၁၉၈၄
ခုနှစ်မှာ ကျူရှင်ဆရာတွေအတွက် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းများဥပဒေ ထွက်လာတယ်။ Sectionတစ်ခုကိုကျောင်းသား(၂၅)ယောက်၊ Sectionလေးခုဘဲ သင်ရမယ်။ပြူတင်းပေါက်အနည်းဆုံး နှစ်ပေါက်ရှိရမယ်။ကျူရှင်ကျောင်းအကျယ်အဝန်းကစတုရန်းပေ(၅၀၀)ရှိရမယ်။ကျောင်းရဲ့အမြင့်က(၁၀)ပေ ရှိရမယ်။ သီးသန့်အိမ်သာရှိရမယ်။ ကျူရှင်ကျောင်းသားတစ်ယောက်ကို(၁၀)ကျပ်နှုံးပဲယူရမယ်။
လိုင်စင်မရှိပဲ စာသင်ခွင့်မရှိ။လိုင်စင်မရှိပဲ စာသင်ရင် ဥပဒေ(၂၃)(ခ)အရထောင်ဒဏ်(၃)နှစ် နဲ့ငွေဒဏ် (၃၀၀၀၀) ကျပ်ပေးဆောင်စေတဲ့။ ဒါပေမယ့် ဥပဒေနဲ့အညီ စာသင်တဲ့ကျောင်းဆိုတာ တစ်ကျောင်းမှ မရှိ ပါဘူး။ အရေးယူမှုလဲမရှိဘူး။ ရီရတယ်နော်။ အဲ မရီနိုင်တာက ကျွန်တော်၊ ဘာလို့ဆိုဗွေဆော်ဦး တရားစွဲ ခံရတာ ကျွန်တော်ဖြစ်နေလို့။ ဇာတ်လမ်းကဒီလိုဗျ။ ကျွန်တော်တို့ ရန်ကင်း ဆိုတာက အဓိက,က တိုက်ခန်းတွေရှိတဲ့ အရပ်ကိုပြောတာ။ ကျန်တာက သူ့နာမည်နဲ့သူ။ တိုက်ခန်းတွေရှိတာက ရပ်ကွက်(၁)(၂)(၃)(၄)(၅)(၆)ဆိုပြီး ရပ်ကွက်ခြောက်ခုတည်း။ ရပ်ကွက် (၈)(၉)(၁၀)(၁၁)(၁၂)ကိုကံဘဲ့တဲ့။ ရပ်ကွက်(၁၃)(၁၄) ကိုကျောက်ကုန်းလို့ခေါ်တယ်။ ရပ်ကွက်(၁၅) ကိုဘောက်ထော်နဲ့ ရပ်ကွက်(၁၆) ကို ပြည်သာယာခေါ်သဗျ။ ရန်ကင်းတိုက်ခန်းတွေကို အိုးအိမ်ဦးစီးဌာနက ပိုင်တယ်။ အိုးအိမ်ဥပဒေအရ တိုက်ခန်းမှာ ဈေးမရောင်းရဘူး။ အခန်းကို မပြုပြင်ရဘူး၊ ကျူရှင်ဖွင့် ဖို့ဆိုတာဝေးရော။ လူကြီးတွေက နားလည်မှုနဲ့လွှတ်ပေးထားတာ။ ဘာမှမဖြစ်ရင် ဘာမှမဖြစ် ဘူးပေါ့။ ဖြစ်ပြီဟေ့ဆိုရင် ရှင်းပေါ့နော့။
လိုင်စင်မရှိပဲ စာသင်ခွင့်မရှိ။လိုင်စင်မရှိပဲ စာသင်ရင် ဥပဒေ(၂၃)(ခ)အရထောင်ဒဏ်(၃)နှစ် နဲ့ငွေဒဏ် (၃၀၀၀၀) ကျပ်ပေးဆောင်စေတဲ့။ ဒါပေမယ့် ဥပဒေနဲ့အညီ စာသင်တဲ့ကျောင်းဆိုတာ တစ်ကျောင်းမှ မရှိ ပါဘူး။ အရေးယူမှုလဲမရှိဘူး။ ရီရတယ်နော်။ အဲ မရီနိုင်တာက ကျွန်တော်၊ ဘာလို့ဆိုဗွေဆော်ဦး တရားစွဲ ခံရတာ ကျွန်တော်ဖြစ်နေလို့။ ဇာတ်လမ်းကဒီလိုဗျ။ ကျွန်တော်တို့ ရန်ကင်း ဆိုတာက အဓိက,က တိုက်ခန်းတွေရှိတဲ့ အရပ်ကိုပြောတာ။ ကျန်တာက သူ့နာမည်နဲ့သူ။ တိုက်ခန်းတွေရှိတာက ရပ်ကွက်(၁)(၂)(၃)(၄)(၅)(၆)ဆိုပြီး ရပ်ကွက်ခြောက်ခုတည်း။ ရပ်ကွက် (၈)(၉)(၁၀)(၁၁)(၁၂)ကိုကံဘဲ့တဲ့။ ရပ်ကွက်(၁၃)(၁၄) ကိုကျောက်ကုန်းလို့ခေါ်တယ်။ ရပ်ကွက်(၁၅) ကိုဘောက်ထော်နဲ့ ရပ်ကွက်(၁၆) ကို ပြည်သာယာခေါ်သဗျ။ ရန်ကင်းတိုက်ခန်းတွေကို အိုးအိမ်ဦးစီးဌာနက ပိုင်တယ်။ အိုးအိမ်ဥပဒေအရ တိုက်ခန်းမှာ ဈေးမရောင်းရဘူး။ အခန်းကို မပြုပြင်ရဘူး၊ ကျူရှင်ဖွင့် ဖို့ဆိုတာဝေးရော။ လူကြီးတွေက နားလည်မှုနဲ့လွှတ်ပေးထားတာ။ ဘာမှမဖြစ်ရင် ဘာမှမဖြစ် ဘူးပေါ့။ ဖြစ်ပြီဟေ့ဆိုရင် ရှင်းပေါ့နော့။
အဲဒီခေတ်တုန်းက
ပညာရေးဌာနမှာ ညွှန်ကြားချက်တစ်ခုရှိတယ်။ စာမေးပွဲဖြေမဲ့ကျောင်းသားတွေ တစုံတခုကြောင့်
စာမေးပွဲဖြေခွင့်တင်ဖို့ နှောင့်နှေးသွားရင် အဆင်ပြေအောင် နောက်ဆက်တွဲဖြေဆိုခွင့် ဆိုတာရှိတယ်။
အဲဒီအချိန်တုန်းက (၈)တန်းနဲ့(၁၀)တန်းက အစိုးရစစ်။ စာစစ်ဌာနကမေးခွန်း ထုတ်ပြီး စစ်တယ်။
(၈)တန်း စာမေးပွဲရမှတ်ကိုကြည့်ပြီး သိပ္ပံနဲ့ဝိဇ္ဇာဆိုပြီးခွဲလိုက်တယ်။ကျွန်တော်ကတော့
သဘော လဲကျတယ်၊ သဘောလဲ မကျဘူး။ သဘောကျတာက အခြေခံမပိုင်နိုင်ပဲနဲ့ အောင်ဖို့ မလွယ်ဘူး ။အောင်ပြီး
အထက်တန်းအဆင့်ရောက် လာတဲ့ကျောင်းသားတွေကိုသင်ရတာကောင်းတယ်။ ဒီဘက်ခေတ်မှာ (၈)တန်း ကို
ကျောင်းစစ်လုပ်လိုက်တော့ (၁၀)တန်းသာရောက်လာတယ်။အခြေခံတောင် ပါမလာတာတွေ များမှများ ပဲဗျာ။
သဘောမကျတာက တချို့မိဘတွေက သူတို့သားသမီး သိပ္ပံတွဲနဲ့အောင်တယ်ဆိုရင်ပဲ သိပ္ပံပညာရှင် ကြီးဖြစ်သွားတဲ့အတိုင်း
မော်လို့ ကြွားလို့၊နောက်ပြီး သိပ္ပံတွဲရမှ လူရာဝင်သလိုဖြစ်သွားတော့ စိတ်ပါပါ,မပါပါ၊
ဝါသနာပါပါ,မပါပါ ထူးချွန်တဲ့သူတွေ အားလုံး သိပ္ပံလိုင်း ထဲရောက်သွားတာကိုး၊တခြားမကြည့်နဲ့
ကျွန်တော် ကိုယ်တိုင် မြန်မာစာ၊ သမိုင်းနဲ့ပထဝီမှာ အားသန်တာ၊ အဲဒါ ၁၉၇၆-၇၇ နော်။ အခုတောင်
