ပထမဦးစွာ အာစရိယ ဆရာသမား အပေါင်းကို ရိုသေစွာ ဦးခိုက်ပါတယ်။ စော်ကားလိုသော
စိတ်ကြောင့် ရေးတာမဟုတ်ပဲ ပြုပြင်ရန် စနစ်နှင့် ခေတ်အကြောင်းကို
ထောက်ပြသည့် အပြု သဘောအရ ရေးတာဖြစ်ကြောင်း ဦးစွာ ပြောကြားလိုပါသည်။ ကျနော်
ကြုံရသည့် ပညာရေး စနစ်နှစ်ခု အကြောင်းကို ယှဉ်ထိုးလိုပါသည်။ အဲဒီမှာ
ကွာဟနေသည်များကို ကျနော်တို့ ၀ိုင်းဝန်း စဉ်းစားပြီး ပြုပြင် ကြခြင်းဖြင့်
ကျနော်တို့၏ လူ့ဘောင်ကို ခေတ်မှီ တိုးတက်အောင် ပြုလုပ်နိုင်မည်။
ကလေးနှစ်ဦး၏ ကျောင်းစာသင်ခန်း အတွေကြုံ
ကျနော် ၁၉၇၅-၇၆ ပညာသင်နှစ်မှ ၁၉၈၇-၈၈ ပညာသင်နှစ် အထိတော့ ကိုယ့်နိုင်ငံမှာ ကျောင်းနေခဲ့ရသည်။
ကျနော်တို့ မြန်မာနိုင်ငံမှာ ကျောင်းသုံး
ဖတ်စာအုပ်များ နှစ်ပေါင်းများစွာ ပုံသေတည်တံ့ နေသည်။ အမေးနှင့် အဖြေကို
ဆရာက ကျောက်သက်ပုန်းတွင် ရေးသား ပေးလိုက် ပြီးနောက် "၏သည်" မရွေ့ အသေကျတ်မှ
သာလျှင် အမှတ်ရပေမည်။ စာမေးပွဲသည် ကျောင်းသား၏ အရည်ချင်း ဖြစ်သည်။
အခုခေတ်မှာ ပြောင်းလွဲကုန်ပြီလား ပိုမို ကောင်းမွန်တဲ့ စနစ်တွေ ပေါ်ထွန်း
နေပြီလား မသိပါ။ အဆိုးဝါးဆုံး ကိစ္စက ဆရာ-ဆရာမများ၏ ၀င်ငွေအရ
ကျောင်းသားထံတွင် ပိုက်ဆံရှာခြင်း ဖြစ်သည်။
မှတ်မှတ်ရရ ကျနော်လေးတန်းတွင် ဖြစ်သည်။ အခုခေတ်တော့ မသိဘူး ကျနော်တို့
ခေတ်က ဆရာ-ဆရာမတွေ အမည်ရှေ့မှာ သင်္ကေသဖြင့် ကြိမ်နှစ်လုံးပူးနှင့်
ရိုတ်သည့် ဆရာဆရာမ အမည်ရှေ့မှာ နှစ်လုံးပူး ဘယ်သူ၊ သစ်သားပေတံ၊ လက်သီး၊
လက်ဝါး စသည်တို့ ကျောင်းသားများ အကြားတွင် ကျော်ကြားသည့်
အမည်ရှိများရှိသည်။ ကျနော်က နှစ်လုံးပူး---- အတန်းတွင် ကျုရှင်ယူရန်
ပြောပါသည်။ ပထမပိုင်းတွင် ဆရာမအိမ်တွင် လုပ်သည့် ကျုရှင် မယူသူများသည်။
စာသင်ချိန်တွင် ဆော်ပလော် တီးခံရပေသည်။ မည့်သို့မှ မလွတ်ပေ အိမ်စာလုပ်လာလဲ
မှား၍ တီးသည်။ သူ့အမှားကလည်း မလွတ်နိုင်ပါ။ အကုန်မှန်နေလဲ မျဉ်းစောင်းခြင်း
လက်ရေးမလှခြင်း စသည်ဖြင့် အပြစ်များ ရှိနေသည်။ ကျုရှင်ယူသူများ
စာသင်ခန်းသို့ လာချိန်တွင် အိမ်စာများ အမှတ်တခါထဲ ခြစ်ပြီး သားဖြစ်နေပြီး။
မယူသူ ကျနော်တို့ အတန်းသား အချို့မှာ နေ့တိုင်း ကြိမ်လုံးနှင့်
နှစ်ပါးသွားနေရာ ကျူရှင် ယူသူများပြားလာပြီး။ အဖေက နိုင်ငံခြားသွားနေလို့
