Friday, 31 August 2012
Thursday, 30 August 2012
ထိုင်းနိုင်ငံ မဲဆောက်ရှိ ပညာရေးအမည်ခံ စားဖားကြီးများ၏ ရိုက်ချက်
ထိုင်းနိုင်ငံအတွင်းရောက်ရှိလာသည့်ရွေ့ပြောင်းကလေးများ၏ အနာဂါတ်အဆင်ပြေချောမွေ့စေရေးအတွက်
ကိုယ်ထူကိုယ်ထဖွင့်လှစ်ကြသည့်ကျောင်းများ များစွာရှိပါသည်။
တစ်ဦးချင်းအလှူရှင်များ ၊ အဖွဲ့အစည်းလိုက် လာရောက်လှူဒါန်းကြသည်များအပေါ် မှီခို၍ ကျောင်းများ ရပ်တည်ကြပါသည်။
ကိုယ်ထူကိုယ်ထဖွင့်လှစ်ကြသည့်ကျောင်းများ များစွာရှိပါသည်။
တစ်ဦးချင်းအလှူရှင်များ ၊ အဖွဲ့အစည်းလိုက် လာရောက်လှူဒါန်းကြသည်များအပေါ် မှီခို၍ ကျောင်းများ ရပ်တည်ကြပါသည်။
Wednesday, 29 August 2012
Tuesday, 28 August 2012
အစဉ်အလာကျောင်းများကို အသွင်ပြောင်းခြင်း
ရှေးဟောင်းဂရိနဲ့ ရောမခေတ်တွေက အသိပညာကို ပညာရှင်တွေက ဈေးလို လူစည်ကားတဲ့ နေရာတွေမှာ ပေးကြတယ်။
ပညာရေး = ပြင်ညာရေးမဖြစ်ဖို့
ကျွန်တော်ဟာ ကျူရှင်ဆရာတစ်ယောက်ပါ။ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အစပ်မှာ ကျူရှင်ထောင်ပြီး တစ်နှစ် ဆယ်တန်းကျောင်းသား ၃၀၀ လောက် စာသင်ရပါတယ်။ ကျူရှင်စာသင်သက် ၁၅ နှစ် ရှိပါပြီ။
အဲဒီအတောအတွင်းမှာ မိမိကျောင်း အောင်ချက်ကောင်းဖို့ မိမိကျောင်းက ထွက်သွားတဲ့ ကလေးတိုင်း စာတော်ပြီး စာရိတ္တ ကောင်းဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ပါတယ်။ဆရာဝန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်.......ယောင်္ကျားကောင်းဇာနည်။စစ်သားကြီးလို ကျွန်တော်မျှော်မှန်းသည်
ဖေ့ဘုတ်ပေါ်မှာ တစ်ကျောင်းထဲကဆင်းပြီး ဆရာဝန်ဖြစ်လာကြတဲ့ ညီလေးတွေ လာလာပြီး
Tag လုပ်ကြလွန်းလို့ ဒီစာလေးကို ရေးဖြစ်ပါတယ်။စစ်တပ်က ဆရာဝန်တွေရဲ့ Quality နဲ့ပတ်သတ်ပြီး
အဝေဖန်ခံလိုက်ရလို့ ညီလေးတို့တတွေက မကျေမနပ်ဖြစ်ကြတယ်ထင်ပါ့။သူတို့ကို ပြန်ဖြေသိမ့်ပေးရ
တယ်။
အဝေဖန်ခံလိုက်ရလို့ ညီလေးတို့တတွေက မကျေမနပ်ဖြစ်ကြတယ်ထင်ပါ့။သူတို့ကို ပြန်ဖြေသိမ့်ပေးရ
တယ်။
Monday, 27 August 2012
“ခေါင်းဆောင်လေလား၊ နောက်လိုက်လား” သို့“ ဗမာ့ပညာရေးအတွင်းသရုပ်”
လိုအပ်နေတဲ့ ပညာရေးစနစ်
ပထမဦးစွာ အာစရိယ ဆရာသမား အပေါင်းကို ရိုသေစွာ ဦးခိုက်ပါတယ်။ စော်ကားလိုသော
စိတ်ကြောင့် ရေးတာမဟုတ်ပဲ ပြုပြင်ရန် စနစ်နှင့် ခေတ်အကြောင်းကို
ထောက်ပြသည့် အပြု သဘောအရ ရေးတာဖြစ်ကြောင်း ဦးစွာ ပြောကြားလိုပါသည်။ ကျနော်
ကြုံရသည့် ပညာရေး စနစ်နှစ်ခု အကြောင်းကို ယှဉ်ထိုးလိုပါသည်။ အဲဒီမှာ
ကွာဟနေသည်များကို ကျနော်တို့ ၀ိုင်းဝန်း စဉ်းစားပြီး ပြုပြင် ကြခြင်းဖြင့်
ကျနော်တို့၏ လူ့ဘောင်ကို ခေတ်မှီ တိုးတက်အောင် ပြုလုပ်နိုင်မည်။
လက်ရှိမြန်မာနိုင်ငံပညာရေးတွင်လုပ်ချင်သလိုလုပ်နေသည့်ဖြစ်ရပ်တခု
တရုပ်ပြည်က
တနှစ်ကို ကျောင်သား တသိန်းခွဲ အမေရိကန် ကို လာရောက်သင်ယူနေချိန်မှာ
မြန်မာ ကျောင်းသားတွေဟာ စစ်ကျွန်ပညာရေးစနစ်မှာ အောက်ပါအတိုင်း ဖြစ်နေရတယ်။
ကျောင်းအမည် - အ.ထ.က(၁) ဗဟန်း
ကျောင်းအုပ် - ဒေါက်တာ ဒေါ်နွယ်နီလွင်
ပညာရေးမှူး - ဒေါ်မြင့်မြင့်ကြည်
ကျောင်းအမည် - အ.ထ.က(၁) ဗဟန်း
ကျောင်းအုပ် - ဒေါက်တာ ဒေါ်နွယ်နီလွင်
ပညာရေးမှူး - ဒေါ်မြင့်မြင့်ကြည်
၂၁ ရာစုပညာရေး
- Written by တင်ညွန့်

ကိုယ်သင်ချင်တာ ကိုယ်ရွေးချယ်ခွင့်ရှိလာမယ်
၂၁ ရာစု ပညာရေးအရွေ့
သို့မဟုတ် ပါရာဒိုင်းဟာ “မဖြစ်နိုင်ဘူး” ဆိုတာတွေကို စိန်ခေါ်နေတဲ့
အနေအထားကို ရောက်လာပြီ။ လက်ရှိ လက်ခံကျင့်သုံးနေကြတဲ့ ပညာရေးဟာ ၁၉
ရာစုလောက်ကတည်းက ကျင့်သုံးလာတဲ့ ပညာရေးစနစ်ရဲ့ ဝဲဂယက်ထဲကနေ
ရုန်းထွက်နိုင်စွမ်း မရှိသေးဘူး။
အဲဒီမဖြစ်နိုင်ပါဘူးဆိုတာတွေကို ပြောနေတဲ့
ပညာရှင်ကြီးတွေရဲ့ အစွဲကိုဖြုတ်နိုင်မယ်ဆိုရင် ပညာရေးပါရာဒိုင်းဟာ
အပြောင်းအရွေ့မြန်မယ် ထင်ပါတယ်။
Scott McLeod ဆိုသူက
သူ့ ဘလော့ဂ် မှာ “Dangerously Irrelevant” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို
ရေးထားပါတယ်။ “ကြောက်မက်ဖွယ်ကောင်းသော ဆက်စပ်မှု ကင်းမဲ့ခြင်း”
