မူလတန်းကျောင်း ငွေပဒေသာပင်များအား စာရင်းမရှင်းဘဲ ကိုယ်ကျိုးအတွက် သုံးစွဲနေခြင်းအပါအဝင် ပြစ်ချက်များစွာ ကျူးလွန်နေခြင်းအပေါ် အရေးယူပေးရန် ကလေးမြို့ဥယျာဉ်ကျေးရွာ အုပ်ချုပ်ရေးမှူး ကို ကျေးရွာသားများက သက်ဆိုင်ရာသို့ တိုင်ကြားထားကြောင်း ၎င်းကျေးရွာသားတစ်ဦးက ပြော သည်။
ဇွန်လ ၂၅ ရက်နေ့က ကလေးမြို့နယ ဥယျာဉ်ကျေးရွာအုပ်ချုပ်ရေးမှူးအား ပြစ်မှုများဖြင့်ကလေးမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ကျေးရွာသားအချို့မှ စာတင်တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးအား တိုင်ကြားစာတွင် အုပ်ချုပ်ရေးမှူးအနေဖြင့် ကျေးရွာကိုးကွယ် သည့် ဘုန်းတော်ကြီးကျောင်းတွင် ဆောက်လုပ်လျက်ရှိသော အဆောက်အအုံနှင့် ပတ်သက်၍ ကော်မတီအဖွဲ့ဝင်များအား ကော်မတီဝင်အဖြစ်မှ အကြောင်းမဲ့ ရပ်စဲခြင်း၊ လုပ်ပိုင်ခွင့်မရှိဘဲ အမိန့်ပေး ခြင်း၊ ဆောက်လုပ်နေသော ပန်းရံဆရာများအား ဆက်လက်လုပ်ကိုင်ခြင်းမပြုရန် အမိန့်စာထုတ်တား မြစ်ခြင်း၊ ရွာဆော်များအား ရွာဆော်ကြေးမပေးဘဲ တာဝန်မှရပ်စဲကာ ရွာဆော်ကြေးများအား သိမ်းယူ ခြင်း၊ ရွာတွဲရေးခွဲရေးများအား ၎င်းတစ်ဦးတည်းဆန္ဒဖြင့် ဆယ်အိမ်မှူးများအား အမိန့်ပေးကာ အတင်း အဓမ္မ ကောက်ခံခြင်းစသည့်အမှုများ ထည့်သွင်းကာ တိုင်ကြားထားကြောင်း သိရသည်။
အထက်ပါ တိုင်ကြားစာနှင့် ပတ်သက်၍ ဥယျာဉ်ကျေးရွာတွင် နေထိုင်သော ဒေသခံတစ်ဦးကလည်း “သူလုပ်ထားတာတွေကတော့ အများကြီးပါဗျာ။ ပြောလို့တောင် မကုန်ပါဘူး။ ကျွန်တော်တို့အနေနဲ့ တော့ မြို့နယ်လူကြီးမင်းအနေနဲ့ လာရောက်စစ်ဆေးပြီး အပြစ်တကယ်ရှိရင် တကယ်အရေးယူပေး စေချင်တယ်။ ဘာပဲပြောပြောဗျာ ကိုယ်တိုင်လာကြည့်ပြီး တစ်ခုခုတော့ လုပ်ပေးစေချင်တယ်” ဟု ပြောသည်။
တိုင်စာကိုလည်း နိုင်ငံရေးပါတီများ၊ ပြည်သူအခြေပြု ပွင့်လင်းအဖွဲ့အစည်းများနှင့် ခရိုင်အုပ်ချုပ်ရေးမှူး သို့ မိတ္ထူခွဲပို့ထားသည်။
Popular News Journal
Vol.5, No.27, July 11, 2013
No comments:
Post a Comment