အမေ့ကို ပြောပြရန် ကြောက်သော ကျနော် ကျောင်းတက်ဖို့ အတွက် အိမ်က
ရေတိုင်ကီအပေါ် တက်ပုန်းတဲ့ အထိ ဖြစ်လာသည်။ နောက်တော့ ကျနော်အမေက
ကျောင်းပျော်တဲ့ ကျနော်ကြောက်ရခြင်း အကြောင်းကို မေးမြန်းတော့မှ ကျနော်လဲ
ဖြစ်ကြောင်း ကုန်စင် ပြောပြရဲတော့ သည်။ အမေ နောက်တနေ့ ပိုက်ဆံအိတ်ဆွဲပြီး
ဆရာမနှင့် လိုက်တွေ့ပြီး။ နောက်နေ့မှာ ကျနော်သည် ဆရာမ အတန်းချိန်ကုန်လို့
အတန်းပြောင်းသည့် အခါ ဆရာမဆွဲခြင်း ကိုင်ပို့ပေးရသည့် ရာထူးရသွားပြီး။
အတန်းထဲတွင် စာခေါ်ပေးရခြင်း စသည့် ရာထူးများရရှိပြီး
ပျော်ရွှင်သောကျောင်းသား ဘ၀တို့ ပြန်ရောက်သွား ရပေတော့သည်။ မှတ်မိသလောက်
ရေကျော်တွင် အကြော်ရောင်းတဲ့ သူငယ်ချင်းအပါဝင် ကျနော်တို့ အတန်း တတန်းလုံး
ကျုရှင်တက်ကြပေသည်။
အမေရိကန်ပြည်ထောင်စုမှာ ရောက်လာပြီး ကျောင်းတက်တဲ့ ကယားကလေးငယ် တဦး၏
ဖြစ်စဉ်ကို ကျနော်တွေ့ရတာက ဒီလိုပါ။ ကလေးက ကျနော်လေးတန်း တုန်းက အသက်နှင့်
မတိုင်းမယိမ်းပဲ ကလေးက ၁၀ နှစ်သား၊ ကိစ္စက ကလေးက ကြမ်းတမ်းတယ် ဆိုပြီး
ကျောင်းက ခေါ်လို့ သူ့မိဘ ကိုယ်နှင့်အတူ ကျနော် လိုက်သွားရသည်။ ကလေးတွေ
စာသင်ခန်းကိုချောင်း ကြည့်လိုက်တာ ကလေးနှင့် ဆရာမ အကြားမှာ မလိုအပ်တဲ့
ချုပ်ချယ်မှု လက်ပိတ်ပြီး ဆရာမ စားပွဲဘေးမှာ ရပ်နေရတာ မတွေ့ရပါဘူး။
အုပ်စုလိုက် စားပွဲမှာ ထိုင်နေတဲ့ ကလေးတွေထံက ဆရာမက အိမ်စာ စာအုပ်များ
လိုက်သိမ်းပေးပြီး ရေပေါ်မှာ ပေါ်နိုင်တဲ့ အရာဝတ္ထုများ အကြောင်း
ရှင်းပြနေပါတယ် ပြီးတော့ ခေတ်အလိုက် လူတွေ တီထွင်တဲ့ သစ်တုံး ဖေါင် လှေ
သဘောင်္စသည်တို့ကို ရှင်းပြပြီး။ မိမိနှစ်သက်ရာ လူစီးရေယာဉ်တခုကို အိမ်ကနေ
ရေးဆွဲလာဖို့နှင့် သုံးဆွဲသည့် ပစ္စည်းများကို ရေးလာရမည် သစ်လား သံလား
ပလပ်စတစ်လား စက်သုံးလား ခွဲခြားလာရမည် စသည်ဖြင့် ရှင်းပြပြီး။
ကျောင်းသားများကို ရေယာဉ်တွေ ရုပ်ပုံနှင့် သမိုင်းပါတဲ့ စာအုပ်တွေ
ဝေငှပေးပြီး လေ့လာဖို့ ၁၅ မိနစ် အချိန်ပေးကာ ဆရာမက ကျနော်တို့နှင့်
ထွက်တွေ့ပါတယ်။
နောက်တော့ ကျောင်းရုံးခန်းသွားပြီး တွေ့တော့။ ကလေးအကြောင်းကို ရှင်းပြတယ်။
ကလေးက စိတ်ကြမ်း လူကြမ်း ဖြစ်နေပါတယ်။ ဒေါသအင်မတန်မှ ကြီးပြီး
