Thursday, 26 September 2013

ပိုလီယိုပညာရေးအား စုပေါင်းတိုက်ဖျက်မှ တိုင်းပြည်တိုးတက်မည်


          
ဦးးသိန်းစိန်အစိုးရတက်လာသည်မှစ၍ မြန်မာ့ပညာရေးအားပြုပြင်ပြောင်းလဲရန် နယ်ပယ်အသီးသီးမှ လူတန်းစားပေါင်းစုံ ဝေဖန်ကြ၊ အကြံပြုကြနှင့်ပြုလုပ်နေကြသည်မှာ လွန်စွာနှစ်ထောင်းအားရဖြစ်ရပါသည်။ ပညာရေးလောကအတွင်း နှစ်ပေါင်းသုံးဆယ်ကျော် ကျင်လည်ခဲ့၊ ကျင်လည်ဆဲ၊ ကျင်လည်နေအုန်းမည့် စာရေးသူအတွက် လက်ရှိမြန်မာ့ပညာရေးအား မည်သို့ပြုပြင်ပြောင်းလဲသင့်ကြောင်းအား ဥာဏ်မီသလောက် တင်ပြရမည်ဆိုပါက မူလတန်းမှစ၍ မဖြစ်မနေပြုပြင်ပြောင်းလဲရပေမည်။

(၂၀၀၇)စက်တင်ဘာသံဃာ့အရေးအခင်းတွင် အပြစ်မဲ့ကျောင်းသားတစ်ဦးသေဆုံးခဲ့


မေး။ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ မောင်ဇေယျာနိုင်က
သေနတ်ကျည်ဆံမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ ဟုတ်ပါသလားဗျ။

မြန်မာပြည်သူပြည်သားများနှင့်သက်ဆိုင်သည့် စာသင်ကျောင်းများ


မေး။ ။မြန်မာပြည်သူပြည်သားများနှင့်သက်ဆိုင်သည့်စာသင်ကျောင်းအမျိုးအစား ဘယ်နှစ်မျိုးရှိပါသလဲ
ဖြေ။ ။အားလုံးပေါင်း (ရ) မျိုးရှိပါတယ်။
(၁)အစိုးရကျောင်းများ (၂) ကျူရှင်ကျောင်းများ (၃) ပုဂ္ဂလိကကျောင်းများ (၄) ဘုန်းတော်ကြီး ကျောင်းများ (၅) ပညာဒါနကျောင်းများ(အဖွဲ့အစည်းများမှတည်ထောင်) (၆) ဒုက္ခသည်စခန်းများမှကျောင်းများ (ထိုင်း၊တရုတ်၊ဘင်္ဂလားဒေ့ရ်နယ်စပ်အနီး) (၇) ရွေ့ပြောင်းစာသင်ကျောင်းများ(ထိုင်းနိုင်ငံအတွင်း) ဆိုပြီး ဖြစ်ပါတယ်။

လမ်းပေါ်မှ ကျောင်းများသို့ ကူးစက်လာမည့် ကော်ရှုအန္တရာယ်


            ဤဆောင်းပါးတွင် အသေးစိတ် အချက်အလက်တွေ သုတေသနစာတမ်းတစ်ခုကဲ့သို့ မဖော်ပြနိုင်မှာ စိုးရိမ်တဲ့အတွက် ရေးပြီး သိမ်းထားလိုက်တာ အခုဆို တစ်နှစ်နီးပါးခန့်ရှိနေပါပြီ။ ဒါပေမယ့် ဒီအကြောင်းအရာကတော့ ဟောင်းမသွားပေမယ့် ပိုလို့တောင် သစ်လာပါသေးတယ်။ အမှန်တော့ စာရေးသူတို့အဖွဲ့က လမ်းပေါ်ကလေးတွေကို အကူအညီပေးနေတဲ့အဖွဲ့ပါ။ ဒီတော့ ဒီလို ကလေးတွေရဲ့ သဘာဝနဲ့သူတို့ရဲ့ စရိုက်တွေနဲ့ ယဉ်ပါးနေခဲ့တာကြာပါပြီ။ ဒီနေရာမှာ အလေးအနက်သတိပြုမိခဲ့တာကတော့ ကော်ရှုခြင်းပါပဲ။

Friday, 6 September 2013

နှစ်ငါးဆယ် ပညာခရီးသည်

ကိုဖြူ ။ ။ တစ်လောက သတင်းစာထဲမှာ ဆရာဘွဲ့တွေနဲ့ ကုန်အမှတ်တံဆိပ်ကြော်ငြာ တွေ့လိုက်ရပါတယ်။ ဒီဘွဲ့တွေ  ဘယ်လိုရအောင် ယူခဲ့သလဲ။ ဘွဲ့တွေအများကြီး ယူလို့ရသလား။ ယူလို့လွယ်သလား ပြောပြပါဗျာ။