Saturday, 26 October 2013
Thursday, 24 October 2013
၁၂ တန်းပညာရေးနှင့်တိုင်းပြည်လုပ်အားဆုံးရှုံးမှု
အောက်တိုဘာလ (၃) ရက်နေ့က ကျင်းပသော အမျိုးသားလွှတ်တော်အဋ္ဌမ ပုံမှန်အစည်းအဝေး တတိယနေ့တွင် ပညာ ရေးဝန်ကြီးဌာနဒုတိယ၀န်ကြီးဒေါက်တာ စန်းလွင်က ၂၀၁၄-၁၅ ပညာသင်နှစ်မှ စတင်၍ အခြေခံပညာသင်ရိုးများပြောင်း လဲခြင်းနှင့် အတူ ၁၂ တန်းပညာရေးစနစ် ကို စတင်ကျင့်သုံးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှဦးနု၏ မေးခွန်း ကိုဖြေကြားခဲ့သည်။
မြန်မာကျောင်းသားများ ပညာသင်ဆုရရှိရေး သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်း ဆွေးနွေး
သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်းတို့အား အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)
နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ်ဟောင်း Hon.Bob Hawke ဦးဆောင်သည့် အဖွဲ့အား အောက်တိုဘာ ၂၃ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
အဝေးသင်ဘွဲ့ အပယ်ခံဖြစ်ပြီလား
အခြေခံပညာ ဆရာ၊ ဆရာမအသင်း ပထမဆုံး ဖွဲ့စည်းရန် ပြည်ပ အဖွဲ့အစည်းများ ကူညီမည်

ပထမဆုံးအကြိမ်အဖြစ် အခြေခံပညာ ကျောင်းဆရာ၊ ဆရာမများအသင်း ဖွဲ့စည်းရန် ပြည်ပ အဖွဲ့အစည်းများဖြစ်သော EI (Education International) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (ILO) တို့က ကူညီပံ့ပိုးပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ အခြေခံပညာဆရာ၊ ဆရာမများ အသိုင်းအဝိုင်းထံမှ သိရသည်။
ယနေ့ကျောင်းသားဘဝ တနေ့တာ
ယနေ့ ကျောင်းသားဘဝ တနေ့တာ။ ဒီနေ့ အဝေးသင်တက္ကသိုလ် ဒုတိယနှစ်အတန်းတွေ
စတင်ဖွင့်လှစ်တဲ့အတွက် ကျနော့်အတန်းဖြစ်တဲ့ အရှေ့ပိုင်းတက္ကသိုလ်က ဒုတိယနှစ်
ရုက္ခဗေဒအတန်းမှာ ကျနော် သွားတက်ပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ နီးလာတာကြောင့် မနေ့ညက အိုးဝေပညာဒါနက ဆယ်တန်းကျောင်းသားတွေနဲ့ လုံး ပန်းနေရတဲ့အတွက် သူတို့ရော ကျနော်ရော မနက်သုံးနာရီခွဲမှ အိပ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီမနက် Practical ချိန် (၈:၃၀) မှာ မနိုးဘဲ မနက် (၉:၀၀) ထိုးမှ အိပ်ရာနိုးတဲ့အတွက် ထုံးစံအတိုင်းပါပဲ ပထမဆုံးလက်တွေ့ချိန် နောက်ကျပါ တယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ နီးလာတာကြောင့် မနေ့ညက အိုးဝေပညာဒါနက ဆယ်တန်းကျောင်းသားတွေနဲ့ လုံး ပန်းနေရတဲ့အတွက် သူတို့ရော ကျနော်ရော မနက်သုံးနာရီခွဲမှ အိပ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီမနက် Practical ချိန် (၈:၃၀) မှာ မနိုးဘဲ မနက် (၉:၀၀) ထိုးမှ အိပ်ရာနိုးတဲ့အတွက် ထုံးစံအတိုင်းပါပဲ ပထမဆုံးလက်တွေ့ချိန် နောက်ကျပါ တယ်။
ရွှေ့ပြောင်းဆယ်တန်း ပထမအစမ်း
မြန်မာပြည် ပညာရေးစနစ် ဆယ်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ့် ထိုင်းနိုင်ငံ မဲဆောက်မြို့ မြန်မာရွှေ့ပြောင်းကျောင်းတွေက ကျောင်းသား ၁၃၈ ဦး ပထမအစမ်းစာမေးပွဲကို ဒီကနေ့ မဲဆောက်မြို့ရှိ ဆာသူလေကျောင်းမှာ ဖြေဆိုခဲ့ကြပါတယ်။
Saturday, 19 October 2013
ပါမောက္ခတွေကို အရေးယူပေးပါ
လွှစာမှုန့်ကနေ လျှပ်စစ်ဓာတ်အား ထုတ်တာကို အမေရိကန် ဂျာနယ်တစ်စောင်မှာ ဖော်ပြခြင်း ခံရတာကို ဂုဏ်ယူစွာနဲ့ ဖော်ပြတဲ့ သတင်းကိုလည်း ဖတ်လိုက်ရပါတယ်။
Friday, 11 October 2013
ပညာရေးဒုဝန်ကြီးကိုယ်တိုင် လွှတ်တော်မှာအလွတ်ကျက်လာတဲ့စာ ဖတ်ပြ
(မန္တလေး)ရှိ အားကာ သိပ္ပံဝန်ထမ်း(၂)ဦး အကျင့်ပျက်ခြစား၊ သမတကြီး ဦးသိန်းစိန်နဲ့ ၀န်ကြီးများသိ၊ အရေးမယူသေး
အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေးသင်တန်းကျောင်း
အထက်မြန်မာပြည်(မန္တလေး)ရှိ အားကာသိပ္ပံ ၀န်ထမ်း(၂)ဦး၏ အကျင့်ပျက်ခြစား ၊
လာဘ်စားနေမှုများကို ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်သမတကြီး ဦးသိန်းစိန်၊
အားကစားဝန်ကြီးဌာန အားကစားဝန်ကြီး ဦးတင့်ဆန်းနှင့်
ပြည်သူ့လွှတ်တော်ရေးရာကော်မတီ အားကစား၊ယဉ်ကျေးမှုနှင့်စာနယ်ဇင်းကော်မတီ ဥက္ကဌ
သူရဦးအေးမြင့်တို့ သိရှိ
