Sunday, 31 March 2013
အမေ့ခံပန်းကလေးများ
Friday, 29 March 2013
မူလတန်း ဆရာဆရာမ တစ်သောင်း တိုးမြှင့် ခန့်အပ်မည်

သင်ကြားရေး ဆရာ၊ ဆရာမအင်အား လိုအပ်ချက်ရှိနေသည့် အခြေခံပညာ ရေးကဏ္ဍအတွက် လာမည့်ပညာ သင်နှစ်အမီ မူလတန်းပြ ဆရာ၊ ဆရာမ အင်အား တစ်သောင်းတိုးမြှင့်ခန့်ထားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက မတ်လ ၁၉ ရက်နေ့တွင် ပြောကြားသည်။
Thursday, 28 March 2013
တခါတုန်းက မြန်မာပြည်မှာ(၃)
အချိန်ကား
၁၉၉၄ ခုနှစ်၊ ဗိုလ်ချုပ်ခင်ညွန့်မှ စီနီယာဗိုလ်ချုပ်ကြီးများထံမှ အာဏာမသိမ်းခင်၊။ တနေ့လုံး
စာသင်ပြီးနောက် ညနေခင်း၌ အေးအေးဆေးဆေးအနားယူနေစဉ် ၈၈-ပြည်သူ့ အရေးတော်ပုံ ကာလ အတွင်း
ရန်ကင်း မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းတစ်ကျောင်းမှ ကျောင်းသားသမဂ္ဂဥက္ကဌလုပ်ခဲ့သူ
တပည့်ဟောင်းတစ်ဦးရောက်လာပါသည်။
Wednesday, 27 March 2013
မူလတန်းပညာမပြီးဆုံးဘဲ စာသင်ခန်း ကျောခိုင်းသူဦးရေ နှစ်စဉ် ၁ဝ သိန်းခန့်ရှိနေ
မူလတန်းပညာ
မပြီးဆုံးဘဲ အကြောင်းအမျိုး မျိုးကြောင့် ကျောခိုင်း ထွက်ခွာသွားသူ
နှစ်စဉ် ၁ဝသိန်းခန့် ရှိနေ၍ နိုင်ငံတော် အဆင့်အနေဖြင့် တိုက်ရိုက်ကိုင်
တွယ်သွားရန် ပညာရေး ကျွမ်းကျင် သူတို့က တိုက်တွန်းမှုပြု လုပ်လိုက်သည်။
ပညာရေး ကျွမ်းကျင်သူတို့၏ လေ့လာတွေ့ရှိမှု တို့အရ ထိုသို့ တိုက်တွန်းလိုက်
ခြင်းဖြစ်ပြီး ပညာရေး ဝန်ကြီးဌာန အပါအဝင် အဖွဲ့အစည်းတို့၏
ယခုဆောင်ရွက်နေသော ကျောင်းပြင်ပ မူလတန်း ပညာရေးဖြင့် ကုစားနေမှု အပြင်
အရှိန်တိုး မြင့်သွားခြင်းနှင့် သက်မွေးဆိုင်ရာ ပညာရပ်များကို သင်ကြားပေး
သွားသင့်ကြောင်း နိုင်ငံအဆင့် ပညာရေးအကြံပေး ဒေါ်အေးအေးသင်း ကပြောသည်။Tuesday, 26 March 2013
