
၁၂ တန်းပညာရေးပြုလုပ်နိုင်ဖို့အတွက် လက်ရှိအချိန်မှာ ပြင်ဆင်နေတာတွေ လက်ရှိအချိန်မှာ ပြင်ဆင်နေတာတွေ ရှိနေပါတယ်။ ဒါပေမဲ့ လက်ရှိပညာရေးစနစ်ကို အရင်ဦးဆုံး ပြောင်းလဲပြီးမှသာ ပြုလုပ်ရင် ပိုကောင်းနိုင်လိမ့်မယ်လို့ ပညာရေးကဏ္ဍမှ ပညာရှင်တချို့ရဲ့ သုံးသပ်ချက်အရ သိရှိရပါတယ်။
'ပညာရေးစနစ်ပြောင်းပြီးမှ ၁၂ တန်းလုပ်ရင် ကောင်းတယ်၊ စာမေးပွဲစနစ်တို့၊ နည်းစနစ်တို့ ပြောင်းပြီးမှ ၁၂ တန်းစနစ်ကို ပြောင်းသင့်တယ်၊ စနစ်မပြောင်းဘဲနဲ့ လက်ရှိစနစ်အတိုင်း လုပ်သွားမယ်ဆိုရင် ကျောင်းသားတွေ ကျူရှင်တတ်တဲ့အခါမှာ ကျူရှင်ခက နောက်ထပ် နှစ်နှစ်စာပိုပေးရမယ့်သဘော ဖြစ်နေတယ်' လို့ အင်န်အယ်ဒီ ပညာရေးကွန်ရက်မှ ပညာရေးအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာသိန်းလွင်က ပြောပါတယ်။
လက်ရှိကျင့်သုံးနေတဲ့ ပညာရေးစနစ်ရဲ့ အနေအထားက အလွတ်ကျက်၊ အလွတ်ဖြေသဘောမျိုး ဖြစ်နေပြီး ကျောင်းသားတွေအတွက် ပြန်လည်အသုံးချလို့ရတာမျိုး မဟုတ်ဘူးလို့ ဒေါက်တာသိန်းလွင် ကဆိုပါတယ်။
စနစ်မပြောင်းဘဲနဲ့ လက်ရှိပညာရေးစနစ်အတိုင်း လုပ်သွားမယ်ဆိုရင် ကျောင်းသားတွေ ကျူရှင်တက်တဲ့အခါမှာ ကျူရှင်ခက နောက်ထပ် နှစ်နှစ်စာပိုပေးရမယ့် သဘောသာ ဖြစ်နေပြီး မိဘ တွေအတွက်လည်း ငွေကြေးအခက်အခဲရှိလာနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် သက်တမ်းတိုးလိုက်ပေမဲ့ ကျက်မေး၊ ကျက်ဖြေစနစ် ဆက်ရှိနေမယ်ဆိုရင်တော့ ကျောင်း သားတွေအတွက် အချိန်ကုန်ပြီး အကျိုးမရှိတာတွေ ဖြစ်နေမယ့်အတွက် ပညာရေးစနစ် ပြောင်းပြီးမှ သာ ၁၂ တန်းပညာရေးစနစ်ကို ပြောင်းသင့်တယ်လို့ ဒေါက်တာသိန်းလွင်က ဆက်လက်ပြောပါတယ်။
သဘောထားအမြင်
၁၂ တန်းလုပ်တဲ့ အဓိကရည်ရွယ်ချက်က ကျောင်းသားတွေအရွယ်ရောက်တဲ့အထိ အခြေခံပညာကို ဆုံးအောင် သင်ဖို့ပဲဖြစ်ပါတယ်။ တက္ကသိုလ်ရောက်တဲ့အခါ တခြားဒေသ၊ တခြားမြို့တွေကိုသွားပြီး သင်ကြရတာတွေ ရှိလာနိုင်တဲ့အတွက် အဲသည်အချိန်အခါမှာ အရွယ်ရောက်နေပြီ ဖြစ်တာကြောင့် မိဘတွေရဲ့ စိတ်ချခြင်းကိုလည်း ခံရမှာဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့လည်း အရွယ်ရောက် လာတဲ့အတွက် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းရှိသွားမယ်လို့ သိရပါတယ်။
သင်ရိုးညွှန်းတမ်းလုပ်မယ်ဆိုရင်