နောင်နှစ်ပေါင်း ၄၀လောက်ဖြစ်လာတာတောင် မပြောင်းလဲသေးဘူးဗျ။ ဝိဇ္ဇာတွဲဆိုတာနဲ့နှာခေါင်းရှုံ့ချင်ကြတယ်။
တိုင်းပြည် လူကြီးတွေ ဘယ်လောက်တော်လဲ၊ အတွေးအခေါ်ဟောင်းဥခွံထဲမှာ တစ်နိုင်ငံလုံးမြှပ်နေအောင် လုပ်ပစ် တာ။
ကျွန်တော့်အကြောင်းပြန်ဆက်ရရင် (၈)တန်းဖြေဖို့ဝင်ခွင့်လျှောက်လွှာတွေကို အပြင်ဖြေကျောင်းသားတွေ အတွက် သူတို့တက်တဲ့ကျူရှင်တွေက တင်ပေးတယ်။ ကျွန်တော် အပါအဝင်ပေါ့။ တပည့်မတစ်ယောက်
ကျူရှင်မတက်ပဲ ကျူရှင်ပြေးရာက ဒီဇာတ်လမ်းက စတာ။ ဇာတ်လမ်း မပြောခင် ခေတ်ကိုအရင်ပြောမှဗျ။
ကျွန်တော်တို့လူမှန်းသိတတ်စ အရွယ်ကတည်းက မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဆိုရှယ်လစ်ပန်းတိုင်ကြီးကို
ချီတက်နေတယ်ဆိုတဲ့ခေတ်ကိုး။ အလုပ်သမားနဲ့လယ်သမားအရေးကို ဦးစားပေးတယ်။ ဒီဘက်ခေတ် စစ်အာဏာရှင်တွေလိုလည်ပင်းမနင်းဘူး၊ ပါးစပ်ထဲဝင်မဲ့ဟာကို လုမယူဘူး၊ ငယ်ထိပ်ကို ဖနောင့်နဲ့ မပေါက်ဘူး။
လိုအပ်တယ်ထင်မှသေနတ်နဲ့ပစ်တာ။ဗိုလ်နေဝင်းကို လွမ်းလို့ပြောနေတာမဟုတ်ဘူး။ ဒီဘက်ခေတ်လူငယ်တွေသိစေချင်လို့၊
ပင်လုံစာချုပ်လက်မှတ်ထိုးတဲ့ဖေဖော်ဝါရီ(၁၂) ရက်နေ့ ကို ပြည်ထောင်စုနေ့လို့သတ်မှတ်ထားသလို
ဗိုလ်နေဝင်း အာဏာသိမ်းတဲ့နေ့ဖြစ်တဲ့ မတ်လ(၂) ရက်နေ့ကို လူတွေမေ့သွားအောင်တောင်သူလယ်သမားနေ့ဆိုပြီး
လုပ်ထားတယ်။ အခုတောင် ဒီမိုကရေစီ အရေး လှုပ်ရှားတယ်ဆိုတဲ့သူတွေတောင် အူကြောင်ကြောင်နဲ့
တောင်သူ လယ်သမားနေ့ ဆိုပြီးလုပ်နေတယ်။ ထားပါ၊ပြောချင်တာကပြည်ထောင်စုနေ့ဆိုပြီးတာမွေက
ကျိုက္ကဆံကွင်းကြီးထဲမှာ ဌာနဆိုင်ရာ အလိုက် ပြခန်းတွေဆောက်တယ်။ နေ့ဖက်မှာ ဆပ်ပြာစက်ရုံ၊
အထည်စက်ရုံ၊ အိုးခွက်ပန်းကန်စက်ရုံတွေက စက်ရုံထုတ်ပစ္စည်းတွေကိုရောင်းပေးတယ်။လူတွေတန်းစီပြီးအကြိတ်အနယ်
တိုးဝှေ့ဝယ်ကြရတယ်။ ဒီလို ပစ္စည်းမျိုးတွေကို ရပ်ကွက်ထဲမှာ ခွဲတမ်းနဲ့ဝယ်ရတာဗျ။ လိုချင်သလိုမရဘူး။
တခါတလေ တိုက်ခန်းပေါင်း (၂၀၀)အတွက် မီးချောင်းက(၄)ချောင်းတဲ့။