တခါတုန်းက မြန်မာပြည်မှာ(၂)
အချိန်သည်ကား ၁၉၉၆ ခုနှစ်၊ ကျွန်တော်နေထိုင်ရာ ရန်ကင်းမြို့နယ်အတွင်း၌ တချိန်က သွားလေသူ ခေါင်းဆောင်ကြီး ဗိုလ်နေ၀င်း၏ ကိုယ်ရံတော် တပ်ဖြစ်သည့် ဗမာ့သေနတ်ကိုင် တပ်ရင်း(၄) ရှိပါတယ်။မြန်မာ့ တပ်မတော်၏ ထုံးစံအတိုင်း အရာရှိ အဆင့်များက သူဌေးများဖြစ်ပြီး အခြားအဆင့်များမှာ ကြက်ခြံ၊ ၀က်ခြံ၊ ငါးမွေးကန် များပြုလုပ် ၍မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးကြရပါတယ်။
Sunday, 24 March 2013
တခါတုန်းက မြန်မာပြည်မှာ(၁)
ကျွန်တော်တရားဝင်စာသင်ခွင့်နဲ့
စာသင်တာ ၁၉၉၂ ခုနှစ်က နောက်ဆုံးပဲ။ စာသင်ခွင့်တောင်းဘီဆိုတာနဲ့ ပညာရေးဌာနကပြဿနာမရှိပေမယ့်
ကျွန်တော့်အိမ်ကို ဧည့်သည်တော်အပေါင်း ကြွမြန်းလာတော့ တာဘဲ။ ထောက်လှမ်းရေးက၊ စသုံးလုံးက၊
ရဲ(နိုင်ငံရေး)က၊ ထောက်လှမ်းရေးကလည်း နံပါတ်အမျိုးမျိုးနဲ့ဗျ။ လာတာနဲ့ စည်းကမ်းချက်တွေ
တရစပ်ပြောတော့တယ်။
Friday, 22 March 2013
သားကိုကျောင်းထားခြင်း

ကျွန်တော်တို့ရွာက မိန်းကလေးတစ်ယောက် ဆယ်တန်းမှာ (၆) ဘာသာဂုဏ်ထူးနဲ့ အောင်ပါတယ်။ ဆင်းရဲတဲ့ (၆) ဘာသာဂုဏ်ထူးရတဲ့ မိန်းကလေး ဘယ်လိုင်းကို လိုက်သင့်သလဲ။ ဆရာဝန်လိုင်းကို လိုက်သင့်တယ်လို့ ကျောင်းအုပ်ဆရာမကြီးကရော၊ ဆရာ၊ ဆရာမများနဲ့ ရွာသူရွာသားတွေကပါ ပြော ကြတယ်။
ပညာဒါနအဖွဲ့ (စင်ကာပူ)
● HISTORY
ပညာဒါနအဖွဲ့ ပင်နီဆူးလား သင်တန်းများကို (၂၀၁၀) ခုနှစ် ဇူလိုင်လ (၁)
ရက်နေ့တွင် သင်တန်း (၁၀) ခုဖြင့် စတင်ခဲ့ကြပါသည်။ ဦးဆောင် သူ (၁၀) ဦး၏
တူညီသောအမြင်မှာ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား
ဘာသာစကားနှင့် ပညာရပ်ဆိုင်ရာများ လိုအပ်နေသည်ကို ဖြည့်ဆည်းပေးရန်
ဖြစ်ပါသည်။
Monday, 18 March 2013
ကျောင်းပြန်တက်ချင်လိုက်တာ.....
