Thursday, 31 January 2013

မသောက်ရက်တဲ့ ရေနွေးတခွက်

db_a11
အလယ်တန်းကျောင်းသား ဘ၀လောက်တုန်းကဆို မိုးတွင်းကျောင်းပိတ်ရက်မှာ ကျောင်းပိတ်ရက်ကိုပျော်တယ်။ အိမ် ပေါ်ထပ်က ကျနော့်အခန်းကို တနေ့ကုန်ပိတ်ပြီး စာဖတ်တော့တယ်။ နတ်ရှင်နောင်၊ ဦးတိုး၊ မင်းသုဝဏ်၊ ဇော်ဂျီ ကဗျာ စာအုပ်တွေ ဖတ်လိုက်ရေနွေးကြမ်းလေးသောက်လိုက်၊ ကျနော့်အတွက် တကယ့် ဇိမ်ပဲ။
ကရင်ပြည်နယ်မှာ ဆယ်စုနှစ် ၂ ခုလောက် ကျနော် ကျင်လည်ခဲ့ရတယ်။ ကရင်တပ်တွေနဲ့ ပူးတွဲပြီး ကျနော်တို့ တိုက်ပွဲ ဆင်ခဲ့ကြတော့ တောင်ငူသံတောင်ကစလို့ နတ်အိမ်ထောင်အလယ်၊ ရေးဘိတ်ထားဝယ်ခရိုင်ဖက်တွေ အဆုံး ခေါက်တုံ့ ခေါက်ပြန် သွားခဲ့သပေါ့။

ရခိုင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ ပထမ အကြိမ် ပညာရေးဆိုင်ရာ ဆွေးနွေးပွဲ ဂွမြို့တွင် ကျင်းပ

စစ်တွေမြို့မှ ဘုန်းတော်ကြီး ပညာသင်ကျောင်း တစ်ခုအား တွေ့ရစဉ်။ ( ဓါတ်ပုံ နိရဉ္စရာ)ရခိုင်ပြည်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ  ဆရာတော်များ၏ ပထမအကြိမ် ပညာရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲကို ရခိုင်ပြည်နယ်  ဂွမြို့နယ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။
စစ်တွေမြို့မှ ဘုန်းတော်ကြီး ပညာသင်ကျောင်း တစ်ခုအား တွေ့ရစဉ်။ ( ဓါတ်ပုံ နိရဉ္စရာ)

ရွှေတွံတေး ဆရာတော်ရဲ့ ပညာဒါန



 ဧရာဝတီတိုင်း ပုသိမ် ချောင်းသာကမ်းခြေအနီး အခြေခံပညာမူလတန်းလွန်ကျေင်းသို့ ဇန်န၀ါရီလ၂၈ရက်  
နေ့ က ရွှေတွံတေးဆရာတော်ကြွရောက်ခဲ့ပါတယ်။

 ကျေင်းသူကျောင်းသား ၅၀၀ ကျော်ရှိပြီး ၆ တန်းအထိ ပညာသင်ကြားသော်လည်း ဆရာမလုံလောက်ခြင်း
ကျောင်းဆောင်မလုံလောက်ခြင်း ပြင်ပမှလစာဖြင့်ခန့်ထားသော ဆရာမများကိုလည်း လစာပုံမှန် မပေးနိုင် 
ခြင်းစသည့်အခက်အခဲ များရှိနေကြောင်းသိရ သဖြင့် အရေးပေါ်လိုအပ်ချက် ကိုမေးမြန်းပြီးရွှေတွံတေး ဆရာတော်က ကျောင်းဆောင်ငယ် ၁ခု မတည်လှူဒါန်းခဲ့ပါတယ်။

ပညာရေးစနစ်ပြောင်းပြီးမှသာ ဆယ့်နှစ်တန်း လုပ်သင့်



၁၂ တန်းပညာရေးပြုလုပ်နိုင်ဖို့အတွက် လက်ရှိအချိန်မှာ ပြင်ဆင်နေတာတွေ လက်ရှိအချိန်မှာ ပြင်ဆင်နေတာတွေ ရှိနေပါတယ်။ ဒါပေမဲ့ လက်ရှိပညာရေးစနစ်ကို အရင်ဦးဆုံး ပြောင်းလဲပြီးမှသာ ပြုလုပ်ရင် ပိုကောင်းနိုင်လိမ့်မယ်လို့ ပညာရေးကဏ္ဍမှ ပညာရှင်တချို့ရဲ့ သုံးသပ်ချက်အရ သိရှိရပါတယ်။
'ပညာရေးစနစ်ပြောင်းပြီးမှ ၁၂ တန်းလုပ်ရင် ကောင်းတယ်၊ စာမေးပွဲစနစ်တို့၊ နည်းစနစ်တို့ ပြောင်းပြီးမှ ၁၂ တန်းစနစ်ကို ပြောင်းသင့်တယ်၊ စနစ်မပြောင်းဘဲနဲ့ လက်ရှိစနစ်အတိုင်း လုပ်သွားမယ်ဆိုရင် ကျောင်းသားတွေ ကျူရှင်တတ်တဲ့အခါမှာ ကျူရှင်ခက နောက်ထပ် နှစ်နှစ်စာပိုပေးရမယ့်သဘော ဖြစ်နေတယ်' လို့ အင်န်အယ်ဒီ ပညာရေးကွန်ရက်မှ ပညာရေးအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာသိန်းလွင်က ပြောပါတယ်။
လက်ရှိကျင့်သုံးနေတဲ့ ပညာရေးစနစ်ရဲ့ အနေအထားက အလွတ်ကျက်၊ အလွတ်ဖြေသဘောမျိုး ဖြစ်နေပြီး ကျောင်းသားတွေအတွက် ပြန်လည်အသုံးချလို့ရတာမျိုး မဟုတ်ဘူးလို့ ဒေါက်တာသိန်းလွင် ကဆိုပါတယ်။

လျှပ်စစ်မီး မရ၍ တက္ကသိုလ် ဝင်တန်း ကျောင်းသားများ စာ မကျက်နိုင်ကြ

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့တွင် လျှပ်စစ်မီး ပုံမှန်မရလို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရမည့် ကျောင်းသားများ စာတွေ လေ့လာ ကျက်မှတ်ဖို့ရန်အတွက် အခက်အခဲ ဖြစ်နေကြတာကို တွေ့နေရပါတယ်။

ပညာရေးဌာနမှ ကျောင်းဆရာတဦးက “ကလေးတွေစာဖတ်ဖို့က မီးမရှိဘူး။ ဇန်နဝါရီလကုန်ပြီဆိုရင် ကျောင်းသူကျောင်းသားတွေကို စာဖတ် ဝိုင်းတွေ လုပ်ရတော့မယ်။ စခန်းသွင်းတာပေါ့။ စာဖတ်ခိုင်းတယ် ဆရာ/မတွေကို ကြီးကြပ်ခိုင်းတယ်။ တချို့က ဆရာ/မ အိမ်မှာထားမှာလား ပေါ့။

Monday, 28 January 2013

အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်


အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်



အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောသည်။ ယင်းသို့ အွန်လိုင်းတွင် သင်ယူပြီး ဘွဲ့ကိုလည်း အွန်လိုင်းမှပင် ရရှိနိုင်မည်ဖြစ်ကာ လက်ရှိတွင် ဥပဒေဘာသာရပ် (Diploma in Law) ကို စမ်းသပ် သင်ကြား ပေးလျက်ရှိကာ ဘွဲ့ရပြီးသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။ ဒေါက်တာ လှတင့် က “ဒီလို အွန်လိုင်းစနစ်နဲ့ သင်ယူနိုင်တဲ့အတွက် မြန်မာနိုင်ငံထဲမှာ မဟုတ်ဘဲ တခြားဘယ်နိုင်ငံ ကိုဘဲ ရောက်နေနေ အဝေးသင် ဘာသာရပ်ကို အွန်လိုင်းကနေ သင်ကြားလို့ရမှာ ဖြစ်ပါတယ်” ဟု ပြောကြား သည်။

 အဆိုပါ အွန်လိုင်းမှ စမ်းသပ်သင်ကြား ပေးလျက်ရှိသည့် ဥပဒေဘာသာရပ်ကို စိတ်ဝင်တစား တက်ရောက် သည့်သူ များပြားလျက်ရှိပြီး ယင်းစနစ်မှာ အောင်မြင်သည်ဟု ဆိုနိုင်သည့် အတွက် နောက်ပိုင်းတွင် အဝေးသင် ဘာသာရပ် အားလုံးကို အွန်လိုင်းမှပင် သင်ယူနိုင်စေရန် စီစဉ်သွားမည်ဖြစ်ကြောင်း ယင်းကဆိုသည်။ ယင်းက ဆက်လက်၍ “ကျောင်းသားတွေအနေနဲ့ အွန်လိုင်းကနေ စာရင်းသွင်းလို့ရ တယ်။ အခု ဆိုရင် စင်ကာပူက ကျောင်းသားတစ်ယောက် အွန်လိုင်းကနေ စာရင်းသွင်းထားတယ်။ သူ့ကိုသင် တန်းသား ခုံအမှတ်တစ်ခု ထုတ်ပေးထားတယ်။ သင်ခန်းစာတွေကို နားလည်လွယ်အောင် အင်္ဂလိပ် လိုရော မြန်မာလိုပါ ရှင်းပေးထားတယ်။ သူနားမလည်ရင် ဆရာတို့ဆီကို အီးမေးလ်နဲ့ လှမ်းမေး တယ်။ ဒီကပြန်ဖြေပေးတယ်။ သူက စင်ကာပူမှာ ဆိုပေမယ့် တော်တော် အဆင်ပြေတယ်” ဟု ပြောသည်။

 ယင်းစနစ်ဖြင့် တက်ရောက်နိုင်မည့် ပုံစံမှာလည်း ပုံမှန်အဝေးသင်တက္ကသိုလ် ပုံစံများအတိုင်းပင် ဖြစ်ကာ ယခုအခါ အွန်လိုင်းအဝေးသင် သင်ကြားရေး စနစ်ဖြင့် သင်ကြားရာတွင် သင်ကြားလိုသူ၏ လက်ဗွေပုံစံနှင့် ဓာတ်ပုံများကို Scan ဖတ်၍ Security System ပြုလုပ်ပေးထားကြောင်း၊ စာမေးပွဲကိုလည်း အွန်လိုင်းပေါ် မှသာ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။ “စာမေးပွဲက နှစ်ခုဖြေရတယ်။ ပထမနှစ်ဝက်နဲ့ ဒုတိယနှစ် ဝက်ပါ။ အွန်လိုင်းကနေ ဖြေဆိုချိန် သတ်မှတ်ပေးထားတယ်။ တစ်ယောက်နဲ့ တစ်ယောက် မေးခွန်းခြင်းလဲ မတူဘူး။ အချိန်ပြည့်သွားရင် ဘယ်သူမှ ဖြေလို့မရတော့ဘူး။