Thursday, 26 September 2013
ပိုလီယိုပညာရေးအား စုပေါင်းတိုက်ဖျက်မှ တိုင်းပြည်တိုးတက်မည်
ဦးးသိန်းစိန်အစိုးရတက်လာသည်မှစ၍
မြန်မာ့ပညာရေးအားပြုပြင်ပြောင်းလဲရန် နယ်ပယ်အသီးသီးမှ လူတန်းစားပေါင်းစုံ ဝေဖန်ကြ၊
အကြံပြုကြနှင့်ပြုလုပ်နေကြသည်မှာ လွန်စွာနှစ်ထောင်းအားရဖြစ်ရပါသည်။ ပညာရေးလောကအတွင်း
နှစ်ပေါင်းသုံးဆယ်ကျော် ကျင်လည်ခဲ့၊ ကျင်လည်ဆဲ၊ ကျင်လည်နေအုန်းမည့် စာရေးသူအတွက် လက်ရှိမြန်မာ့ပညာရေးအား
မည်သို့ပြုပြင်ပြောင်းလဲသင့်ကြောင်းအား ဥာဏ်မီသလောက် တင်ပြရမည်ဆိုပါက မူလတန်းမှစ၍ မဖြစ်မနေပြုပြင်ပြောင်းလဲရပေမည်။
(၂၀၀၇)စက်တင်ဘာသံဃာ့အရေးအခင်းတွင် အပြစ်မဲ့ကျောင်းသားတစ်ဦးသေဆုံးခဲ့
မေး။ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ မောင်ဇေယျာနိုင်က
သေနတ်ကျည်ဆံမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ ဟုတ်ပါသလားဗျ။
မြန်မာပြည်သူပြည်သားများနှင့်သက်ဆိုင်သည့် စာသင်ကျောင်းများ
မေး။ ။မြန်မာပြည်သူပြည်သားများနှင့်သ
ဖြေ။ ။အားလုံးပေါင်း (ရ) မျိုးရှိပါတယ်။
(၁)အစိုးရကျောင်းများ (၂) ကျူရှင်ကျောင်းများ (၃) ပုဂ္ဂလိကကျောင်းများ (၄) ဘုန်းတော်ကြီး ကျောင်းများ (၅) ပညာဒါနကျောင်းများ(အဖွဲ့အစည်းမျ
လမ်းပေါ်မှ ကျောင်းများသို့ ကူးစက်လာမည့် ကော်ရှုအန္တရာယ်
ဤဆောင်းပါးတွင် အသေးစိတ် အချက်အလက်တွေ သုတေသနစာတမ်းတစ်ခုကဲ့သို့
မဖော်ပြနိုင်မှာ စိုးရိမ်တဲ့အတွက် ရေးပြီး သိမ်းထားလိုက်တာ အခုဆို
တစ်နှစ်နီးပါးခန့်ရှိနေပါပြီ။ ဒါပေမယ့် ဒီအကြောင်းအရာကတော့
ဟောင်းမသွားပေမယ့် ပိုလို့တောင် သစ်လာပါသေးတယ်။ အမှန်တော့
စာရေးသူတို့အဖွဲ့က လမ်းပေါ်ကလေးတွေကို အကူအညီပေးနေတဲ့အဖွဲ့ပါ။ ဒီတော့ ဒီလို
ကလေးတွေရဲ့ သဘာဝနဲ့သူတို့ရဲ့ စရိုက်တွေနဲ့ ယဉ်ပါးနေခဲ့တာကြာပါပြီ။
ဒီနေရာမှာ အလေးအနက်သတိပြုမိခဲ့တာကတော့ ကော်ရှုခြင်းပါပဲ။Friday, 6 September 2013
နှစ်ငါးဆယ် ပညာခရီးသည်
ကိုဖြူ
။ ။ တစ်လောက သတင်းစာထဲမှာ ဆရာဘွဲ့တွေနဲ့ ကုန်အမှတ်တံဆိပ်ကြော်ငြာ
တွေ့လိုက်ရပါတယ်။ ဒီဘွဲ့တွေ ဘယ်လိုရအောင် ယူခဲ့သလဲ။ ဘွဲ့တွေအများကြီး
ယူလို့ရသလား။ ယူလို့လွယ်သလား ပြောပြပါဗျာ။
Tuesday, 20 August 2013
ဆရာတွေကို အရည်အချင်း ပြန်စစ်သင့်သလား
တရုတ်ပြည်မှာ အစိုးရ ကျောင်းဆရာတွေကို အမြဲတမ်း ခန့်ဆရာတွေအဖြစ် သတ်မှတ်လိုက်ရင် အငြိမ်းစားယူတဲ့အထိ သူ့ကို အစိုးရက တာဝန်ယူ ထားရတယ်။ ဘေဂျင်းနဲ့ ရှန်ဟိုင်းက ပညာရေး ကော်မရှင်ကလည်း အဲဒီစနစ် ကို သိပ်ပြီး သဘောမကျတော့ဘူး သူတို့က ငါးနှစ် တစ်ကြိမ် ဆရာ တွေကို အရည်အချင်း စစ်ဆေးမှုတွေ ပြန်လုပ်ချင်နေကြတယ်။
ကျွန်တော်တို့ဆီကနဲ့ သူတို့ဆီက
"ဆရာမတို့ သက်သက်ညှာညှာလုပ်ကြပါ။ ကျွန်တော်တို့လည်း အလွတ်မရ၊ ဆရာမတို့လည်း မလွတ် မရတဲ့ စာတွေမို့လို့ပါခင်ဗျာ"
တက္ကသိုလ်တစ်ခုမှာ ကျွန်တော်စာမေးပွဲခန်းစောင့် ကြီးကြပ်ရေးမှူးချုပ်တာဝန်ကျစဉ်က ကြုံခဲ့ရတာပါ။ စာမေးပွဲခန်းမရဲ့ နံရံထက်က Blackboard ပေါ်မှာ ဘယ်ကျောင်းသား လက်စွမ်းပြထားတယ်မသိပါ ဘူး။ မြေဖြူခဲနဲ့ရေးထားတာ။ သူတို့တွေဘိုလိုသင်ရတဲ့ စာတွေပုဒ်ရေများများ မကျက်နိုင်လို့ စာမေးပွဲ ခန်းထဲမှာ မိုက်ခရိုဘာဂျာနဲ့ ကူးချဖို့ကြိုးစားတာကို အခန်းစောင့်ဆရာမများက သက်ညှာခွင့်ပေးဖို့ တောင်းဆိုထားတာပါ။
ကျောင်းသားသမဂ္ဂများ ကျောင်းပရဝဏ်အတွင်း လွတ်လပ်စွာဖွဲ့စည်းခွင့်ရပြီ
ရှစ်လေးလုံး ငွေရတု ကျင်းပရေး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သူ ဆရာမတစ်ဦး အား မယူမနေရပင်စင် ပေး
၂၅ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံအခမ်းအနား ကျင်း ပရေး
သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ကျောင်းဆ ရာမတစ်ဦးကို
ပညာရေးဝန်ကြီး ဌာနက မယူမနေရပင်စင် ပေး လိုက်ကြောင်း သတင်းရရှိသည်။
Saturday, 13 July 2013
ကျောင်းဆရာ/မ မလုံလောက်တဲ့ကျောင်းမှာ တန်းတွဲသင်ကြားရတဲ့စနစ် အခက်အခဲရှိနေဟုဆို
ကယား(ကရင်နီ) ပြည်နယ်မှာရှိတဲ့
ကျောင်းတွေမှာ ကျောင်းဆရာ/မ မလုံလောက်လို့ အတန်းမတူတဲ့ ကျောင်းသားတွေကို
တန်းတွဲသင်ကြားရတဲ့ စနစ်မှာ အခက်အခဲအများကြီး ရှိနေတယ်လို့