ကျောင်းကိုလည်းအခေါက်ခေါက်ရောက်
စစ်ပွဲတွေကြား ပညာရေးခါးပြတ်တဲ့ ကချင်လူငယ်များ
ယခုဆိုရင် မြန်မာနိုင်ငံတဝန်း ၂၀၁၂-၁၃ ပညာသင်နှစ်ရဲ့ ဆယ်တန်း
စာမေးပွဲတွေ ဖြေဆိုနေပြီဖြစ်ပေမယ့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)
ထိန်းချုပ်နယ်မြေ အောက်မှာ ရှိတဲ့ မိုင်ဂျာယန်၊ လိုင်ဇာနဲ့ အဂွမ်လ စတဲ့
အထက်တန်းကျောင်း ၃ ခုက ဆယ်တန်း ကျောင်းသူကျောင်းသား တွေကတော့ ၂၀၁၁ ခုနှစ်
KIO နဲ့ အစိုးရစစ်တပ်တွေ တိုက်ပွဲ ပြန်ဖြစ်ပြီးကတည်းက အစိုးရ အသိမှတ်ပြု
ကျောင်းတွေမှာ ဖြေဆိုဖို့ အခြေအနေ မပေးတော့ပါဘူး။
Sunday, 17 March 2013
ပဟေဠိလူသား ဆရာလေးကိုစံခင်

ငပိဖုတ် အမျှင်တန်း
ဒီမနက်
ငပိမီးဖုတ်တစ်ထုပ်
စားပွဲပေါ်ရောက်လာတယ်။
ဘယ်သူတင်သွားလဲမသိ
ဆရာလေးထမင်းချိုင့်ထဲမှာ
မျှစ်ပြုတ်နဲ့ ဆားထုတ်ကို
သူတို့လည်း မကြည့်ရက်ဖူးထင်တယ်။
မုန့်စားလွှတ်ချိန် မုန့်မစားနိုင်တဲ့ကလေးတွေ
ထမင်းစားလွှတ်ချိန် ထမင်းမစားနိုင်တဲ့ ကလေးတွက
ဆရာလေးကို ငပိတစ်ထုပ် ပေးခဲ့တယ်။
ဟင်္သာတ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး၏ လက်အောက်ဝန်ထမ်းမျာကို မတရားဖိနှိပ်ခိုင်းစေမှု

ဟင်္သာတ ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းဇော်၏
လက်အောက် ဝန်ထမ်းများအားလုံးကို မတရားဖိနှိပ် ခိုင်းစေမှုကို အထက်လူကြီးများ
သိစေရန်နှင့် မှန်မှန်ကန်ကန် လာစစ်တဲ့အဖွဲ့ကို လွှတ်ပေးပါ။
ကိုယ်ကျောင်း သိက္ခာ ကျမှာစိုးလို့ မတိုင်ချင်သော်လည်း ဒေါ်ဝင်းဝင်းဇော်သည်
ဆရာ။ ဆရာမ များနှင့် ဝန်ထမ်းများအပေါ် အမြင်မကြည် လင်ရင်တစ်မျိုး ဆက်ဆံတယ်။
နိမ့်ချ ပြောဆို ဆက်ဆံ တယ်။ ရိုင်းပြစွာ လူလယ်ခေါင်မှာပြောဆိုဆက်ဆံတယ်။

ဟင်္သာတ ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းဇော်၏ လက်အောက် ဝန်ထမ်းများအားလုံးကို မတရားဖိနှိပ် ခိုင်းစေမှုကို အထက်လူကြီးများ သိစေရန်နှင့် မှန်မှန်ကန်ကန် လာစစ်တဲ့အဖွဲ့ကို လွှတ်ပေးပါ။
ကိုယ်ကျောင်း သိက္ခာ ကျမှာစိုးလို့ မတိုင်ချင်သော်လည်း ဒေါ်ဝင်းဝင်းဇော်သည် ဆရာ။ ဆရာမ များနှင့် ဝန်ထမ်းများအပေါ် အမြင်မကြည် လင်ရင်တစ်မျိုး ဆက်ဆံတယ်။ နိမ့်ချ ပြောဆို ဆက်ဆံ တယ်။ ရိုင်းပြစွာ လူလယ်ခေါင်မှာပြောဆိုဆက်ဆံတယ်။
Saturday, 16 March 2013
ပုဏ္ဍားကျွန်းမြို့ အထက်တန်းကျောင်း ဆယ်တန်းစာမေးပွဲ အတွင်း မီးလောင်
ပုဏ္ဍားကျွန်းမြို့ အထက်ကျောင်းတွင် ယနေ့ နံနက်က မီးလောင်မှု ဖြစ်ပွား ခဲ့သည်ဟု သတင်း ရရှိသည်။
မီးမှာ ယနေ့ နံနက် အစောပိုင်း ညဥ့် ၂ နာရီခွဲခန့်တွင် စတင် လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင်မူကြောင့် စာသင်ခန်း ၃ ခန်း ပျက်စီး သွားခဲ့သည်ဟု ဆိုသည်။
မီးလောင်မှု ဖြစ်ပွားပုံနှင့် ပတ်သတ် ပြီး ပုဏ္ဍားကျွန်းမြို့ စံပြကွက်ရပ်တွင် နေထိုင်သူ တစ်ဦးက ယခုကဲ့သို့ ပြောသည်။
Tuesday, 12 March 2013
Monday, 11 March 2013
အရာရာ နောက်ကျနေခဲ့ရခြင်းရဲ့ အကြောင်းတရား တစ်ခု ....
