Tuesday, 8 January 2013

၁၀ တန်းအောင်ချက်မြင့်မားရေး


ကန်ပက်လက် အထက မှာ ၁၀ တန်းဟောပြောပွဲသွားစဉ်ကပါ ကျောင်းအုပ်ကြီးက အလွန်ခင် စရာကောင်းတဲ့ နာဂ လူမျိုးပါ ၁၀ တန်းအောင်ချက်မြင့်မါးရေးအတွက် သူရွက်ပြတဲ့ ကဗျာလေးကို သတိရမိတယ် ....

No. 1. ချောချောလှလှ.. ရုံးခမ်းကြွ (စာမေးပွဲစရင်ဘဲ မ၀တရဲ့ အော်သံ command တွေကိုဖြေဖို့ အသံကောင်းကောင်း ချွဲချွဲ ဆရာမချောချောကို ရုံးခမ်းဖုံးနားကိုထားပါ၊ ဆရာမရဲ့အသံကြားရင်ဘဲ လူကြီးတွေ့ငြိမ်သတဲ့ ပီးတော့၊ ဆရာကြီးလဲအမောပြေတယ်တဲ့..)


No. 2. သွက်သွက်လက်လက်.. ဂိတ်ကို ..တက် (ဆရာ၊မ အသစ် ကလေးတွေက တော်တော်ဖမ်းချင် ဆီးချင်တော့ မဖြစ်ဖူး ဂိတ်ဝပို့ထားရတာတဲ့၊ အ၀င်ဝ ကြိုက်သလောက်ရှာပေါ့ ...)


No. 3. ဖြူဖြူတောင့်တောင့် အပြင်စောင့် (10 တန်းစာမေးပွဲဆိုတာ ၃ နာရီစောင့်ရတာဆိုတော့ ညီးငွေ့စရာ... ဒါကြောင့်ပါတဲ့)

No. 4. ဘိုးတော်..ဘွားတော်..ဆီးခြံပျော
် (၀ါရင့်ဆရာကြီးဆရာမကြီး တွေ က..ကလန်ကဆန်.. ဂျစ်ကန်ကန်ပြောတတ်လွန်း လို့ အိမ်သာစောင့်ပို့ထားတော့.. နားအေးရော..)

No.5. အိုနာကျိုးကန်းစာသင်ခန်း တဲ့ (အသက်ကကြီး ၊ ပင်စင်နားကနီး မျက်စေ့ကမှုန်တော့ ကိုရွှေကျောင်းသားတွေ minibook တွေနဲ့ ကစ်နေတာ မမြင်ရ မကြားရ မသိရတော့ဘူးပေါ့..) ...


ဆရာကြီးက ဟာသအနေနဲ့ပြောပေမဲ့ (တကယ်မဟုတ်ဖူးနော်) .. ဒီကဗျာလေးကို.. စာမေးပွဲတွေစောင့်ရတိုင်း သတိရရနေမိတယ်.. ခုတော့ကျနော်လည်း အိုနာကျိုးကန်းထဲ ရောက်မှန်းမသိရောက်လာပြီ... ကိုသူရိန်ရေ


(ကန်ပက်လက်မှနာဂဆရာကြီးအမှတ်တရ)


By Kothetnaing Kothetnaingoo & thanks to
ရဲဘော် သူရိန်

No comments:

Post a Comment