တို့ဗမာအစည်းအရုံးခေါင်းဆောင်ကြီး သခင်လေးမောင်ပြောတာ အမှတ်ရမိတယ်။ ဘာတဲ့ မသာအိမ်လူစည်အောင်
ဖဲဝိုင်းထောင်ပေး ထားသလိုပဲတဲ့။နေ့ခင်းမှာ ကျိုက္ကဆံကွင်းထဲ လူမရှိမှာစိုးလို့တဲ့။
ညဖက်ဆို တိုင်းရင်းသား ပဒေသာကပွဲတွေလုပ်တယ်၊ ဂီတပဒေသာ၊ ဇာတ်ပွဲ၊ အငြိမ့်၊မျက်လှည့်၊ ဟာ
ဘုရားပွဲထက် အဆပေါင်း များစွာစည်တာပေါ့။
စာမေးပွဲတွေကဖေဖော်ဝါရီလနောက်ဆုံးပတ်ဆိုစဘီ။ ကျိုက္ကဆံကွင်းနဲ့ ရန်ကင်းဆိုတာက ကပ်လျက်။ ပြည်ထောင်စုနေ့ပွဲလမ်းသဘင်က
ဖေဖော်ဝါရီလဆန်းဆိုတော့ ကျိုက္ကဆံကွင်းနဲ့နီးတဲ့ ရန်ကင်း၊ တာမွေ၊ တောင်ဥက္ကလာ၊သင်္ဃန်းကျွန်းကကျောင်းသားတွေ
ကျောင်းပြေး၊ကျူရှင်ပြေးပြီး ကွင်းထဲရောက် ကုန်တယ်။ ရန်ကုန်တမြို့လုံးကကျောင်းသားတွေလဲမကျန်စေရဘူး။ညရောက်ပြန်တော့
မိဘ၊ဆွေမျိုး သားချင်း၊ အိမ်နီးနားချင်း၊ သူငယ်ချင်းများနဲ့ ကွင်းထဲရောက်ပြန်ရော။ အဲဒီအချိန်ဆိုကျောင်းဆရာတွေရော၊ ကျူရှင်ဆရာတွေရောချွေးပြန်တဲ့အချိန်ပေါ့ဗျာ။ နည်းပေါင်းစုံနဲ့ လှည့်ပတ်ထိန်းရတယ်။
အဲဒီကြားထဲ ရအောင်လဲလစ်ကြတယ်။ လုံခြုံရေးလား ရှိတာပေါ့။ ဒါပေမယ့် စစ်အာဏာရှင်ခေတ်လောက်တော့
အမြင်ကပ်စရာကောင်းလောက်အောင် မရှိဘူး။ အခုမြန်မာပြည်မှာက မျောက်မြင် ခဲနဲ့ပေါက်ချင်သလိုပဲ။
ထားပါ ချော်တောငေါ့ကုန်ဘီ။
ဇာတ်လမ်းပြန်ဆက်ရင်
အတန်တန်တားထားတဲ့ကြားထဲက ကျူရှင်ပြေးပြီး ကွင်းထဲကိုကောင်လေး တွေ နဲ့ကြွမြန်းတာကိုး။
မိန်းကလေးချင်းဆိုရင် သတိပေးရုံပါ။ ကောင်လေးတွေနဲ့ ဆိုတော့ ကိုယ်ချမှတ်ထားတဲ့ စည်းကမ်းနဲ့ငြိနေတော့
ကျူရှင်ကထွက်လို့လုပ်လိုက်ရတယ်။စစချင်းတော့ ကျောင်းသူလေးက အိမ်ပြန် မပြောဘူး။ကိုယ်ကအကြောင်းကြားရသပေါ့။ကျောင်းသူလေးခဲအိုက
မှတ်တမ်းရုံးက ဗိုလ်ကြီးတစ်ယောက်။ မြို့နယ်ပညာရေးမှူးနဲ့ခင်တယ်။ ပညာရေးမှူးလိုအပ်တဲ့ဆေးဝါးတွေကို
ခဲအိုကဝယ်ပေးရတယ်။ အမှန်က နှစ်ယောက်ပေါင်းပြီးဆေးမှောင်ခိုလုပ်နေတာ။ဆေးမှောင်ခိုဆိုတာရှင်းအုန်းမှ။