မြန်မာပြည်ရဲ့
ပညာရေး စနစ်နဲ့ အခြားတိုးတတ်တဲ့ နိုင်ငံက ပညာရေး စနစ် ၂ ခုလုံးမှာ
ကိုယ်တိုင် ပါဝင်ခဲ့သူအနေနဲ့ ... ပညာရေး သင်ကြားခံရမှုမှာ
ကြုံတွေ့ရသမျှတွေအကြောင်း ပြောပြလိုပါတယ်။
Saturday, 9 March 2013
ပြည်မြို့မှ အခြေအနေမဲ့ကလေးများ ပြင်ပမူလတန်းပညာရေး သင်ယူခွင့်ပြု
အခြေအနေမဲ့ တောင်းရမ်းစားသောက်နေသော
ပြည်မြို့ရှိ ကလေးသူငယ်များအား ကျောင်းပြင်ပမူလတန်းပညာရေး
တက်ရောက်ခွင့်သက်ဆိုင်ရာ က ခွင့်ပြုပေးလိုက်ပြီ ဟု ပြည်မြို့
ကရုဏာလက်များကွန်ရက်ဥက္ကဋ္ဌ ဦးမြင့်အေးက ပြောသည်။
ပညာရေးနှင့် လွတ်လပ်စွာတွေးခေါ်ခွင့်
ပညာရေးပြုပြင်ပြောင်းလဲရေး ကဏ္ဍနှင့် ပတ်သက်ပြီး ပညာရေးလွတ်လပ်ခွင့်နှင့်
စီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များကို အောက်တိုဘာလ ၆၊ ၇ ရက်နေ့များတွင်
အင်းစိန်မြို့နယ်၊ ခရစ်ယာန် ဓမ္မတက္ကသိုလ် တွင် မြန်မာ့ပညာရေးနယ်ပယ်အသီးသီးမှ
ပညာရှင်များ၊ စိတ်ပါဝင်စားသူများစွာ ဘပါဝင်သည့် ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့သည်ကို သတင်းများအရသိရပါသည်။
Friday, 8 March 2013
ဝမ်းဆက်တစုံ
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ ကျောင်းဆရာအလုပ်ဟာ ၀င်ငွေကောင်းပြီး ဂုဏ်လည်းရှိတဲ့ အလုပ်ဖြစ်လို့ ဘွဲ့ရပညာတတ်တွေ မက်မောတဲ့ အလုပ်တခု ဖြစ်ပါသတဲ့။ အာဖျံကွီးတို့ မြန်မာနိုင်ငံမှာတော့ ကျောင်းဆရာ လုပ်ရတာ လခနဲ့ မလောက်ငှလို့ ကလေးတွေကို စာသင်ရင်း မုန့်ပါတွဲရောင်းလို ရောင်းရ၊ ကိုယ့်အတန်းက ကလေးတွေကိုပဲ အိမ်ခေါ်ပြီး ၀ိုင်းကျူရှင် ပြလိုပြရနဲ့ ကျောင်းဆရာ၊ ကျောင်းဆရာမတွေခမျာ နိစ္စဓူဝ ၀မ်းရေးပြေလည်ဖို့အရေး ဖတ်သီဖတ်သီနဲ့ လုံးချာလည်လိုက်နေကြရပါတယ်။
မမျှော်လင့်တဲ့ ဆရာကန်တော့ပွဲတစ်ခု
(ပြည်သူ့ခေတ်ဂျာနယ် မတ်လ ၇၊ ၂၀၁၃ ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး)
ပြီးခဲ့တဲ့အပတ်က ဘယ်လိုမှမထင်ထားတဲ့ ဆရာကန်တော့ပွဲတစ်ခုကို တက်ရောက်
အကန်တော့ခံခဲ့ရတယ်။ ကန်တော့တဲ့ ကျောင်းသား ကျောင်းသူဟောင်းတွေက
