ကြံ့ဖွံ့လွှတ်တော်၏ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေ ဝေဖန်စာတမ်း (၁)
အပိုင်း (၁)
ပညာသမာ၊ အာဘာနတ္ထိ စာတမ်းပါ ရင်ထိုးတံဆိပ်ဝိုင်း အ၀ါလေးတွေ၊ ကောင်းမှုတခု
နေ့စဉ်ပြု ဒိုင်ယာရီ စာအုပ်ငယ်လေးတွေကို ခရိုင် ကျောင်းဆရာများ သမဂ္ဂ
ခေါင်းဆောင် မူလတန်း ကျောင်းအုပ်ဆရာကြီး အိမ်တွင် ၁၉၆၂ ခုနှစ် မတိုင်မီက
မျက်မြင်တွေ့ရှိဖူးပါသည်။
၁၉၆၂ ခုနှစ် ဇူလိုင် ရ ရက်နေ့ကျတော့
အကို တက္ကသိုလ် ကျောင်းသားတွေ လက်ကျိုးပြီး ပတ်တီးတွေနဲ့ ဂျိုင်းထောက်တွေနဲ့
လေယာဉ်ပေါ်က ဆင်းလာကြသည်ကို မျက်စိထဲက ယနေ့ထိ ပြေးမထွက်သေးပါ။ အောက်မေ့
သတိရ နေမိသည်။ သြော်… တက္ကသိုလ် ပညာရေး… သွေးနဲ့ အရင်းတည်ခဲ့ရသည်ကိုး။
ယခုတော့ တက္ကသိုလ် ပညာရေး ဥပဒေကြမ်းကို စစ်အုပ်စု တဖြစ်လဲ
ကြံ့ဖွံ့ အစိုးရ လွှတ်တော်က အတည်ပြုဖို့ဆွေးနွေးရာမှာ
ရပ်ဆိုင်းထားလိုက်ရကြောင်း သိရှိရ ပါသည်။ ပြည်သူ့လွှတ်တော်
ပညာရေးမြှင့်တင်မှုကော်မတီက တင်သွင်းလာသည့် ၂၀၁၂ ခုနှစ်၊ တက္ကသိုလ် ပညာရေး
ဥပဒေကြမ်းကို ရွှေ့ဆိုင်း၍ အသစ်ပြန်လည် ရေးဆွဲ ရန် ဇူလိုင်လ ၃၁ ရက်၌
ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေးတွင်
အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးခဲ့ရာမှာ ပညာရေး ၀န်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြအေးက “ကျွန်တော်တို့ နိုင်ငံရဲ့အနေအထားအရ
တက္ကသိုလ်တွေဟာ ၀န်ကြီးဋ္ဌာန ၁၂ ခုအောက်မှာ တက္ကသိုလ်ပေါင်း ၁၆၅ ခုရှိပါတယ်။
ဒီဂရီကောလိပ်ပေါင်း ၆၄ ခုရှိပါတယ်။”ဟု ပြောပါသည်။
လွှတ်တော်ကိုယ်စားလှယ်များ က
”တက္ကသိုလ်များရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို ပြောတာသာ ဖြစ်ပါတယ်။ ဒါ
ကြောင့်မို့လို့ တက္ကသိုလ်အသီးသီးရဲ့ လွတ်လပ်ပိုင်ခွင့် ရှိဖို့အတွက်
ပညာရေး ၀န်ကြီး ဌာနရဲ့ သြဇာလျှော့ချရေးကို ကျမတို့ အဓိကထားပြီးတော့
ပြောကြတာလို့ ကျွန်မနား လည်ပါတယ်” ဟု လည်းကောင်း၊
ဝန်ကြီးဌာနများ၏ စီမံခန့်ခွဲမှုအောက်တွင်သာ ရှိနေ သည့် အချက်များ ပါဝင်သည့်
အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးမှုကို ရွေ့ ဆိုင်းရန်
အဆိုတင်သွင်းခဲ့သည် ဟု လည်းကောင်း၊
“ဒီဥပဒေကြမ်း တစ်ခုလုံးကို
ပြန် လည် ဆွေးနွေးပြီးတော့ ဒီနိုင်ငံနဲ့ ဒီကာလနဲ့ ဒီကမ္ဘာကြီးနဲ့
ပိုပြီးတော့ သင့်လျော်မယ့် ဥပဒေကြမ်းတစ်ခု ဖြစ်ပေါ်လာရေးအတွက်