အဲဒီခေတ်မှာ ကျန်းမာရေး အတွက် ဆေးဝါးဆိုတာ လိုသလိုဝယ်လို့ရတာ မဟုတ်ဘူး။ ပြည်သူ့ဆေးဆိုင် လို့အမည် တပ်ပြီးဆေးရောင်းတဲ့ ဆိုင်မှာဆေးရောင်းတယ်ဟေ့ဆိုမှ တန်းစီတိုးပြီး ဝယ်ကြရတာဗျ။ မိုရီယာမင်း ဆိုတဲ့အားဆေးက
အဲဒီခေတ်မှာ နာမည်ကြီး။ သာမန်ပြည်သူများနဲ့လားလားမှမထိုက်၊ ထီးသုံး နန်းသုံး စစ်ဗိုလ်သုံး၊ဆေးဆိုင်မန်နေဂျာတောင်ရဖို့ မလွယ်ဘူး၊ကောင်မလေးရဲ့စာမေးပွဲဖြေဆိုခွင့်က ကျွန်တော် တင်ပေး တာ။
ပြဿနာက ဖြေဆိုခွင့်အတွက်ငွေကြေးတွေ အကုန်သွင်းပြီးပြီ။ အဲ ကျောင်းသား တစ်ယောက်ရဲ့ဖြေဆိုခွင့်လျှောက်လွာပျောက်သွားတယ်။
အချိန်မီမတင်လိုက်ရဘူးပေါ့။ ဒါပေမယ့် ကျွန်တော်မစိုးရိမ်ဘူး။
နောက်ဆက်တွဲဖြေဆိုခွင့်က
ရှိတယ်လေ။ ဒါနဲ့ လျှောက်လွှာလက်ခံတဲ့ကျောင်းသားရေးရာကို ကျွန်တော် တိုက်ရိုက်အကြောင်းကြားထားလိုက်တယ်။
နောက်ဆက်တွဲတင်ဖို့။ မြို့နယ်ပညာရေးမှူးလက်မှတ်ထိုးရင် ကိစ္စကပြီးပြီ။ ကျူရှင်ကအထုတ်ခံလိုက်ရတဲ့ကျောင်းသူက
ခဲအိုအားကိုးနဲ့ မြို့နယ်ပညာရေးမှူး သွားတိုင်တယ်။ ကျေးဇူးရှင်မြို့နယ်ပညာရေးမှူးက
ကျွန်တော်ကို ဘယ်လိုနှိပ်ကွက်ရမလဲ လို့နည်းလမ်း ရှာတော့တာပေါ့။ ကျွန်တော့်ကိုလဲ သူ့ကိုကျော်ပြီးလုပ်တယ်။သူ့ကိုလာလဲမတောင်းပန်ဘူးဆိုပြီး
စိတ်ဆိုး တယ်တဲ့။ ဒီတော့ သူလက်မှတ်ထိုးဖို့ကို အချိန်ဆွဲနေတယ်။ စာမေးပွဲဖြေဖို့ကလည်းနီးနေဘီ။
ကံဆိုးချင်တော့ အဲဒီအချိန်မှာမှ ပညာရေးဝန်ကြီးဦးကျော်ငြိမ်း (စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးဟောင်း)က
ရန်ကင်းကို ရောက်လာ သဗျာ။ဘာစစ်ရမှန်းမသိတော့
ဟိုလှန် သည်လှန်ဟိုမေးသည်မေးလုပ်ပြီး ဘာအမှုတွေရှိလဲ မေးတယ်တဲ့။ ကျေးဇူးရှင်မြို့နယ်ပညာရေးမှူးက
ကျွန်တော့်အမှုကိုတင်ပြပါလေရော။ ၀န်ကြီးမင်းကလဲ သေသေချာချာ စစ်ဆေးတော်မမူဘဲ ဖမ်းလိုက်တဲ့။ ကျွန်တော်
အမှုဖြစ်ပါလေရော။ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများ ဥပဒေပုဒ်မ(၂၃)(ခ)အရ လိုင်စင်မရှိဘဲ