ဒီးမော့ဆိုမြို့နယ် လက်ထောက် မြို့နယ်ပညာရေးမှူး ဦးကျော်ငြိမ်းက
ပြောပါတယ်။
မူလတန်းကျောင်း ငွေပဒေသာပင်စာရင်းမရှင်းသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ရွာသားများ သက် ဆိုင်ရာသို့ တိုင်ကြား
မူလတန်းကျောင်း ငွေပဒေသာပင်များအား စာရင်းမရှင်းဘဲ ကိုယ်ကျိုးအတွက် သုံးစွဲနေခြင်းအပါအဝင် ပြစ်ချက်များစွာ ကျူးလွန်နေခြင်းအပေါ် အရေးယူပေးရန် ကလေးမြို့ဥယျာဉ်ကျေးရွာ အုပ်ချုပ်ရေးမှူး ကို ကျေးရွာသားများက သက်ဆိုင်ရာသို့ တိုင်ကြားထားကြောင်း ၎င်းကျေးရွာသားတစ်ဦးက ပြော သည်။
မန်းအခြေခံပညာကျောင်း ၇၉ ကျောင်းမှ မူလတန်းကျောင်းသားများအား တစ်ပတ်လျှင် ငါးရက်နှုန်းဖြင့် နေ့စဉ် နို့တိုက်ကျွေးမည်
မန္တတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများတွင် TETRALAVAL ကုမ္ပဏီလီမိတက်တို့မှ နို့တိုက်ကျွေးရေးအစီအစဉ်စတင်မှုအဖြစ် ဇူလိုင် ၅ ရပ် နံနက် ၁၀ နာရီက မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ကျောင်းဆောင် ပြိုကျ၍ ကျောင်းသားလေးဦး ထိခိုက်
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် ၊ ဗဟင်းကျေးရွာအုပ်စုရှိ အထက်တန်းကျောင်း တစ်ကျောင်း ကျောင်းဆောင် ပြိုကျ၍ ပဉ္စမတန်းကျောင်းသားလေးဦး ဆေးရုံတင်လိုက်ရကြောင်း ဗဟင်းကျေးရွာ ဒေသခံများက မဇ္ဈိမကို ပြောသည်။
ပဲခူး အ .ထ .က-၃ ကျောင်းတွင် တိုင်းပညာရေးမှူးရောက်နေစဉ် ဗုံးလန့်
တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပဲခူးတိုင်းတစ်ခုလုံး၌ အောင်ချက်အများဆုံးအဖြစ် နာမည်ကြီးသည့် ပဲခူးမြို့မှ အမှတ်-၃ အထက်တန်းကျောင်းတွင် ဗုံးပေါက်ကွဲသည်ဆိုသည့် ကောလာဟလများ ပျံ့နှံ့သွားသဖြင့် ဇူလိုင် ၁၀ ရက် နံနက် ၈ နာရီကျော်က ကျောင်းရှေ့သို့ လူများစုဝေးရောက်ရှိခဲ့ကြသည်။
မြန်မာရွှေ့ပြောင်းကျောင်း ဆရာ၊ ဆရာမများအတွက် အကူညီလိုအပ်
၂၀၁၃-၂၀၁၄ ခု ပညာသင်နှစ်မှာ နိုင်ငံတကာ အကူအညီတွေ လျော့နည်းသွားတဲ့အတွက် အကူညီလိုအပ်နေတာလို့ BMWEC ဥက္ကဋ္ဌ နော်ဖော်ရေက ပြောပါတယ်။
“အလှူရှင်
အများစုက ပြည်တွင်းကို ၀င်သွားတာတွေလည်း ရှိတော့
ရွှေ့ပြောင်းအလုပ်သမားတွေကို ပေးနေတဲ့ အလှူတွေက လျော့သွားတာပေါ့။
မုံရွာမှ တက္ကသိုလ်ကျောင်းသားများ ရိုက်ပွဲကိစ္စ ရဲကဖော်ထုတ်နိုင်ပြီ
မုံရွာမြို့၊ သလ်္လာမြို့သစ်ရပ်ကွက်ရှိ ရွှေမင်းသမီး အမျိုးသမီးအဆောင်ရှေ့တွင် တက္ကသိုလ်ကျောင်းသား လူငယ်များပြီးခဲ့သည့် ဇွန် ၂၅ ရက် ညက ရိုက်ပွဲဖြစ်ပွားပြီး ကျောင်းသားတစ်ဦး သေဆုံးခဲ့သည့် အမှုကို ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း ရဲဌာနက သတင်းထုတ်ပြန်သည်။
Friday, 21 June 2013
DKBA ထိန်းချုပ်နယ်မြေအတွင်း မူလတန်းအထိသာ ပညာသင်နိုင်ပြီး လိုအပ်ချက်များစွာရှိနေ
Wednesday, 12 June 2013
အမေရိကန်နှင့် ပညာရေးပူးပေါင်းမှု အစီအစဉ်အရ ရန်ကုန်တက္ကသိုလ်ဝင်ခွင့် ယခုနှစ် အမှတ်အများဆုံးဖြစ်နိုင်
ရန်ကုန်တက္ကသိုလ်အား အဆင့်မြှင့်တင် ရန် ကော်မတီဖွဲ့စည်းလိုက်ခြင်းနှင့် အမေရိကန် ဂျွန်ဟော့ကင်းတက္ကသိုလ်က ပညာရပ်ဆိုင်ရာ လာရောက်ပူးပေါင်းခြင်းတို့အပြင် ဆယ်စုနှစ် ၂ စုစာဘွဲ့ကြိုသင်တန်း တက်ရောက်ခွင့် ပိတ်ပင် ထားမှုကို ယခုနှစ်တွင် ပထမဦးဆုံး ပြန်လည် ခွင့်ပြုပေးခြင်း စသည့်အချက်များကို စုပေါင်း၍ ၎င်းတို့က သုံးသပ်လိုက်ကြခြင်း ဖြစ်သည်။
Tuesday, 28 May 2013
မြ၀တီမြို့နယ်- မြို့နယ်ပညာရေးမှူးနဲ့ ကျပ်သိန်း(၃၀)
သို့
သက်ဆိုင်ရာဌာနများနှင့်ပြည်သူများအားသိစေရန်အတွက်
မြ၀တီမြို့နယ်တွင်တာဝန်ထမ်းဆောင်နေသော မြို့နယ်ပညာရေးမှူးသည်………………
မြ၀တီမြို့နယ်ရှိကျောင်းများတွင်သန့်စင်ခန်းဆောက်လုပ်ရန်တစ်မြို့နယ်လုံးရှိ ကျောင်းအကျိုးတော် ဆောင်များထံမှ ၀န်ဆောင်စရိတ် တောင်းခံရရှိငွေ ကျပ်သိန်း(၃၀)ရရှိခဲ့ပါသည်။
Monday, 27 May 2013
မြန်မာပြည်က ညီလေးဖတ်ဖို့ အမေရိကန် ပညာရေးစနစ်
