ကျွန်ုပ်တို့ ရန်ကုန်အနာက်ပိုင်းတက္ကသိုလ် တွင် တရားဝင်မဟုတ်သော
ပါးစပ်မိန့်ချုပ်ခြယ်မှုဖြင့် စည်းကမ်းများစွာ တင်းကျပ်လျှက်ရှိနေပါသည်။
သင်ထောက်ကူ ပစ္စည်း မပြည့်စုံမှု နှင့် သွားလာရေး အဆင်မပြေမှု စသည့်
အခက်အခဲများကိုလဲ ရင်ဆိုင်နေရပါသည်။
ထို ချုပ်ခြယ်တင်းကျပ်မှုများ၊သင်ထောက်ကူ ပစ္စည်း မပြည့်စုံမှုနှင့် သွားလာရေး အဆင်မပြေမှုတို့ ကြောင့် ကျောင်းသားအများစု၏ ရင်တွင်းတွင် မကြေနပ်မှုများ
ဖြစ်ပေါ် လာခဲ့ရပါသည်။ ထို့ကြောင့် ကျောင်းသားတို့၏ မကျေနပ်သော ခံစားချက် များကို ကျောင်းသား များ အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောဆိုကြပြီး မိမိတို့ ကျောင်းသားထု၏ ခံစားချက် အစစ်မှန်တို့ကို ဖော်ထုတ်၍ ကျောင်းအာဏာပိုင်တို့ သိမြင်လာကာ ပြုပြင်ပေးနိုင်ရန် ထို့အပြင် ယခုကဲ့သို့ ချုပ်ခြယ်တင်းကြပ်မှုများနှင့် ပြဿနာများ ဖြစ်ပေါ်နေရခြင်းမှာ ကျောင်းသားတို့၏ အခွင့်အရေးကို အကာကွယ်ပေးမည့် ခေတ်မီသည့်
တက္ကသိုလ်ဥပဒေ တစ်ရပ် မပေါ်သေးသောကြောင့်ဖြစ်သည်ဟု ကျွန်ုပ်တို့ အနေဖြင့် ထင်မြင်ပါသည်။ ထို ဥပဒေကို ရေးဆွဲရာတွင် ကျောင်းသားတို့၏ စစ်မှန်သော ခံစားချက်
အသံတို့လဲ လိုအပ်မည် ဟုထင်မြင်မိပါသည်။ ထို့ကြောင့် ဥပဒေပြု အမတ်မင်းတို့ ကျောင်းသားထု၏ အသံကို ကြားသိလာကာ ကျောင်းသားတို့၏ အခွင့်အရေးကို ကာကွယ်ပေးသော တက္ကသိုလ် ဥပဒေတစ်ခု အမြန်ဆုံးရေးဆွဲပေးနိုင်ရန် စသည်တို့ကို ရည်ရွယ်ပြီး ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ကျောင်းသားများ နှင့် ကျွန်ုပ်တို့ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) တို့မှ ပူးပေါင်းပြီး အထက်ပါ ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါသည်။
ထို့ကြောင့် လူကြီးမင်းတို့အနေဖြင့် ကျွန်ုတို့ ကျင်းပပြုလုပ်မည့် ဆွေးနွေးပွဲသို့ တက်ရောက်ပေးပါရန် ဖိတ်ကြားအပ်ပါသည်။

လေးစားစွာဖြင့်
ရဲမြတ်ဟိန်း
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
(ဖြစ်မြောက်ရေးကော်မတီ)

No comments:
Post a Comment