လို့ပြောရမယ်ထင်ပါတယ်။ သူ ညွှန်းထားတာက လက်ရှိခေတ်စားနေတဲ့ “Mission
Imopssible” ရုပ်ရှင်ဇာတ်ကား အမည်ကိုပါ။
ပညာရေးသည် နိုင်ငံရေးဖြစ်သည်။

by Kyaw Thu Han on Friday, 15 April 2011 at 17:25
ကျွန်တော်သတင်းစာတွေ၊ ဂျာနယ်တွေမှာ မပြီးဆုံးနိုင်သေးတဲ့
စစ်ပွဲအကြောင်းတွေ၊ အသေခံဗုံးခွဲမှု သတင်းတွေ၊ AIDS ရောဂါဟာ ခုချိန်ထိ
ထိန်းချုပ်လို့မရနိုင်သေးပဲ နိုင်ငံအများအပြားမှာ ကူးစက်ပျံ့နှံ့
နေတာတွေကို ဖတ်ရှုမိရင်း လူတွေဟာ ဒီပြဿနာတွေကို အမှန်တကယ်ပဲ
မဖြေရှင်းနိုင်တော့ ဘူးလားလို့တွေးမိပါတယ်။
ဆရာစိတ်ဓါတ်ဆိုတာ
ကျမတို့မြန်မာတွေဟာ ဆရာတွေကို မိဘနဲ့တန်းတူ အနန္ဒောအနန္ဒဂိုဏ်းဝင်ကျေးဇူးရှင်လို့ သတ်မှတ်ကြပါတယ် ။
Sunday, 26 August 2012
ကံ့ကူလက်လှည့်
ကျွန်တော် တက္ကသိုလ်တွင် ဆရာတစ်ယောက်အဖြစ် အမှုထမ်းခဲ့ဖူးပါသည်။
စာသင်ကြားပို့ချမှုတွင်လည်း အပြောအဟော အသင်အကြားကောင်းသည်ဟု အတန်အသင့်
နာမည်ရခဲ့ပါသည်။ တက္ကသိုလ်မရောက်သေးမီကလည်း တောင်တွင်းကြီးမြို့၊
မိုးထိအလယ်တန်းကျောင်းတွင် အလယ်တန်းပြဆရာအဖြစ် နှစ်နှစ်၊ သုံးနှစ်ခန့်
အမှုထမ်းခဲ့ဖူးပါသေးသည်။ ထိုစဉ်ကလည်း သင်ကြားမှုနှင့် ပတ်သက်၍ အတန်အသင့်
နာမည်ရခဲ့သည်ပင်ဖြစ်ပါသည်။
မြစ်ကြီးနားတက္ကသိုလ်မှာ အဓမ္မ လုပ်အားပေးခိုင်းစေ
မြစ်ကြီးနားတက္ကသိုလ်မှာ အဓမ္မ လုပ်အားပေးခိုင်းစေ
ကချင်ပြည်နယ်၊ မြစ်ကြီးနား တက္ကသိုလ်က ဆရာ ဆရာမတွေ၊ ကျောင်းသူ
ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ သောကြာနေ့တိုင်း အဓမ္မ လုပ်အားပေး
ခိုင်းစေခံနေရတယ်လို့ သိရပါတယ်။
ကိုရီးယား ရေကြောင်းပညာ တက္ကသိုလ်နှင့် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၏ ဘွဲ့သင်တန်း သစ်များလာမည့် ပညာသင်နှစ်တွင် ပူးပေါင်း ဖွင့်လှစ် ရန်ရှိ
မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ချာလီသန်းရဲ့ ပြောကြားချက် အရ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်ဟာ
ကိုရီးယား ရေကြောင်း ပညာတက္ကသိုလ်နဲ့ ပူးပေါင်းပြီး ဘွဲ့သင်တန်း ပေးအပ်မယ့် သင်တန်း တွေကို လာမယ့် ပညာသင်နှစ်က စတင်ကာ ပူးပေါင်း ဖွင့်လှစ်နိုင်ဖို့ စီစဉ် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။
နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့်သိပ္ပံများ၏ ပညာရေးစနစ်များ ကို လာမည့် ပညာသင်နှစ်မှ စတင်၍ ပြောင်းလဲမည်

ယခုနှစ် တက္ကသိုလ်ဝင်တန်းအား ရမှတ်
၄၅၀ နှင့်အထက်ရရှိ အောင်မြင်သူ များမှာ ရန်ကုန်နှင့် မန္တလေး နည်းပညာ
တက္ကသိုလ်များ၌ ဖွင့်လှစ်မည့် B.E နှင့် B.Arch ဘွဲ့သင်တန်းများအား
တိုက်ရိုက်လျှောက်ထား နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ကျောင်းသားဦးရေ ၂၅၀
ဦးစီကို လက်ခံသင်ကြားပေးသွားမည် ဖြစ်ပြီး Bio. Technology ၀ါသနာပါသူ
များအတွက် လေးနှစ်ဆက်တိုက် သင်ယူစေကာ အောင်မြင်သူများအား B.S.(Bio.Tech)
ဘွဲ့ကို ပေးအပ်ချီး မြှင့်သွားမည်ဖြစ်သည်။
ပညာသင်ယူခြင်းနည်းလမ်းနှစ်သွယ်
လူတဦးတယောက်ရဲ့ အတွေးအခေါ်နဲ့ ပညာသင်ယူနိုင်မှု အရည်အချင်းတွေကို
လေ့လာဆန်းစစ်တဲ့ အခါမှာ သက်ဆိုင်သူ အသုံးပြုတဲ့ ပညာသင်ယူခြင်း နည်းလမ်းကို
ကြည့်ရှုအကဲဖြတ်နိုင်တယ်လို့ ပညာသင်ကြားရေးနဲ့သင်ယူရေး သုတေသန နယ်ပယ်က
ပညာရှင်တွေက အဆိုပြုထားခဲ့ကြပါတယ်။ ပညာရပ်တခုကို လေ့လာသင်ယူတဲ့အခါမှာ
လူတယောက်ဟာ ဒီပညာရပ်ကို အပေါ်ယံ လေ့လာသင်ယူခြင်း နည်းလမ်း (Surface approach
to learning) ကို အသုံးပြုသလား၊ နက်ရှိုင်းစွာ လေ့လာသင်ယူခြင်း နည်းလမ်း
(Deep approach to learning)
ပညာခေတ်အတွက် အင်တာနက်
"တစ်ဦးချင်းဝင်ငွေမြင့်မားလှသော
တောင်ကိုရီးယားလိုနိုင်ငံတွင်ပင် ဒေါ်လာ နှစ်ဆယ်သုံးဆယ်ခန့်
လစဉ်ပေးရုံဖြင့် ကနဦးတပ်ဆင်ခပင် တစ်စုံတစ်ရာပေးစရာမလိုဘဲ
တစ်လလုံးအင်တာနက်စိတ်ကြိုက်သုံးနိုင်လေသည်။"
မေတ္တာသည်သာ ခွန်အား
ဗယ်တီမိုးမှ ကျောင်းသားများ