ပြီးတာနဲ့ အောင်ရှုံးအမှတ်တွေကို တန်းထွက်ပေးတယ်။ ဒုတိယအပတ်မှာကြတော့ စာတမ်းငယ် တစ်စောင် တင်ခိုင်းတယ်။ တော်တော်အောင်မြင်ပါတယ်” ဟု ဒေါက်တာလှတင့်က ပြောသည်။ ယင်းအွန်လိုင်း အဝေး သင် ပညာရေးစနစ်နှင့် ပတ်သက်၍ ပညာရေးကျွမ်းကျင်သူ ဒေါက်တာသိန်းလွင်က “ပညာရပ်တွေ ကို အွန်လိုင်း၊ အင်တာနက်တွေက သင်နိုင်ဖို့ လိုတာပေါ့။ တချို့နိုင်ငံတွေဆို အွန်လိုင်းကနေ တိုက်ရိုက်စနစ်နဲ့ သင်တယ်။ အင်္ဂလန်နဲ့ သြစတြေးလျမှာဆိုရင် အွန်လိုင်းကနေ ပါမောက္ခတွေက ပို့ချပေးတယ်။ သူတို့ဆီမှာ အွန်လိုင်းအတွက် သီးသန့် ပါမောက္ခတစ်ယောက် ထားပေးတယ်။

 ကျောင်းသားကလဲ ပါမောက္ခနဲ့ အွန်လိုင်းကနေ တိုင်ပင်ဆွေးနွေးလို့ ရတယ်” ဟု ပြောသည်။ ဥပဒေပညာ ရပ် ကို အွန်လိုင်းမှ သင်ကြားပေးသည့် စနစ်ကို ပြီးခဲ့သည့် ၂၀၁၂ နိုဝင်ဘာတွင် စတင်ဖွင့်လှစ် ခဲ့ပြီး တက်ရောက် ရမည့် ကာလမှာ တစ်နှစ်ဖြစ်ကာ ဆယ်လ တက်ရောက်ရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ယင်းသင်တန်း တက်ရောက်လို၍ လျှောက်ထားသူ ရာကျော် ရှိသော်လည်း ၅၀ ကျော်သာ လက် ခံနိုင်သေးကြောင်း သိရှိရပါသည်။

From:ခေတ်လူငယ်

အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်ဖြစ်ကြောင်း
ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောသည်။ ယင်းသို့ အွန်လိုင်းတွင် သင်ယူပြီး ဘွဲ့ကိုလည်း အွန်လိုင်းမှပင် ရရှိနိုင်မည်ဖြစ်ကာ လက်ရှိတွင် ဥပဒေဘာသာရပ် (Diploma in Law) ကို စမ်းသပ် သင်ကြား ပေးလျက်ရှိကာ ဘွဲ့ရပြီးသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။

Saturday, 26 January 2013

ပညာရေးဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်၊ကောလိပ်များကို ကိုယ်ပိုင်လွတ်လပ်ပိုင်ခွင့် ၇၅ ရာခိုင်ပေးထားသည်ဟု



  ပညာရေးဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်၊ကောလိပ်များကို ကိုယ်ပိုင်လွတ်လပ်ပိုင်ခွင့် ၇၅ ရာခိုင်ပေးထားသည်ဟု အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်းကြားရေးမှူးက ဆိုထားသည်။

ဦးဝီရသူ- လောကအလင်း ကျူရှင်ကျောင်း


ဦးဝီရသူ- လောကအလင်း ကျူရှင်ကျောင်း ကျောင်းသူကျောင်းသားလေးများအား- စိတ်ဓာတ်ခွန်အား တိုးပွားရေး အားပေးစကားပြော။(25-1-2013)

(လောကအလင်း ပညာဒါနသင်တန်းကျောင်းသည် ဦးဝီရသူ တည်ထောင်ထားသော ကျူရှင်ကျောင်းဖြစ်ပြီး၊ ၄၉-လမ်းနှင့် မနောဟရီလမ်းဒေါင့်တွင်ရှိသည်။ 
တက္ကသိုလ်ဝင်တန်း ဘာသာစုံအခမဲ့ သင်ကြားပို့ချလျက်ရှိပြီး၊ ညအခါ Guide-ဆရာ/ဆရာမများက အနီးကပ်ကြည့်ကြပ်ပေးနေသည်။ စာမေးပွဲဖြေဆိုရန် (၄၆)ရက်သာ လိုတော့ချိန်ထိ ကျောင်းသူ/ကျောင်းသားများ အားတက်သရော စာကြိုးစားနေကြကြောင်း သိရသည်။)
ဦးဝီရသူ- လောကအလင်း ကျူရှင်ကျောင်း ကျောင်းသူကျောင်းသားလေးများအား-
စိတ်ဓာတ်ခွန်အား တိုးပွားရေး အားပေးစကားပြော။(25-1-2013)

ကြီးမြတ်လှသောကမ္ဘာ့အံ့ဖွယ်စာကြည့်တိုက်


ဒဂုံတက္ကသိုလ်ကြီး၏ ကြီးမားလှပေထသော မဟာစာကြည့်တိုက်ကြီးတွင် စာကြီးပေကြီး စာအုပ်ကြီးပေါင်းမြောက်များစွာကို စာအုပ်စင်ကြီးများထက် အခန့်သားစီလျက်ထားရှိပေသည် ။ ကျောင်းသားတို့ ၏ အသိအမြင် ဗဟုသုတ ပညာဥာဏ်အလင်းရောင်များ ထွန်ပြောင်လာဖို့ ရာတည်း ။ သို့ ရာတွင် ယင်းစာအုပ်တို့အား ကျောင်းသားများဝင်ရောက် ရွေးချယ်
ဖို့ငှာ မစွမ်းသာချေ ။ အဘယ်ကြောင့်ဆိုသော် အဆိုပါ တန်ဖိုးကြီး စာကြီး၊ပေကြီး၊စာအုပ်ကြီးများ ပျောက်ရှမည်ကို စိုးရိမ်တော်မူပေသော စာကြည့်တိုက် ဆိုင်ရာအကြီးအကဲ ကြီးများက့ ကျောင်းသားတို့ ၏ ကိုယ်ကျင့်သိက္ခာကို ယုံကြည်ကိုးစားသောအားဖြင့် စာအုပ်များကို စာအုပ်စင်များအနီးသို့  ကိုယ်တိုင်ဝင်ရောက်ရွေးချယ်ခြင်းကို မပြုလေဘဲ စာအုပ်စာရင်းကဒ်ထူပြားကလေးများကိုသာ ကျောင်းသားတို့ အား
ကိုင်တွယ်ထိတွေ့ခွင့်ပေးချေသည် ။ ယင်းစာအုပ်စာရင်းကဒ်ထူပြားကလေးများမှာလည်း စာကြည့်တိုက်ဆိုင်ရာ တာဝန်ခံတို့၏ စီမံခန့် ခွဲမှုအောက်တွင် နာမည်များအစီအစဉ်မကျသည်
တို့ ကတမျိုး ၊ စာရင်းတွင်ရှိ လက်တွေ့တွင်မရှိ ၊ လက်တွေ့တွင်ရှိ စာရင်းတွင်မရှိသည်တို့က တဖုံရှိနေလေသောကြောင့် စာအုပ်တအုပ်
ဖတ်ရှုဖို့အရေးသည် ငှက်ပျောသီးအခွံနွှာစားရသလို မလွယ်ကူဘဲ ကျွဲခေါင်းသီး အခွံနွှာရသလို ကသိကအောက်နိုင်လှပေသည်...။ မစားရအညှော်ခံရရှာသော ကျောင်းသားတို့ သည် စာကြည့်တိုက်ကြေးကိုမူကား ကျောင်းအပ်စဉ်တပါးတည်းပေးဆောင်ရ
ပါသော်လည်း စာအုပ်စင်ကြီးတို့ကိုမူကား မြင်သာမြင်ရမကြင်ရပေ။ ခက်ခဲလှသော စာကြည့်တိုက်စနစ်နှင့် စာပေလေ့လာရေးကို များစွာစိတ်ဝင်စားသော ကျောင်းသားတို့ တွေ့ကြလေသောအခါ.........။ ။

Words Credit To Thuracan Nayset
ဒဂုံတက္ကသိုလ်ကြီး၏ ကြီးမားလှပေထသော မဟာစာကြည့်တိုက်ကြီးတွင် စာကြီးပေကြီး စာအုပ်ကြီးပေါင်းမြောက်များစွာကို စာအုပ်စင်ကြီးများထက် အခန့်သားစီလျက်ထားရှိပေသည် ။ ကျောင်းသားတို့ ၏ အသိအမြင် ဗဟုသုတ ပညာဥာဏ်အလင်းရောင်များ ထွန်ပြောင်လာဖို့ ရာတည်း ။

ခရိုနီငွေများ နယ်စပ်ကျောင်းကိုသွား


~



မကြာသေးခင်က ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်မှာ ကျင်းပတဲ့ NLD ရဲ့ ပညာရေးကွန်ရက် ၂ နှစ်ပြည့် ရန်ပုံငွေပွဲတော်မှာ  ခရိုနီတွေရဲ့ ဧရာမကုမ္ပဏီကြီးများက သိန်းပေါင်း ရာထောင်ချီ လှူဒါန်းခဲ့ပါတယ်။
လှူဒါန်းမှုကြီးများ
ဦးကျော်ဝင်းရဲ့ ရွှေသံလွင် / Sky Net ရုပ်သံ - သိန်း ၁,၃၅ဝ
ဦးတေဇရဲ့  ထူးကုမ္ပဏီ - သိန်း ၇ဝဝ
အခုတော့  NLD ရဲ့ ပညာရေးကွန်ရက် တာဝန်ရှိသူများ ထိုင်းမြန်မာနယ်စပ်ဒေသကို ရောက်နေပါပြီ။ 

ကျောင်းစိမ်းလေးတွေ ဈေးမရောင်းစေချင် ။


ကျောင်းစိမ်းလေးတွေ ဈေးမရောင်းစေချင် ။
******************************
 
(၁)
ရှင်မ…. ရယ်….
အစ လာလာ မဖော်နဲ့ဟာ
အကျမတော်တာတွေ  များနေလိုပါ…
ဘဝ အပေါ်လည်း နာခဲ့ပြီးပြီ…လေ…။
 
(၂)
 
လက်လုပ်လက်စား သမား
ပြေးပြေးလွှားလွှား ဆိုပါမှ
မိုးမြေက ပိုကျယ်သကိုး
တနေ့လုပ် တနေ့စား မနား
ယားလို့တောင် မကုပ်အားမှ
ဝမ်းတထွာ ကျယ်သပ
သမုဒ္ဒရာ ဆယ်စင်းမက
ဘယ်နေရာမှာ ဘာတွေဖြစ်ဖြစ်
ဘယ်အရပ်မှာ ဘာဇာတ်ကက
ကိုယ့်ခြေကိုယ့်လက် လှုပ်ပြီးကရတဲ့
နေ့တဓူဝဇာတ်ကို ပိုပြီးရင်ခုန်ရတယ် ။
စစ်မျက်နှာတွေ အများကြီးဖွင့်တိုက်
မပြေလည်မှုတွေကို
ခပ်မိုက်မိုက် ပြုံးပြခဲ့တာပဲ
စွမ်းလို့တော့ မဟုတ်ဘူး
ကြမ္မာငဲ့လေမလားလို့ပေါ့….ဟာ ။
အဲသည်လိုနဲ့ပဲ ပြေလည်လိမ့်နိုး
ထီတွေကိုထိုးရင်း
၄၀ ရာနှုန်းအတွက်
အခွန်တွေ  ငါ ကြေခဲ့တယ်…ဟ ။
 
(၃)
 
