Monday, 18 March 2013

ကျောင်းပြန်တက်ချင်လိုက်တာ.....

ကျောင်းပြန်တက်ချင်လိုက်တာ.....

ကျောင်းကိုလည်းအခေါက်ခေါက်ရောက်တယ်။ကျောင်းကတာဝန်ရှိသူတွေက အဝေးသင်ပြောင်းတက်လိုက်ပါသားရယ်ဆိုတဲ့  တုံ့ ပြန်မှုကလွဲပြီး သေချာရေရာတဲ့  အဖြေဘာမှမရခဲ့ ဘူး။ကျွန်တော် ရူပဗေဒအထူးပြုနဲ့  ရန်ကုန်အရှေပိုင်းတက္ကသိုလ်မှာ ၂၀၀၇ ခုနှစ်ထိ နေ့ ကျောင်း ကျောင်းတက်ခဲ့ တယ်။ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ စာမေးပွဲဖြေနေတဲ့ ကာလ။ကျွန်တော်စာမေးပွဲကို ဆက်မဖြေပဲ သပိတ်မှောက်ခဲ့ တယ်။၂၀၁၁ ထောင်ကပြန်လွတ်လာတော့ ကျောင်းပြန် တက် ခွင့်ရဖို့  ကျောင်းကိုသွားခဲ့ တယ်။အဝေးသင်ပြောင်းပါသားရယ်ဆိုတဲ့  အဖြေကလွဲပြီး ဘာမှမထူးဘူး ခုထိပဲ။
ကျွန်တော်နားလည်လက်ခံထားတာက ဘယ်လိုပုံစံနဲ့  ပညာသင်ယူမလဲဆိုတာက ကျွန်တော်ကိုယ်တိုင်ကသာ ဆုံးဖြတ်ရမှာပါ။ကျောင်းကနေ နေ့ ကျောင်းတော့မရဘူး အဝေးသင်ပဲရမယ် ဆိုတာမျိုး ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးထင်ပါတယ်။
နောက်ဆုံးတစ်ချက်က ခုလိုမျိုးတွေဖြစ်နေတာတွေက ဗိုလ်ခင်ညွန့် လက်ထက်မှာ ထုတ်ခဲ့ တဲ့  ညွှန်ကြားချက်တွေက ခုဆိုကျောင်းစည်းကမ်းတွေအဖြစ် နဲ့ ကျင့်သုံးနေခြင်းကြောင့်လို့ ကျွန်တော်နားလည်တယ်။
အဖြေကတော့ ရှင်းပါတယ် အစိုးရက ဝင်ရောက်စွက်ဖက်မှုကင်းရှင်းသော ပညာရေးလွတ်လပ်ခွင့်ကိုအာမခံတဲ့  ပညာရေးဥပဒေတစ်ရပ် အခိုင်အမာပေါ်ပေါက်လာရေးပါပဲ။

လင်းထက်နိုင်

ကျောင်းကိုလည်းအခေါက်ခေါက်ရောက်
တယ်။ကျောင်းကတာဝန်ရှိသူတွေက အဝေးသင်ပြောင်းတက်လိုက်ပါသားရယ်ဆိုတဲ့  တုံ့ ပြန်မှုကလွဲပြီး သေချာရေရာတဲ့  အဖြေဘာမှမရခဲ့ ဘူး။ကျွန်တော် ရူပဗေဒအထူးပြုနဲ့  ရန်ကုန်အရှေပိုင်းတက္ကသိုလ်မှာ ၂၀၀၇ ခုနှစ်ထိ နေ့ ကျောင်း ကျောင်းတက်ခဲ့ တယ်။ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ စာမေးပွဲဖြေနေတဲ့ ကာလ။ကျွန်တော်စာမေးပွဲကို ဆက်မဖြေပဲ သပိတ်မှောက်ခဲ့ တယ်။၂၀၁၁ ထောင်ကပြန်လွတ်လာတော့ ကျောင်းပြန် တက် ခွင့်ရဖို့  ကျောင်းကိုသွားခဲ့ တယ်။အဝေးသင်ပြောင်းပါသားရယ်ဆိုတဲ့  အဖြေကလွဲပြီး ဘာမှမထူးဘူး ခုထိပဲ။
ကျွန်တော်နားလည်လက်ခံထားတာက ဘယ်လိုပုံစံနဲ့  ပညာသင်ယူမလဲဆိုတာက ကျွန်တော်ကိုယ်တိုင်ကသာ ဆုံးဖြတ်ရမှာပါ။ကျောင်းကနေ နေ့ ကျောင်းတော့မရဘူး အဝေးသင်ပဲရမယ် ဆိုတာမျိုး ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးထင်ပါတယ်။
နောက်ဆုံးတစ်ချက်က ခုလိုမျိုးတွေဖြစ်နေတာတွေက ဗိုလ်ခင်ညွန့် လက်ထက်မှာ ထုတ်ခဲ့ တဲ့  ညွှန်ကြားချက်တွေက ခုဆိုကျောင်းစည်းကမ်းတွေအဖြစ် နဲ့ ကျင့်သုံးနေခြင်းကြောင့်လို့ ကျွန်တော်နားလည်တယ်။
အဖြေကတော့ ရှင်းပါတယ် အစိုးရက ဝင်ရောက်စွက်ဖက်မှုကင်းရှင်းသော ပညာရေးလွတ်လပ်ခွင့်ကိုအာမခံတဲ့  ပညာရေးဥပဒေတစ်ရပ် အခိုင်အမာပေါ်ပေါက်လာရေးပါပဲ။

လင်းထက်နိုင်

No comments:

Post a Comment