တစ်ခါက ကောလိပ်မှ ပါမောက္ခတစ်ဦးသည် အမေရိကန်နိုင်ငံ၊ ဗယ်တီမိုး ပျံကျရပ်ကွက်က လူငယ်(၂၀၀) ၏ ကိုယ်ရေးရာဇ၀င်များကို အမှတ်တမဲ့ စုဆောင်းထားခဲ့ပါသည်။ နောင်အနှစ် (၂၀)ကြာတဲ့ အခါ ဒီကလေးတွေဘယ်အခြေအနေရှိလဲ ဆိုတာ ထို ပါမောက္ခကြီးက စုံစမ်းရာမှာ ကျောင်းသား(၂၀)က
ကွယ်လွန်သွားကြပြီး ကျန်တဲ့ လူငယ် (၁၈၀)ထဲက (၁၇၆)ယောက်သည်
တစ်ခါက ကောလိပ်မှ ပါမောက္ခတစ်ဦးသည် အမေရိကန်နိုင်ငံ၊ ဗယ်တီမိုး ပျံကျရပ်ကွက်က လူငယ်(၂၀၀) ၏ ကိုယ်ရေးရာဇ၀င်များကို အမှတ်တမဲ့ စုဆောင်းထားခဲ့ပါသည်။ နောင်အနှစ် (၂၀)ကြာတဲ့ အခါ ဒီကလေးတွေဘယ်အခြေအနေရှိလဲ ဆိုတာ ထို ပါမောက္ခကြီးက စုံစမ်းရာမှာ ကျောင်းသား(၂၀)က
ကွယ်လွန်သွားကြပြီး ကျန်တဲ့ လူငယ် (၁၈၀)ထဲက (၁၇၆)ယောက်သည်
ဆေးတက္ကသိုလ် (၂) ဆရာမတစ်ဦး၏ ပေးစာ
-၂၆.၈.၂၀၁၂
ကျွန်မသည် ဆေးတက္ကသိုလ် (၂) ပထမနှစ် First MB ကျောင်းသူ၊ ကျောင်းသားများကို ပညာသင်ကြား ပေးနေသည့် ဆရာမတစ်ယောက်ဖြစ်ပါသည်။
၂၀ သြဂုတ်လ ၂၀၁၂ မှ ၂၄ ရက် သြဂုတ်လ ၂၀၁၂ အထိ ကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲဖြေဆိုသည့် ကာလ ဖြစ်ပါသည်။
Saturday, 25 August 2012
DVB သတင်းထောက် တစ်ဦး တရားစွဲ ခံရ
ရန်ကုန် ၊ သြဂုတ် ၂၅
နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ မကွေးတိုင်း ဒေသကြီး
အခြေစိုက် သတင်းထောက် တစ်ဦးအား လက်ထောက်တိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ
တရားလို ပြုလုပ်၍ တာဝန်ဝတ္တရား နှောက်ယှက်မှု
မအူပင်ကွန်ပှူတာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများမှ တိုင်ကြားစာ။
။
သို့ 
ညွှန်ကြားရေးမှူးချူပ်
အဆင့်မြင့်သိပ္ပံနည်းပညာဦးစီးဌာန
သိပ္ပံနှင့်နည်းပညာဝန်ကြီးရုံး
နေပြည်တော်။
အကြောင်းအရာ ။ ။ အများဆန္ဒကို လစ်လှူရှု၍ မိမိတစ်ဦးတည်းသြဇာဖြင့်
ဆုံးဖြတ်ချက် ချခဲ့သော မအူပင်ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ဆရာမကြီး
ဒေါက်တာသဲနုဖြူအား အချိန်မှီ အရေးယူပေးပါရန် တိုင်ကြားခြင်း။
ကနေဒါနိုင်ငံ ကျောင်းသားလှုပ်ရှားမှု့နဲ့ ဒယ်အိုးဒန်အိုး တိုက်ပွဲ
by Nwai Oo Nwai on Sunday, 29 July 2012 at 20:19 ·
ယနေ့ခေတ်ကို
မီဒီယာခေတ်လို့ဆိုတယ်။ ကမ္ဘာ့ချောင်ကြိုချောင်ကြားမကျန် နေရာတိုင်းက
အဖြစ်မှန်ကို မိနစ်ပိုင်းအတွင်း ရုပ်မြင်သံကြားတွေ၊
ရေဒီယိုတွေကနေသိနိုင်တယ်လို့ ပြောကြတယ်။ လူပေါင်းသိန်းနဲ့ချီပြီး ရက်ပေါင်း
ရာကျော် ဆန္ဒပြကြတဲ့ ဆန္ဒပြ ပွဲကြီးတွေကို မီဒီယာကြီးတွေမှာ မဖော်ပြဘဲ
ဖုံးဖိထားတာမျိုးရှိတယ်လို့ ပြောရင် ယုံတောင်ယုံကြမယ် မထင်ဘူး။မယုံရင်
ပုံပြင်လို့သာ မှတ်ကြပေတော့။ အဲဒီပုံပြင်တွေထဲက တပုဒ်ကိုတော့
အခုပြောပြလိုက်ဦးမယ်။
ကမ္ဘာ့ အမှတ်အများဆုံး ဆုရှင်များနှင့် တွေ့ဆုံခြင်း
Saturday, 25 August 2012 03:56
Written by
လဲ့ရည်မြင့်
ABE( The Association of Business Executive ) ၏ ဘာသာရပ်များအနက်
ဘာသာရပ်လေးခု၏ Diploma Level နှင့် Graduate Level အသီးသီးတွင်
မြန်မာနိုင်ငံမှ ကျောင်းသား၊ကျောင်းသူ ငါးဦး၂၀၁၁ ခုနှစ် ဒီဇင်ဘာလ၌
တစ်ကမ္ဘာလုံးတွင် အမှတ်အများဆုံး ( World First ) ဆုများချိတ်ခဲ့ရာ
ဆုရရှိခဲ့သည့် ဘာသာရပ်များမှာ People Planning & Resourcing ၊
Integrated Marketing Communication ၊ International Business Financial
and Planning ၊ International Travel, Tourism and Hospitality၊
Introduction to Management တို့ဖြစ်သည်။
သီရီလင်္ကာ တက္ကသိုလ်များကို အကန့် အသတ်မရှိ ပိတ်ထားရန် အစိုးရအဖွဲ့ အမိန့် ပေး
ကိုလံဘို၊ သြဂုတ် -၂၂
သီရီလင်္ကာအစိုးရအဖွဲ့  နှင့် ပညာရေးလောကကြားတွင် တင်းမာမူများ တိုးမြင့်ပေါ်ပေါက်လာသဖြင့်
Friday, 24 August 2012
စေတနာထားမှာလားဝေဒနာပေးမှာလား
စစ်ဖိနပ်အောက်မှ လွတ်သယောင်ဖြစ်နေဆဲ ယခုလို ကာလမျိုးတွင် အိပ်မက်ဆိုးများ မက်လာလိမ့်မည်ဟု မယုံကြည်ခဲ့ပါ။ သို့သော်လည်း အိပ်မက်မဟုတ်တော့ဘဲ ဖြစ်ရပ်ဆိုးများကိုနဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရပါပြီ။
ဗိုလ်ချုပ်ကြီးဟောင်းတစ်ဖြစ်လဲ သမတကြီးဦးသိန်းစိန်၏လုပ်ရပ်များကို