မပြေလည်မှုနဲ့ မျက်နှာသစ်တဲ့အခါ
ပြာယာ ပြယာနဲ့ စစ်ခရာသံ အလား
တဂွီဂွီ ကြားတော့
ငါ့နားကိုပင်  ငါမယုံချင်တော့ဘူး
ရှား လေ စား လေ
နွမ်းလေ ပါးလေ 
ဒီဘဝ တွေ …
လျှော့ပါဦးလား  အေ….။
 
(၄)
 
အော် ..ရှင်မရယ်…
ငါ့… အကျဉ်နာ လက်က
နေ့စဉ် ယာချီကိုင် နေရတော့
ထုံးပေါက်တာလည်း မဆန်းပါဘူး..ဟ..
ဆန်းတာက…
ဆုမရပဲ နေ့တိုင်း ပြေးလွားနေတဲ့
မီးပွိုင့်နားက သမီးလေး လေ….
သူ့ လက်ထဲ သတင်းတွေ ကိုင်ထားလေရဲ့…။
 
ရေသန့်တွေမရှိမှ ဝမ်းစာရမယ့်
သားကလေးကတော့  ရထားလမ်းနံဘေး မှာ
အသာလေး ငေးနေလေရဲ့…။
 
(၅)
 
ရှင်မရေ….
မီဒီယာကြီးနှစ်ပတ်လည်မှာ
ငါ့တို့ သမီးလေး အပူရှပ်ခဲ့တယ်နော်..။
 
ရှင်မရေ…
ရထားဗုံးကွဲပြီး ခရီးစဉ်ပျက်တော့
ငါတို့သားလေး ငိုကြွေးခဲ့တယ်နော်…။
 
(၆)
 
အော် ဘာလိုလိုနဲ့
နွေတန်ခူးအလွန်မှာ
ငါ့ ရင်ထဲ ရောက်ရောက်လာတယ်
အထင်မလွဲပါနဲ့ ရှင်မရယ်
ဆန္ဒတွေ အလကားရတုန်းမို့ပါ…၊
 
ငါ့ လက်ထဲ ကြည့်စမ်းပါဦး ဟ
ဒီ ကျောင်းစိမ်းဟောင်းတွေ ဝတ်ပြီး
ငါ့ … သမီး.. ၊ ငါ့…. သား
ငါ့  နံဘေးနားကနေ ပြေးထွက်
ကျောင်းတက်နေတာကို
ငါ …..မြင်ချင်လိုက်တာဟာ…
 
အထင်မလွဲပါနဲ့ ရှင်မရယ်….
ဆန္ဒတွေ အလကားရတုန်းမို့ပါ…။
 
(၇)
 
အမလေး...
အမလေး....
ယာချီ ကိုင်တဲ့ ကိုကြီးကျယ်..ရယ်..
ဘာသာစုံ တခါ ထုတ်ရင်
ဗလာ ဗလာစာအုပ် မို့တော်တော့တယ်
ကျုပ်တို့ တစ်ရက်မက ဗလာချီ ငတ်မယ် တော်ရဲ့
ပြောမယ့်သာ ပြောရတယ်.. သိလား…၊
သမီးလေးဆို သမိုင်းဂုဏ်ထူး ထွက်လောက်တယ်
သူကနေ့တိုင်း သတင်းတွေ သိနေတာ လေ ….
အဟင်း…. အဟင်း…၊
ကျုပ် သားကတော့ ၊ ရေဗူး ဘယ်လောက်ပေါင်း
ဘာ ဟင်းပြောင်း ချက်နဲ့  ပူဆာတတ်ပတော်….
သေချာတယ်ရှင်…. ဒက်ထိ ပြောရရင်
ကြက္တိ  ကေတာ့ သခ်ာၤ ဂုဏ္ထူး ပဲ…။
 
 (၈)
 
ဟော… ဟော… ရှင်မရေ….
အလကားရတိုင်းစိတ်ကူးမနေနဲ့ဟ
ဟိုမှာ မင့် သား ၊ မင့် သမီး ပြေးလာပြီဗျ…
ကြိုလိုက်ပါဦး… ဟ…။
 
(၉)
 
“အဖေ….” “ဟေ….”
“အမေ…” “ ရှင်…”
“ဟိုလေ…” “ဟိုဟာ..”
“ဘာဖြစ်လို့လဲ ဖေ့သား”
“ဘာဖြစ်လို့လဲ မေသမီး”
 
တဟီးဟီးနဲ့ မောင်နှမ အငို
အလိုအပိုမပါ
ပြောတော့ တုံးတိတိ
ဈေးဗန်းကလေး....
စည်ပင် ဖမ်းသွား၏ ။  ။

ကိုဝိုင်ဝိုင်ကေ
၁၀-၅-၁၂

ဓါတ်ပုံကို မြစ်ကြီးနား -မန္တလေး ရထားလမ်းပိုင်း ဘုံကျောင်းဘူတာ တွင် ရေရောင်း၍ ဝမ်းစာရှာရသော ကလေးကို ခုလို မြင်ရ၍ ရိုက်ခဲ့ပါသည်။ ကဗျာ ရေးစဉ်က မြို့နေတဲ့ ကလေးတွေ အတွက် ပေမယ့် အဝေးတနေရာမှာ ခုလို ဘဝတွေ ရှိသေးတာ မြင်စေချင်လို့ ပြန်ပြီး တွဲ၍ တင်ပေးလိုက်ပါသည်..။

လေးစားမှု အစဉ်သဖြင့်
ကိုဝိုင်ဝိုင်ကေ
၂၇-၁-၁၃


(၁)
ရှင်မ…. ရယ်….
အစ လာလာ မဖော်နဲ့ဟာ
အကျမတော်တာတွေ များနေလိုပါ…
ဘဝ အပေါ်လည်း နာခဲ့ပြီးပြီ…လေ…။

*** အမေ့လျော့ခံဧရိယာထဲမှ နိုင်ငံ့ရတနာလေးများသို့မဟုတ် အနာဂတ်စိန်ခေါ်သံ ***


မြန်မာနိုင်ငံတွင်ပညာသင်ကြားခွင့်မရှိသောကလေးပေါင်းများစွာရှိနေသည့်အနက် အချို့မှာ ကျောင်း မတက်နိုင်ဘဲ မိမိတို့ဝမ်းရေးအတွက်ကိုယ်တိုင်ရုန်းကန်နေရမှုများရှိနေပြီး ကလေးသူငယ်များရဲ့ အသက်မွေးမှုများမှာလည်း ရေရာသေချာမှုမရှိသောအနေအထားများစသွာနှင့်ပြည့်နှက်နေခဲ့သည်။ အိမ်ခြေရာခြေမဲ့များ ၊သာမာန်လက်လုပ်လက်စားလူတန်းစားများ၏ ရင်သွေးငယ်ကလေးများ၏ အနာဂတ်များသည်လည်းကူညီမည့် သူမရှိဘဲ လွင့်မျောလို့သာနေပါတော့တယ်

Friday, 25 January 2013

Photo ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွှာသာကြီး)သို့.....


Photo

ယနေ့ ၂၄.၁.၂၀၁၃ တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)ကို ရောက်ရှိခဲ့ပါသည်။အကြောင်းမှာ တတိယနှစ် B.Econ(stat) သင်တန်းကိုY.I.E(ရန်ကုန်စီးပွားရေး)တက္ကသိုလ်တွင်ဆက်လက်တက်ရောက်ခွင့်နှင့်ပတ်သက်ပြီး မော်ကွန်းထိန်းအဆင့်(၁)ဦးသန်းစိုးဦး နှင့် သင်တန်းရေးရာမှ မော်ကွန်းထိန်းဦးတင်အောင်မှခေါ်ယူ တွေ့ဆုံစကားပြောခဲ့ပါသည်။

Tuesday, 15 January 2013

အတန်းပိုင် ဆရာမက ဒုတိယတန်း ကျောင်းသားအား ရိုက်နှက်ဆုံးမခြင်းအား မကျေနပ်၍ ပညာရေးမှူးထံ တိုင်ကြား


အတန်းပိုင် ဆရာမက ဒုတိယတန်း ကျောင်းသားအား ရိုက်နှက်ဆုံးမခြင်းအား မကျေနပ်၍ ပညာရေးမှူးထံ တိုင်ကြား

တနသ်ာရီတိုင်း မြိတ်မြို့ အထက(၂) ဒုတိယတန်း (စီ) တွင် ပညာသင်ကြားနေသည့် ယခင် ကြောင်ငယ်ရပ် (ယခု- ကန်ကြီးရပ် သဲကွင်း ) တွင် နေထိုင်သူ ဦးတင်ထွန်း ၊ ဒေါ်နွဲ့နွဲ့ရှင်တို့၏ သား မောင်ထက်ဇာနည်ထွန်း အား ၄င်း၏ အတန်းပိုင် ဆရာမ ဒေါ်ဖြူဖြူသွယ်က ကျောင်းတက် ပျက်ကွက်သည့် အတွက် ရိုက်နှက် ဆုံးမမှု ကို မကျေနပ်သဖြင့် မြို့နယ် ပညာရေးမှူးထံ တိုင်ကြားထားကြောင်း သိရှိရသည်။
တိုင်ကြားသည့် အကြောင်းရင်းမှာ ၄င်းတို့သည် (၆-၁-၂၀၁၃) ရက်နေ့ ကျွန်းစုမြို့နယ် ၀ဲကျွန်း ကျေးရွာ မီးလောင်သည့် နေရာသို့ ခရီးသွားရောက်မည် ဖြစ်သဖြင့် ကျောင်းတွင် ခွင့်တိုင်ကြားရန် အချိန်မရ၍ ခလေးဖြစ်သူကိုပါ ခေါ်သွားရာ ကျောင်း (၂) ရက် ပျက်ကွက် ခဲ့ကြောင်း၊ ခရီးမှ ပြန်ရောက်လာပြီးနောက် ကလေးအား ကျောင်းပြန်တက်စေရာ ကလေး ကျောင်းမှ ပြန်ရောက် လာပြီးနောက် ရေချိုးပေးသည့် အချိန်ကျမှ ဓာတ်ပုံတွင် ဖော်ပြထားသည့် အတိုင်း ညိုမဲနေသည့် ဒဏ်ရာ ဒဏ်ချက်များအား တွေ့ရသဖြင့် ကလေးအား မေးမြန်းကြည့်ရာ ၄င်း၏ အတန်းပိုင် ဆရာမ ဒေါ်ဖြူဖြူသွယ်က ကလေး ကျောင်းပျက်ကွက်သည့် ကိစ္စနှင့် ပတ်သက်ပြီး ရိုက်နက်ရာ ကလေးမှ ကြောက်ရွှံ့ပြီး အတန်းထဲတွင် ပတ်ပြေးသဖြင့် ဆရာမက ဒေါသပိုထွက်ပြီး ပိုရိုက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ရိုက်နှက်မှု အပေါ် မိဘရှင်များက ကျောင်းအုပ်ဆရာမကြီးထံ တိုင်ကြားရာ ကျောင်းအုပ်ဆရာမကြီး ရှေ့တွင် ဆရာမ ဒေါ်ဖြူဖြူသွယ်က ၄င်းက ရိုက်နှက်ရာတွင် လက်လွန်သွားကြောင်း ၀န်ခံ ပြောကြား ခဲ့သော်လည်း ဒုတိယတန်း(ဘီ)မှ ဆရာမ ဖြစ်သူ ဒေါ်ပြည့်ပြည့်စိုး ဆိုသူမှ ''ကိုယ့်သားသမီး ပညာရေးကို မသိ ကြောင်း၊ ဆရာမ ဆိုရင် ရိုက်ပိုင်ခွင့် ရှိကြောင်း၊ ကြိုက်တဲ့နေရာ သွားနိုင်ကြောင်း၊ ရှင်တို့ အရှေ့မှ သွားလျှင် ကျွန်မ နောက်မှ လိုက်ဖြေရှင်းသွားမည်ဟု ““ ပြောဆိုခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မိဘများဖြစ်သည့် ဦးတင်ထွန်း ဒေါ်နွဲ့နွဲ့ရှင် တို့က ကျေနပ်မှု မရှိသည့် အတွက် အဆိုပါ ဆရာမ (၂) ဦးအား ထိရောက်စွာ အရေးယူ ပေးပါရန် မြိတ်မြို့နယ် ပညာရေးမှူး ထံသို့ တိုင်ကြား ထားကြောင်း သတင်းရရှိပါသည်။

အေးချမ်းမွန်မှ မြိတ်ပုလဲမြေ http://myeiknews.blogspot.com   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

တနသ်ာရီတိုင်း မြိတ်မြို့ အထက(၂) ဒုတိယတန်း (စီ) တွင် ပညာသင်ကြားနေသည့် ယခင် ကြောင်ငယ်ရပ် (ယခု- ကန်ကြီးရပ် သဲကွင်း ) တွင် နေထိုင်သူ ဦးတင်ထွန်း ၊ ဒေါ်နွဲ့နွဲ့ရှင်တို့၏ သား မောင်ထက်ဇာနည်ထွန်း အား ၄င်း၏ အတန်းပိုင် ဆရာမ ဒေါ်ဖြူဖြူသွယ်က ကျောင်းတက် ပျက်ကွက်သည့် အတွက် ရိုက်နှက် ဆုံးမမှု ကို မကျေနပ်သဖြင့် မြို့နယ် ပညာရေးမှူးထံ တိုင်ကြားထားကြောင်း သိရှိရသည်။

Thursday, 10 January 2013

စစ်ပွဲများကြား တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကချင်ပြည်နယ်သား ၂ဝဝဝ ခန့် တိုးပွား"


စစ်ပွဲများကြား တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကချင်ပြည်နယ်သား ၂ဝဝဝ ခန့် တိုးပွား"

စစ်ဖြစ်နေသော ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုရန် လျှောက်လွှာတင်ထားသည့် ကျောင်းသား၊ ကျောင်းသူဦးရေမှာ ယခင်နှစ်ထက် ၂ဝဝဝ နီးပါး ပိုတိုးလာကြောင်း ကချင်ပြည်နယ် ပညာရေးဌာနစာရင်းများအရ သိရှိရသည်။

အစိုးရက ၂ဝ၁၃ ခုနှစ် မတ် လတွင် စစ်ဆေးမည့် တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် ကချင်ပြည် နယ်၌ စာစစ်ဌာန ၄၈ ခု ဖွင့်လှစ် သွားရန်ရှိပြီးယခင်နှစ်က ဝင်ရောက် ဖြေဆိုသူ ၂ဝ၇၇၂ ဦးသာ ရှိနေခဲ့ရာ ယခုနှစ်တွင်မူ လျှောက်လွှာတင် ထားသူမှာ ၂၂၆၄၈ ဦး
ရှိသည်ဟု ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဌာနမှ သိရသည်။

၂ဝ၁၁ ခုနှစ် ဇွန်လပိုင်းက စကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား မှုအရ ၁ နှစ်ခွဲ ကျော်လာသည့် အချိန်တွင် မြန်မာအစိုးရ ထိန်း ချုပ်မှု နယ်မြေအတွင်း၌ စစ်ရှောင် စခန်း ၈၄ ခု အထိရှိလာခဲ့သော်လည်း တက္ကသိုလ်ဝင်အဆင့် ကျောင်းသား၊ ကျောင်းသူ ပါဝင်မှု အချိုးအစား မှာ ရာခိုင်နှုန်းနည်းပါးနေမှုကြောင့် တက္ကသိုလ်ဝင် စာမေးပွဲဝင်ဖြေမည့် အရေအတွက် အပေါ် အကျိုးသက် ရောက်မှုနည်းခဲ့သည်ဟု စစ်ရှောင် စခန်း တာဝန်ခံများက မှတ်ချက် ပြုသည်။

အဖြူရောင်တွဲလက်များ အဖွဲ့ မှ ကိုဘိုဘိုကမူ ၄င်းတို့ သွားရောက် ကူညီပေးနေသော မန့်ဝိုင်းကြီး စခန်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် အရေအတွက်မှာ လွန်စွာနည်းပါးကြောင်း ပြော သည်။
ကချင်ပြည်နယ် လူမှုရေးဝန် ကြီးဌာန စာရင်းအရ ပူတာအိုခရိုင် တွင် စာစစ်ဌာန ၅ ခု၊ မြစ်ကြီးနား ခရိုင်တွင် ၁၉ ခု၊ မိုးညှင်းခရိုင်တွင် ၁၅ ခုနှင့် ဗန်းမော်ခရိုင်တွင် ၉ ခု ဖွင့်လှစ်စစ်ဆေးသွားမည် ဖြစ်သည့် အပြင် ယခုနှစ်တွင် ပူတာအိုနှင့် မြစ်ကြီးနားခရိုင် နှစ်ခုကိုခရိုင်
တစ်ခုတည်းအဖြစ် ကြီးကြပ်စစ် ဆေးသွားမည်ဟုလည်း ထပ်မံ သိရှိရသည်။

မင်းသုအောင်

အေးချမ်းမွန်မှ   POPULAR MYANMAR NEW JOURNAL တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်


စစ်ဖြစ်နေသော ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုရန် လျှောက်လွှာတင်ထားသည့် ကျောင်းသား၊ ကျောင်းသူဦးရေမှာ ယခင်နှစ်ထက် ၂ဝဝဝ နီးပါး ပိုတိုးလာကြောင်း ကချင်ပြည်နယ် ပညာရေးဌာနစာရင်းများအရ သိရှိရသည်။

