Friday, 24 August 2012

ပညာရေးဖောင်ဒေးရှင်းတစ်ခု တည်ထောင်

Photo: မန္တလေးမြို့မှာ ချို့တဲ့ဆင်းရဲတဲ့ ကျောင်းသူကျောင်းသားတွေ ပညာ သင်ကြားနိုင်ရေးအတွက် ထောက်ပံ့ ကူညီသွားမယ့် ပညာရေး
 ဖောင်ဒေးရှင်း တခုကို လူမှုရေး ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဆရာဝန် ၁ဝ ဦး ခေါင်းဆောင်ပြီး ဒီကနေ့ စတင် ဖွဲ့စည်း လိုက်ပါတယ်။

 Banyan Seed- ညောင်စေ့ လို့ အမည်ပေးထားတဲ့ အဲဒီ ဖောင်ဒေးရှင်းအနေ
နဲ့ လောလောဆယ်မှာ ပညာသင်စရိတ် အခက်အခဲရှိတဲ့ ပညာရေး
တက္ကသိုလ် အပါအဝင် အသက်မွေးပညာသင် တက္ကသိုလ်ကျောင်းသားတွေ
ကို  ဦးစားပေးထောက်ပံ့ သွားမှာဖြစ်တယ်လို့ အဲဒီ ဖောင်ဒေးရှင်း တာဝန်ရှိသူ တဦးဖြစ်တဲ့ ဒေါက်တာကျော်ဦးက ပြောပါတယ်။

ညောင်စေ့ ပညာရေး ဖောင်ဒေးရှင်းဟာ ကျောင်းသားတယောက်ရဲ့အခြေခံ ကုန်ကျစရိတ်အဖြစ် တလကို ကျပ် ၈ သောင်းနှုန်းနဲ့ ပညာရေး ပြီးဆုံးတဲ့
အထိ ထောက်ပံ့သွားမှာ ဖြစ်ပြီး ဥပဒေ၊ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်
တဲ့ ကျောင်းသူ ကျောင်းသားတွေကိုတော့ ပညာသင်စရိတ် ထောက်ပံ့တာ ရပ်ဆိုင်းမယ်လို့ ဒေါက်တာ ကျော်ဦးက ပြောပါတယ်။ 

နယ်အသီးသီးက ပညာသင်စရိတ် လျှောက်ထားသူ စိစစ် ရွေးချယ်ရေး အပါအဝင် ညောင်စေ့ ဖောင်ဒေးရှင်းရဲ့ ထောက်ပံ့ရေး လုပ်ငန်းတွေမှာ အဖွဲ့ဝင် ၁၅ဝ လောက် ပါဝင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 ဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေ တိုးပွားလာမှုအပေါ် မူတည်ပြီး နောက်ပိုင်းမှာ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် ကျောင်းသားတွေကိုပါ ပညာသင်စရိတ်
 ထောက်ပံ့ရေး အစီအစဉ်တွေ တိုးချဲ့ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment