ဘောင်းဘီချွတ် နဲ့ ပညာရေး

မြန်မာနိုင်ငံ ပညာရေး သုတေသန အဖွဲ့ဦးစီးဌာန ညွှန်ချုပ်နှင့် မြန်မာနိုင်ငံ
စာစစ်အဖွဲ့ ဥက္ကဌ ရာထူးနေရာတွင် ဘောင်းဘီချွတ်တွေ ၀င်လာပြန်ပြီ
နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ ပညာရေး ကောင်းမှ ဖြစ်မယ်ဆိုတာ အများ ပြည်သူ
အားလုံး သိကြပါတယ်။ မကြာခင်က ပြုလုပ်တဲ့ ဒုသမ္မတ စိုင်းမောက်ခမ်းရဲ့
အလုပ်ရုံဆွေးနွေး ပွဲမှာ ဌာနဆိုင်ရာတွေရဲ့ ထိပ်ပိုင်းရာထူးတွေမှာ
လူမှန်နေရာမှန်ဖြစ်ဖို့နဲ့ စစ်တပ်မှ အကြောင်း အမျိုးမျိုးနဲ့ရောက်လာတဲ့
ယူနီဖောင်းချွတ်တွေကို ထိပ်ပိုင်းရာထူးတွေ မပေးတော့ဘူးဆိုလို့
ဝမ်းသာနေမိပါတယ်။ အခုတော့ လစ်လပ်သွားတဲ့ မြန်မာပညာရေး
သုတေသနအဖွဲ့ညွှန်ချုပ်ရာထူးနေရာနဲ့ မြန်မာနိုင်ငံစာစစ်အဖွဲ့ဥက္ကဌ
ရာထူးနှစ်နေရာစလုံးကို ပညာရေးအကြောင်း လုံးဝမသိတဲ့ စစ်တပ်ဘောင်းဘီချွတ်
ဗိုလ်မှူးကြီးကျော်စိုးကို ခန့်လိုက်တဲ့အတွက် ပညာရေးဝန်ကြီးကို ပညာရေး
အသိုင်းအ၀ိုင်းအားလုံးက သြဘာပေးနေကြပါတယ်။ ပညာရေးသုတေသနမှာ P.hD
ဘွဲ့ရရှိပြီး ပညာရေးအတွေ့အကြုံရင့်ကျက်တဲ့ ဒုညွှန်ချုပ်
ဒေါက်တာဒေါ်ခင်မျိုးမြင့်ကြူ လိုမျိုး ပညာတတ်တွေရှိပါလျှက်နဲ့ ဘာကြောင့်
ဒီတပ်ထွက်တွေကိုဘဲ ခန့်တာလည်းဆိုတာ နားမလည်ဘဲ ဖြစ်နေပါတယ်။ ၀န်ကြီး
ဒေါက်တာမြအေးကဘဲ တလွဲတွေလုပ်နေတာလား၊ ဒုဝန်ကြီး
ဦးအေးကြူ(ဗိုလ်မှူး-ငြိမ်း၊ OTS-65ဆင်း)ကဘဲ ကြိုးကိုင်လှုပ်ရှားနေတာလား
ဆိုတာကို ပညာရေးဝန်ထမ်းတွေအနေနဲ့ စိတ်ပျက် နေကြပါတယ်။
အရပ်သူ အရာရှိအမျိုးသမီးတစ်ဦးအား ရုံးအဖွဲ့မှူးတစ်ဦးမှ ကိုယ်ထိလက်ရောက် လက်သီးဖြင့်ထိုးကြိတ်ခဲ့သည်ဆိုခြင်း
နေပြည်တော် ပညာရေးဝန်ကြီးရုံး ဌာနခွဲ(၂)တွင် တာဝန်ထမ်းဆောင်ထမ်းဆောင်နေ
သော ဦးစီးအရာရှိ ဒေါ်မြင့်မြင့်စိန်အား ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းဆွေမှ
တာဝန်ထမ်းဆောင်နေစဉ် စိတ်အလိုမကျမှုဖြင့် မည်သည့်တစ်စုံတစ်ရာ မှားယွင်းမှု
မရှိဘဲ ကိုယ်ထိလက်ရောက် လက်သီးဖြင့် ထိုးကြိတ်ခဲ့သည့် ဖြစ်ရပ်ပေါ်ပေါက်ခဲ့
ပါသည်။ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်စိန်မှ မိမိမှ မှားယွင်းမှု
တစ်စုံတစ်ရာမရှိဘဲ ကိုယ်ထိ လက်ရောက်စော်ကားခံရမှုနှင့်ပတ်သက်ပြီး ၀န်ကြီး၊
ဒုဝန်ကြီး တို့ထံ သွားရောက်တိုင် ကြားရာ ၀န်ကြီး၏ ကိုယ်ရေးအရာရှိ