ပညာရေးစီမံချက်မှာ ပြည်သူ့နီတိကိုပြန်လည်သင်ကြားပေးရန်

ပညာရေးစီမံချက်မှာ ပြည်သူ့နီတိကိုပြန်လည်သင်ကြားပေးရန်

January 10, 2013Home, ဆောင်းပါး 

ပညာရေးစီမံချက်ရေးဆွဲရာတွင် ပြည်သူ့နီတိသင်ကြားရေးကိုထည့်သွင်း ရေးဆွဲစေလိုပါသည်။ လွတ်လပ်ရေးနေ့  ကဖြစ်ပါ၏။ လှည်းတန်းလမ်းထိပ်မှာဈေး  ၀ယ်စဉ်တဖြည်းဖြည်းနှင့် ရိုက်သံ၊ ငိုသံ ကိုကြားလိုက်ရသည်။ ဆယ်ကျော်သက် မိန်းမလေးနှင့် ယောင်္ကျားလေးသမီးရည်း စားအချင်းများနေကြ၏။ လူတွေအုံလာ သည်။ မနေသာတော့သော ကျွန်မဆိုင်   တွင်းမှ ထွက်ကြည့်မိပါသည်။ လူအုပ်က  များသထက်များလာပေသိမရှက်မကြောက်   ဆက်လက်ရန်ဖြစ်နေကြသည်။ မိန်းကလေး၏အတွင်းခံဘော်လီကြိုးများပြတ်ကြကုန် သည်။ မထားခဲ့ပါနဲ့ မထားခဲ့ပါနဲ့ဟု မိန်းကလေးက ငိုရင်းမှ တိုးလျိုးတောင်းပန်  သည်အချက်ပေါင်းများစွာ ပါးကိုရိုက်သော   သူကိုဤရွေ့ဤမျှအသနားခံနေရပုံကို ကြည့်ကာ မိန်းကလေး၏အမှားဖြစ်လိမ့် မည်ဟုယူဆသော်ရနိုင်ပါ၏။ ထိုပြင်လူရွယ်   ၏ရင်ဘတ်မှ အင်္ကျီစကိုဇွက်ပင်ဆွဲထား ပြန်ပါသည်။ လူရွယ်ကတော့ လွှတ်၊ လွှတ်၊ ဒေါသသိပ်ဖြစ်နေတယ်နော်ဟုဆို သည်။ အနီးမှ သန့်ရှင်းရေးလုပ်နေသော  စည်ပင်မှ အမျိုးသမီးကြီးက အံ့ပါတော် ပါးကို ၁၀ ချက်လောက်ရိုက်တာဇွတ်တွယ်  ကပ်နေတယ်ဟုဆိုကာလှည့်ကွက်သွား သလို လူငယ်တစ်ဦးကရှေ့တိုးလာကာ ဒီရပ်ကွက်ကို ဘာမှတ်လို့လဲမင်းလူမိုက် လာလုပ်တာလားဟု မေးမေးပြောပြော နှင့် ၀င်လာရာ လူရွယ်ကလည်း ခင်ဗျား  တို့ရပ်ကွက်ကဘာမို့လဲ ကျွန်တော်ကလူကြီး  လူကောင်းသားဟု ဖြေကာထိုးကြကျိတ်ကြရန် ဟန်ပြင်လာသည်ဖြစ်ရာကဲ ကိုယ့် လမ်းကိုယ်သွားကြ မိန်းကလေးမင်းပြဿ နာနဲ့ သွားကြဟု ၀ိုင်းပြောရာ ၂ ဦးသာ လူအုပ်ကို စွန့်ခွာသွားကြပါတော့သည်။ လှည်းတန်းဈေးအနီးမှာ ဤသို့သော သမီးရည်းစားရန်ပွဲများတွေရလေ့ရှိပါ၏။ လူထုမှာရန် ဖြစ်ရဲလာကြပြီဖြစ်သည်ဟု ကျွန်မဆိုလိုပါသည်။ အသိပညာနုံနဲ့ ပုံရ သောမိန်းကလေးများအရိုက်ခံနေရခြင်းကို မမြင်ရက်တော့ပါ။ အမျိုးသမီးလေးကို စကော့တလန်သို့ပို့လိုက်ချင်ပါ၏။ ဟိုမှာ က အမျိုးသမီး၊ အမျိုးသားတန်းတူအခွင့် အရေးရှိသည်။
ကမ္ဘာပေါ်မှာ တစ်ဖက်သက်အနိုင် ကျင့်ခံရသော မိန်းကလေးပေါင်းများစွာ ရှိ ဟန်တူသည်၊ ကျွန်မတွေ့ခဲ့ရသော လူရွယ်မှာလူကြီးလူကောင်းသားဟုကိုယ့် ကိုကိုယ်ကြေညာပေသိ၊ လူကြီးလူကောင်း မဆန်လိုက်လေခြင်းဟုတွေးမိသည်ဆင်းရဲ သောမိန်းကလေးပေါင်းသန်း ၅၀ ရှိသည့် ကမ္ဘာမြေတွင် နေ့စဉ်နှင့် အမျှအရိုက်ခံ နေရသည့်မိန်းကလေးမည်ရှေ့မည်မျှရှိ နေမည်နည်း အိမ်တွင်းငြိမ်းချမ်းရေးမှသည်  ကမ္ဘာ့ငြိမ်းချမ်းရေးဆိုသည့်ဆောင်ပုဒ်ကို ကိုင်မြှောက်ကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့အမျိုးသားတွေပါ ၀င်ဖို့ဟူသော စာတမ်းများနှင့် လမ်းလျှောက်ပွဲကို နိုဝင်ဘာလ ၂၅ ရက် နေ့က ကျင်းပခဲ့ပြီးဖြစ်ပါ၏။ ထိုလမ်း လျှောက်ပွဲကို UNDP? UNHCR Care Myanmar? Action Aid Myanmar စသော NGO များ INGOs များကလည်း ပူးပေါင်းစီစဉ်ခဲ့ကြခြင်းဖြစ်သည်။ မြန်မာ နိုင်ငံမှာ အမျိုးသမီးများ လူ့အခွင့်အရေး ဆိုင်ရာစာချုပ် (စီဒေါ) စာချုပ်ကို ၁၉၉၇ ခု ဇူလိုင်လ ၂၂ ရက်နေ့ကပင်လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ပါ၍ လမ်းလယ်မှာပါးရိုက်  ရသော လူကြီးလူကောင်း၏သားကို အကြမ်းဖက်သူအဖြစ်ရှုတ်ချပါသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ နိစ္စဓူဝရင်ဆိုင်တွေ့နေရသည့်ပုံသဏ္ဍာန်  အမျိုးမျိုးနှင့် အကြမ်းဖက်ခံနေရသူများ  လျော့နည်းအောင်လူကြီးလူကောင်းတို့ကို ပင်ပညာပေးရပါဦးမည်။ ယနေ့လူငယ် သည် နောင်ဝယ်လူကြီးဖြစ်လာမည်မဟုတ်  ပါလား။ လူငယ်တို့လိမ္မာယာဉ်ကျေးရန် ပြည်သူ့နီတိကိုသိနားလည်ရန်လိုပါသည်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက်ကြိုး ပမ်းကြရဦးမည့်ကျွန်မတို့နိုင်ငံမှာ စစ်ပွဲ များအဆုံးသတ်စေရန် အကြမ်းဖက်မှုများ လည်း လျော့နည်းသွားရန်လိုပါသည်။ ဆင်ခြင်တုံတရားကင်မဲ့သော ဖခင်များမှ ပေါက်ဖွားလာသော လူရမ်းကားများက ရှုပ်ထွေးသော ရုပ်ပုံကားချပ်များကို ရေးဆွဲစပြုနေကြပြီဖြစ်ပါ၏။ အိန်္ဒိယက မိန်းကလေးကို အဓမ္မပြုကျင့်ကာသေဆုံး   စေခဲ့သော အကြမ်းဖက်အုပ်စုလိုဖြစ်မလာ  ဟုမည်သူပြောနိုင်ပါမည်နည်းဘင်္ဂလား ဒေရှ်နိုင်ငံကလို ပညာတတ်အမျိုးသမီး   များတိုက်ခိုက်ခံရသည့်အိမ်တွင်းအကြမ်း ဖက်မှုပဋိပက္ခတွေဖြစ်မလာဘူးဟုမည်သူ တာဝန်ယူပါမည်နည်း။ နာကျင်စွာပင်ပမ်း  ခဲ့ရသော လူထုကြီးကလည်း ငြိမ်းချမ်းရေး  ကို လိုလားကြပါ၏။ တစ်ဦးချင်းစီ၏ တာဝန်ယူမှုကတော့လျော့နည်းနေဆဲဖြစ် သည်။ လူတစ်ဦးချင်းစီမှ အကြမ်းဖက် ၀ါဒကို ဆုတ်ကိုင်ထားနေသေးသမျှငြိမ်းချမ်း  ရေးကခတ်ဝေးဝေးမှာလှောင်ရယ်ရယ်နေ ပါဦးမယ်ဖြစ်၏။ လှည်းတန်းဈေးအနီးမှ  ရန်ပွဲကလေးမှာ ဘာမှမဟုတ်ဟုဆင်စရာ   ရှိပါ၏။ ထိုလူရွယ်က အနိုင်အထက်ပြု ကာပါးနားရိုက်သံကို ကျွန်မတို့မြင်ရကြား ရ၍သာလူရွယ်ကိုမုန်းစိတ်ဝင်လာခဲ့ရသည်။  ထိုမိန်းကလေးက ပါးရိုက်ခံရလောက် အောင်ဘာတွေလုပ်ခဲ့သနည်းကို ကျွန်မ တို့တွေးရဦးမည်သာဖြစ်သည်။ ပဋိပက္ခ ကတော့ဖြစ်ခဲ့ပြီ။ ဘယ်သူဘယ်လောက် မှားနေပါသနည်း။ ရန်ကုန်မြေတွင် မကပါ။  ရခိုင်ပြည်နယ်မှာဖြစ်ခဲ့သော မီးပွားကသည်းယနေ့ထိမငြိမ်းနိုင်သေး။  အတိမ်းအစောင်းများစွာနှင့် ရှုတ်ထွေးနေ သော ၂၀၁၂ မှာ အရိုးစွဲခဲ့သည့် စိတ်ဓာတ်   များနှင့် လူတွေဖြတ်သန်းခဲ့ရခြင်းကိုလည်း  မြင်ကြရပြီးပြီ။ နိုင်ငံရေးတည်ငြိမ်အောင်   အစိုးရတစ်ရပ်တည်းကလုပ်၍မရပါ။ လူအများမှအတ္တများ လျော့ကာဖြတ်သန်း  သင့်သော ၂၀၁၃ ကဆိုက်ရောက်လာပြီ  ဖြစ်ပါ၏။ လူတို့၏ အတ္တကြောင့်တရား ရေးမဏ္ဍိုင်သည်ယိမ်းယိုင်ခဲ့သည်ထားဦး၊ စစ်မှန်သောရေခံယူချက်နှင့် စောင့်ထိန်း  နိုင်သည်ကျင့်ဝတ်အရတစ်ဦးချင်းစီလျှောက်  လမ်းခြင်းမှ သာယာသောဒီမိုကရေစီနိုင်ငံ  ကို ထူထောင်ရန်ကြိုးစားကြရဦးမည်သာ ဖြစ်သည်။ တစ်ဦးချင်းမှာလည်းတာဝန်ရှိ ပါသည်။ လူမဆန်သောအကြမ်းဖက်မှု ကို ကျွန်မတို့ အားလုံးကိုလားမည်မဟုတ်  သလို။ တာဝန်မဲ့သူများ များလာသော နေရာသည်သာယာတင့်တယ်မှုကင်းဝေး  ရမည်သာဖြစ်ပါ၏။ နိုင်ငံအတွက်ပြောင်း လဲရန်လိုအပ်သည့်ကိစ္စရပ်များတွင် လူတို့  ၏ စိတ်ဓာတ်များလည်းပါဝင်နေကြောင်း  တင်ပြလိုပါသည်။ မကွေးမြို့တွင်ဒေါ်အောင်  ဆန်းစုကြည်ပြောကြားခဲ့သော “ကျွန်မ တစ်ခါတလေစဉ်းစားကြည့်တယ်ဒီလို တာဝန်မဲ့လုပ်ရပ်တွေလုပ်တဲ့ အာဏာရှိတဲ့ လူတွေနေရာရှိတဲ့လူတွေ ဘယ်လိုမိသားစု  ကကြီးပြင်းလာသလဲလို့ဟုဆိုသလို
ထိုလူရွယ်ကလေးသည်မည်သို့သော  မိသားစုမှ ဆင်းသက်လာခဲ့ခြင်းကို ကျွန်မ ဆက်၍တွေးခြင်းများအတွက် လူကြီးလူ ကောင်းသားပါဟု၎င်း၏ စကားတို့ကနား ၀မှထွက်မသွားနိုင်ခဲ့ကြ။ မိမိကိုယ်ကိုကောင်း  အောင်ကြိုးစားပြီးမှ လူကြီးလူကောင်း၏ သားဟုဖြေဆိုသင့်သည်ဟုတော့ ကျွန်မ ယူဆမိသည်။ အမိယုတ်တော့နှုတ်ကြမ်း   ၏ အဖယုတ်တော့ကိုယ်ကြမ်း၏ဟူသော   ရှေးမြန်မာစကားပုံအရ လူကြီးလူကောင်း ဆိုသူများမှလည်း မိမိတို့၏သားသမီးများ ကို ပြည်သူ့နီတိသင်ကြားပေးပါရန် ပန်ကြားလျက်ပညာရေးစီမံချက်များတွင် လည်း ပြည်သူ့နီတိသင်ကို ထည့်သွင်းရေး ဆွဲမှသာ ထိုထိုသောအကြမ်းဖက်မှုအနိုင်   အထက်ပြုမှုများ ပပျောက်သွားပေလိမ့် မည်ဟု ကျွန်မဆက်၍ စဉ်းစားနေမိပါ တော့သည်။ ထို့ကြောင့်ပင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ပညာရေးစီမံချက်   အသစ်တွင် ပြည်သူ့နီတိသင်ကြားပေးပါထည့် သွင်း၍ရေးဆွဲသင့်ပါကြောင်း တင်ပြလို ပါသည်။

 ဒေါက်တာစိန်စိန်သိန်း

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်


ပညာရေးစီမံချက်ရေးဆွဲရာတွင် ပြည်သူ့နီတိသင်ကြားရေးကိုထည့်သွင်း ရေးဆွဲစေလိုပါသည်။ လွတ်လပ်ရေးနေ့ ကဖြစ်ပါ၏။ လှည်းတန်းလမ်းထိပ်မှာဈေး ၀ယ်စဉ်တဖြည်းဖြည်းနှင့် ရိုက်သံ၊ ငိုသံ ကိုကြားလိုက်ရသည်။ ဆယ်ကျော်သက် မိန်းမလေးနှင့် ယောင်္ကျားလေးသမီးရည်း စားအချင်းများနေကြ၏။ လူတွေအုံလာ သည်။ မနေသာတော့သော ကျွန်မဆိုင် တွင်းမှ ထွက်ကြည့်မိပါသည်။ လူအုပ်က များသထက်များလာပေသိမရှက်မကြောက် ဆက်လက်ရန်ဖြစ်နေကြသည်။

ကျောင်းတက္ကသိုလ်ထဲမှာ ဆရာဟန်ဆောင်၍ ထောက်လှမ်းရေးလုပ်နေသော စစ်ဗိုလ်ဟောင်းများက ကျောင်းသားထုအား စော်ကား

ကျောင်းတက္ကသိုလ်ထဲမှာ ဆရာဟန်ဆောင်၍ ထောက်လှမ်းရေးလုပ်နေသော စစ်ဗိုလ်ဟောင်းများက ကျောင်းသားထုအား စော်ကားသည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို
ပါ လုယူ။

Tuesday, 8 January 2013

၁၀ တန်းအောင်ချက်မြင့်မားရေး


ကန်ပက်လက် အထက မှာ ၁၀ တန်းဟောပြောပွဲသွားစဉ်ကပါ ကျောင်းအုပ်ကြီးက အလွန်ခင် စရာကောင်းတဲ့ နာဂ လူမျိုးပါ ၁၀ တန်းအောင်ချက်မြင့်မါးရေးအတွက် သူရွက်ပြတဲ့ ကဗျာလေးကို သတိရမိတယ် ....

