ပညာရေးဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်၊ကောလိပ်များကို ကိုယ်ပိုင်လွတ်လပ်ပိုင်ခွင့် ၇၅ ရာခိုင်ပေးထားသည်ဟု
ပညာရေးဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်၊ကောလိပ်များကို
ကိုယ်ပိုင်လွတ်လပ်ပိုင်ခွင့် ၇၅ ရာခိုင်ပေးထားသည်ဟု အဆင့်မြင့်ပညာ
ဦးစီးဌာန ညွှန်းကြားရေးမှူးက ဆိုထားသည်။အစိုးရDemocracyကူးပြောင်း
လာချိန်တွင် တက္ကသိုလ်ကိုယ်ပိုင်လွတ်လပ်ခွင့်များ တောင်းဆိုလာကြရန်
ညွန်းကြားရေးမုးသည် အောက်ပိုင်းအတိုင်းပြောဆိုခဲ့သည်။
"၀န်ကြီးဌာနက တက္ကသိုလ်တွေကို ဘဏ္ဏရေး၊သင်ကြားရေးအသုံးစရိတ်ပိုင်း
စတာတွေကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ပေးထားတဲ့အတွက်
တကယ်တမ်းဆိုရင် ၇၅ရာခိုင်နှုန်း လွတ်လပ်နေပါတယ်။ ကျန်တဲ့ ၂၅
ရာခိုင်နှုန်းကတော့ ကျွန်တော်တို့ ၀င်ပါနေရပါတယ်။အဲဒါကတော့
စီမံခန့်ခွဲမူအပိုင်းတစ်ခုပါ"
ဟုပြောဆိုသွားခဲ့သည်။
သုံးသပ်ချက်
ကျောင်းသူ၊ကျောင်းသားများ ခင်ဗျာ…..စဉ်းစားကြပါ.....
အောက်ပါ စကားရပ်ကို ကျောင်းသားများကို သတိပြုစေချင်သည်…….
"၀န်ကြီးဌာနက တက္ကသိုလ်တွေကို ဘဏ္ဏရေး၊သင်ကြားရေးအသုံးစရိတ်ပိုင်း
စတာတွေကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ပေးထားတဲ့အတွက်
တကယ်တမ်းဆိုရင် ၇၅ရာခိုင်နှုန်း လွတ်လပ်နေပါတယ်။ ကျန်တဲ့ ၂၅
ရာခိုင်နှုန်းကတော့ ကျွန်တော်တို့ ၀င်ပါနေရပါတယ်။အဲဒါကတော့
စီမံခန့်ခွဲမူအပိုင်းတစ်ခုပါ။"
ဝ နှင့် ပေါက်ဖေါ် စကားရပ်အတိုင်းဖြစ်နေတယ်။
မည်သို့ပင်ဆိုစေကာမူ တရုတ်က တရုတ်ဘဲ.....
မည်သို့ပင်ဆိုစေကာမူ အာဏာရှင်က အာဏာရှင်ဘဲ……
ကျွန်တော်တို့ ကျောင်းသားထုတစ်ရပ်လုံး ပူးပေါင်းရ်ျ
ကျောင်းတွင်း Democracy ရရှိရန် ကြိုးပမ်းဆောင်ရွက်သင့်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသားထုတစ်ရပ်လုံး၏ အခွင့်အရေးကို
အပြည့်အ၀ကာကွယ်ပေးမဲ့ ကျောင်းသားသမဂ္ဂဆိုတဲ့ ကျောင်းသား
လွှတ်တော် လိုအပ်ပါသည်။အဲဒီ အဖွဲ့အစည်းမရှိသရ်ျ ကျောင်းတွင်း Democracy ရပြီဟု မဆိုနိုင်ပါ။ နိုင်ငံအတွင်းမှာလည်း ထိုကဲ့သို့ပင်
Democracy ဟုကြော်ငြာသ်ာလည်း ပြည်သူ့ကိုယ်စားပြု လွှတ်တော် မရှိသဖြင့် Democracy ဟု မခေါ်ဆိုနိင်ပေ။
"ကျောင်းသားသမဂ္ဂဆိုတာ တရားဝင်အဖွဲ့အစည်းမဟုတ်ဘူး။
တရားဝင်ဥပဒေကျမှ မင်းတို့ကို ခွင့်ပြုပေးနိုင်မယ်။
ငါတို့ကမင်းတို့ကို ခွင့်ပြုပေးချင်တယ်။
ဒါပေမယ့် ငါတို့မှာလုပ်ပိုင်ခွင့်မရှိဘူး။"
(ဆရာကြီးတော်တော်များများ၏ လက်သုံးတော် စကား)
အဲဒါဘာကိုပြနေလဲဆိုတော့ accountability and responsibility တာဝန်ယူမူနှင့် တာဝန်ခံမူမရှိကြောင်းပြဆိုခြင်းဖြစ်သည်။
အထက်ရဲ့အထက်မှာ အထက်...အဲဒီ အထက်မှာ အထက်....
အထက် အထက် အထက်တွေ များလွန်းလို့ ကျောင်းသားတွေ
နားခါးလှပြီ။
WHO IS THE UPPER MAN ?It found autocracy system. Wealth also
correlates with education, though its effects on democratic seem to be
independent. Better educated people tend to share more liberal and
pro-democratic values. On the other hand, a poorly educated and
illiterate population may elect populist politicians who soon abandon
democracy and become dictators even if there have been free election.
အထက်လြူံကီးမင်းများခင်ဗျာ.....
ပညာရေး လွတ်လပ်ခွင့် ဘယ်လိုက်အရေးပါလဲ သိစေချင်တယ်……
ခုချိန်ထိ နေရာလုယူပြီးထိုင်ချင်ရင်တော့…….sit by sit လုပ်ချင်ရင်တော့ "ခွပ်ဒေါင်းတို့ရဲ့ အမှန်တရားမျှတမှုကို upper man များကြားလေသမျှ
သာဓု ၃ ကြိမ်ခေါ်ဆိုပြီး ပြေးလေတော့။
အခုပြေး...နောက်မှပြေးလျှင် လစ်ဗျားသမ္မတ ဒါဗီ ကဲ့သို့
နိဂုံးမလှဖြစ်ပေလိမ့်မယ်" ဟု ဆရာကြီး လူထုစိန်ဝင်းပြောဆိုချက်ကို
ကိုးကာလျက်……………....
ဒဂုံတက္ကသိုလ်ကျောင်းသားတစ်ဦး
No comments:
Post a Comment