စာသင်မှုပေါ့။ လက်မှတ်တစ်ချက်ထိုးလိုက်တာနဲ့ပြီးတဲ့ကိစ္စကို ချဲ့ပစ် လိုက်တာ၊ ကျွန်တော်ကလည်းကျွန်တော်၊
ကိုယ်မှန်တယ်ထင်ရင် ဘယ်တော့မှ အောက်မကြို့ တတ်ဘူး။ ဒီလိုနဲ့ကျွန်တော့်အိမ်ကို မြို့နယ်ပညာရေးမှူးရုံးက
ရောက်လာတယ်။ ရဲစခန်းသွားရအောင်တဲ့။ လမ်းမှာ လက်ထောက်ပညာရေးမှူးကမေးတယ်။ ဘယ်နှစ်တန်းသင်သလဲတဲ့၊
ကျွန်တော်က သင်ခိုင်းတဲ့အတန်း သင်တယ်လို့ဖြေတယ်။ ဘယ်ဘာသာသင်သလဲတဲ့။ ကျွန်တော်က သင်ခိုင်းတဲ့
အတန်းသင်တယ် လို့ဖြေတယ်။ ကျောင်းသားဘယ်နှစ်ယောက်ရှိသလဲတဲ့။ ကျွန်တော်က ရေတွက်မထားဘူး။
သိလည်းမသိဘူး ဆိုတော့ သူလဲခေါင်းကုပ်သွားတယ်။
ဒီလိုနဲ့
ရဲစခန်းရောက်ပါလေရော။ စခန်းမှူးက ကျွန်တော်တို့လဲရောက်ရော သူ့ဘောင်းဘီ အိတ်ထဲထိုးထည့်ထား
တဲ့ တိုင်စာကိုဆွဲထုတ်လိုက်တယ်။ တိုင်စာက တွန့်လိမ်စုတ်ပြတ်လို့။ ပြီးတာနဲ့ ကျွန်တော့်ကို
ဟောက်ပါ လေရော။ ဘာလို့ရဲစခန်းလိုက်လာတာလဲတဲ့။ ဖမ်းချင်မှ ကျွန်တော်တို့ ခင်ဗျားဆီလာမှာပေါ့တဲ့။
ကျွန်တော်တို့ အလုပ်က သူခိုး၊ဂျပိုးဖမ်းဖို့ဗျ။ ခင်ဗျားလိုလူမျိုးဖမ်းဖို့မဟုတ်ဘူးတဲ့။
ခင်ဗျားအကြောင်း ကျွန်တော်တို့စုံစမ်းပြီးပြီ၊ မဖမ်းချင်လို့နေနေတာပေါ့တဲ့။ ပါလာတဲ့
လက်ထောက် မြို့နယ်ပညာရေးမှူးကော၊ ကျောင်းအုပ်တစ်ယောက် ကော မျက်နှာကိုမဲသွားတာပဲ။ ခုတော့
ခင်ဗျားပါ လာတော့ ကျွန်တော့်မှာ တာဝန်အရ လုပ်ရတော့မှာပေါ့ လို့ဆိုပြီး သူ့လူတွေကိုလှမ်းခေါ်တယ်။
တခါတည်း အာမခံပေးလိုက်တဲ့။
တရားရုံးရောက်တော့
ဘုမသိဘမသိနဲ့ ရဲတပ်သားနှစ်ယောက်က အဖမ်းပြရမယ်ဆိုပြီး တရားရုံးအချုပ်ထဲ ပို့ပါလေရော။
အချုပ်ထဲမှာ သူခိုးလေးတွေ၊ရန်ဖြစ်လို့ရောက်နေတဲ့သူတွေ၊ မသင်္ကာလို့ဆိုပြီး ဖမ်းထားတဲ့ သူတွေ၊
ဘိလပ်မြေအတုလုပ်တဲ့သူတွေ၊ လိမ်လည်မှုကျူးလွန်ခဲ့တဲ့သူတွေ စုံရောဗျာ။ တော်သေး တာက အချုပ်ထဲမှာ
လူသတ်မှုနဲ့ရောက်နေတဲ့ သူတွေက ကျောင်းတုန်း ကငယ်သူငယ်ချင်းတွေ ဖြစ်နေတယ်။ ဒီတော့ အေးအေး
