တရုပ်ပြည်က
တနှစ်ကို ကျောင်သား တသိန်းခွဲ အမေရိကန် ကို လာရောက်သင်ယူနေချိန်မှာ
မြန်မာ ကျောင်းသားတွေဟာ စစ်ကျွန်ပညာရေးစနစ်မှာ အောက်ပါအတိုင်း ဖြစ်နေရတယ်။
ကျောင်းအမည် - အ.ထ.က(၁) ဗဟန်း
ကျောင်းအုပ် - ဒေါက်တာ ဒေါ်နွယ်နီလွင်
ပညာရေးမှူး - ဒေါ်မြင့်မြင့်ကြည်
မြို့ - ရန်ကုန်မြို့
အထက်ပါကျောင်းမှ ချမှတ်လိုက်သော လုပ်ရပ်များသည် လူမဆန်လွန်းသည် ထင်သည်။ဒဿမတန်း( တက္ကသိုလ်ဝင်တန်း ) တွင် အစိုးရထံ ဖြေဆိုခွင့်တင်ပြီးသားကျောင်းသား/ကျောင်းသူ အချို့ကို ကျောင်းစည်းကမ်းဖောက်ဖျက်ခြင်း၊ ၇၅ရာခိုင်နှုန်းမပြည့်မှီခြင်း မဟုတ်ပါဘဲ လျက် ကျောင်းလပတ်စာမေးပွဲတွင်မဖြေဆိုနိုင်ရုံမျှဖြင့် တစ်ခုတည်းကို အကြောင်းပြကာ အစိုးရစာမေးပွဲ
ဖြေဆိုခွင့်ကို ပိတ်ပင်လိုက်ကြောင်း သိရသည်။ကျောင်းသားမိဘများထံ လက်မှတ်ထိုးစေပြီး အချို့ကျောင်းသားများကို တစ်နှစ်ရပ်နားပါရန် တောင်းဆိုသည်ဟုဆိုသည်။ ယင်းအတွက် မကျေလည်ကြသော မိဘ၊ အုပ်ထိန်းသူများက တောင်းဆို၍ယင်းအချို့ ကျောင်းသားများ ကိုသာ လက်ကြိတ်ထိုး ပြန်လက်ခံနေပြီး အချို့ကိုပိတ်ပင်ထားမြဲ ဖြစ်သည်ဟု ကြားသိရပါသည်။ယင်းသို့ ထုတ်ပယ်ထားခြင်းခံရသော ကျောင်းသား ကျောင်းသူများအနက် စာရင်းကောက်ယူရရှိသော အမည်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။
၁။ မောင်မျိုးဇော်
၂။ မောင်အောင်ကျော်ဝင်း
၃။ မောင်ချစ်ဟိန်းထွဋ်
၎။ မောင်အာကာဖြိုး
၅။ မောင်ဇော်ဝင်းထွဋ်
၆။ မောင်ဟိန်းမင်းဝင်း
၇။ မောင်ဟိန်းမင်းလင်း
၈။ မောင်ရဲလင်းထက်
၉။ မောင်သူရသိန်းဇော်
၁၀။မောင်ဥာဏ်ဝင်းထွဋ်
၁၁။မနီနီလှိုင်
၁၂။မအိမ့်မြင့်ချယ်
၁၃။မချိုချိုမြင့်
၁၄။မဖြူနှင်းဝေ
၁၅။မနှင်းနန္ဒာထွန်း
ယင်းကောက်ယူရရှိသည့် တစ်ဆယ့်ငါးဦးအနက်၊ မောင်မျိုးဇော်၏ ကျောင်းဝင်အမှတ်မှာ -၃၁၀/၀၉ ဖြစ်ပြီး အဆိုပါကျောင်း၏ ဒဿမတန်း ( ဃ ) တွင်ပညာသင်ကြားနေသူဖြစ်သည်။ အတန်းပိုင် ဆရာမ အမည်- ဒေါ်ဝင်းမာ ဖြစ်သည်။ကျောင်းသား၏ မိဘအုပ်ထိန်းသူများမှာ - အဖ ဦးဌေး နှင့် အမိ ဒေါ်နွယ်ဖြစ်ပြီး ၊ မွေးသက္ကရာဇ် - ၁၃.၁.၁၉၉၄ ဖြစ်သည်။ ပြီးခဲ့သည့်လပတ်ကျောင်းစာမေးပွဲတွင် ဖြေဆိုရရှိသော
အမှတ်မှာ
မြန်မာစာ - ၃၂ မှတ်။
အင်္ဂလိပ်စာ- ၁၈ မှတ်
သင်္ချာ - ၁၅ မှတ်။
ဓာတုဗေဒ - ၁၆ မှတ်။
ရူပဗေဒ - ၂ မှတ်။
ဘောဂဗေဒ - ၃၉ မှတ်။ တို့ ဖြစ်ကြပါသည်။
ကျောင်းစည်းကမ်းစည်းမျဉ်းလည်းဖောက်ဖျက်ထားခြင်းမရှိသော၊ ပညာရေးဌာနမှ ချမှတ်ထားသောစည်းမျဉ်းတစ်ခုဖြစ်သည့် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းလည်း ပြည့်မှီသောကျောင်းသူကျောင်းသားများကို "လပတ်စာမေးပွဲတို့တွင်မဖြေဆိုနိုင်သောကြောင့် အစိုးရတက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင်ဖြေဆိုနိုင်စွမ်း မရှိ" ဟူ၍ ဥပဒေမဲ့ အကြောင်းပြ ထုတ်ပယ်သည့် ယင်းကျောင်း၏လုပ်ရပ် မှန်ကန်မှု ရှိမရှိကို စာဖတ်သူတို့ တွေးယူဆင်ခြင်နိုင်ကြစေရန်နှင့်
အပြစ်မဲ့ထုတ်ပယ်ခံလိုက်ရသော ကျောင်းသားများ၏ အနာဂတ်မှာ ယင်းစီမံချက်ဖြင့်ပင်တစ်နှစ်ဟူ၍ အကြောင်းမဲ့ အညွန့်ကျိုးသွားကြရမည်လော။ ကျောင်းသားများ၏ကြိုးပမ်းခွင့်ကို မမြှင့်တင်ဘဲ နှိမ်ချသမှု ပြုကြသည့် ယင်းကျောင်းမှ ဆရာ၊ဆရာမများသည် "ကျောင်းဆရာ၊ ကျောင်းဆရာမ" ဟူသော အမည်ပင် ခံယူထိုက်သလော ။ယင်းသို့သော ကျောင်းမျိုးကို ယခုတင် သွားရောက်စုံစမ်းနိုင်သည့် အလျောက်သိရှိကြပြီးပါက ဤသို့ပင် လျစ်လျူရှုထားကြမည်လော ဆိုသည်ကိုမြန်မာပြည်သူပြည်သားများ၏ ပညာရေးကဏ္ဍအတွက် တစ်ထောင့်တစ်နေရာမှ တွေးဆကြပါစေရန် တင်ပြအပ်ပါသည်။

No comments:
Post a Comment