Friday, 21 June 2013

DKBA ထိန်းချုပ်နယ်မြေအတွင်း မူလတန်းအထိသာ ပညာသင်နိုင်ပြီး လိုအပ်ချက်များစွာရှိနေ

ကရင်ပြည်နယ်ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကျောင်း ပညာရေးမှာ မူလတန်းအထိသာ ပညာသင်နိုင်ပြီး ပညာရေးအတွက် လိုအပ်ချက်များ များစွာရှိနေသေးသည်ဟု ဒုဗိုလ်မှူးကြီး စောအာနိုးက မဇ္စျိမသို့ ပြောကြားခဲ့သည်။

Wednesday, 12 June 2013

အမေရိကန်နှင့် ပညာရေးပူးပေါင်းမှု အစီအစဉ်အရ ရန်ကုန်တက္ကသိုလ်ဝင်ခွင့် ယခုနှစ် အမှတ်အများဆုံးဖြစ်နိုင်


အမေရိကန်နှင့် ပညာရေးပူးပေါင်းမှု အစီအစဉ်အရ ရန်ကုန်တက္ကသိုလ်ဝင်ခွင့် ယခုနှစ် အမှတ်အများဆုံးဖြစ်နိုင်ဘာသာရပ်တစ်ခုလျှင် ကျောင်းသား ၂ဝ ဦးခန့်သာ တက်ရောက်ခွင့်ပြုမည့် ယခုနှစ် ရန်ကုန်တက္ကသိုလ်ဝင်ခွင့်မှာ အမှတ်အများ ဆုံး ဖြစ်လာနိုင်ကြောင်းတက္ကသိုလ်အသိုင်းအဝိုင်းက ခန့်မှန်းကြသည်။
ရန်ကုန်တက္ကသိုလ်အား အဆင့်မြှင့်တင် ရန် ကော်မတီဖွဲ့စည်းလိုက်ခြင်းနှင့် အမေရိကန် ဂျွန်ဟော့ကင်းတက္ကသိုလ်က ပညာရပ်ဆိုင်ရာ လာရောက်ပူးပေါင်းခြင်းတို့အပြင် ဆယ်စုနှစ် ၂ စုစာဘွဲ့ကြိုသင်တန်း တက်ရောက်ခွင့် ပိတ်ပင် ထားမှုကို ယခုနှစ်တွင် ပထမဦးဆုံး ပြန်လည် ခွင့်ပြုပေးခြင်း စသည့်အချက်များကို စုပေါင်း၍ ၎င်းတို့က သုံးသပ်လိုက်ကြခြင်း ဖြစ်သည်။