လုပ်ဆောင်ပေးကြပါလို့ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟု လည်းကောင်း၊
“ဥပဒေကြမ်းကို ပြည်သူတွေအားလုံးက ကြည့်ပြီးတဲ့ အခါကျမှ ကျွန်မတို့
ပြည်သူ့လွှတ်တော်ကို ပြန်လာရမှာပါ။ အစကတည်း က ပရိုစီဂျာ နည်းနည်းမှားတယ်လို့
ကျွန်မ ယူဆပါတယ်” ဟုလည်းကောင်း၊
“အင်မတန်မှ ကျွန်တော်တို့
နိုင်ငံရဲ့ အနာဂတ်အတွက် သေရေးရှင်ရေးတမျှ အရေးကြီး တဲ့၊ ဒီဥပဒေကြမ်း
ဆွေးနွေးခြင်းကို ရွှေ့ဆိုင်းပေးဖို့ ကျွန်တော်တို့ နိုင်ငံရဲ့ အကျိုးငှာ
ကျွန်တော်တို့ အဆိုတင်သွင်း အပ်ပါတယ်” ဟုလည်းကောင်း၊
“အဲဒီလို
အခြေအနေတွေကြောင့် ပို၍ ပြည်စုံသော၊ ပို၍ နိုင်ငံအကျိုး သက်ရောက်သော၊
အထူးသဖြင့် ကျောင်းသားလူငယ်တွေရဲ့ အသံကိုပါ ကိုယ်စားပြုနိုင်သော
တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်းတစ်ခုကို ကျွန်တော်တို့ လွှတ်တော်က
ထပ်မံဆွေးနွေးနိုင်ရေးအတွက်” ဟု လည်းကောင်း အသီးသီး တင်ပြသွား
ကြသည်များကို ထင်ထင်ရှားရှား တွေ့ရှိရပါသည်။
ပညာရေး
မြှင့်တင်မှု ကော်မတီ၊ တက္ကသိုလ် ပညာရေး ဥပဒေ ပြုပြင်ရေး ဆွဲနိုင် ရေး အတွက်
စိစစ်တင်ပြချက်တွင် တည်ဆဲ ဥပဒေပြဋ္ဌာန်းချက် ဖြစ်သည့် ၁၉၇၃ ခုနှစ်၊
ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ တက္ကသိုလ် ပညာရေးဥပဒေ (၁၉၇၃ ခုနှစ်၊ ပြည်
ထောင်စု မြန်မာနိုင်ငံ၊ တော်လှန်ရေး ကောင်စီ ဥပဒေအမှတ် ၁၃) ၊ ၁၉၇၃ ခုနှစ်၊
ပြည်ထောင်စု မြန်မာနိုင်ငံ၊ တက္ကသိုလ် ပညာရေးကို ပြင်ဆင်သည့် ဥပဒေ (၁၉၈၃
ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် ၄) ၊ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စု
မြန်မာနိုင်ငံ ၊ တက္ကသိုလ် ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၉/၈၉) နှင့်
၁၉ရ၃ ခုနှစ်၊ ပြည်ထောင်စု မြန် မာနိုင်ငံ၊ တက္ကသိုလ်ပညာရေး ဥပဒေကို
ပြင်ဆင်သည့် ဥပဒေ (နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ
ဥပဒေအမှတ် ၄/၉၈) တို့ ဖြင့် ယခု ပြဋ္ဌာန်းလာမည့် ၂၀၁၂ ခုနှစ်၊ တက္ကသိုလ်
ပညာရေး ဥပဒေ ( ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် – - – - )
ကိုဘေးချင်းကပ် နှိုင်းယှဉ်ဖော်ပြထားသည်ကို တွေ့ရပါသည်။
ဖော်ပြထားချက်များ၏ တည်ဆဲဥပဒေ ပြဋ္ဌာန်းချက် စာတိုင် အောက်၌ အခန်း(၈)
အထွေထွေအခန်းရှိ ၁၉၇၃ ခုနှစ် ပြည်ထောင်စု မြန်မာနို်င်ငံတော်၊ တက္ကသိုလ်