အခုနေပြောရင် အနက်ပါဖွင့်ပြရမယ့် ၁၉၇၈-၁၉၈၀ လူထုဆက်သွယ်ရေးလုပ်ငန်းပညာ Mass
Communication) သင်တန်းရဲ့ ကျောင်းသားဟောင်းတွေ ဖြစ်တယ်ဗျ။
ပညာရေးပိုမိုမြင့်မားရေး အသွင်ပြောင်း ကာလတွင် ကျောင်းပူးတွဲရန် အစီအစဉ်ရှိ
·
နယ်စပ်မှာ
ပညာရေးပိုမိုတိုးတက်လာစေဖို့အတွက် အသွင်ပြောင်းနေတဲ့ အတောအတွင်းမှာ
ကရင်နီကျောင်းနဲ့ အစိုးရကျောင်း ပူးတွဲပြီး သင်ကြားဖို့
အစီအစဉ်ရှိနေတယ်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(ကေအန်ပီပီ)
ပညာရေးဝန်ကြီး ဆရာအောင်ဆန်းမြင့်က ပြောပါတယ်။
Tuesday, 5 March 2013
နယ်စပ် တွဲဘက် အထက်တန်း ကျောင်းအုပ် ဆရာကြီး ရုံးခန်း ဖေါက်ထွင်းခံရ
မောင်ရမ္မာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တမန်းသားကျေးရွာ တွဲဘက်အထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာကြီး ရုံးခန်း မတ်လ ၂ ရက်နေ့က ဖေါက်ထွင်းခံရသည်ဟု သတင်း ရရှိသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တမန်းသားကျေးရွာ တွဲဘက်အထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာကြီး ရုံးခန်း မတ်လ ၂ ရက်နေ့က ဖေါက်ထွင်းခံရသည်ဟု သတင်း ရရှိသည်။
တက္ကသိုလ်ဆရာ/ဆရာမများက ထိုက်သင့်သည့် ခံစားခွင့်မရှိသည့်အတွက် နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုမည်
ရန်ကုန်အဝေးသင်တက္ကသိုလ်များမှ
ဆရာ/ဆရာမများ သာမန်ရုံးပိတ်ရက်များတွင် တာဝန်ထမ်းဆောင် ရသော်လည်း ထိုက်သင့်သည့် ခံစားခွင့်များ
မရရှိသည့်အပေါ် နိုင်ငံတော် သမ္မတထံ တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း တက္ကသိုလ်ဆရာများအသင်းမှ
သိရသည်။
ကျွန်တော့်ဘ၀၊ မြန်မာ့ပညာရေးနှင့် စစ်အာဏာရှင်
ကျွန်တော် ကျောင်းစတက်သည့်နှစ်သည် သာသနာပြုကျောင်း (ပုဂ္ဂလိကကျောင်း) များကို ပြည်သူပိုင် ပြု လုပ်
သည့်နှစ် (၁၉၆၅-၆၆) ဖြစ်သည်။ ကျွန်တော်တက်သည့်ကျောင်းသည် သာသနာပြုကျောင်း ဖြစ်သည့်