ဆေးဆေးနဲ့နေခဲ့ရတယ်။ ကံကဆိုးချင်တော့ အာမခံပေးဖို့တရားသူကြီးတွေ အစည်းအဝေးသွားတယ် ဆိုတာကြောင့်
မြို့နယ်အချုပ်ထဲရောက်ပြန်ပါရောဗျာ။ အချုပ်ထဲရောက်တော့ တပည့်လေးယောက်က ရိုက်မှုနဲ့ ရောက်နေပြန်တော့
တပည့်များအားကိုးတဲ့ ဗိုလ်ဖြစ်သွားရပါတယ်။
အဲဒီခေတ်တရားရုံးဖွဲ့စည်းပုံပြောရရင်
ဒီခေတ်လိုမဟုတ်ဘူး။ ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်တင်မြှောက်ပွဲဆိုပြီး
မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ က ရွေးချယ်ပေးတဲ့ကိုယ်စားလှယ် ကို ကြိုက်,မကြိုက် မဲပေးရတယ်။
ကြိုက်ရင် အမှန်ခြစ်ပြထားတဲ့ မဲပုံးထဲထည့်၊ မကြိုက်ရင် အမှားခြစ်ထားတဲ့ ပုံးထဲထည့်။
ရွေးချယ်မှုမရှိဘူး။ အဲဒီကမှ မြို့နယ်ကောင်စီ၊ တရားသူကြီးအဖွဲ့၊ လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဆိုပြီး
အဓိကအဖွဲ့ (၃)ဖွဲ့နဲ့ မြို့နယ်ကို အုပ်ချုပ်တယ်။ ဒီလိုပဲ တိုင်းမှာဆိုတိုင်းကောင်စီ၊
တိုင်းတရားသူကြီးအဖွဲ့၊ တိုင်းလုပ်ငန်းစစ်ဆေးရေးအဖွဲ့ဆိုပြီးဖွဲ့သလိုပြည်နယ်တွေမှာလဲအဲဒီအတိုင်းပဲ။အံ့သြစရာတစ်ခုက
အခု လူတွေ ပြောပြောနေတဲ့ check and balance ဆိုတာရှိသဗျ။ တစ်မြို့လုံးကိုတော့ ပါတီင်္ယူနစ် ဆိုတာကြီးနဲ့ အုပ်ထား
တယ်။ အုပ်ချုပ်ရေးမှာ တစုံတရာမှားယွင်း တယ်ဆိုပါစို့။ ပါတီစည်းကမ်းနဲ့အရေးယူတယ်။ ဌာနဆိုင်ရာမှားရင်
လုပ်ငန်းစစ်ဆေးရေးအဖွဲ့က အရေးယူတယ်။ လုပ်ငန်းစစ်ဆေးရေးလုပ်ပိုင်ခွင့်က မြို့နယ်ကောင်စီကိုတောင်
စစ်ပိုင်ခွင့်ရှိတယ်။ တနည်းအားဖြင့် အပြန်အလှန်တော့ ထိမ်းညှိပေးထား ပါတယ်။ ဒါပေမယ့်
ဘယ်ကိစ္စမဆို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်မှ အဆင်ပြေတယ်။ ပါတီဝင် မဟုတ် ရင် အလုပ်ရဖို့တောင်မလွယ်ဘူး။
ဆိုက်ကားသမားလဲပါတီဝင်ရတယ်။ ဒီကနေ့ခေတ် ကြံ့ဖွတ်ဝင်ရသလိုပဲ။ ဒီလိုနဲ့တချို့ဆိုက်ကားသမားဆိုရင်
မြို့နယ်မှာ အုပ်ချုပ်ရေးလူကြီး ဥပမာဗျာ တရားသူကြီးတို့ လုပ်ငန်းစစ်ဆေးရေးတို တက်ဖြစ်ကြတယ်။