ကြိုဆိုပါသည်။ လုပ်ဆောင်နေချက် များကို လက်ခုပ်သြဘာပေးပါသည်။ သို့ပေမဲ့
နှစ်ပေါင်းများစွာ အကျင့်စာရိတ္တဖောက်ပြန်မှုများ၊ ရှင်းရှင်း
လင်းလင်းပြောရသော် တိုင်းပြည်အတွက်ဟု အသံကောင်းဟစ်ပြီးကိုယ်ကျိုးစီးပွား
သက်သက်သာရှေ့ရှုခဲ့
သည့်တပ်မတော်ခေါင်းဆောင်ဟောင်းကြီးများအပေါ်မျက်စိမှိတ်ယုံကြည်ဖို့ဆိုသည်မှာအင်မတန်ခဲယဉ်း
သော ကိစ္စဖြစ်ပေသည်။
မပြောခဲ့ရတဲ့စကားတွေ
မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာခြေလှမ်းနေတယ်လို့ပြောဆိုနေကြပါတယ်။ လွန်ခဲ့တဲ့နှစ်၅၀
ကစပြီး အာဏာရှင်အောက်မှာပြားပြားမှောက်ခဲ့ရလို့ အရှေ့တောင်အာရှမှာ အလွန်လှပ၊ အလွန်ချမ်းသာပြီး
သယံဇာတပေါများကြွယ်ဝတဲ့နိုင်ငံဟာ အရုပ်ဆိုး၊ အကျည်းတန်၊အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်တဲ့အဆင့်
အထိလျော့ကျခဲ့ရပါတယ်။စီးပွားရေးမကောင်းလို့ပညာရေး၊ကျန်းမာရေး၊လူမှုရေးတွေလည်းနိမ့်ကျခဲ့ရပါတယ်။
နိုင်ငံတကာအလယ်မှာမြန်မာတွေဟာ အထင်သေးတဲ့ မျက်လုံးတွေနဲ့ အကြည့်ခံခဲ့ရတွေအားလုံးသိကြမှာပါ။
ကွန်တော်တို့ကျောင်းလေးအသက်ငင်နေတယ်
မြန်မာနိုင်ငံတော်ကြီး ပြန်လည်ထူထောင်ဖို့သမတဦးသိန်းစိန်နှင့်အဖွဲ့ဝင်များအင်တိုက်အားတိုက်နှင့် ကြိုးစား
နေသည်ဟု နိုင်ငံတကာမှ မျှော်လင့်ချက်ကြီးမားစွာဖြင့်ယုံစားနေစဉ် ကျွန်တော်တို့မှာတော့သောင်ပြင်လွှတ်
တဲ့ဘာကောင်လေးတွေမှန်းမသိဖြစ်နေရပါတယ်။
ဒီမိုကရေစီနိုင်ငံတွေကပညာရေးဝန်ကြီးများ
ဒီမိုကရေစီနိုင်ငံတွေက ပညာရေးဝန်ကြီးတွေရဲ့ အခန်းကဏ္ဍကို လေ့လာကြည့်ရင် နိုင်ငံရဲ့ ပညာရေးမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတာက
ဖြစ်တယ်။
ဖားတစ်ပိုင်းငါးတစ်ပိုင်းများရဲ့ပညာရေးအစီင်္အစဉ်
အခြေခံပညာကဏ္ဍ၏
ပညာသင်နှစ်များကို သူငယ်တန်းအပါအ၀င် ၁၁ နှစ်မှ ၁၃ နှစ်သို့
ပြင်ဆင် ဖွဲ့စည်းရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း အခြေခံပညာ
အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။
အခြေခံပညာကဏ္ဍ၌ ပညာရေး ဖွဲ့စည်း တည်ဆောက်ပုံ စနစ်များကို နိုင်ငံတကာ အဆင့်မီစေရေး အတွက် ရည်ရွယ်ကာ ပညာသင်နှစ်များ ကိုတိုးချဲ့ ရန် ဆွေးနွေးကြခြင်း များဖြစ်ကြောင်း၊ အဆိုပါအခြေခံပညာကဏ္ဍ ပညာရေး ဆွေးနွေး ပွဲများသို့ တက်ရောက်ဆွေး နွေး ခဲ့သူတစ်ဦး၏ ပြောပြချက်များအရ သိရှိရပါသည်။ ယင်းကဲ့သို့ အခြေခံပညာကဏ္ဍ အနာဂတ် မြန်မာနိုင်ငံ ပညာရေးဆွေး နွေးမှုများကို ရန်ကုန်နှင့်နေပြည်တော်မြို့များတွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဆိုင်ရာ နယ်ပယ် အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးနေကြခြင်းဖြစ်ပြီး မူလပညာရေး ဖွဲ့စည်းတည်ဆောက်ပုံဖြစ်သည့် အခြေခံ ပညာကို
အခြေခံပညာကဏ္ဍ၌ ပညာရေး ဖွဲ့စည်း တည်ဆောက်ပုံ စနစ်များကို နိုင်ငံတကာ အဆင့်မီစေရေး အတွက် ရည်ရွယ်ကာ ပညာသင်နှစ်များ ကိုတိုးချဲ့ ရန် ဆွေးနွေးကြခြင်း များဖြစ်ကြောင်း၊ အဆိုပါအခြေခံပညာကဏ္ဍ ပညာရေး ဆွေးနွေး ပွဲများသို့ တက်ရောက်ဆွေး နွေး ခဲ့သူတစ်ဦး၏ ပြောပြချက်များအရ သိရှိရပါသည်။ ယင်းကဲ့သို့ အခြေခံပညာကဏ္ဍ အနာဂတ် မြန်မာနိုင်ငံ ပညာရေးဆွေး နွေးမှုများကို ရန်ကုန်နှင့်နေပြည်တော်မြို့များတွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဆိုင်ရာ နယ်ပယ် အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးနေကြခြင်းဖြစ်ပြီး မူလပညာရေး ဖွဲ့စည်းတည်ဆောက်ပုံဖြစ်သည့် အခြေခံ ပညာကို
ပြည်ထောင်စုပညာရေးဝန်ကြီးဒေါက်တာမြအေးသို့အိတ်ဖွင့်ပေးစာ
ဝန်ကြီးခင်ဗျား
မင်္ဂလာပါလို့လေးစားစွာနှုတ်ခွန်းဆ
ဒီစာဟာ နိုင်ငံတော်သမတကြီးဦးသိန်းစိန်
တ
ပညာရှင်များ ၊ပညာတတ်များ၊ပညာရေးနယ်ပယ်အသီးသီးမှအတွေ့အကြုံရင့်ကျက်သည့် ဆရာ ဆရာမများအားလုံးကို အသိပေးချင်သည့်အတွက် ရိုးသားစွာရေးသားပေးပို့အပ်သည့် စာဖြစ်ပါတယ်။
ပညာရေးဖောင်ဒေးရှင်းတစ်ခု တည်ထောင်