အတွက် ကျောင်းစတက်ချိန်၌ မူလတန်းကျောင်းသားလေးများကအစ please may I go out ဟု မပြောနိုင်လျှင်
အိမ်သာသွားခွင့်တောင် မရပါ။
Sunday, 3 March 2013
ဝန်ဆောင်မှုတွေကြား ချနင်းခံနေရတဲ့ ဆရာအချို့ရဲ့ ဂုဏ်သိက္ခာများ

ခြေထောက်ထိုးပေးလာတဲ့ ကျောင်းသားလေးရဲ့ ခြေထောက်မှာ ဘွတ်ဖိနပ်အနီရောင်လေးကို ညင်ညင်သာသာ ဝတ်ပေးလိုက်ပေမဲ့ သူမရင်ထဲမှာတော့ အမျိုးအမည်မသိရတဲ့ ဝေဒနာတစ်ရပ်ကို ခံစားနေရသလို မနေ့က ကျောင်းသားလေးတစ်ဦးက သူ့ရဲ့ထမင်းဘူးကို ခပ်ဆောင့်ဆောင့်ပေးရင်း ပြောသွားတဲ့ တီချယ်အစ်ဆားဗန့်လို့ သားရဲ့ပါပါးက ပြောတယ်ဆိုတဲ့ စကားကလည်း သူမနားထဲက မထွက်ပါဘူး
'ရင်ထဲမှာတော့ အောင့်တယ်၊ ဆရာမအနေနဲ့ လျှောက်ခဲ့တာပါ၊ အခုတော့ အောက်ခြေသိမ်း အကုန် လုပ်ပေးရတယ်' လို့ နာမည်ရ နိုင်ငံတကာကျောင်းတစ်ခုမှာ အင်္ဂလိပ်စာ မာစတာဘွဲ့ရထားသူ ဒေါ်ဟေမာန်က ပြောပါတယ်။
ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ကျောင်းသားများ၏ ရင်ဖွင့်သံ
ကျွန်ုပ်တို့ ရန်ကုန်အနာက်ပိုင်းတက္ကသိုလ် တွင် တရားဝင်မဟုတ်သော
ပါးစပ်မိန့်ချုပ်ခြယ်မှုဖြင့် စည်းကမ်းများစွာ တင်းကျပ်လျှက်ရှိနေပါသည်။
သင်ထောက်ကူ ပစ္စည်း မပြည့်စုံမှု နှင့် သွားလာရေး အဆင်မပြေမှု စသည့်
အခက်အခဲများကိုလဲ ရင်ဆိုင်နေရပါသည်။
မိခင်ဘာသာစကားနေ့ အထိမ်းအမှတ် ရခိုင်ဝေါဟာရ ပြိုင်ပွဲ တက္ကသိုလ်ကျောင်းသူ မပန်းအိဝေ ပထမဆုရ
မိခင်ဘာသာ စကားနေ့ကို ဘင်္ဂလာဒေခ်ျ့ ပန်းများဖြင့် ပုံဖေါ်လေ့ရှိသည်။
ဝံလက် ဖေါင်ဒေရှင်းက ယနေ့ကျင်းပ ပြုလုပ်သော မိခင် ဘာသာ စကားနေ့
အခမ်းအနားတွင် ရခိုင်ဘာသာ စကား ဝေါဟာရ ပြိုင်ပွဲ ပထမဆုရသူ တက္ကသိုလ်
ကျောင်းသူ မပန်းအိဝေ အပါအ၀င် ဆုရ ကျောင်းသူ ကျောင်းသား ၅ ဦးအား ဆုများ
အသီးသီး ချီးမြှင့်ခဲ့သည်ဟု သတင်း ရရှိသည်။ဆရာ့ဘဝ ဘဝဆရာ

ဘဝနှင့်ချီပြီး အရေးကြီးသော ဆရာ။ ဘဝဆရာ။ လောကနှင့်ယှဉ်ပြီး အရေးပါလှသောဆရာ။ လောက ဆရာ။ အမှုအခင်းကို ရှေ့နေအား ပုံအပ်ရာ၏။
ရောဂါဝေဒနာကို သမားတော်အား ပုံအပ်ရာ၏။
ဘဝကိုကား ဆရာသမားထံ အပ်နှံကြရာ၏။