အကိုလည်းမအားတာနှင့် စာမရေးဖြစ်ဘူး။ အခုတော့ နွေရာသီကျောင်းခဏနားလို့ အချိန်ရတာနှင့် အကိုလည်း ပြောချင်တာတွေ များနေပြီး ဖြစ်လို့ စာရေးလိုက်ပါတယ်။ အကို ဒီတခါ ပြောပြချင်တာက အမေရိကန်တွေရဲ့ ပညာသင်ကြားရေး စနစ်ကိုပါ။ သူတို့လိုမျိုး စနစ်ကောင်းတွေ နှင့် ညီလေးတို့ကိုလည်း ကိုယ့်တိုင်းပြည်မှာ ပြုစု ပျိုးထောင်ပေးချင်တဲ့ စေတနာကြောင့် ရေးလိုက်တာဖြစ်ပါတယ် ညီတော်မောင်ရေ။
တက္ကသိုလ်ပညာရေး အတန်းစနစ်
ဘွဲ့ယူဖို့အတွက် ပညာသင်ကြားရာမှာ လေးလကို Semester တခုအဖြစ် သတ်မှတ်ပြီး တနှစ်မှာ Semester, Spring, and Summer တို့ရှိပြီး။ Summer ကတော့ နှစ်လတာ ကြာတဲ့ Half Semester ဖြစ်တယ်ညီလေးရေ။ ကျောင်းသားတယောက် ဘွဲ့ယူမယ်ဆိုရင် သူရဲ့ ဒီဂရီအပေါ် မူတည်ပြီး အချိန်ကြာမြင့်မှာပါ။ ဒီဂရီတခုဖို့ အတွက် သူ သတ်မှတ်ထားတဲ့ အတန်းတွေမှာ တက်ပြီး Credit ကိုဖြည့်ရပါတယ်။ ဆိုပါစို့ Associate Degree တခုအတွက် အနည်းဆုံး 62 credits ရှိလို့ အချိန်ပြည့် ကျောင်းသားအဖြစ်နှင့် ကြိုးစားရင် နှစ်နှစ်နှင့် လေးလနီးပါး ကြာနိုင်ပါတယ်။ Bachelor Degree ဆိုရင်တော့ နှစ်ဆပေါ့ကွာ။
တက္ကသိုလ်အဆင့် အင်္ဂလိပ်စာသင်ရိုးသစ်စာအုပ်က ပေးသောပြဿနာများ
နိဒါန်း
ယခုအစိုးရလက်ထက် ပညာရေးပြုပြင်ပြောင်းလဲမှုများထဲတွင် မဖြစ်မနေထည့်ပြောရမည့်အကြောင်း အရာတစ်ခုမှာ အင်္ဂလိပ်စာအထူးပြုမဟုတ်သော ကျောင်းသားများအတွက် သင်ရိုးသစ်တစ်ခုကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာတိုင်အောင် သင်ကြားခဲ့သည့် ခေတ်မမီတော့သော သင်ရိုးကို ပြောင်းလဲလိုက်ခြင်းမှာ နိုင်ငံတကာနှင့် ကူးလူးဆက်ဆံရာတွင် ပိုမိုအရေးပါလာမည့် အင်္ဂလိပ်စာ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းပင် ဖြစ်သည်။
ဒီပညာ ဒီစနစ် တကယ်ပြောင်းပြီလား
မြ၀တီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ရင်ရင်ရှိန် စီမံခံ့ခွဲမှု အခြေအနေများကို တင်ပြခြင်း။
သို့
ဦးသိန်းစိန်
ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတကြီး
နေ့စွဲ။ ၂၃ - ၅ - ၂၀၁၃
Thursday, 23 May 2013
သမ္မတကြီးနဲ့ ပြည်သူတွေ ကျောင်းလစ်နေကြတယ်...
ကျောင်းနေတဲ့ကလေးတစ်ယောက်အတွက် ကျောင်းပညာရေးမှာဖြစ်ထွန်းရေးဟာ
ကလေးရဲ့ အနာဂါတ်လူမူဘ၀နဲ့ စီးပွားဥစ္စာဘ၀ နှစ်ခုအတွက်အရေးကြီးတယ်။
ပညာရေးမှာမဖြစ်ထွန်းတဲ့ ကလေးတော်တော်များများဟာ ဘ၀ရဲ့ လူမူရေး၊ စီးပွားရေး
စိန်ခေါ်ချက်တွေကို ရင်ဆိုင်ရာမှာ အခက်အခဲတွေအများကြီးတွေ့ကြုံကြရ တယ်။
Wednesday, 8 May 2013
မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံကျင်းပမည်
လာမည့် ဇွန်လ ၈ ရက်နှင့် ၉ ရက်တွင် ပညာရေး ပြုပြင်ပြောင်းလဲရေး
မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံကို ကျင်းပသွားမည်ဖြစ်ပြီး ပညာရေးကွန်ရက်
အဖွဲ့ဝင်များသာမက ပညာရေးဝန်ကြီးဌာန လက်အောက်တွင် တာဝန်ထမ်းနေကြသော
ပညာရေးဝန်ထမ်းများလည်း တက်ရောက်ရန် ရှိကြောင်း သတင်းရရှိသည်။
အခြေခံပညာကျောင်းများ၌ စိုက်ပျိုးရေးဘာသာရပ် ပူးတွဲသင်ကြားရတော့မည်
အစိုးရအခြေခံပညာကျောင်းများတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစတင်ကာ အခြေခံပညာမူလတန်းမှ အထက်တန်းအထိ သင်ရိုးညွန်းတမ်းများ၌ စိုက်ပျိုးရေးဘာသာရပ်အားတွဲဖက်သင်ရိုးအနေဖြင့် ထည့်သွင်း သင်ကြားတော့မည်ဖြစ်သည်။
ပညာရေးပြုပြင် ပြောင်းလဲမှုအတွက် ဒေသ ၁၈ ခုတွင် ဆွေးနွေးပွဲပြုလုပ်မည်
ပညာရေး ဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဒေသ ၁၈ ခုတွင်ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါကွန်ရက် ဖြစ်မြောက်ရေး အဖွဲ့ဝင် ဒေါ်သူသူမာက ပြောသည်။ ဒေသဆိုင်ရာ ပညာရေး ဆွေးနွေးပွဲများကို ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ ကယားပြည်နယ်တွင် လွိုင်ကော်၊ မွန်ပြည်နယ်တွင် မော်လမြိုင်၊ ရခိုင်ပြည်နယ်တွင် တောင်ကုတ်၊
ကျောင်းကောင်စီများ ပြန်လည်ဖွဲ့စည်းမည်
စာသင်ခန်းနှင့် ကျောင်းဝင်းတွင်း ဒီမိုကရေစီ လုပ်ငန်းများ ဖော်ဆောင်နိုင်ရန် ကျောင်းကောင်စီ များကို ဖွဲ့စည်းသွားမည် ဖြစ်ပြီး ကျောင်းကောင်စီ အတွင်းရေးမှူးနှင့် အသင်းခေါင်းဆောင်များကို ကျောင်းသား၊ ကျောင်းသူများ၏ သဘောဆန္ဒနှင့် ရွေးချယ် သွားရမည်ဖြစ်သည်။