မန္တလေးမြို့မှာ ချို့တဲ့ဆင်းရဲတဲ့ ကျောင်းသူကျောင်းသားတွေ ပညာ သင်ကြားနိုင်ရေးအတွက် ထောက်ပံ့ ကူညီသွားမယ့် ပညာရေးဖောင်ဒေးရှင်း တခုကို လူမှုရေး ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်နေ တဲ့ ဆရာဝန် ၁ဝ ဦး ခေါင်းဆောင်ပြီး ဒီကနေ့ စတင် ဖွဲ့စည်း လိုက်ပါတယ်။
Banyan Seed- ညောင်စေ့ လို့ အမည်ပေး ထားတဲ့ အဲဒီ ဖောင်ဒေးရှင်းအနေနဲ့ လောလောဆယ်မှာ ပညာသင် စရိတ် အခက်အခဲရှိတဲ့ ပညာရေးတက္ကသိုလ် အပါအဝင် အသက်မွေး ပညာသင် တက္ကသိုလ်ကျောင်းသားတွေကို ဦးစားပေးထောက်ပံ့ သွားမှာဖြစ်တယ်လို့ အဲဒီ ဖောင်ဒေးရှင်း တာဝန်ရှိသူ တဦးဖြစ်တဲ့ ဒေါက်တာကျော်ဦးက ပြောပါတယ်။
Banyan Seed- ညောင်စေ့ လို့ အမည်ပေး ထားတဲ့ အဲဒီ ဖောင်ဒေးရှင်းအနေနဲ့ လောလောဆယ်မှာ ပညာသင် စရိတ် အခက်အခဲရှိတဲ့ ပညာရေးတက္ကသိုလ် အပါအဝင် အသက်မွေး ပညာသင် တက္ကသိုလ်ကျောင်းသားတွေကို ဦးစားပေးထောက်ပံ့ သွားမှာဖြစ်တယ်လို့ အဲဒီ ဖောင်ဒေးရှင်း တာဝန်ရှိသူ တဦးဖြစ်တဲ့ ဒေါက်တာကျော်ဦးက ပြောပါတယ်။
ဘောင်းဘီချွတ် နဲ့ ပညာရေး
မြန်မာနိုင်ငံ ပညာရေး သုတေသန အဖွဲ့ဦးစီးဌာန ညွှန်ချုပ်နှင့် မြန်မာနိုင်ငံ
စာစစ်အဖွဲ့ ဥက္ကဌ ရာထူးနေရာတွင် ဘောင်းဘီချွတ်တွေ ၀င်လာပြန်ပြီ
နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ ပညာရေး ကောင်းမှ ဖြစ်မယ်ဆိုတာ အများ ပြည်သူ
အားလုံး သိကြပါတယ်။ မကြာခင်က ပြုလုပ်တဲ့ ဒုသမ္မတ စိုင်းမောက်ခမ်းရဲ့
အလုပ်ရုံဆွေးနွေး ပွဲမှာ ဌာနဆိုင်ရာတွေရဲ့ ထိပ်ပိုင်းရာထူးတွေမှာ
Thursday, 23 August 2012
မူလတန်းကျောင်းသားများမှ အထက်တန်းအထိ ပညာဆက်လက်သင်ယူနိုင်သူ ၁၃ ရာခိုင်နှုန်းခန့်သာရှိ
အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ယူနေ သော မူလတန်းကျောင်းသားများ၌ အထက်တန်းအဆင့်ထိ တက် ရောက်နိုင်သော ကျောင်းသားဦး ရေမှာ ၁၃ ရာခိုင်နှုန်းခန့်သာရှိနေ ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောစာရင်းဇယားများ အရသိရသည်။
၂၀၁၀-၂၀၁၁ ပညာသင် နှစ်နှင့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တို့တွင် တိုင်းဒေသကြီးနှင့်ပြည် နယ်အလိုက် တက်ရောက်ပညာ သင်ယူခဲ့သော ကျောင်းသားအင် အားစာရင်း၌ မူလတန်းအဆင့် ကျောင်းသားများ၏ အလယ်တန်း အဆင့်သို့ တက်ရောက်နိုင်မှုမှာ ၄၄ ရာခိုင်နှုန်းနှင့် အထက်တန်း အဆင့်သို့ တက်ရောက်နိုင် မှုမှာ ၁၃ ရာခိုင်နှုန်းရှိနေသည်။
သူတို့ စာသင်ခန်း
ကျနော် သူတို့ဆီက ပညာရေး ကို တော်တော် စိတ်ဝင်စားပါသည်။ ဘာကြောင့်ဆိုတော့ ပညာရေးက ပုံစံခွက်ထဲကို အလုံးစုံရောက်နေတဲ့ စနစ် မဟုတ်သောကြောင့် ဖြစ်သည်။ ဒီတော့ အဝေးက ညီငယ် ညီမငယ်များနှင့် စိတ်ဝင်စားသူ မိတ်ဆွေများ အတွက် ဝေမျှပေး လိုပါသည်။ သေချာတာ တခုတော့ ကျနော်ဦးဆုံး ပြောထားပါမည်။ ကျနော် ဇီးသီးသည်မဗျိုင်း မဟုတ်ရပါ။ ဒီတော့ ကျနော် ဝေမျှခြင်းသည် လေ့လာနိုင်ရေး အတွက်သာ ဖြစ်သောကြောင့် အခွင့်လမ်း မရှိသေးသူများ အနေဖြင့် တစေ့တစောင်း လေ့လာနိုင်ခြင်းအားဖြင့် ကမ္ဘာကြီးကို အနည်းငယ်များမျှ တီးခေါက်မိ ရလေအောင် မအ ရအောင် ရေးသားပေးခြင်း ဖြစ်ပါသည်။
ကျနော် သူတို့ဆီက ပညာရေး ကို တော်တော် စိတ်ဝင်စားပါသည်။ ဘာကြောင့်ဆိုတော့ ပညာရေးက ပုံစံခွက်ထဲကို အလုံးစုံရောက်နေတဲ့ စနစ် မဟုတ်သောကြောင့် ဖြစ်သည်။ ဒီတော့ အဝေးက ညီငယ် ညီမငယ်များနှင့် စိတ်ဝင်စားသူ မိတ်ဆွေများ အတွက် ဝေမျှပေး လိုပါသည်။ သေချာတာ တခုတော့ ကျနော်ဦးဆုံး ပြောထားပါမည်။ ကျနော် ဇီးသီးသည်မဗျိုင်း မဟုတ်ရပါ။ ဒီတော့ ကျနော် ဝေမျှခြင်းသည် လေ့လာနိုင်ရေး အတွက်သာ ဖြစ်သောကြောင့် အခွင့်လမ်း မရှိသေးသူများ အနေဖြင့် တစေ့တစောင်း လေ့လာနိုင်ခြင်းအားဖြင့် ကမ္ဘာကြီးကို အနည်းငယ်များမျှ တီးခေါက်မိ ရလေအောင် မအ ရအောင် ရေးသားပေးခြင်း ဖြစ်ပါသည်။Wednesday, 22 August 2012
(၁) ကျေးလက်ဒေသ ပညာရေးအထူးဇုန် - ဥပဒေ (မူကြမ်း)
ပုဒ်မ (၁)အမည်သတ်မှတ်ပြဋ္ဌာန်းခြင်း
ဤဥပဒေအားကျေးလက်ဒေသပညာရေးအထူးဇုန်ဥပဒေဟု ခေါ်တွင်စေ ရမည် ။
ပုဒ်မ (၂)နယ်နိမိတ်သတ်မှတ်ခြင်း
ဤဥပဒေအရ အာဏာတည်သောနယ်နိမိတ်ကိုသတ်မှတ်ရန်အောက် ပါအတိုင်းပြဋ္ဌာန်းလိုက်သည် ။