Saturday, 2 March 2013
လက်ထောက်မြို့ နယ်ပညာရေးမှူးအား ပြည် နယ်ဝန်ကြီးချုပ်ထံ တိုင်ကြား
မူလတန်းကျောင်းသား၊သူ
(၆)ဦးကို စာမေးပွဲဖြေ ဆိုခွင့် ပိတ်ပင်လိုက် သည့်အတွက် ဒေသခံ လူထု က
ချင်းပြည် နယ်၊ မတူပီမြို့ နယ် လက်ထောက် ပညာရေးမှူးကို ၀န်ကြီး ချုပ်
ပူးဟုန်းငိုင် ထံ ဖေဖေါ် ၀ါရီလ (၂၈)ရက် နေ့ စွဲဖြင့် တိုင်ကြား ခဲ့ကြ သည်။မုံရွာမြို့ ၊ အထက (၁) အာစရိယပူဇော်ကြေးကောက်ခံခြင်း အဖြစ်အပျက်
မုံရွာမြို့ ၊ အထက (၁) ပဉ္စမတန်း (က) အတန်းပိုင်ဆရာမနှင့်
အခြားသောအတန်းပိုင်ဆရာတို့၏ အာစရိယ ပူဇော်ပွဲကျင်းပရန်
အလှုငွေကောက်ခံခြင်း အကြောင်းလေးပါ။
မြန်မာလူငယ်ကျောင်းသားများ Oxford တက္ကသိုလ်၌ လေ့လာသင်ယူခွင့်ရ မြစ်မခ
ကမ္ဘာကျော် Oxford တက္ကသိုလ်ကြီး တွင် မြန်မာနိုင်ငံမှကျောင်းသူကျောင်းသားများ သွားရောက်လေ့လာ သင်ယူခွင့်ရ ရှိတော့မည်ဖြစ်သည်။
Oxford
Summer Camp အစီအစဉ်အရ သင်ယူခွင့်ရခြင်းလည်းဖြစ်သည်။ အင်္ဂလန်ရှိ ကမ္ဘာကျော်
အောက်ဖို့တက္ကသိုလ်တွင် သင်ခန်းစာများအား လက်တွေ့ သင်ယူခြင်းအပါအ၀င်၊ Oxford
University သို့  ၀င်ခွင့်လျှောက်ထားမှုနှင့် ပတ်သက်သည့်
လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် တွေ့  ဆုံဆွေးနွေးနိုင်မည့်
Oxford Summer Camp အစီအစဉ် ကို CROWN Education မှ
စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။
သူ့ သမိုင်းနဲ့သူ
ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဟာမြန်မာ ပြည်မှာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ကို မြန်မာ နိုင်ငံ ကလေးများနေ့ အဖြစ် သတ်မှတ်ပြီး မျိုးချစ်စိတ် နိုးကြားရှင်သန်ရေးအတွက် ဟောပြောပွဲတွေ နိုင်ငံ အနှံ့ အပြားမှာ အခန်းအနားတွေ လုပ်ကြတယ်။
မြစ်ဆုံ စီမံကိန်းလုပ်ဖို့ အရွှေ့ ပြောင်း ခံရတဲ့ ရွာက ကလေးတွေ စုထားတဲ့ စာသင်ကျောင်းလေး တစ်ခုမှာတော့ ---
ဆရာမ -- ကလေးတို့ရေ ၊ ဗိုလ်ချုပ်အောင်ဆန်းက ကိုယ်ကျိုးစွန့် ၊ အသက်စွန့် ပြီး မြန်မာပြည် လွတ်လပ်ရေး ရအောင်လုပ်ခဲ့တာကွဲ့ ။