ပညာ ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၏ နောက်ဆုံးတွင် “ ၁၉၆၄ ခုနှစ်၊ ပြည်ထောင်
စုမြန်မာနိုင်ငံ၊ တက္ကသိုလ်ပညာရေးကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။” ဟု
ဖော်ပြ ပါရှိသည်။
၎င်းနှင့် ဘေးချင်းကပ်တွင် ပညာရေးဝန်ကြီးဌာနနှင့်
ပညာရေးမြှင့်တင်မှု ကော်မတီတို့ ညှိနှိုင်းပြင်ဆင်ချက် စာတိုင်အောက်ရှိ
နောက်ဆုံးတွင် အထက်ဖော် ပြခဲ့ပြီးဖြစ်သည့် ၁၉၆၄ တက္ကသိုလ် ဥပဒေမှအပ
ကျန်ဥပဒေများအားလုံးကို ဤဥပ ဒေဖြင့် ရုပ်သိမ်းလိုက်သည်၊ ဟုဖော်ပြထားပါသည်။
ဘေးချင်းကပ် အကျိုးအကြောင်း ဖော်ပြချက် စာတိုင်အောက်တွင် “၁၉၆၄ ခုနှစ်အစား
၁၉၇၃ ခုနှစ် ဥပဒေ၊ ၁၉၈၃ ခုနှစ် ဥပဒေ၊ ၁၉၈၉ နှင့် ၁၉၉၈ ခုနှစ် ဥပဒေ
များဖြင့် အစားထိုး ပြင်ဆင်သည်၊” ဟုပါ ဖော်ပြထားသည်ကို
တွေ့မြင်သိရှိရပါသည်။
၁၉၆၄ ခုနှစ် တက္ကသိုလ် ဥပဒေ ဆိုသည် မှာ
၁၉၆၂ ခုနှစ် ၇ -ရက် ဂျူလိုင်လ၌ ကျောင်းသား တရာကျော်ကို ရက်ရက်စက်စက်
သတ်ဖြတ်ပြီး တက္ကသိုလ်ကျောင်းသား သမဂ္ဂကို မိုင်းခွဲဖြိုဖျက်ပြီး နောက် ၂
နှစ်အကြာ တွင် စစ်အုပ်စု စစ်အာဏာ အောက်က တလမ်းသွားပညာရေးနှင့်
ကျောင်းသားတွေကို ချုပ်ချယ်ရန် ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်သည်ကိုလည်း
သီးသန့်နားလည်ထားရန် လိုအပ် ပါသည်။
ထိုဥပဒေမှ
ထပ်ဆင့်ပေါက်ဖွားလာသည့် စစ်အုပ်စု န၀တနှင့် နအဖ စစ်ဖိနပ် အောက်က
ဥပဒေများမှာလည်း မျောက်လောင်း မျောက်လောင်းပင်ဖြစ်သည်ကို မျက်
မြင်တွေ့နေရသည့် ၈ လေးလုံး မျိုးဆက်သစ် တက္ကသိုလ် ကျောင်းသားအနေဖြင့်
သမိုင်းနောက်ကြောင်း အပြန်မခံနိုင်တော့ပါ။ ကျောင်းသားရှိရင် သမဂ္ဂရှိရမယ်
စိတ် ဓါတ်အပြည့်ဖြင့် လှုပ်ရှားနေကြပြီ။ ပေါ်ထွက်လာမည့် ယခင်ကကဲ့သို့
တက္ကသိုလ် ပညာ ရေး ဥပဒေမျိုးနှင့် တူညီမည့် ဥပဒေများကို လားလားမှ
လက်ခံနိုင်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် အမျိုးသား ပညာရေး စနစ်ကို
မြှင့်တင်နိုင်မည့် ပညာရေး ဥပဒေများအတွက် ၈ လေးလုံး တက္ကသိုလ်
ကျောင်းသားခေါင်းဆောင်များ၏ ပါဝင်ရေးဆွဲနိုင်မှုကို အလေး ထား
ဖေါ်ထုတ်သွားရပါမည်။
ကိုလိုနီ ပညာရေးကို
အဆုံးသတ်စေခဲ့သည့် ကျောင်းသား သမဂ္ဂများ၏ တိုက်ပွဲ ကို ဦးစွာပထမ အသိအမှတ်
ပြုကို ပြုရပါမည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း တက္က သိုလ်
ကျောင်းသားသမဂ္ဂများ၏ ပါဝင်ရာအခန်းကဏ္ဍကို မရမနေ ရရှိအောင် တောင်း