(က) မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မည်သည့်တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်တွင် တည်ရှိနေ သည်ဖြစ်စေ - အခြေခံပညာ(မူလတန်းမှ အထက်တန်းအထိ) ပညာသင်ကြားရန်ကလေး တစ်ယောက် အနည်း ဆုံး ရှိနေသော ဒေသဖြစ်ခြင်း ။
HIV ပိုးရှိသူ မိဘမဲ့ ဆယ်တန်းကျောင်းသူနှစ်ဦး ဝိုင်းကျူရှင်မှ ထုတ်ပယ်ခံရ
အိတ်ခ်ျအိုင်ဗွီ ပေါ့စတစ်(HIV Positive) ၁ဝ တန်းကျောင်းသူနှစ်ဦးအား ဝိုင်းကျူရှင်ဆရာမကကျူရှင်လာရောက်မတက်ရန် ပြောကြားခဲ့ကြောင်း National NGOs Network မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''HIV Positive ဖြစ်နေတဲ့ ကျောင်းသူနှစ်ဦးကို သူတို့ ဝိုင်းကျူ ရှင်ဆရာမက လာမတက်ဖို့ ပြော ခဲ့တယ်။ သူတို့က မိဘမဲ့တွေလည်း ဖြစ်တယ်။ အမှန်တော့ ဒါဟာ ပညာပေးအစီအစဉ်တွေ၊ ကာကွယ် ရေးအစီ အစဉ်တွေ ပေးနေတယ် ဆိုပေမယ့်လည်းအားနည်းနေသေး တယ်လို့ပဲ ပြောရမယ်'' ဟု National NGOs Network မှ ကိုစိုးမိုး အောင်က ပြောသည်။
Monday, 20 August 2012
ဆရာမနှစ်ဦး ကျောင်းပြောင်းရွှေ့မှု ရန်ကုန် TTC ကျောင်းသားများ ဆန္ဒပြ
ရန်ကုန်၊သြဂုတ် ၂၀
ရန်ကုန်မြို့ ပြည်လမ်းရှိ ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်း အထက်တန်းပြ ဆရာမ နှစ်ဦးဖြစ်သူ ဒေါ်မာလာကြိုင်နှင့် ဒေါ်အေးအေးသိန်းတို့ ကျောင်းပြောင်း ရွေ့ခံရခြင်းနှင့် ပါတ်သက်၍ အဆိုပါ ကျောင်းမှ ကျောင်းသားများက မကျေနပ်သဖြင့် ယခုလ ၁၇ ရက်နေ့က ဆန္ဒပြ ခဲ့ကြကြောင်း ၂၀၁၂ ခုနှစ်နှင့် ၂၀၁၀ တွင် တက္ကသိုလ် ၀င်တန်း အောင်မြင်ခဲ့သူ မကာရံချိုနှင့် မောင်ကောင်းဇော်ခန့် တို့ထံမှ သိရသည်။
၎င်း ဆရာမ နှစ်ဦးကို အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ၏ သြဂုတ်လ ၁၃ ရက်နေ့ ရက်စွဲ ဖြင့် ကျောင်းပြောင်းမိန့် ထွက်လာပြီး နောက်ပိုင်း လက်ရှိ ပညာ သင်ကြားနေသော ကျောင်းသား များက ယင်းသို့ ပြုလုပ်ခြင်း ဖြစ်ကြောင်း ယင်းတို့က ပြောကြားသည်။
ကျောင်းသားအခွင့်အရေးဆုံးရှုံးမူ
လူဝင်မှုကြီးကြပ်ရေးရုံး ဦးစီးအရာရှိ က မှတ်ပုံတင်ပြုလုပ်ရန်အတွက် တစ်သိန်းတောင်းရာ ငါးသောင်းဖြင့် ဈေးညှိရာ မရရှိခဲ့သည့်အတွက် စစ်အင်ဂျင်နီယာ တက္ကသိုလ် ဖြေဆိုခွင့်လက်မှတ် ရရှိသည့် ကျောင်းသား စာမေးပွဲ ဖြေဆိုခွင့်မရ။
ဇာဏီထွဏ်း၊ သြဂုတ် ၁၈
ယနေ့တွင် စတင်ဖြေဆိုရသည့် စစ်အင်ဂျင်နီယာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျင်းပရာတွင် ဖြေဆိုခ
ဇာဏီထွဏ်း၊ သြဂုတ် ၁၈
ယနေ့တွင် စတင်ဖြေဆိုရသည့် စစ်အင်ဂျင်နီယာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျင်းပရာတွင် ဖြေဆိုခ
ွင့် ရရှိသူ ကျောင်းသားတစ်ဦးမှာ ယာယီမှတ်ပုံတင်သာ ရှိသဖြင့် စာမေးပွဲခန်းအတွင်းသို့ ၀င်ခွင့်မရကြောင်း အဆိုပါ ကျောင်းသား၏ မိဘဖြစ်သူ ဦးသန်းထွန်းက Weekly Express Times သို့ ပြောကြားသည်။
Sunday, 19 August 2012
ဒိုက်ဦး ပညာရေးဝန်ထမ်းများ ရင်ဖွင့်သံ (ပေးစာ)
ကျမကတော့ ဒိုက်ဦးမြို့နယ်က ပညာရေးဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ ဒိုက်ဦးမြို့နယ်က မြို့နယ်ပညာရေးမှုး အကြောင်းရင်ဖွင့်ချင်လို့ပါ။ ကျမတို့မြို့နယ်ကို၂၀၁၀ခုနှစ် ကတည်းက ပြောင်းရွှေ့လာသူဖြစ်ပါတယ်။
မြို့နယ်ရုံးမှာ ဖုန်းတစ်လုံးရှိနေပေမယ့်လည်း နောက်ထပ် လက်ကိုင်ဖုန်းတစ်လုံးအတွက် ၂၀၁၀၊ နိုဝင်္ဘာလမှာ ၀န်ထမ်းတစ်ဦးကို (၅၀၀)ကျပ်စီ ကောက်ခံခဲ့ပါတယ်။ ၀န်ထမ်းစုစုပေါင်း (၁၁၁၄)ဦး ရှိပါတယ်။ ၂၀၁၁-မတ်လမှာ ထပ်မံပြီး (၁၀၀၀)ကျပ်တိတိကို ကောက်ခံပါတယ်။ ထို့အပြင် လစဉ်ပုံမှန် (၂၀၀)ကျပ်တိတိကိုလည်း အထွေထွေရံပုံငွေအဖြစ် ကောက်ခံနေပါတယ်။
ပညာရေး ပညာရေး ပညာရေး
တိုင်းပြည်တပြည်မှာ နိုင်ငံသားတွေအတွင်း ဒီမိုကရေစီလည်းတည်ဆောက်၊ လွတ်လပ်ခြင်းကိုခံစား၊ တရားဥပဒေ စိုးမိုးမှုလည်း တိုးတက်ဖွံ့ဖြိုးလာဖို့အတွက
တက္ကသိုလ် ဆရာ၊ ဆရာမများအား တာဝန်နှင့် မသက်ဆိုင်သည့် လုံခြုံရေးဝန်ထမ်းသဖွယ် လုပ်ဆောင် စေခိုင်းနေခြင်းများအား တားမြစ်ပေးပါရန် သမ္မတကြီးထံပေးစာ..