Friday, 26 April 2013
တခါတုန်းက မြန်မာပြည်မှာ (၅) ပညာရေးဝန်ကြီး၏ညွှန်ကြားမှုအရ ပထမအကြိမ် တရားစွဲခံရခြင်း
၁၉၈၄
ခုနှစ်မှာ ကျူရှင်ဆရာတွေအတွက် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းများဥပဒေ ထွက်လာတယ်။ Sectionတစ်ခုကိုကျောင်းသား(၂၅)ယောက်၊ Sectionလေးခုဘဲ သင်ရမယ်။ပြူတင်းပေါက်အနည်းဆုံး နှစ်ပေါက်ရှိရမယ်။ကျူရှင်ကျောင်းအကျယ်အဝန်းကစတုရန်းပေ(၅၀၀)ရှိရမယ်။ကျောင်းရဲ့အမြင့်က(၁၀)ပေ ရှိရမယ်။ သီးသန့်အိမ်သာရှိရမယ်။ ကျူရှင်ကျောင်းသားတစ်ယောက်ကို(၁၀)ကျပ်နှုံးပဲယူရမယ်။
Monday, 8 April 2013
တခါတုန်းက မြန်မာပြည်မှာ(၄)
ရန်ကုန်မြို့အစွန် မင်္ဂလာဒုံမြို့နယ်အပိုင် ထောက်ကြံဟုခေါ်သော အရပ်မှာ အခြေခံပညာဦးစီးဌာနမှ ဆရာအတက်သင်ကျောင်းဆိုလား၊ လုပ်ငန်းခွင်လေ့ကျင့်ရေးကျောင်း
လက်အောက်ဝန်ထမ်းများကို မိုင်းတုံပညာရေးမှူး တရားမဝင်ငွေကောက်ခံ
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ပညာရေးမှူးသည် ၎င်းလက်အောက်ရှိ ဝန်းထမ်းများ၏ လစာထဲမှ လစဉ်အကြောင်းမဲ့ ငွေကောက်ခံမှုများ ပြုလုပ်နေကြောင်း မုံးထမြို့နယ်ခွဲ အထက်တန်း ကျောင်းအုပ်ကြီး ဦးစိုင်းထွန်းငွေက ပြောကြားသည်။
အပယ်ခံ ကျောင်းများ
ဒုက္ခသည် စခန်းတွင်ဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်းသို့ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများမှ ကျန်းမာရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည့် အိမ်သာ ထားရှိမှုနှင့် ကလေးများ အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် မည်ကဲ့သို့ ဆေးရမည်ကို လာရောက်သင်ကြားပေးသည့် ဝန်ထမ်းများကို မကြာခဏ တွေ့ရတတ်သည်။
Sunday, 7 April 2013
ဒီပုတ်ထဲကဒီပဲနှင့် ဟောဒီက အသုပ်စုံ
စာရေးသူတို့၏မြန်မာနိုင်ငံအောက်ပိုင်းဒေသဖြစ်သည့်
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအား ဆန်စပါးပေါ ကြွယ်ဝသည့်အတွက် ဆန်အိုးကြီးဟုတင်စားခေါ်ဝေါ်သလိုမြေလတ်ပိုင်းဒေသနှင့် အထက် အညာဒေသ ၌ မြေပဲနှင့်နှမ်း အလျံပယ်ထွက်ရှိသည့်အတွက် ဆီအိုးကြီးဟု
ခေါ်လေသည်။ ထို့ပြင် မြေလတ်ဒေသနှင့် အထက်အညာ ဒေသတို့၌ ဒေသတွင်းစားသုံးရန်အပြင် ခေတ်အဆက်ဆက်နိုင်ငံခြားသို့တင်ပို့ရောင်းချရသည့်
ပဲအမျိုးမျိုးလည်း စားမကုန်အောင်ပေါပေါများများထွက်ရှိသည်။
Sunday, 31 March 2013
အမေ့ခံပန်းကလေးများ
Friday, 29 March 2013
မူလတန်း ဆရာဆရာမ တစ်သောင်း တိုးမြှင့် ခန့်အပ်မည်
သင်ကြားရေး ဆရာ၊ ဆရာမအင်အား လိုအပ်ချက်ရှိနေသည့် အခြေခံပညာ ရေးကဏ္ဍအတွက် လာမည့်ပညာ သင်နှစ်အမီ မူလတန်းပြ ဆရာ၊ ဆရာမ အင်အား တစ်သောင်းတိုးမြှင့်ခန့်ထားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက မတ်လ ၁၉ ရက်နေ့တွင် ပြောကြားသည်။
Thursday, 28 March 2013
တခါတုန်းက မြန်မာပြည်မှာ(၃)
အချိန်ကား
၁၉၉၄ ခုနှစ်၊ ဗိုလ်ချုပ်ခင်ညွန့်မှ စီနီယာဗိုလ်ချုပ်ကြီးများထံမှ အာဏာမသိမ်းခင်၊။ တနေ့လုံး
စာသင်ပြီးနောက် ညနေခင်း၌ အေးအေးဆေးဆေးအနားယူနေစဉ် ၈၈-ပြည်သူ့ အရေးတော်ပုံ ကာလ အတွင်း
ရန်ကင်း မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းတစ်ကျောင်းမှ ကျောင်းသားသမဂ္ဂဥက္ကဌလုပ်ခဲ့သူ
တပည့်ဟောင်းတစ်ဦးရောက်လာပါသည်။
Wednesday, 27 March 2013
မူလတန်းပညာမပြီးဆုံးဘဲ စာသင်ခန်း ကျောခိုင်းသူဦးရေ နှစ်စဉ် ၁ဝ သိန်းခန့်ရှိနေ
Tuesday, 26 March 2013
တခါတုန်းက မြန်မာပြည်မှာ(၂)
အချိန်သည်ကား ၁၉၉၆ ခုနှစ်၊ ကျွန်တော်နေထိုင်ရာ ရန်ကင်းမြို့နယ်အတွင်း၌ တချိန်က သွားလေသူ ခေါင်းဆောင်ကြီး ဗိုလ်နေ၀င်း၏ ကိုယ်ရံတော် တပ်ဖြစ်သည့် ဗမာ့သေနတ်ကိုင် တပ်ရင်း(၄) ရှိပါတယ်။မြန်မာ့ တပ်မတော်၏ ထုံးစံအတိုင်း အရာရှိ အဆင့်များက သူဌေးများဖြစ်ပြီး အခြားအဆင့်များမှာ ကြက်ခြံ၊ ၀က်ခြံ၊ ငါးမွေးကန် များပြုလုပ် ၍မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးကြရပါတယ်။
Sunday, 24 March 2013
တခါတုန်းက မြန်မာပြည်မှာ(၁)
ကျွန်တော်တရားဝင်စာသင်ခွင့်နဲ့
စာသင်တာ ၁၉၉၂ ခုနှစ်က နောက်ဆုံးပဲ။ စာသင်ခွင့်တောင်းဘီဆိုတာနဲ့ ပညာရေးဌာနကပြဿနာမရှိပေမယ့်