အခြားကလေးများကို အကြမ်းဖက်လိုတဲ့ လဏ္ခာရှိတယ်။ ဒါကြောင့် မိသားစုကို
အသိပေးလိုတာ ဖြစ်ပြီး။ ကျောင်းမှလဲ မိသားစုအတွင်း ပြဿနာတွေ ရှိရင်
ဖြေရှင်းဖို့ သက်ဆိုင်ရာ ပညာရှင်တွေနှင့် ကူညီ ဆောင်ရွတ်ပေးမှာ ဖြစ်ကြောင်း
ရှင်းပြပြီး။ ကလေး ဘယ်နှစ်ယောက်လဲက စပြီး တဦးစီ အခြေနေတွေ၊ မိခင်ဖခင်
အခြေနေ စကားများ ရန်ဖြစ်ခြင်း ရှိမရှိ မိချင် ဖခင် အရက်သောက်ခြင်းရှိမရှိ။
အိမ်ထောင်ရေးအခြေနေ စသည်ဖြင့် စာမျက်နှာ ၁၆ ရွတ်ပါ မေးခွန်းများကို
ဖြေကြားဖို့ ထုက်ပေးပြီး။ ကလေးအတွက် မိဘနှင့် ကျောင်းပူးပေါင်း ဆောင်ရွတ်
ဖြေရှင်း ပြုပြင်ပေး သွားမည် ဖြစ်ကြောင်း။ ကလေးကို ပြုစုပျိုးထောင်ပေးရန်
အခြေခံလိုအပ်ချက် စာအုပ်ငယ်ကို ထုက်ပေးသည်။ အဲဒီထဲတွင် ကလေးနှစ်သက်သည့်
အစားစာကို သိရှိအောင် လုပ်ပြီး ကျန်းမာရေးနှင့် ကိုက်ညီသော အစားစာဖြစ်
မဖြစ်လေ့လာရန် တပတ်တွင် နှစ်ရက် တရက်ကို သုံးနာရီ ကလေးကို ပြင်ပ အပန်းဖြေမှု
စီစဉ်ပေးရန် ကလေးကစားကွင်း တိရိစ္ဆာန်ရုံ စသည်ဖြင့် ပို့ပေးရန် စသည်တို့
ပါဝင်သည်။ ကလေးကြည့်ရန် မသင့်တော်သော ရုပ်ရှင်ကားများ အိမ်တွင်
ကလေးများမကြည့်စေရန် သတိပြုရမည်။ ( အပြာကားတခုပဲ ကလေးကြည့်ရန် မသင့်တော်တာ
မဟုတ်ပါ စစ်ကား စုံထောက်ကား သိုင်းကား လူသတ်ကား သရဲကားများလည်း
မသင့်တော်ပါ။) ကလေး၏ စရိုတ် (Behavior) ပြောင်းလွဲစေမည့် ဇာတ်ကားများ
ကလေးမြင်ကွင်းမှ ဖယ်ရှားပေးပါ စသည် တို့လည်း ပါဝင်သည်။
ကျနော်တို့လိုအပ်နေတဲ့ ပညာရေးစနစ်
ကျနော်ငယ်ငယ်က ကျနော်တို့ နိုင်ငံကျောင်းက ပျိုးထောင်ပေးတဲ့ စနစ်နှင့်
ကယားကလေးကို အမေရိကန်ကျောင်းက ပျိုးထောင်ပေးတဲ့ စနစ်နှစ်ခု ကွာခြားပုံကို
ယှဉ်လိုက်ပါ။ ကျနော်ကြုံခဲ့တဲ့ အဲဒီဖြစ်ဆင်က ကျနော်တို့ဆီမှာ
မဆန်းကျယ်သော်လည်း လေးတန်းကျာင်းသား အဆင့် ကလေးသူငယ်၏ အသိဥာဏ်ထဲတွင်
အင်မတန်မှ ကြောက်စရာကောင်းသော အသိဥာဏ် ရသွားတာ ဖြစ်သည်။ ငွေနှင့်
ဖြေရှင်းရင် လာဒ်ထိုးရင် အဆင်ပြေသည်ဟု သိသွားခြင်း၊ အထက်လူကြီးနှင့်
အဆင်ပြေရင် ကိုယ့်ဘ၀လုံခြုံ သာယာပြီဟု သိလိုက်ရခြင်း၊ မိမိလိုအပ်ချက်ကို
မရရှိပါက တဖက်သားက အကြပ်ကိုင်ရမည် လိုအပ်ပါက အင်အားသုံး