သမ္မတကြီးအား ရိုသေစွာဖြင့် အသိပေးအပ်ပါသည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို
အရှိန်အဟုန်ဖြင့် မည်သို့သော အခက်အခဲရှိ သည်ဖြစ်စေ ပြည်သူ့အကျိုးအတွက်ဟု ခံစားနားလည်ပေးကာ လုပ်ကိုင် ဆောင်ရွက်ပေးနေပါသော ပြည်ထောင်စု မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား အရိုအသေပြုပါ၏။ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို
သို့သော်လည်း သမ္မတကြီးမှ ပြည်သူပြည်သားများအတွက် မည်သို့ပင်ဆောင်ရွက် ပေးနေပါသော်လည်း၊ အလယ်ဆင့်မှသူများ၊ အောက်မှသူများသည် ပြုပြင်ပြောင်းလဲရေး ကိုလိုလားဟန် မတူပေ။
မြန်မာ့ပညာရေးဘာကြောင့်နိမ့်ကျသွားရသလဲ ၊ ဘယ်လိုမြှင့်တင်ကြမလဲ?
၁၉၆၂ခုနှစ်တွင်စစ်တပ်မှတည်ဆဲအခြေခံဥပဒေကိုချိုးဖေါက်၍တိုင်းပြည်အာဏာကိုသေနတ်မိုးဒမြ တိုက်ပြီးရယူခဲ့သည်။ ထိုနှစ် ဂျူလိုင် ၇ ရက်နေ့တွင် ကျောင်းသားများက “မင်းတို့သုံးယောက်ပေါင်းမှ ၄တန်းတောင်အောင်ရဲ့လား” ဟုသရော်ပြောင်လှောင်စိန်ခေါ်မှုကိုတုံ့ ပြန်သည့် အနေဖြင့် ဂျာမန်လုပ် ဂျီသရီးစက်သေနတ်အသစ်များကိုအစမ်းသဘောအသုံးပြုပြီးပညာတတ်ကျောင်းသားများကိုရက်စက်နာကျဉ်းစွာပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့အပြင်သမိုင်းဝင်ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအ ဆောက် အဦကြီးကိုဒိုင်းနမိုက်ဖြင့်ဖေါက်ခွဲဖျက်ဆီး ပြစ်ခဲ့သည်။
လျှပ်တပြက် ပညာရေးအတွေးတချို့

ရန်ကုန်တက္ကသိုလ်
အခုတလော တက္ကသိုလ်တွေကို အစိုးရ၀န်ကြီးဌာနရဲ့ ထိန်းချုပ်မှုအောက်မှာ မထားပဲ လွတ်လွတ်လပ်လပ်ရှိအောင်ထားဖို့ တောင်းဆိုမှုတွေကို ကြားနေရတယ်။ တကယ်ဖြစ်လာရင်တော့ ၀မ်းသာစရာပါပဲ။ ပညာရေးဟာ နိုင်ငံတိုးတက်ရေးရဲ့ အခရာမို့ ပညာရေးဥပဒေပြင်ဆင်ချက်များလုပ်ဖို့ ကြိုးစားမှုများ၊ တက္ကသိုလ်ဆရာ ဆရာမများအသင်း ဖွဲ့စည်းမှုများ၊ ဂျွန်ဟော့ပ်ကင်းစတဲ့ အထင်ကရ နိုင်ငံတကာတက္ကသိုလ်ကြီးများနဲ့ ပြောဆိုဆက်သွယ်နေမှုများ၊ နိုင်ငံတကာ တက္ကသိုလ်ကြီးများနဲ့ ချိတ်ဆက်မယ့် စာကြည့်တိုက်ကြီးများ ဖြစ်ထွန်းရေး လုပ်ရှားမှုများဟာ တကယ်အားရစရာတွေပါပဲ။
ဘာလို့ ပညာသင်ချင်လဲ
ညီလေးတယောက်က ကျနော်ကို အကိုပညာသင်ဖြစ်သွားတဲ့ အကြောင်းရေးပေးပါဆိုလို့ ညီလေး ညီမလေး များ အတွက် ရည်ရွယ်ပြီး ရေးပေးလိုက်ပါသည်။ အမေရိကန်ပြည်ထာင်စု Land of Opportunity ကိုရောက်လာရင် မိမိကြိုးစားရင် ကြိုးစား သလိုရမည်။ မိမိဘာလိုလဲ စည်းစိမ်ဥစ္စာလား ပညာလား ဒါမှမဟုတ် ရာဇ၀တ်မှုလား ဒုက္ခလား ကြိုတ်တာကို ရွေးချယ်ရုံပါ။ ဒီလိုပြောရတာက အမေရိကန်ပြည်ထောင်စုမှာ လုပ်ချင်တာ အကုန်ဖြစ်နိုင်သည်။ မိမိ၏ တီထွင်ဖန်တီးမှု ကြိုစား အားထုက်မှုသည် မိမိသာ ပိုင်ဆိုင်ရမည်။ အခြားတဖက်မှာလဲ မူးယစ်ဆေးဝါးလား အပျော်အပါးလား။ ဆေးခြောက်ကို သဘာဝထွက်ကုန် အနေဖြင့် လက်ခံပြီး ပြည်နယ်အချို့မှာ တရားဝင် ဆိုင်ခန်းနှင့် ရောင်းဝယ် ဖေါက်ကားသည် စိုက်ပျိုးသည် သုံးဆွဲနိုင်သည်။တချိန်တုန်းကမြန်မာနိုင်ငံရှိပုဂ္ဂလိကပညာရေး
တစ်ချိန်တုန်းက မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပညာရေးစနစ်တွေ အားကောင်းခဲ့ပါတယ်။ အဲဒီအချိန်တွေတုန်းက ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေဦးစီးတဲ့ ပုဂ္ဂလိကပညာရေး အခန်းကဏ္ဍတွေ ဟာ ခေတ်စား ခဲ့ကြဖူး တယ်။ ဥပမာ ရန်ကုန်မှာဆိုရင် စိန့်ပေါကျောင်း၊ စိန့်ဖရန်စစ်ကျောင်း၊ စိန့်အောဂတ်စတင်းကျောင်း စိန့်ဂျွန်ကျောင်း၊ စိန့်မေရီကျောင်း စတာတွေဟာ တစ်ချိန်တုန်းက ပုဂ္ဂလိကကျောင်းတွေပဲဖြစ်ပါတယ်။
ကျောင်းသားဝိညာဉ်ဆိုတာ
Aung Moe Win aung_m_win@yahoo.com
ကနေဒါနိုင်ငံရဲ့ ကွစ်ဘက် ပြည်နယ် မှာ ကျောင်းသားဆန္ဒပြပွဲတွေ ဖြစ်ပွားနေခဲ့တာ သုံးလကျော် ကြာမြင့်ခဲ့ပြီ။ တက္ကသိုလ်တွေမှာ ပညာရေးစရိတ်ကို ၈၂ ရာခိုင်နှုန်းကျော် မြှင့်လိုက်တဲ့ အတွက် ကျောင်းသားတွေ ဒေါသထွက်ခဲ့ကြတယ်။ တချို့က အလုပ်လက်မဲ့ဖြစ်နေတဲ့ အတွက်၊ ကျောင်းကြွေးတွေကို ပြန်မဆပ်နိုင်ခဲ့ဘူး။