ကျွန်တော့်အိမ်ကို ဧည့်သည်တော်အပေါင်း ကြွမြန်းလာတော့ တာဘဲ။ ထောက်လှမ်းရေးက၊ စသုံးလုံးက၊
ရဲ(နိုင်ငံရေး)က၊ ထောက်လှမ်းရေးကလည်း နံပါတ်အမျိုးမျိုးနဲ့ဗျ။ လာတာနဲ့ စည်းကမ်းချက်တွေ
တရစပ်ပြောတော့တယ်။
Friday, 22 March 2013
သားကိုကျောင်းထားခြင်း
ကျွန်တော်တို့ရွာက မိန်းကလေးတစ်ယောက် ဆယ်တန်းမှာ (၆) ဘာသာဂုဏ်ထူးနဲ့ အောင်ပါတယ်။ ဆင်းရဲတဲ့ (၆) ဘာသာဂုဏ်ထူးရတဲ့ မိန်းကလေး ဘယ်လိုင်းကို လိုက်သင့်သလဲ။ ဆရာဝန်လိုင်းကို လိုက်သင့်တယ်လို့ ကျောင်းအုပ်ဆရာမကြီးကရော၊ ဆရာ၊ ဆရာမများနဲ့ ရွာသူရွာသားတွေကပါ ပြော ကြတယ်။
ပညာဒါနအဖွဲ့ (စင်ကာပူ)
● HISTORY
ပညာဒါနအဖွဲ့ ပင်နီဆူးလား သင်တန်းများကို (၂၀၁၀) ခုနှစ် ဇူလိုင်လ (၁)
ရက်နေ့တွင် သင်တန်း (၁၀) ခုဖြင့် စတင်ခဲ့ကြပါသည်။ ဦးဆောင် သူ (၁၀) ဦး၏
တူညီသောအမြင်မှာ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား
ဘာသာစကားနှင့် ပညာရပ်ဆိုင်ရာများ လိုအပ်နေသည်ကို ဖြည့်ဆည်းပေးရန်
ဖြစ်ပါသည်။
Monday, 18 March 2013
ကျောင်းပြန်တက်ချင်လိုက်တာ.....
ကျောင်းကိုလည်းအခေါက်ခေါက်ရောက်
စစ်ပွဲတွေကြား ပညာရေးခါးပြတ်တဲ့ ကချင်လူငယ်များ
ယခုဆိုရင် မြန်မာနိုင်ငံတဝန်း ၂၀၁၂-၁၃ ပညာသင်နှစ်ရဲ့ ဆယ်တန်း
စာမေးပွဲတွေ ဖြေဆိုနေပြီဖြစ်ပေမယ့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)
ထိန်းချုပ်နယ်မြေ အောက်မှာ ရှိတဲ့ မိုင်ဂျာယန်၊ လိုင်ဇာနဲ့ အဂွမ်လ စတဲ့
အထက်တန်းကျောင်း ၃ ခုက ဆယ်တန်း ကျောင်းသူကျောင်းသား တွေကတော့ ၂၀၁၁ ခုနှစ်
KIO နဲ့ အစိုးရစစ်တပ်တွေ တိုက်ပွဲ ပြန်ဖြစ်ပြီးကတည်းက အစိုးရ အသိမှတ်ပြု
ကျောင်းတွေမှာ ဖြေဆိုဖို့ အခြေအနေ မပေးတော့ပါဘူး။
Sunday, 17 March 2013
ပဟေဠိလူသား ဆရာလေးကိုစံခင်
ငပိဖုတ် အမျှင်တန်း
ဒီမနက်
ငပိမီးဖုတ်တစ်ထုပ်
စားပွဲပေါ်ရောက်လာတယ်။
ဘယ်သူတင်သွားလဲမသိ
ဆရာလေးထမင်းချိုင့်ထဲမှာ
မျှစ်ပြုတ်နဲ့ ဆားထုတ်ကို
သူတို့လည်း မကြည့်ရက်ဖူးထင်တယ်။
မုန့်စားလွှတ်ချိန် မုန့်မစားနိုင်တဲ့ကလေးတွေ
ထမင်းစားလွှတ်ချိန် ထမင်းမစားနိုင်တဲ့ ကလေးတွက
ဆရာလေးကို ငပိတစ်ထုပ် ပေးခဲ့တယ်။
ဟင်္သာတ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး၏ လက်အောက်ဝန်ထမ်းမျာကို မတရားဖိနှိပ်ခိုင်းစေမှု

ဟင်္သာတ ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းဇော်၏
လက်အောက် ဝန်ထမ်းများအားလုံးကို မတရားဖိနှိပ် ခိုင်းစေမှုကို အထက်လူကြီးများ
သိစေရန်နှင့် မှန်မှန်ကန်ကန် လာစစ်တဲ့အဖွဲ့ကို လွှတ်ပေးပါ။
ကိုယ်ကျောင်း သိက္ခာ ကျမှာစိုးလို့ မတိုင်ချင်သော်လည်း ဒေါ်ဝင်းဝင်းဇော်သည်
ဆရာ။ ဆရာမ များနှင့် ဝန်ထမ်းများအပေါ် အမြင်မကြည် လင်ရင်တစ်မျိုး ဆက်ဆံတယ်။
နိမ့်ချ ပြောဆို ဆက်ဆံ တယ်။ ရိုင်းပြစွာ လူလယ်ခေါင်မှာပြောဆိုဆက်ဆံတယ်။

ဟင်္သာတ ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းဇော်၏ လက်အောက် ဝန်ထမ်းများအားလုံးကို မတရားဖိနှိပ် ခိုင်းစေမှုကို အထက်လူကြီးများ သိစေရန်နှင့် မှန်မှန်ကန်ကန် လာစစ်တဲ့အဖွဲ့ကို လွှတ်ပေးပါ။
ကိုယ်ကျောင်း သိက္ခာ ကျမှာစိုးလို့ မတိုင်ချင်သော်လည်း ဒေါ်ဝင်းဝင်းဇော်သည် ဆရာ။ ဆရာမ များနှင့် ဝန်ထမ်းများအပေါ် အမြင်မကြည် လင်ရင်တစ်မျိုး ဆက်ဆံတယ်။ နိမ့်ချ ပြောဆို ဆက်ဆံ တယ်။ ရိုင်းပြစွာ လူလယ်ခေါင်မှာပြောဆိုဆက်ဆံတယ်။
Saturday, 16 March 2013
ပုဏ္ဍားကျွန်းမြို့ အထက်တန်းကျောင်း ဆယ်တန်းစာမေးပွဲ အတွင်း မီးလောင်
ပုဏ္ဍားကျွန်းမြို့ အထက်ကျောင်းတွင် ယနေ့ နံနက်က မီးလောင်မှု ဖြစ်ပွား ခဲ့သည်ဟု သတင်း ရရှိသည်။
မီးမှာ ယနေ့ နံနက် အစောပိုင်း ညဥ့် ၂ နာရီခွဲခန့်တွင် စတင် လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင်မူကြောင့် စာသင်ခန်း ၃ ခန်း ပျက်စီး သွားခဲ့သည်ဟု ဆိုသည်။
မီးလောင်မှု ဖြစ်ပွားပုံနှင့် ပတ်သတ် ပြီး ပုဏ္ဍားကျွန်းမြို့ စံပြကွက်ရပ်တွင် နေထိုင်သူ တစ်ဦးက ယခုကဲ့သို့ ပြောသည်။
Tuesday, 12 March 2013
Monday, 11 March 2013
အရာရာ နောက်ကျနေခဲ့ရခြင်းရဲ့ အကြောင်းတရား တစ်ခု ....