ပါတီဝင်ရဲတပ်ကြပ်ကို မြို့နယ်စခန်းမှူးတောင် ပြန်မပြောရဲဘူး။ ထားပါ ပေရှည်ကုန်ဘီ။ နောက်တော့
စီကာပတ်ကုံးရေးအုန်းမယ်။
မြို့နယ်တစ်ခုမှာ
တရားသူကြီးဥက္ကဌနဲ့အဖွဲ့ဝင်နှစ်ဥိးပေါင်း (၃)ဦးရှိတယ်။ပြီးမှ အခြေအနေအရ လိုအပ်သလို အဖွဲ့တွေတိုးချဲ့တယ်။ ဒါကြောင့်ရန်ကင်းမြို့နယ်တရားရုံးမှာ
အဖွဲ့(၃)ဖွဲ့ရှိတယ်။ တစ်ဖွဲ့မှာ(၃)ဦးပါတယ်။ ပထမဦးဆုံး လုပ်တဲ့ရွေးကောက်ပွဲ ခေါ်မလား
အတည်ပြုပွဲခေါ်မလားမှာ ရန်ကင်းမြို့နယ်ရဲ့ မြို့နယ်ကောင်စီ အတွင်းရေးမှူး လုပ်တဲ့သူက
၁၉၈၈ စက်မှုတက္ကသိုလ်ကိစ္စမှာ စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်ကို ပစ်လိုက်တဲ့သူတဲ့၊
ကြုံလို့ပြောဖြစ်တာပါ။ တရားရုံးတင်တော့ တရားသူကြီးတွေက
ကျွန်တော့်ရဲ့ ကျောင်းသား မိဘတွေဖြစ်နေတယ်။ တိုက်တိုက်ဆိုင်ဆိုင် တရားသူကြီးအဖွဲ့ဥက္ကဌက ပညာရေးဝန်ကြီးဦးကျော်ငြိမ်းရဲ့ခယ်မ။
ကျွန်တော့်ကို မွေးခဲ့တဲ့ခြံနဲ့သူတို့ခြံက မျက်နှာချင်းဆိုင်ဆိုတော့ ကျွန်တော့်ကို
ငယ်ငယ်ကတည်းကသိနေတာ။
တရားရုံးက
တရားသူကြီးတွေ ဘာလုပ်ရမှန်းမသိဘူး။ ဒီနေ့ခေတ်ဆို တောင်းလိုက်မယ့်ပိုက်ဆံ။ စစ်လိုက်တော့
ကျွန်တော်ဟာ အခကြေးငွေနဲ့သင်တဲ့ဆရာမဟုတ်ကြောင်း အမျိုးမျိုးသက်သေပြရ တာပေါ့။ နောက်တော့
မြို့နယ်ပညာရေးမှူးကတောင်းပန်တယ်။ဘယ်လိုသက်သေပြပြ လွတ်ဖို့မလွယ်ဘူး။ နဲနဲစစ်လိုက် နောက်နှစ်ပတ်
ခွာချိန်းလိုက်၊နဲနဲစစ်လိုက် နောက်နှစ်ပတ်ခွာချိန်းလိုက်နဲ့ အမှုကိုစစ်လိုက်တာ ၁၉၈၈
ရောက်ရောပဲ။ ပြောရအုန်းမယ် ကျွန်တော့်ကို တရားစွဲတဲ့
ဘာသာရပ် သင်ကိုယ်ပိုင် သင်တန်း များဥပဒေကို မြို့နယ်ပညာရေး ရုံးကော၊ တရားသူကြီးတွေကော၊
ရဲတွေကော ဖတ်ဖူး ဖို့ နေနေသာသာ မြင်တောင်မမြင်ဘူးလို့ ကျွန်တော်ကပဲ ပေးရတယ်။နောက်တော့
စစ်တပ်က အာဏာသိမ်းပြီး အမှုများအားလုံးလွတ်စေလို့ဆိုတော့မှ အမှုလည်း ပြီးသွားတယ်။
သန့်စင်အောင်(ရန်ကင်း)
၂၅.၀၄.၂၀၁၃
No comments:
Post a Comment