အမေရိကန်တက္ကသိုလ်တွေမှာပညာသင်ယူခဲ့တဲ့နိုင်ငံတကာ ခေါင်းဆောင်များ
ဂရိ ၀န်ကြီးချုပ်နှင့် အီတလီ ၀န်ကြီးချုပ်
လစ်ဗျားဝန်ကြီးချုပ် Abeurrahim el-Keib ၊ ဂရိဝန်ကြီးချုပ် Lucas Papademos နဲ့ အီတလီ ၀န်ကြီးချုပ် Mario Monti တို့မှာ တူညီမှု အတော်များများရှိပါတယ်။ အဲဒီခေါင်းဆောင်သုံးဦးဟာ တည်ငြိမ်အေးဆေးသူတွေဖြစ်ပြီး၊ နိုင်ငံရေးသမားတွေ မဟုတ်ဘဲ ပညာရှင် technocrat တွေ ဖြစ်ခြင်းက အဓိက ထူးခြားချက် ဖြစ်ပါတယ်။
လစ်ဗျားဝန်ကြီးချုပ် Abeurrahim el-Keib ၊ ဂရိဝန်ကြီးချုပ် Lucas Papademos နဲ့ အီတလီ ၀န်ကြီးချုပ် Mario Monti တို့မှာ တူညီမှု အတော်များများရှိပါတယ်။ အဲဒီခေါင်းဆောင်သုံးဦးဟာ တည်ငြိမ်အေးဆေးသူတွေဖြစ်ပြီး၊ နိုင်ငံရေးသမားတွေ မဟုတ်ဘဲ ပညာရှင် technocrat တွေ ဖြစ်ခြင်းက အဓိက ထူးခြားချက် ဖြစ်ပါတယ်။
မြန်မာပညာရေး၏နောက်ဆက်တွဲဆိုးကျိုး
မြန်မာသည်ကမ္ဘာကိုတံခါးဖွင့်ပြီးနောက်ချိနဲ့သောပညာရေးစနစ်နှင့် ကျောင်းမတက်နိုင်သော
ပြည်သူများ များပြားနေခြင်းအတွက် တန်ဖိုးကြီးပေးဆပ်ရတော့မည်
(28 June 2012 ရက်စွဲပါ Washington Post မှ Denis d.Gray ရေးသားသော Now opening to world, Myanmar pays price for crippled education system and unschooled citizens ကိုဘာသာပြန်ဆိုသည်။)
ကြည့်လုပ်ကြပါအုန်း
ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဌဒေါက်တာ
ချမ်းငြိမ်းမှနေ၍ တက္ကသိုလ်ပညာရေးဥပဒေကြမ်းတင်သွင်းမတဲ့။ ကောင်းလေစွ။ကောင်းလေစွ။
အပေါ်ပိုင်းပြင်ဆင်မှုကို တော်တော်စိတ်ဝင်စားကြတယ်နော်။
ဆောက်ထားလိုက်တဲ့ တက္ကသိုလ်ကြီးတွေကလည်း များမှများ၊ အခုတောင် ၁၅၀ နားကပ်နေပြီ။
အဆောက်အအုံကြီးတွေကလည်း ကောင်းလိုက်တယ်ဗျာ။ ကောင်းမှာပေါ့၊ လုပ်ငန်းကြီးကြီးလုပ်မှ ခိုးလို့ကောင်းတာကိုး။ ပြည်သူ့ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်ပြီး ခိုးလို့ရတာက အဆောက်အအုံ အကြီးကြီးတွေ ဆောက်မှ ရတာလေ။
"ကလေးတစ်သန်းကျော်ထက်မနည်းကို ပညာရေးအထောက်အပံ့တွေ ပေးသွားနိုင်ဖို့ စီစဉ်ထားပါတယ်"
မြန်မာနိုင်ငံသို့ ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Bob Carr ၏ မြန်မာနိုင်ငံသို့ ဇွန်လဆန်းက လာရောက်ခဲ့သော ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အထိ လေးနှစ် အတွင်း အမေရိကန် ဒေါ်လာသန်း ၈၀ ကူညီသွားမည့် အစီအစဉ်သစ် တစ်ခုကို ကြေညာခဲ့သည်။ ယင်းအစီအစဉ်ကို ဩစတြေးလျနိုင်ငံ၏ တရားဝင် အကူအညီပေးရေး အေဂျင်စီဖြစ်သော AusAID မှတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆရာ၊ ဆရာမများအတွက် သင်တန်းများ၊ ကလေးများ ကျောင်းတက်မှန်ရေး၊ မူလတန်းအဆင့်မှ ကလေးများ အာဟာရ ပြည့်ဝရေး အတွက် ရည်ရွယ်ခြင်း ဖြစ်သည်။ ယင်းအစီအစဉ် အသေးစိတ်ကို AusAID မှ ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေး တာဝန်ခံ Ms.Jullian Ray သို့ အီးမေးလ်မှတစ်ဆင့် မေးမြန်း၍ ဖော်ပြလိုက်ပါသည်။
ချီလီတက္ကသိုလ် ကျောင်းသားများ အာဏာရှင်ကို ဆန့်ကျင် တော်လှန်ကြပြီ
“အစိုးရဟာ သေချင်းဆိုး မဟာ အမှားကြီးကို ကျူးလွန်လိုက်ပြီဖြစ်တယ်။” ကျောင်းသားခေါင်းဆောင် ၀ါလယ်ဂျို့စ်က ဆိုသည်။ “ဒီဆန္ဒပြပွဲကို ဖုံးကွယ်၊ ဖျောက်ဖျက်ပစ်ဖို့ မိုက်မိုက်မဲမဲ ကြိုးစားနေတုန်းပဲ။ ဒီလိုလုပ်လို့ကတော့ လူထုဟာ လမ်းမပေါ်ကို ပိုလို့သာ ဆက်ထွက်လာမယ်။ မကျေနပ်ချက်တွေက အတုံးလိုက် အတစ်လိုက်ပဲ။”
ဆန်တီယာဂိုမြို့ ရဲသားများက မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်လုံးကြီးများဖြင့် ပြုပြင် ပြောင်းလဲမှုများအတွက် တောင်းဆို ဆန္ဒပြကြသူ ကျောင်းသားများကို အကြမ်းဖက်ဖြိုခွင်းပြီး ၂၃၅ ဦးကို ဖမ်းဆီးထားကြသည်။
ဆန်တီယာဂိုမြို့ ရဲသားများက မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်လုံးကြီးများဖြင့် ပြုပြင် ပြောင်းလဲမှုများအတွက် တောင်းဆို ဆန္ဒပြကြသူ ကျောင်းသားများကို အကြမ်းဖက်ဖြိုခွင်းပြီး ၂၃၅ ဦးကို ဖမ်းဆီးထားကြသည်။
Subscribe to:
Posts (Atom)

