Friday, 4 January 2013

" မိဘ မဲ့ နေတဲ့ မြန်မာပြည် "




ခုတစ်လော FB နဲ့ အင်တာနက် စာမျက်နှာတွေပေါ်မှာ မြန်မာအများစုက သမ္မတကြီး ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ အပေါ် သိသိသာသာ ပြောင်းလဲလာတဲ့ ရပ်တည်မှုတွေကို သုံးသပ်မိရင်း မြင်လာတဲ့ အချက်တွေကို ထောက်ပြချင်ပါတယ်။

ရှမ်းပြည်နယ်၏ ပထမဆုံး ဆေးတက္ကသိုလ် တောင်ကြီး၌ တည်ဆောက်ဖွင့်လှစ်မည်



ရှမ်းပြည်နယ်မှ ဆေးတက္ကသိုလ် ၀င်ခွင့်ရသူများ အတွက် ဆေးတက္ကသိုလ် တစ်ခုကို တောင်ကြီးမြို့တွင် တည်ဆောက်ခွင့် ရရှိထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး စီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အရှေ့ရိုးမ ဂျာနယ်သို့ပြောကြားသည်..။

မြန်မာနိုင်ငံ ပညာရေးအခြေအနေ မေးမြန်းချက် (၁) – ဒေါက်တာသိန်းလွင်

ဒေါက်တာသိန်းလွင်
မြန်မာ့ပညာရေးအခြေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ လုပ်ဆောင်ချက်တွေအကြောင်း အဲဒီကော်မတီမှာပါဝင်တဲ့ ဒေါက်တာသိန်းလွင်ကို တွေ့ဆုံမေးမြန်း ထားပါတယ်။

ထမင်းမ၀.....



ဆန္ဒပြရသည့် အကြောင်းအရင်းမှာ ကျောင်းသားများ ထမင်း၀၀လင်လင် မစားသောက်ရ၍ ဖြစ်ကြောင်း ကျောင်းသားများနှင့် နီးစပ်သူ ဆရာ တစ်ဦးမှ ပြောသည်။

ဟင်္သာတတက္ကသိုလ်မှ အတွင်းရေးများ(၄)



- ဟင်္သာတတက္ကသိုလ်သတင်းကမှန်လားမမှန်လားဆိုတော့ ကျောင်းထဲမှာပွက်လောညံနေပါတယ်…..
- ဒေါ်ရီရီမြင့်က မဆိုင်တဲ့သူတွေကိုအော်ဟောက် ကြိမ်းမောင်းနေပါတယ်….
- ဒေါ်စန်းစန်းရီကသူ့ဂုဏ်ပုဒ်ကိုဖော်ရေးပြလိုက်တော့ ဌာနတစ်ခုလုံးကိုမျက်နှာရှစ်ခေါက်ချိုးနဲ့ ဆူပူကြိမ်းမောင်းမာန်မဲနေပါတယ်…..

ဟင်္သာတတက္ကသိုလ်မှ အတွင်းရေးများ(၃)

Photo: ဟင်္သာတတက္ကသိုလ်မှ အတွင်းရေးများ(၃)
	
ယခုအချိန်တွင် ဟင်္သာတက္ကသိုလ်၌ စာရင်းစစ်များဝင်ရောက် စစ်ဆေးနေချိန်ဖြစ်သည်။ ယခင်အချိန်များတွင် အင်တာနက်၌ ဟင်္သာတက္ကသိုလ်နှင့် ဒေါ်ရီရီမြင့်တို့ဧ။် အကျင့်ပျက်ခြစားမှု များပါလာသဖြင့် ယခုစာရင်းစစ်များ ၀င်ရောက်စစ်ဆေးသည့်အချိန်တွင် ဟိုတစ်ချိန်တုန်းက ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး စာရင်းစစ်များအားပြုစုပေးသော ဒေါ်ရီရီမြင့်သည် မိမိအောက် ခြေမှ ၀န်ထမ်းတစ်ဦးအားဦးဆောင်စေပြီး စာရင်းစစ်များအား ဧည့်ခံ ပြုစုပေးရန် အောက်ခြေ၀န် ထမ်းများကိုအလှည့်ကျစေလွှတ်နေပါသည်။ စားတုန်းကတော့တစ်ယောက် စာရင်းစစ်များဧ။် အမေးအမြန်းများနှင့် စာရင်းများကိုရှင်းရသူက တစ်ယောက်ဖြစ်နေသဖြင့် အောက်ခြေ၀န်ထမ်း များက မကျေမနပ်ဖြစ်နေကြပါသည်။ ဟင်္သာတက္ကသိုလ်မှ အတွင်းရေးများ(၂) သတင်းဖြစ်စဉ် နှင့်ပတ်သက်၍ သူတို့ဧ။် အတွင်းရေးများပေါက်ကြားသွားသဖြင့် စာဝင်စာထွက်နှင့် ထိုခုံနားတွင် ထိုင်မိသောသူများအား မတရားစွပ်စွဲပြောဆိုနေ ပြီး စီမံဌာနမှ ၀န်ထမ်းမိန်းခလေး များကိုခေါ် ယူပြီး ဒေါ်ရီရီမြင့်နှင့် ဒေါ်စန်းစန်းရီ( င၀ိုင်းကြိုက်ဟု နာမည်ပြောင်ရထားသူ) တို့ကကြိမ်းမောင်း ခြိမ်းခြောက် မာန်မဲကြပါသည်။
၂၈-၁၂-၂၀၁၂ရက်နေ့ သောကြာနေ့တွင် စာရင်းစစ်များကကျောင်းဆောင် သစ်ဆောက် လုပ်သည့်ကိစ္စနှင့် ပါတ်သက်၍ မေးမြန်းသောအခါ(စစ်ဆေးခြင်းမဟုတ်) ဒေါ်ရီရီမြင့်သည် မျက်စိမျက်နှာပျက်ပြီး မိမိဌာနမှ အောက်ခြေ၀န်ထမ်းလေးများကို အကြောင်းမရှိ အကြောင်း ရှာ၍မာန်မဲကြိမ်းမောင်းနေသောကြောင့် ၀န်ထမ်းများမှာ စိတ်ဆင်းရဲ ကိုယ်ဆင်း ရဲ ဖြစ်နေရ ပါသည်။ မကြာခင်တွင် အရာရှိငယ်တစ်ဦးအား ရာထူး၊ ဂုဏ်သိက္ခာ တို့နှင့်ပင် မထိုက်တန်စွာ ငါးစိမ်းတန်းတွင်ငါးစိမ်းမသည်များ ရန်တွေ့သည့်နည်းတူ ပြောဆိုရန်ရှာခဲ့ပြီး၊ သူမမှဦးစွာပါမောက္ခ ချုပ်အားတက်ရောက် တိုင်ကြားခဲ့ပါသည်။ ထိုသို့မတရား အောက်ခြေ၀န်ထမ်းများကို ပြောဆိုဆက်ဆံနေသောကြောင့် ၀န်ထမ်းများမှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်နေရသော ကြောင့် ဒီနေရာမှ ရင်ဖွင့်တိုင်ကြားနေရခြင်းဖြစ်ပါသည်။ ဖော်ပြခဲ့သော တက္ကသိုလ်မှသတင်းအမှန်များသည် ပုဂ္ဂိုလ်ရေးအရ ပုတ်ခတ်ခြင်း မဟုတ်ပဲ ပကတိအမှန်တရားများ၊ အကျင့်ပျက်မှုများ၊၀န်ထမ်းများဧ။် ဘ၀အခြေအနေမှန်များကို ရင်ဖွင့်ဖော်ပြခြင်းသာဖြစ်ပါသည်။ထိုသို့သိရှိမှသာ ကိုယ်ကျင့်သိက္ခာထိန်းသိမ်းမှုများနှင့် အချင်း ချင်း ထိန်းသိမ်းမှုများဖြင့် ကောင်းမွန်သော၊ ခြစားမှုကင်းသော ၀န်ထမ်းလောက ကြီးဖြစ်ပေါ်လာပါမည်။ 

(ဆက်လက်ဖော်ပြပါမည်)

ယခုအချိန်တွင် ဟင်္သာတက္ကသိုလ်၌ စာရင်းစစ်များဝင်ရောက် စစ်ဆေးနေချိန်ဖြစ်သည်။ ယခင်အချိန်များတွင် အင်တာနက်၌ ဟင်္သာတက္ကသိုလ်နှင့် ဒေါ်ရီရီမြင့်တို့ဧ။် အကျင့်ပျက်ခြစားမှု များပါလာသဖြင့် ယခုစာရင်းစစ်များ ၀င်ရောက်စစ်ဆေးသည့်အချိန်တွင် ဟိုတစ်ချိန်တုန်းက ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး စာရင်းစစ်များအားပြုစုပေးသော ဒေါ်ရီရီမြင့်သည် မိမိအောက် ခြေမှ ၀န်ထမ်းတစ်ဦးအားဦးဆောင်စေပြီး စာရင်းစစ်များအား ဧည့်ခံ ပြုစုပေးရန် အောက်ခြေ၀န် ထမ်းများကိုအလှည့်ကျစေလွှတ်နေပါသည်။

Thursday, 3 January 2013

မြန်မာ့ပညာရေး သုညကစပါ

နေတာက လှိုင်သာယာမှာ.. ကလေးတွေကျောင်းက မရမ်းကုန်းမှာ..။ မနက်တစ်ခေါက် ညနေတစ်ခေါက် ကျောင်းပို့ကျောင်းကြိုနဲ့ မဒမ်မှာ အားရတယ်ကို မရှိရှာဘူး..။ ကျောင်းကားရှိတယ်ဆိုပေမယ့်..ကျောင်းဆင်းတာနဲ့ အိမ်ကိုတန်းမပြန်နိုင်ဘူး..။ ကျုရှင် ပို့ရတယ်..။ ကျုရှင်ပြီးတော့ မှောင်ရီဖျိုးဖျ မိုးချုပ်ပြီ..။

နေရာဒေသအလိုက် ဆေးတက္ကသိုလ် ၀င်ခွင့်ပြုသော စနစ်ပြောင်းလဲ


ဆေးတက္ကသိုလ် ၀င်ခွင့်ရရှိသော ကျောင်းသားများအား နေရာဒေသအလိုက် ကျောင်းဝင်ခွင့်ပြုသည့် စနစ်ကို ယခု (၂၀၁၂-၁၃) ပညာသင်နှစ်တွင် စတင်ပြောင်းလဲ ကျင့်သုံးလိုက်ကြောင်း ဆေးသိပံ္ပပညာ ဦးစီးဌာနမှ သတင်းရရှိသည်။

ကြံ့ဖွံ့လွှတ်တော်၏ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေ ဝေဖန်စာတမ်း (၁)



အပိုင်း (၁)

ပညာသမာ၊ အာဘာနတ္ထိ စာတမ်းပါ ရင်ထိုးတံဆိပ်ဝိုင်း အ၀ါလေးတွေ၊ ကောင်းမှုတခု နေ့စဉ်ပြု ဒိုင်ယာရီ စာအုပ်ငယ်လေးတွေကို ခရိုင် ကျောင်းဆရာများ သမဂ္ဂ ခေါင်းဆောင် မူလတန်း ကျောင်းအုပ်ဆရာကြီး အိမ်တွင် ၁၉၆၂ ခုနှစ် မတိုင်မီက မျက်မြင်တွေ့ရှိဖူးပါသည်။