အကြမ်းဖက်ခြင်းဖြင့် အောင်မြင်နိုင်မည်။ ဒီလိုပညာရေးက ဆင်းသက်လာတဲ့ လူတွေ
အုပ်ချုပ်တဲ့ ကျနော်တို့ နိုင်ငံမှာ ဆက်ပြီး မတွေးချင်စရာ တွေချည်းပါ။
ဒီတော့ကျနော်ပြန်တွေးကြည့်သည် အားလုံးလည်း ၀ိုင်းတွေးကြည့်ရအောင်။
ကျနော်တို့တွေ သူငယ်တန်းမှနေပြီး အထက်တန်းအောင်တဲ့ အထိ ကျောင်းတက်လာတဲ့
အခါမှာ ကျနော်တို့ ကျောင်းသားတွေသည် မိမိ ကိုယ်ပိုင် အတွေးအမြင် (Opinion)
ထုက်ဖေါ်ခွင့် ရပါသလဲ။ ကျနော်တို့ ကျောင်းဖတ်စာအုပ်တွေ ရေးသမျှကို
ကျနော်တို့သည့် အလုံးစုံ အမှန်တရား အဖြင့် ၏သည် မရွေ့မှတ်ကြားရသည်။ အဲဒီ
ဖတ်စာတွေက ဘယ်လောက် မှန်သလဲ ဆိုတဲ့ မေးခွန်းကို ကျနော်တို့ မေးသင့် အဖြေ
သိသင့်ပြီ။ ၁ + ၁ = ၂ ဆိုတဲ့ သချာင်္ဘာသာရပ်နှင့် သချာင်္အခြေပြု ဘာသာရပ်တွေမှ
လွဲလို့ အခြား ဘာသာရပ်များကို အမှန်တရားပါဆိုပြီး သင်ကြားတဲ့ ပညာရေးစနစ်
ကမ္ဘာ့တိုးတက်နေတဲ့ နိုင်ငံတွေမှာ မကျင့်သုံးတော့ဘူး။ ကျောင်းသားတွေကို
Facts vs Opinions သင်ကြားပေးတဲ့ သင်ခန်းစာရှိပြီးလား။ ဒါတွေဟာ အခုချိန်မှာ
သိပ်ကို လိုအပ်နေပြီဖြစ်သည်။
မြန်မာနိုင်ငံ၏ အခြေနေအရ ရိုက်ခက်သင်ကြားခံရသည့် အသိများနှင့်
တမင်ဖန်တီးထားသော မှိုင်းသွင်းသင်ကြားမှု များအောက်မှာ ကျနော်တို့ လူမျိုးတွေ
ကိုယ်ရည်ကိုယ်သွေး ကျဆင်းနေပါပြီ။ တီထွင်ဖန်တီး သူများ ဖြစ်နိုင်သည့်
ပညာရေး စနစ်မျိုးကို မဖန်တီးသေး သရွေ့ ခေတ်မှီလူ့ဘောင်ကြီး ဖန်တီးမည်
ကမ္ဘာကို ရင်ဘောင်တန်းမည် ဆိုတဲ့ ကြွေးကြော်သံတွေ အော်မနေသင့်ဘူး။ ဒါကြောင့်
သမားရိုးကျ စာသင်ခန်းတွေထဲက ကျနော်တို့ မြန်မာနိုင်ငံက လူငယ်တွေကို
ထုက်ပေးကြပါ။ စက်ရုံမှ ထုက်လိုက်သော ပုံတူ အရည်သွေးတူ ပန်းပုရုပ်များ ဘ၀မှ
ကျနောတို့ လူငယ်တွေကို ဖယ်ထုက်နိုင်အောင် ကြိုးစားရမည်။ ကမ္ဘာ့ပညာရေးစနစ်ကို
လိုက်မှီတဲ့ စာသင်ခန်းတွေ အဖြစ် စတင် ပြောင်းလဲပေးသင့်ပြီ။ သို့မှသာ
ကျနော်တို့ နိုင်ငံမှ လူငယ်တွေ ဖန်တီးရှင်များ ဖြစ်လာနိုင်မည်။ ကမ္ဘာကို
ရင်ဘောင်တန်းနိုင်မည်။
ချစ်ခင်စွာဖြင့်
ရဲမင်းထွန်း
ကျနော်ရေးသားသမျှသည် ကျနော်ကြုံတွေ့သမျှ အတွေ့ကြုံနှင့် ဆက်စပ်ပြီး
ရေးသားခြင်းဖြစ်သောကြောင့် အမှားပါရှိခဲ့သော် ကျနော့အမှားသာဖြစ်ပေမည်။
No comments:
Post a Comment