'သင်ရိုးညွှန်းတမ်း လုပ်မယ်ဆိုရင်တော့ အခြေခံပညာမှာ အခြေခံကျောင်းသားတွေ သိသင့်သိထိုက် တွေအားလုံးပါဝင်သင့်တယ်' လို့ ဒဂုံတက္ကသိုလ် ဆရာတစ်ဦးရဲ့ သုံးသပ်ချက်အရ သိရပါတယ်။
အခြေခံကျောင်းသားတွေ သိသင့်သထိုက်တဲ့ အရာတွေကတော့ သိပ္ပံဘာသာရပ်တွေ၊ သင်္ချာအတွက် အချက်နဲ့ အတွေးအခေါ်ပိုင်းတွေ၊ ဘာသာစကားတွေအပြင် တခြားဗဟုသုတရှိမယ့်၊ စဉ်းစားဉာဏ်ရင့် သန်စေမယ့် အရာမျိုးတွေ ပါဝင်သင့်တယ်လို့ သိရပါတယ်။ သင်ရိုးညွှန်းတမ်းမှာ အချက်အလက်တွေ တင် မကဘဲကျောင်းသားတွေရဲ့ အတွေးအခေါ်ပိုင်းကို မြင့်မားစေတဲ့ စွမ်းရည်မျိုးကု ပေးတာမျိုးအပြင် ကျောင်းသားတွေရဲ့ စာရိတ္တဆိုင်ရာ မြင့်မားမှုကိုပါ ဖြေရှင်းနိုင်တဲ့ သင်ရိုးညွှန်းတမ်းမျိုး ဖြစ်သင့်တယ်လို့ သိရပါတယ်။
'ပြဿနာတွေဖြစ်လာရင်လဲ ဖြေရှင်းနိုင်တဲ့ စွမ်းရည်တို့၊ လေ့လာနိုင်တဲ့ စွမ်းရည်တို့ အဲဒီလိုစွမ်းရည်မျိုး ကိုပေးတဲ့ သင်ရိုးညွှန်းတမ်းမျိုး ဖြစ်သင့်ပါတယ်၊ နောက်ထပ်တစ်ခုက ကျောင်းသားတွေက ကျောင်း တက်နေရင်းနဲ့ စဉ်းစားတွေးခေါ်မှု မြင့်မားလာစေမယ့် ပညာမျိုး ဖြစ်သင့်တယ်' လို့ အင်န်အယ်လ်ဒီ ပညာရေးကွန်ရက်မှ အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာသိန်းလွင်က ဆိုပါတယ်။
ပညာရေးရည်မှန်းချက်ဆိုတာ
ပညာရေးရည်မှန်းချက်ဆိုတာ ပညာသင်နေရင်းနဲ့ အသိဉာဏ်မြင့်မားဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ပညာသင်စနစ်နဲ့ လိုက်ဖက်ညီအောင် ရေးဆွဲတဲ့ သင်ရိုးညွှန်းတမ်းကအစ အသိဉာဏ်မြင့်မားစေဖို့ အတွက် ရေးဆွဲတဲ့ သင်ရိုးညွှန်းတမ်းတွေ ဖြစ်သင့်တယ်လို့ သိရပါတယ်။
နိုင်ငံတကာတက္ကသိုလ် ဝင်ခွင့်ရဖို့
'၁၂ တန်းပညာရေးစနစ်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို သေသေချာချာ စိစစ်ပြီးမှ အကောင် အထည်ဖော်စေချင်ပါတယ်၊ နိုင်ငံတကာ တက္ကသိုလ်တွေကို ဝင်ခွင့်ရဖို့ တစ်ခုတည်းနဲ့တော့ ဒီအတန်း ၁၂ တန်းပြည့်အောင် တစ်တန်းထပ်တိုးတာမျိုး မလုပ်သင့်ဘူး၊ နိုင်ငံတော်က သုံးရမယ့် ကုန်ကျစရိတ် နဲ့ အကျိုးရလဒ်တွေကိုပါ သေချာချင့်ချိန်နိုင်ဖို့ လိုပါတယ်' လို့ Crown Education မှ ပညာရေး အတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက သူ့အမြင်ကို ပြောပြပေးပါတယ်။
Written by ဝင့်သူမော်
ကုမုဒြာ သတင်းဂျာနယ်
၁၉၊ ဇန်နဝါရီလ၊ ၂ဝ၁၃
No comments:
Post a Comment