ကျောင်းသားလူငယ်များ ခေါင်းဆောင်မှုအရည်အချင်းတိုးတက်ရေး သင်တန်း

Photo

ရန်ကုန်-ဇန်န၀ါရီ၂့Harvard collegeနှင့်ILBC တို့ပူးပေါင်းကာပြည်တွင်းကျောင်းသားလူငယ်များ၏ခေါင်းဆောင်မှု အရည်အချင်းတိုးတက်ရေး ရက်တိုသင်တန်းများအားjunctoin sqareတွင် ပြုလုပ်လျှက်ရှိရာ နိင်ငံတ၀ှမ်းမှ ကျောင်းသား ၅၀ခန့် တက်ရောက်နေကြောင်းသိရသည်။

Wednesday, 2 January 2013

ကံ့ကော်တော စွယ်တော်တော စကားဝါတောတို့၏ အတွင်းသရုပ်


တက္ကသိုလ်တို့ကို တက္ကသိုလ်နယ်မြေအတွင်း ပေါက်ရောက် ပွင့်လန်းနေသော သစ်ပင်ပန်းမာလ်တို့ဖြင့် တင်စားသည့် အလေ့အထရှိပါသည်။ ထို့ကြောင့်ပင် ကံ့ကော်တော၊ စွယ်တော်တော၊ စကားဝါတော စသည်ဖြင့် တင်စားခေါ်ဝေါ် ကြပါသည်။ ထိုထိုသော ပန်းတော တက္ကသိုလ်တို့အပြင် အချို့အချို့က လှောင်၍ ငေါ့၍ ကွန်ကရစ်တောဟု ကင်ပွန်း တတ်ထားခြင်းမျိုးလည်း ကြားဖူးပါသည်။ အချို့အချို့ကလည်း တက္ကသိုလ်ရှိရာ အနီးဒေသကို ညွှန်းသလိုလိုနှင့် ထိန်ပင်၊ တာဝ၊ ညောင်ကိုင်း စသဖြင့် ထေ့၍ နံနှိမ်၍ ခေါ်ကြခြင်းမျိုးလည်း တွေ့ဖူးပါသည်။ နှင်းဆီပန်းကို မည်သို့ခေါ်ခေါ် မွှေးလျက်ပါပဲဟု ရေးဖွဲ့ခဲ့တာတွေ့ဖူးပါသည်။ ထို့အတူ တက္ကသိုလ်ကို မည်သို့ညွှန်းညွှန်း မွှေးလျက်ပါပဲလို့ ရေရွတ်မိပါသည်။

အရိုင်းလေး


ဆရာများသည် လိမ္မာသောကလေး၊ စာတော်သောကလေးများကို ချစ်ကြသည်။ အရေးပေးလေ့လည်းရှိကြ သည်။ သို့သော် ကျောင်းသားတိုင်းမတော်၊ မလိမ္မာကြပေ။ ထို့ကြောင့် အပြုသဘောဆောင်သော ကျောင်းသား များကဲ့သို့ အပျက်သဘောဆောင်သော ကျောင်းသားများကိုလည်း တန်းတူညီမျှ ဆက်ဆံနိုင်အောင် ကြိုးစား ကြရသည်။
ကျွန်မ လူဝီစီယားနားကျောင်းသို့ ရောက်လာသည့် တစ်နေ့တွင်ဖြစ်ပါသည်။ ဆရာများ နားနေခန်းအတွင်း အနားယူရင်း သတင်းစာဖတ်နေစဉ် အခန်းတံခါး ဝုန်းခနဲပွင့်သွားကာ ဆရာနှစ်ယောက်က ကလေးတစ်ယောက် အား အခန်းထဲဆွဲခေါ်လာသည်ကို တွေ့လိုက်ရသည်။

မြန်းဂလစ် တွေ ဖြစ်ကြတော့မှာလား


ဒီနေ့ခေတ်မှာဆက်သွယ်ရေးနည်းပညာတွေကတိုးတက်၊ကမ္ဘာကြီးကိုရွာလို့တောတင်စား ပြောဆိုနေကြတာဆိုတော့ နိုင်ငံတကာသုံးဖြစ်တဲ့ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားက အင်မတန် အရေးပါတယ် ဆိုတာ လူတိုင်းက ပြောနေကြပါပြီ။ ဒါကို မောင်ဝလုံး လက်ခံပါတယ်။ ဒါပေမဲ့ဗျာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တော့ နဲနဲ ပိုလွန်းနေသလားလို့ ဒီစာကို ရေးလိုက်တာပါ။

လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန် ကရင်လူငယ်များ ကွန်ယက်ဖွဲ့စည်း

မျက်နှာလွှဲအပ် မလွှဲအပ်


မျက်နှာလွှဲအပ် မလွှဲအပ်

-------------×-------------
ရမည်းသင်းမြို့၊ နည်းပညာတက္ကသိုလ်ကျောင်းရှေ့ နေ့စဉ် မြင်နေရတဲ့
မြင်ကွင်းလေးပါ။ ၁၀နှစ်ပတ်ဝန်းကျင် လူမမယ် ကလေးလေးတွေက အဖြူအပြာ ယူနီဖောင်းနဲ့ တက္ကသိုလ်ကျောင်းသား/သူ တွေ လာပြီဆိုလျင် အပြေးအလွှားရောက်လာပြီး အင်္ကျီစကိုဆွဲလို့ ထမင်းဖိုးလေး ပေးခဲ့ပါ ဆိုပြီး တဂျီဂျီ လိုက်တောင်းနေကြတယ်။ ကျောင်းသား/သူလေးတွေကလည်း စိတ်အနှောက်အယှက် အဖြစ် မခံဘဲ ပါလာတဲ့ အကြွေလေးတွေကို ထုတ်ထုတ်ပေးတတ်စမြဲ။ ဒါ ခုမှ မြင်ရတဲ့ မြင်ကွင်း မဟုတ်ပါဘူး။ အရင်နှစ်တွေကလည်း ရှိပါတယ်။ ပထမတော့ သက်ကြီးရွယ်အိုတွေ
တောင်းတာ တွေ့ရတယ်။ သက်ကြီးရွယ်အိုတွေဆိုတော့ သူတို့မှာ
ပြုစုစောင့်ရှောက်မယ့် သားသ္မီး ကျောထောက်နောက်ခံ မရှိ ဘူး ထင်လို့ ဖြူစင်တဲ့ နှလုံးသားပိုင်ရှင် ကျောင်းသားကျောင်းသူလေးတွေ ပေးလှူကြပါတယ်။ နောက် သန်သန်မာမာ မိန်းမနဲ့ယောက်ျားရင့်မာကြီးတွေ
 တောင်းတာလည်း တွေ့ရတယ်။ ကျွန်တော်တို့ အမှန်တကယ် ဒုက္ခရောက်နေသူတွေကို ကူညီစောင်မချင်ပါတယ်။ ကူလည်း ကူညီကြပါတယ်။  ဒါပေမယ့် ခုလို လုပ်ကိုင်စားသောက်နိုင်တဲ့ သန်သန်မာမာ အရွယ်ကြီးတွေကပါ လိုက်တောင်းလာ တော့ ကျွန်တော်တို့  သိပ် မယုံကြည့်တော့ဘူး။ ဘယ်သူကမှလည်း မပေးကြတော့ဘူး။ ဒီပုံစံနဲ့ သူတို့ တောင်းလို့ အလုပ်မဖြစ် တော့ဘူးဆိုတာကို သိတော့ သူတို့ရဲ့ လူမမယ်ကလေးငယ်လေး တွေကို အစားထိုး လာပါတော့တယ်။ တစ်ယောက်လည်း မဟုတ်၊ နှစ်ယောက်လည်း မဟုတ်၊ တနေ့တခြား တိုးလာတာပဲ တွေ့ရသည်။ ဒါကတော့ ကျွန်တော်တို့ အင်မတန် ရင်လေးစရာ ကောင်းတဲ့ ကိစ္စဖြစ်လာပါပြီ။ သူတို့ကလေးတွေဟာ ကျောင်းတက်ပြီး စာသင်နေ ရမယ့် အရွယ်
လေးတွေပါ။ ဒါပေမယ့် သူတို့ရဲ့ ပြောပြချက်အရ… “သူတို့ကို အိမ်က ကျောင်းမထားဘူး… တစ်သိန်းအထိ တောင်းနိုင်မှ ထားမယ်…တဲ့”။ ဒါတောင် ညာပြောထားမှန်း သိသာပါတယ်။ တက္ကသိုလ် တစ်ခုရဲ့ ရှေ့မှာ ကျောင်းသား/ကျောင်းသူတွေနောက် တကောက်ကောက်လိုက်ပြီး တောင်းနေရတယ်။ သူတို့ အိမ်က ခိုင်းထားတဲ့ နေ့တွက်စာ မရမှာစိုးတဲ့ သူတို့ရဲ့ မျက်နှာလေးတွေကို မကြည့်ရက်နိုင်တော့ ပါလာတဲ့ အကြွေလေးတွေကို ထုတ်ပေးကြတယ်။ ကလေးအများစုမှာတော့ သူတို့ရဲ့ အကျင့်စာရိတ္တပါ ပျက်ယွင်းနေကြပါပြီ။ ပိုက်ဆံ တောင်းလို့ ပေးရင်ပေး… မပေးရင် မပေးတဲ့သူ ရန်တွေ့တော့တာ ပါပဲ။ ကျောင်းသူတွေမှာလည်း အကြွေမပါရင် ကျောင်းရှေ့ မဖြတ်ရဲ လောက်အောင် အခြေအနေ ဆိုးရွားနေတာပါ။ ကျွန်တော့ သဘောအရ ပြောရရင်တော့ တက္ကသိုလ် မောင်မယ် တို့အနေနဲ့ မိမိရဲ့ ခဏတာ စိတ်သက်သာရာ ရစေဖို့ သူတို့ရဲ့ ဘ၀တစ်ခုလုံးကို စတေးပစ် မယ့် ကိစ္စကို မလုပ်သင့်ပါဘူး။ သူတို့ကို တကယ်သနားရင် ဒီလို အလွယ်လေး ပေးလိုက်တာကို ရှောင်ကျဉ်ပြီး သူတို့ရဲ့ ဘ၀အမှန်ကို လေ့လာရမယ်။ ဘယ်လို ဖြေရှင်းနိုင်မလဲ ၀ိုင်းဝန်း အဖြေရှာ သင့်တယ်။ ကျောင်းနေအရွယ် ကလေးလေးတွေ… ဒီလို အနာဂါတ် မဲ့နေတဲ့ အဖြစ်ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂါတ် အတွက်လည်း ဘယ်လိုမှ မကောင်းတဲ့ လက္ခဏာပါ။ ပထမတော့ သူတောင်းစား လေးတွေ… နောက် သူတို့တွေ တူတူရာစုပြီး သူတောင်းစား လေးတွေ ထပ်မွေးမယ် … တောင်းလို့ ရရင်ရ… မရရင်… အုပ်စုဖွဲ့ လုမယ်၊ ဓါးပြတိုက်မယ်… ဒီလိုတွေ ဖြစ်မလာအောင် ဒါတွေကို ဘယ်လို ဖြေရှင်းကြမလဲ။ ဘယ်လို ဖြေရှင်းရမလဲ… ၀ိုင်းဝန်း အကြံပေးကြပါအုံးဗျာ…။
---------------------------------------------------------------------
လေးစားစွာဖြင့်
အောင်ထက်နိုင်
နည်းပညာတက္ကသိုလ်၊ရမည်းသင်း။
(09 49206078)