မြန်မာပြည်ရဲ့
ပညာရေး စနစ်နဲ့ အခြားတိုးတတ်တဲ့ နိုင်ငံက ပညာရေး စနစ် ၂ ခုလုံးမှာ
ကိုယ်တိုင် ပါဝင်ခဲ့သူအနေနဲ့ ... ပညာရေး သင်ကြားခံရမှုမှာ
ကြုံတွေ့ရသမျှတွေအကြောင်း ပြောပြလိုပါတယ်။
Saturday, 9 March 2013
ပြည်မြို့မှ အခြေအနေမဲ့ကလေးများ ပြင်ပမူလတန်းပညာရေး သင်ယူခွင့်ပြု
အခြေအနေမဲ့ တောင်းရမ်းစားသောက်နေသော
ပြည်မြို့ရှိ ကလေးသူငယ်များအား ကျောင်းပြင်ပမူလတန်းပညာရေး
တက်ရောက်ခွင့်သက်ဆိုင်ရာ က ခွင့်ပြုပေးလိုက်ပြီ ဟု ပြည်မြို့
ကရုဏာလက်များကွန်ရက်ဥက္ကဋ္ဌ ဦးမြင့်အေးက ပြောသည်။
ပညာရေးနှင့် လွတ်လပ်စွာတွေးခေါ်ခွင့်
ပညာရေးပြုပြင်ပြောင်းလဲရေး ကဏ္ဍနှင့် ပတ်သက်ပြီး ပညာရေးလွတ်လပ်ခွင့်နှင့်
စီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များကို အောက်တိုဘာလ ၆၊ ၇ ရက်နေ့များတွင်
အင်းစိန်မြို့နယ်၊ ခရစ်ယာန် ဓမ္မတက္ကသိုလ် တွင် မြန်မာ့ပညာရေးနယ်ပယ်အသီးသီးမှ
ပညာရှင်များ၊ စိတ်ပါဝင်စားသူများစွာ ဘပါဝင်သည့် ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့သည်ကို သတင်းများအရသိရပါသည်။
Friday, 8 March 2013
ဝမ်းဆက်တစုံ
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ ကျောင်းဆရာအလုပ်ဟာ ၀င်ငွေကောင်းပြီး ဂုဏ်လည်းရှိတဲ့ အလုပ်ဖြစ်လို့ ဘွဲ့ရပညာတတ်တွေ မက်မောတဲ့ အလုပ်တခု ဖြစ်ပါသတဲ့။ အာဖျံကွီးတို့ မြန်မာနိုင်ငံမှာတော့ ကျောင်းဆရာ လုပ်ရတာ လခနဲ့ မလောက်ငှလို့ ကလေးတွေကို စာသင်ရင်း မုန့်ပါတွဲရောင်းလို ရောင်းရ၊ ကိုယ့်အတန်းက ကလေးတွေကိုပဲ အိမ်ခေါ်ပြီး ၀ိုင်းကျူရှင် ပြလိုပြရနဲ့ ကျောင်းဆရာ၊ ကျောင်းဆရာမတွေခမျာ နိစ္စဓူဝ ၀မ်းရေးပြေလည်ဖို့အရေး ဖတ်သီဖတ်သီနဲ့ လုံးချာလည်လိုက်နေကြရပါတယ်။
မမျှော်လင့်တဲ့ ဆရာကန်တော့ပွဲတစ်ခု
(ပြည်သူ့ခေတ်ဂျာနယ် မတ်လ ၇၊ ၂၀၁၃ ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး)
ပြီးခဲ့တဲ့အပတ်က ဘယ်လိုမှမထင်ထားတဲ့ ဆရာကန်တော့ပွဲတစ်ခုကို တက်ရောက်
အကန်တော့ခံခဲ့ရတယ်။ ကန်တော့တဲ့ ကျောင်းသား ကျောင်းသူဟောင်းတွေက
အခုနေပြောရင် အနက်ပါဖွင့်ပြရမယ့် ၁၉၇၈-၁၉၈၀ လူထုဆက်သွယ်ရေးလုပ်ငန်းပညာ Mass
Communication) သင်တန်းရဲ့ ကျောင်းသားဟောင်းတွေ ဖြစ်တယ်ဗျ။
ပညာရေးပိုမိုမြင့်မားရေး အသွင်ပြောင်း ကာလတွင် ကျောင်းပူးတွဲရန် အစီအစဉ်ရှိ
·
နယ်စပ်မှာ
ပညာရေးပိုမိုတိုးတက်လာစေဖို့အတွက် အသွင်ပြောင်းနေတဲ့ အတောအတွင်းမှာ
ကရင်နီကျောင်းနဲ့ အစိုးရကျောင်း ပူးတွဲပြီး သင်ကြားဖို့
အစီအစဉ်ရှိနေတယ်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(ကေအန်ပီပီ)
ပညာရေးဝန်ကြီး ဆရာအောင်ဆန်းမြင့်က ပြောပါတယ်။
Tuesday, 5 March 2013
နယ်စပ် တွဲဘက် အထက်တန်း ကျောင်းအုပ် ဆရာကြီး ရုံးခန်း ဖေါက်ထွင်းခံရ
မောင်ရမ္မာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တမန်းသားကျေးရွာ တွဲဘက်အထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာကြီး ရုံးခန်း မတ်လ ၂ ရက်နေ့က ဖေါက်ထွင်းခံရသည်ဟု သတင်း ရရှိသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တမန်းသားကျေးရွာ တွဲဘက်အထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာကြီး ရုံးခန်း မတ်လ ၂ ရက်နေ့က ဖေါက်ထွင်းခံရသည်ဟု သတင်း ရရှိသည်။
တက္ကသိုလ်ဆရာ/ဆရာမများက ထိုက်သင့်သည့် ခံစားခွင့်မရှိသည့်အတွက် နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုမည်
ရန်ကုန်အဝေးသင်တက္ကသိုလ်များမှ
ဆရာ/ဆရာမများ သာမန်ရုံးပိတ်ရက်များတွင် တာဝန်ထမ်းဆောင် ရသော်လည်း ထိုက်သင့်သည့် ခံစားခွင့်များ