ပညာရေး အရေးကြီးသည်
နိုင်ငံများစွာ
တို့၏ ဖွံ့ဖြိုးရေးသည် ယေဘုယျအားဖြင့် သက်ဆိုင်ရာ နိုင်ငံတို့၏ နိုင်ငံရေး
တည်ငြိမ်မှု၊ စီးပွား ရေး မူဝါဒကောင်းများ၊ ခိုင်မာသော အခြေခံ အဆောက်အဦများ
အပေါ်တွင် အဓိကမူတည် ပါသည်။ ထိုအချက်တို့ အဆင်သင့် ဖြစ်နေပါလျှင် နိုင်ငံတကာ အဆင့်မီ ပညာရေးနှင့် လူတိုင်း အခြေခံ ကျန်းမာရေး စောင့်ရှောက်ခံခွင့် တို့မှာ အလိုအ လျောက် ပြေလည်သွားမည် ဖြစ်ပါသည်။ သို့သော် ထိုရေခံမြေခံ များကို တစ်ပြိုင်တည်း ဆိုသလို အချိုး ညီညီ အကောင်အထည် ဖော်သွားရမည် ဖြစ်ပါသည်။
ရောက်ရောက်ခြင်း ရိုက်ချက်ပြင်းလှတဲ့ မြ၀တီမြို့နယ်ပညာရေးမှူးအသစ် ဒေါ်လှလှမြင့်
အခုမြ၀တီမြို့နယ်၊ ပညာရေးမှူးအသစ် ဒေါ်လှလှမြင့်သည် ရောက်လာတာ တစ်လမပြည့်သေးပါဘူး။
ရိုက်ချက်တွေက ပြင်းထန်လွန်းပါတယ်။
ပထမဆုံးရောက်ရောက်ချင်း ဇန်န၀ါရီလ လကုန်ရက်အစည်းအဝေးပွဲမှာပြောသွားတဲ့စကားကတော့ ကျွန်မဒီကိုလာတာ စားဖို့လာတာ မဟုတ်ပါဘူး၊ အလုပ်လုပ်ဖို့ လာတာပါတဲ့ သိပ်မကြာပါဘူး (၁၀) လောက်အကြာမှာ မြ၀တီမြို့ပေါ်က အခြေခံပညာကျောင်းအုပ်ကြီးတွေကိုခေါ်ပြီး အစည်းအဝေးလုပ်ပါတယ်။
မြန်မာပြည်က တက္ကသိုလ် ကျောင်းသား

နိုင်ငံခြားက တက္ကသိုလ်တွေမှာ ကျောင်းတက်ခွင့်ရတဲ့ ကျောင်းသားတွေရဲ့ ဘ၀နဲ့ မြန်မာပြည်က တက္ကသိုလ် ကျောင်းသားတဦးရဲ့ ဘ၀တွေက ဘယ်လိုကွာနေသလဲ၊ ဘယ်လို ဖြတ်သန်းကြရသလဲ ဆိုတာကို လက်ရှိ တက္ကသိုလ် ပညာကို ဆည်းပူးနေတဲ့ လူငယ်လေးတွေ အတွက်မျှဝေလိုပါတယ်။
သွေးဖြင့်ဆေးသော ပြုပြင်ရေး

"ဆရာကိုချမ်းငြိမ်း အရိုက်ခံရလို့တဲ့။"
ထိုသတင်းသည် ကြံတောရွာတွင် ပျံ့နှံ့နေ၏။ ရွာသားများ တစ်ယောက်တမျိုး ဝေဖန်ရင်း သတင်းဖြန့် နေ၏။ တခဏချင်းပင် ထိုသတင်းသည် တောမီးကဲ့သို့ ကြံတောရွာ တစ်ရွာလုံး ပြန့်နှံ့သွားလေတော့ ၏။
"ဆရာ မုဒုံဆေးရုံ ရောက်နေပြီတဲ့။"
မြန်မာ့ပညာရေး နိမ့်ပါးမှုနဲ့ ပြဋ္ဌာန်းစာအုပ်များ
Subscribe to:
Posts (Atom)