ဦးအောင်ထိုက်မှ ၀န်ကြီးနှင့် တွေ့မပေးနိုင် ကြောင်း၊ ခင်ဗျားကို
နယ်ပြောင်းပစ်မည်ဖြစ်ကြောင်း၊ ကြိမ်းမောင်း ထုတ်ခဲ့ပါသည်။
ဒုဝန်ကြီးဦးအေးကြူထံ သွားရာတွင်လည်း အိပ်နေသည်ဟုဆိုကာ တွေ့ခွင့်
မရရှိခဲ့ကြောင်း အကြိမ်ကြိမ်တွေ့ရန် ကြိုးစားသော်လည်း ၀န်ကြီး၊ ဒုဝန်ကြီးမှ
အတွေ့မခံခဲ့ပါ။ ရုံးအဖွဲ့မှူးအား ၀န်ကြီးနှင့် ဒုဝန်ကြီးတို့မှ
အကာအကွယ်ပေး ထားပါသည်။ ထိုကဲ့သို့ အမျိုးသမီးအရာထမ်းတစ်ဦးအပေါ်
ရုံးအဖွဲ့မှူးမှ ကိုယ်ထိ လက်ရောက် စော်ကားခဲ့ခြင်းနှင့် ပတ်သက်ပြီး
ထိရောက်စွာ အရေးယူပေးနိုင်ရန် နိုင်ငံတော်သမတ္တကြီးထံ
တိုင်ကြားထားကြောင်းနှင့် ၀န်ထမ်းများအနေဖြင့် မကျေမနပ်
ဖြစ်လျှက်ရှိကြောင်း သိရပါသည်။
မတရားအနိုင်ကျင့် အဖိနှိပ်ခံ ၀န်ထမ်းတွေရဲ့ဘ၀ကို ကာကွယ်စောင့်ရှောက် ပေးနိုင်ပါရန် နိုင်ငံတော်သမ္မတကြီးအား တင်ပြခြင်း
နေပြည်တော် ပညာရေးဝန်ကြီးရုံးတွင် တာဝန်ထမ်းဆောင်နေသော
ကွန်ပျူကျွမ်းကျင်ဝန်ထမ်း ဦးဝေအောင်ဗျင်နှင့် ဇနီးဖြစ်သူ
ကွန်ပျူတာကျွမ်းကျင် နော်စေးလာဖော အပါအ၀င် ၀န်ထမ်း(၇)ဦးတို့အား
ဒုတိယ၀န်ကြီး ဦးအေးကြူ၏ အမိန့်ဟုဆိုကာ အပြစ်တစ်စုံတစ်ဖော်ပြခြင်းမရှိဘဲ
ဝေးလံ ဒေသများသို့ ပြောင်းရွှေ့ပြစ်ဒဏ်ပေးခဲ့သဖြင့် ၀န်ထမ်းများအကြားတွင်
စိုးရိမ်ကြောက်ရွံ့မှု ပေါ်ပေါက်လျှက် တာဝန်ထမ်းဆောင်နေရပါသည်။
ဦးဝေအောင်ဗျင်အား ဖားအံပညာရေးကောလိပ်သို့လည်းကောင်း၊ ဇနီးဖြစ်သူ
နော်ဆေးလာဖောအား မော်လမြိုင်ပညာရေးကောလိပ်သို့လည်းကောင်း
ပြောင်းရွှေ့ခံခဲ့ရပါသည်။ နော်စေးလာဖောသည် မွေးကင်းစခလေးငယ် တစ်ဦးနှင့်အတူ
မိသားစု တကွဲတပြားစီဖြစ်ကာ လူမှုရေးအတိဒုက္ခများ ခံစားနေရပါသည်။
ပြောင်းရွှေ့ခံရသူများ အနေဖြင့် မည်သည့်အကြောင်းကိုမူ မသိရှိခဲ့ကြပါ။
ဒုဝန်ကြီးနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှ ပြောကြားချက်အရ ဒုဝန်ကြီး၏
အတွင်းရေးလျှို့ဝှက်ချက်များ ပေါက်ကြားမှုအရ အပြစ်ပေးခဲ့ခြင်းဖြစ်ကြောင်း
သိရပါသည်။ ထိုကဲ့သို့ လက်အောက် ငယ်သားများအပေါ် နိုင့်ထက်စီးနင်းလုပ်ကာ
သောက်စားမူးယစ်ပြီး မတရားအခွင့်အရေးများယူလျှက် ပညာရေးဌာနတွင်
လူကြီးလုပ်နေသော ဒုဝန်ကြီး ဦးအေးကြူအား အရေးယူ ဖယ်ရှားပေးနိုင်ပါရန်
တင်ပြအပ်ပါသည်။
ပညာရေးဝန်ကြီးရုံးမှ ၀န်ထမ်းတစ်ဦး
No comments:
Post a Comment