မရရှိသည့်အပေါ် နိုင်ငံတော် သမ္မတထံ တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း တက္ကသိုလ်ဆရာများအသင်းမှ
သိရသည်။
ကျွန်တော့်ဘ၀၊ မြန်မာ့ပညာရေးနှင့် စစ်အာဏာရှင်
ကျွန်တော် ကျောင်းစတက်သည့်နှစ်သည် သာသနာပြုကျောင်း (ပုဂ္ဂလိကကျောင်း) များကို ပြည်သူပိုင် ပြု လုပ်
သည့်နှစ် (၁၉၆၅-၆၆) ဖြစ်သည်။ ကျွန်တော်တက်သည့်ကျောင်းသည် သာသနာပြုကျောင်း ဖြစ်သည့်
အတွက် ကျောင်းစတက်ချိန်၌ မူလတန်းကျောင်းသားလေးများကအစ please may I go out ဟု မပြောနိုင်လျှင်
အိမ်သာသွားခွင့်တောင် မရပါ။
Sunday, 3 March 2013
ဝန်ဆောင်မှုတွေကြား ချနင်းခံနေရတဲ့ ဆရာအချို့ရဲ့ ဂုဏ်သိက္ခာများ
ခြေထောက်ထိုးပေးလာတဲ့ ကျောင်းသားလေးရဲ့ ခြေထောက်မှာ ဘွတ်ဖိနပ်အနီရောင်လေးကို ညင်ညင်သာသာ ဝတ်ပေးလိုက်ပေမဲ့ သူမရင်ထဲမှာတော့ အမျိုးအမည်မသိရတဲ့ ဝေဒနာတစ်ရပ်ကို ခံစားနေရသလို မနေ့က ကျောင်းသားလေးတစ်ဦးက သူ့ရဲ့ထမင်းဘူးကို ခပ်ဆောင့်ဆောင့်ပေးရင်း ပြောသွားတဲ့ တီချယ်အစ်ဆားဗန့်လို့ သားရဲ့ပါပါးက ပြောတယ်ဆိုတဲ့ စကားကလည်း သူမနားထဲက မထွက်ပါဘူး
'ရင်ထဲမှာတော့ အောင့်တယ်၊ ဆရာမအနေနဲ့ လျှောက်ခဲ့တာပါ၊ အခုတော့ အောက်ခြေသိမ်း အကုန် လုပ်ပေးရတယ်' လို့ နာမည်ရ နိုင်ငံတကာကျောင်းတစ်ခုမှာ အင်္ဂလိပ်စာ မာစတာဘွဲ့ရထားသူ ဒေါ်ဟေမာန်က ပြောပါတယ်။
ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ကျောင်းသားများ၏ ရင်ဖွင့်သံ
ကျွန်ုပ်တို့ ရန်ကုန်အနာက်ပိုင်းတက္ကသိုလ် တွင် တရားဝင်မဟုတ်သော
ပါးစပ်မိန့်ချုပ်ခြယ်မှုဖြင့် စည်းကမ်းများစွာ တင်းကျပ်လျှက်ရှိနေပါသည်။
သင်ထောက်ကူ ပစ္စည်း မပြည့်စုံမှု နှင့် သွားလာရေး အဆင်မပြေမှု စသည့်
အခက်အခဲများကိုလဲ ရင်ဆိုင်နေရပါသည်။
မိခင်ဘာသာစကားနေ့ အထိမ်းအမှတ် ရခိုင်ဝေါဟာရ ပြိုင်ပွဲ တက္ကသိုလ်ကျောင်းသူ မပန်းအိဝေ ပထမဆုရ
မိခင်ဘာသာ စကားနေ့ကို ဘင်္ဂလာဒေခ်ျ့ ပန်းများဖြင့် ပုံဖေါ်လေ့ရှိသည်။
ဝံလက် ဖေါင်ဒေရှင်းက ယနေ့ကျင်းပ ပြုလုပ်သော မိခင် ဘာသာ စကားနေ့
အခမ်းအနားတွင် ရခိုင်ဘာသာ စကား ဝေါဟာရ ပြိုင်ပွဲ ပထမဆုရသူ တက္ကသိုလ်
ကျောင်းသူ မပန်းအိဝေ အပါအ၀င် ဆုရ ကျောင်းသူ ကျောင်းသား ၅ ဦးအား ဆုများ
အသီးသီး ချီးမြှင့်ခဲ့သည်ဟု သတင်း ရရှိသည်။ဆရာ့ဘဝ ဘဝဆရာ
ဘဝနှင့်ချီပြီး အရေးကြီးသော ဆရာ။ ဘဝဆရာ။ လောကနှင့်ယှဉ်ပြီး အရေးပါလှသောဆရာ။ လောက ဆရာ။ အမှုအခင်းကို ရှေ့နေအား ပုံအပ်ရာ၏။
ရောဂါဝေဒနာကို သမားတော်အား ပုံအပ်ရာ၏။
ဘဝကိုကား ဆရာသမားထံ အပ်နှံကြရာ၏။
Saturday, 2 March 2013
လက်ထောက်မြို့ နယ်ပညာရေးမှူးအား ပြည် နယ်ဝန်ကြီးချုပ်ထံ တိုင်ကြား
မုံရွာမြို့ ၊ အထက (၁) အာစရိယပူဇော်ကြေးကောက်ခံခြင်း အဖြစ်အပျက်
မုံရွာမြို့ ၊ အထက (၁) ပဉ္စမတန်း (က) အတန်းပိုင်ဆရာမနှင့်
အခြားသောအတန်းပိုင်ဆရာတို့၏ အာစရိယ ပူဇော်ပွဲကျင်းပရန်
အလှုငွေကောက်ခံခြင်း အကြောင်းလေးပါ။
မြန်မာလူငယ်ကျောင်းသားများ Oxford တက္ကသိုလ်၌ လေ့လာသင်ယူခွင့်ရ မြစ်မခ
Oxford
Summer Camp အစီအစဉ်အရ သင်ယူခွင့်ရခြင်းလည်းဖြစ်သည်။ အင်္ဂလန်ရှိ ကမ္ဘာကျော်
အောက်ဖို့တက္ကသိုလ်တွင် သင်ခန်းစာများအား လက်တွေ့ သင်ယူခြင်းအပါအ၀င်၊ Oxford
University သို့  ၀င်ခွင့်လျှောက်ထားမှုနှင့် ပတ်သက်သည့်
လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် တွေ့  ဆုံဆွေးနွေးနိုင်မည့်
Oxford Summer Camp အစီအစဉ် ကို CROWN Education မှ
စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။
Subscribe to:
Posts (Atom)