ဆိုရပါတော့မည်။
တက္ကသိုလ်ပညာရေး ဥပဒေ ရေးဆွဲရေးတွင် တက္ကသိုလ်
ကျောင်း သား သမဂ္ဂ ခေါင်းဆောင်များ ပါဝင်ရပါမည်။ အထူးသဖြင့် ၈ လေးလုံး
မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပါဝင်ရပါမည်။ လက်ရှိ တက္ကသိုလ်
ကျောင်းသားသမဂ္ဂ များဦးဆောင်သည့် ညီလာခံတရပ်ကိုလည်း ကျင်းပသင့်ပါသည်။ တပါတီ
အာဏာရှင် စနစ်အောက်က မည်သည့် ကိုလိုနီ ပညာရေးစနစ်မျိုးကိုမှ
မြန်မာမြေပေါ်တွင် မတည်ရှိ စေသင့်ပါ။ လွှတ်တော်သက်သက် နိုင်ငံရေးသည်
အမျိုးသား နိုင်ငံရေး မဟုတ်ကြောင်း ကို ပြတ်ပြတ်သားသား တတ်သိနားလည်ထားသော
အမျိုးသားနိုင်ငံရေး (၀ါ) ပြည်သူ့ နိုင်ငံရေးစနစ်ကို ဖော်ဆောင်မည့်
ကျောင်းတော်သားကြီးများ ရှေ့တလှမ်းတက်ကြ ရပါမည်။ ဒီမိုကရေစီပညာရေးကို
သွေးဖြင့် အရင်းတည်ခဲ့သော ၆၂ ကျောင်းသားခေါင်း ဆောင်များ၏
လမ်းညွှန်ချက်အတိုင်း လိုက်နာရပါမည်။ ထိုမှတပါး တခြားလမ်း မရှိပြီ။ ယနေ့ထိ
စစ်အာဏာရှင်စနစ် အဆက်ဆက်အောက်က တက္ကသိုလ် ပညာရေး ဥပဒေ များနှင့် လားလားမျှ
မတူနိုင်သည့် ဒီမိုကရေစီ ပညာရေးစနစ်အတွက် အာမခံချက်ရှိမည့် ဥပဒေသာ
ဖြစ်သင့်ပါသည်။
ဒီမိုကရေစီ ပညာရေး စနစ်ကို
အကောင်အထည်ဖော်မည် ဆိုလျှင် ဒီမိုကရေစီ နည်းလမ်းတကျ ပါဝင်သင့်သည့်
ပါဝင်ရမည့် ပုဂ္ဂိုလ်များ ပါဝင်ရပါမည်။ စစ်ဘက်ဆိုင်ရာ မည်သည့် ၀န်ကြီး၊
ဝန်ကလေးများမှ မပါဝင်သင့်ပါ။၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း
နိဒါန်း၌ပင် စစ်တပ်က အာဏာသိမ်းပိုက်ထား သည်ကို တရားဝင်
အတည်ပြုထားသောကြောင့် ဖြစ်ပါသည်။
ပထမအဆင့် တက္ကသိုလ် ကျောင်းသား
သမဂ္ဂများ ညီလာခံ တရပ်ကို လွတ်လွတ်လပ်လပ် ကျင်းပခွင့် ပေးရပါမည်။ မည်သည့်
အုပ်ချုပ်ရေး အာဏာပိုင်မျှ ပါဝင်ခွင့် မရှိသင့်ပါ။ မိဘ ဆရာ
ကျောင်းသားများသာ ပါဝင်သင့်ပါသည်။ မိဘဆိုသည်မှာ အမျိုးသားနိုင်ငံရေးကို
ဖော် ဆောင်သည့် နိုင်ငံရေးပါတီများ အဖွဲ့အစည်းများက ခေါင်းဆောင်များကို
ဆိုလိုပါ သည်။ လွှတ်တော် ကိုယ်စားလှယ် ဟုတ်-မဟုတ် အကြောင်း မဟုတ်ပါ။ ဆရာ ဆို
သည်မှာ အာဏာရအစိုးရ၏ လက်ကိုင်တုတ်မဟုတ်သော သမာသမတ်ရှိသည့် ရှေ့မီ
နောက်မီ ဆရာကြီးများ၊ စာရေးဆရာကြီးများ ကိုဆိုလိုပါသည်။ ကျောင်းသားဆို
သည်မှာ တက္ကသိုလ် ကျောင်းသားသမဂ္ဂများကို ဆိုလိုပါသည်။ သုံးယောက်ပေါင်း
လောင်းကျော် နိုင်ရပါမည်။
ဦးမျိုး (ဥပဒေ)
၆ – ၆ – ၂၀၁၂
No comments:
Post a Comment