ရမည်းသင်းမြို့၊ နည်းပညာတက္ကသိုလ်ကျောင်းရှေ့ နေ့စဉ် မြင်နေရတဲ့
မြင်ကွင်းလေးပါ။ ၁၀နှစ်ပတ်ဝန်းကျင် လူမမယ် ကလေးလေးတွေက အဖြူအပြာ ယူနီဖောင်းနဲ့ တက္ကသိုလ်ကျောင်းသား/သူ တွေ လာပြီဆိုလျင် အပြေးအလွှားရောက်လာပြီး အင်္ကျီစကိုဆွဲလို့ ထမင်းဖိုးလေး ပေးခဲ့ပါ ဆိုပြီး တဂျီဂျီ လိုက်တောင်းနေကြတယ်။ ကျောင်းသား/သူလေးတွေကလည်း စိတ်အနှောက်အယှက် အဖြစ် မခံဘဲ ပါလာတဲ့ အကြွေလေးတွေကို ထုတ်ထုတ်ပေးတတ်စမြဲ။ ဒါ ခုမှ မြင်ရတဲ့ မြင်ကွင်း မဟုတ်ပါဘူး။ အရင်နှစ်တွေကလည်း ရှိပါတယ်။ ပထမတော့ သက်ကြီးရွယ်အိုတွေ
တောင်းတာ တွေ့ရတယ်။

အမေစုဆိုတဲ့  ဗိုလ်ချူပ်သမီး မလွတ်ခင်က သားတို့  အများကြီး မျှော်လင့် ခဲ့ ကြတယ်


အမေစုဆိုတဲ့    ဗိုလ်ချူပ်သမီး  မလွတ်ခင်က  သားတို့  အများကြီး မျှော်လင့် ခဲ့ ကြတယ်။အကျယ်ချူပ်က  လွတ်များလွတ်ရင်တော့ လားကွာ..........။

အမေစု  အကျယ်ချူပ်ကလွတ်တော့   သားတို့  
အများကြီး မျှော်လင့် ခဲ့ ကြတယ်...လွှတ်တော်ထဲများ ရောက်လို့ ကတော့ ကွာ...........။

ကိုဇာဂနာကြီးထောင်ထဲမှာနေတုန်းက  သားတို့  
အများကြီး  ဆုတောင်းပေးဖူးတယ်  လွတ်များလွတ်ရင်တော့ လားကွာ...............

ကိုမင်းကိုနိုင်တို့   ထောင်ထဲရောက်တုန်းက  သားတို့  
အများကြီး  အားခဲထားခဲ့ ဖူးတယ်  လွတ်များ လွတ်ရင်တော့ လားကွာ..............

ရခိုင်မှာ  ဘင်္ဂလီတွေ ကြီးစိုးတော့  သားတို့   
အများကြီး မျှော်လင့် ခဲ့ ဖူးတယ် အမေစုဖြေရှင်းပေးရင်တော့ လားကွာ..............

ရခိုင်တိုင်းရင်းသားတွေ ပြုတ်ပြုတ်ပြုန်းတော့   သားတို့  
အများကြီး  ကန့် ကွတ်ဖူးတယ်  အမေ စု  ဆုသွားယူတာကိုနောက်မှလုပ်လို့  မရဘူးလားဆိုတာကိုပေါ့ ကွာ................

ကချင်က  သားတို့ မြေမှာ တိုက်ပွဲသံတွေညံတော့   
အဘွားကပြောတယ်  အမေသာ  လွှတ်တော်ထဲရောက်ရင်တဲ့ ..............


မြန်မာနိင်ငံမှာ..................
လူတိုင်းနီးပါး  လေးစားအားကျတဲ့   သီတဂူ ဆရာတော်ဘုရားကြီး အစရှိတဲ့  ကြည်ညိုဖွယ်သူတွေရှိတယ်................

ပြည်သူအများရဲ့ ထောက်ခံမဲရထားတဲ့  ပြည်သူအချစ်တော် အမေစုဆိုတဲ့  ငြိမ်းချမ်းရေးနိုဘယ်ဆုပိုင်ရှင်ရှိတယ်................

ဘယ်မီဒီယာကမှ မထောက်ပြ ၊မဖွနိုင်တဲ့ 
ရိုးသားတဲ့  သမ္မတကြီးရှိတယ်

တက်ကြွပါတယ် ၊လူ့ အခွင့် အရေးထိခိုင်ရင် ပြည်သူကိုယ်စားဆိုတဲ့   
၈၈ ကိုယ်စားပြုအဖွဲ့ အစည်းတွေရှိတယ်..............

စစ်ကိုမုန်းတာ  စစ်သားတွေပါဆိုတဲ့ 
အွန်လိုင်းမှာ  Status အများဆုံး တင်တဲ့  ငြိမ်းချမ်းရေး   မြန်မာ့ တပ်မတော်စစ်သားတွေရှိတယ်...

ကချင်ပြည်သူတွေကောင်းစားဖို့ ပါဆိုပြီးပြောတဲ့ 
ဗိုလ်ချူပ်ဂွမ်းမော်အစရှိတဲ့  ခေါင်းဆောင်တွေရှိတယ်..................

အမေစုလည်းလွတ်တာကြာပါပြီ
၈၈နဲ့  ကိုသူရတို့ လည်းလွတ်တာကြာပါပြီ

တကယ်လို့ ပေါ့ 
လွှတ်တော်ထဲမှာ  သား လွှတ်တော်အမတ်ဖြစ်ခဲ့ ရင်
  စစ်ကြီးဘယ်တော့ အဆုံးသတ်မှာလဲ မမေးချင်ဘူး
ဘယ်လိုဖြေရှင်းကျမလဲ ဆိုတာလည်း  မဆွေးနွေးချင်ဘူး.............
A4 လေးတရွက်ထုတ်ပြီးတော့ လည်း  စစ်ကြီးရပ်ပါလို့  မပြောချင်ဘူး...................

နိုင်ငံခေါင်းဆောင်တွေက
သားတို့  လူငယ်တွေကို   ပညာတက်ကြီး မဖြစ်စေချင်ကြာဘူးလားဆိုတာကိုပဲမေးချင်တယ်
ကိုမင်းခိုက်စိုးစံရေးသလိုပေါ့ 

စစ်ကြီးပြီးရင်တော့  ကျနော်ကျောင်းတက်ချင်ပါတယ်ဗျာ

(ပုံရိပ်စစ်)
အမေစုဆိုတဲ့  ဗိုလ်ချူပ်သမီး မလွတ်ခင်က သားတို့  အများကြီး မျှော်လင့် ခဲ့ ကြတယ်။အကျယ်ချူပ်က လွတ်များလွတ်ရင်တော့ လားကွာ..........။

အမေစု အကျယ်ချူပ်ကလွတ်တော့  သားတို့ 
အများကြီး မျှော်လင့် ခဲ့ ကြတယ်...လွှတ်တော်ထဲများ ရောက်လို့ ကတော့ ကွာ...........။

Tuesday, 1 January 2013

အငိုဒုက္ခ တိုင်းပြည်



လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။

မသင်မနေရပညာရေးစနစ်၏ ဆိုးရွားချက်



၁။ အစိုးရကပြဋ္ဌာန်းလို့ ပေါ်လာရတဲ့ကျောင်းတွေမှာ မသင်မနေရ ပညာရေးနဲ့ မတက်မနေရစနစ်တွေကို အကောင်အထည်ဖော်ပါတော့တယ်။ ဒီကျောင်းတွေမှာ သင်ကြားမှုပုံစံတွေကလည်း တစ်မျိုးတစ်စားတည်း၊ သင်နည်းတွေကလည်း တစ်ပုံစံတည်း၊ သင်နေတာတွေကလည်း တစ်မျိုးတည်းဆိုသလိုဖြစ်နေတယ်။ ကျောင်းကိုလာတဲ့ကလေးတိုင်း မတူညီဘူး။ ဒါကို ဆရာတွေ သဘောမှပေါက်ပါစ။ မတူတာတွေကို ခွဲခြားပြီး ကွဲပြားအောင် သင်မယ်ဆိုတဲ့အစား၊ အားလုံးဟာ တစ်မျိုးတစ်စားတည်းလိုသဘောထားပြီး၊ တစ်တန်းတည်း သင်၊ တစ်မျိုးတည်းနဲ့ ပိုင်းဖြတ်နေတာက စမှားတော့တာပဲ။
၂။ အစိုးရကျောင်းတွေမှာ ဆရာတွေက ပေါတဲ့နေရာပေါ၊ ရှားတဲ့နေရာ မရှိသလောက်ဖြစ်နေတယ်။ ရေများရာ မိုးရွာနေသလိုဖြစ်နေသေးတယ်။

အင်ဂျင်နီယာ ကျောင်းသားဟောင်းကြီးများ အမိ RIT ကျောင်းတော်ကြီးတွင် ပြန်လည်တွေ့ဆုံ


RIT ss အင်ဂျင်နီယာ ကျောင်းသား ကျောင်းသူဟောင်း ၃၅၀၀ ၏  နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံမှုကို  အင်းစိန် ကြို့ကုန်းရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက ဆရာကန်တော့ပွဲနှင့်   ကျောင်းသား ကျောင်းသူများ တွေ့ဆုံပွဲကို ကျင်းပခဲ့ကြပါသည်။
၁၉၆၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ယခင် အာအိုင်တီဟု လူသိများသော ရန်ကုန် စက်မှု တက္ကသိုလ် အဆက်ဆက်တွင် ပညာ သင်ကြား ခဲ့ကြသော အင်ဂျင်နီယာ ဘာသာရပ် အားလုံးနှင့် ဗိသုကာ ကျောင်းသား ကျောင်းသူဟောင်းများ၏ ဆရာပူဇော်ပွဲနှင့် တွေ့ဆုံပွဲကျင်းပ ခဲ့ခြင်းဖြစ်ပြီး ယခင်က ပြင်ပနေရာအသီးသီးတွင် ကျင်းပခဲ့ရာမှ ယခုနှစ်တွင် ကြို့ကုန်း နည်းပညာ တက္ကသိုလ်ကျောင်း၌ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပါသည်။

ဦးနှောက်ယိုစီးမှုနှင့် ပညာရေးမိုးခေါင်မှု


ကျွန်တော် ဉာဏ်မီသလောက် ပြောရမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဦးနှောက် ယိုစီးမှု ပြဿနာနဲ့ ပညာရေး မိုးခေါင်မှု ပြဿနာကို ရင်ဆိုင်နေရတာ ဒီနေ့အထိတိုင်ပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ လူသား အရင်းအမြစ်ပြဿနာ၊ အထူးသဖြင့် ပညာတတ်ရှားပါးမှု ပြဿနာဟာ ယခုကျွန်တော်တို့တည်ဆောက်နေ ကြတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးအတွက် တကယ့်ကို ခေါင်းခဲစရာ ပါပဲ။

အားလုံး သိကြတဲ့ အတိုင်းပဲ ကျွန်တော်တို့ရဲ့ နိုင်ငံတော် သမ္မတကြီးက ပြည်ပရောက်နေကြတဲ့ မြန်မာနိုင်ငံသား ပညာရှင်တွေကို ပြန်လည်ဖိတ်ခေါ်၊ ပြည်ဝင်ခွင့် ပေးတာတွေကို လုပ်ဆောင်နေပါတယ်။