဆောင်ကလေးမိုးလေလုံအောင်ပြင်ရင် ၁ သိန်းလောက်ရှာရန်ခက်နေချိန်တွင် ရန်ကုန်မြို့ မှာ အထင်ကရကျောင်းတစ်ကျောင်းဖြစ်တဲ့ စိန့် သြဂက်စတင်းခေါ် အထက(၂) ကမာရွတ်မှ ဓါးပြတိုက်သလို ဆက်ကြေးတောင်းသလို မလှုမနေရ အတောင်းကြမ်းပုံက နိုင်ငံ၏ပညာရေးအတွက်ရင်လေးစရာပင်၊ ဒါမျိုးတောင်းတာထုံးစံဖြစ်သွားပြီ ကျောင်းတွေလိုက်တောင်းလာကြမယ်ဆိုရင် အခုတောင်စီးပွါးရေးကြောင့် ကျောင်းမတက်နိုင်ရှာတဲ့ ကလေးတွေရှိနေတာ နောက်ပိုင်းနိုင်ငံရဲ့ ပညာရေးပါထိခိုက်လာမှာစိုးရိမ်ပါတယ်။ သက်ဆိုင်ရာအစိုးရအဖွဲ့ အစည်းတွေကလည်း ဒီလိုကျောင်းအုပ်ကြီးတစ်ယောက်အနေနဲ့  ဂုဏ်သိက္ခာနဲ့ မလျော်ပဲ အတင်းအကျပ်တောင်းဆိုတာမျိုးကို ပြင်းပြင်းထန်ထန်တားမြစ်သင့်ပါသည်ဟု စေတနာမပါသော်လည်း မိမိသားသမီးမျက်နှာမငယ်ရန် ရှာကျန်ပေးလိုက်ရသော ကျောင်းသားမိဘများကိုယ်စား မိဘတစ်ဦးအနေနဲ့ ဖွင့်ဟလိုက်ရပါသည်။

ဇာနည်ကျော်

No comments:

Post a Comment