တောတောင်များထဲတွင်
သစ်ခုတ်ဝါးခုတ်လုပ်ကိုင်စားသောက်နေသူတို့ စုပေါင်းနေထိုင်သော
အိမ်ခြေ(၅၀)ခန့် ရွာငယ်လေး များမှ ကလေးများပညာရေးအတွက်
ဆရာ၊ဆရာမများကိုကျေးရွာများမှ စုပေါင်းငှားရမ်းပြီးသင်ကြား နေသော် လည်း
လွန်ခဲ့သည့်ပညာသင်နှစ်တွင် ငှားရမ်းခ
အပြည့်မပေးချေနိုင်ခဲ့သည့်ဖြစ်စဉ်များရှိခဲ့သဖြင့် လာမည့်ပညာသင်နှစ်တွင်
ပညာသင်ကြားရန် အခက်အခဲများဖြစ်ပေါ်နေခြင်းဖြစ်သည်။
“ဒီဘက်မှာတော့အဲဒီလိုဝေးလံခေါင်ဖျားတဲ့နေရာမှာနေနေကြတာ(၅)ရွာလောက်တော့ရှိတယ်၊သူတို့ဘက်တွေကလမ်း
ကလည်းမရှိတော့ကလေးတွေပညာရေးအတွက်ကအနီးဆုံးကျောင်းတောင်
နှစ်နာရီလောက်လမ်းလျှောက်ရတဲ့ အခက်အခဲရှိတော့ ဆရာမတွေ ငှားရတယ်”ဟု ငွေဆောင်မြို့ရှိမြတ်ဒါနလူမှုရေးအဖွဲ့မှဦးစန်းရွှေကပြောသည်။
၎င်းရွာများမှာ
ကျေးရွာကြီးများနှင့်အလှမ်းဝေးသဖြင့် ကလေးငယ်တို့ပညာရေးအတွက်
အနီးဆုံးရွာရှိ ကျောင်းများသို့ တက်ရောက်
လျှင်နာရီများစွာသွားလာရခြင်း၊မိုးတွင်းအခါတောင်ကျချောင်းရေအန္တရာယ်ရှိခြင်း
တို့ကြောင့်ရွာတွင်ပင်သင်ကြားရန်ဆရာ၊ဆရာမတစ်ဦးလျှင်
တစ်နှစ်သုံးသိန်းမှငါးသိန်းအထိပေးကာ ခေါ်ယူငှားရမ်းနေ ရကြောင်း
ဒေသခံတို့ထံမှ သိရသည်။
“ကျွန်တော်တို့သဇင်လေးရွာမှာတော့
ဆရာမကိုတစ်နှစ်သုံးသိန်းပေးငှားပြီး ကလေးတွေစာသင်ရတယ်၊ ဒီနှစ်ရွာမှာ
အကုန်လုံးကစီးပွါးရေးမကောင်းတော့ ဆရာမကိုဒီနှစ်တော့(၂)သိန်းလောက်ပဲ၊
ပေးနိုင်ခဲ့လို့ ဒီငွေဆောင်က လူမှုရေးအဖွဲ့တွေကို အကူအညီတောင်းတာပါ”ဟု ငွေဆောင်မြို့နယ်ခွဲအတွင်းရှိ သဇင်ကျေးရွာမှ(၂) မိုင်ခန့် ဝေးကွာသော သဇင်လေးကျေးရွာမှ ကိုမိုးအောင်ကပြောသည်။
သဇင်လေး၊ဂျိုင်လယ၊်လိပ်မည်းအစရှိသောရွာငယ်လေးများမှာအဓိကအသက်မွေးဝမ်းကျောင်းအဖြစ်သစ်ခုတ်
ဝါးခုတ်မီးသွေးဖုတ်ခြင်းနှင့်ရာဘာစိုက်ပျိုးရေးလုပ်ငန်းများ
လုပ်ကိုင်ကြကြောင်း သိရသည်။
ထိုသို့အခက်အခဲရှိနေသောရွာများအနေနှင့်
ပညာရေးဌာနများသို့ အကြောင်းကြားကာ အကူအညီတောင်းခံသင့်ကြောင်း
အငြိမ်းစားကျောင်းဆရာမတစ်ဦးက ယခုကဲ့သို့ပြောသည်။
“သူတို့တွေအနေနဲ့လူမှု့ရေးအဖွဲ့တွေကိုအကူအညီတောင်းနေမယ့်အစားမြို့နယ်ပညာရေးမှုးရုံးတို့
ဘာတို့ကို အကြောင်းကြား သင့်တယ်၊ဒါပေမယ့်ဝေးလံခေါင်သီတဲ့နေရာတွေကိုတော်ရုံ
ဝန်ထမ်းတွေကမသွားချင်ကြတော့အခက်အခဲရှိတော့ ရှိနိုင်တယ်”ဟု အငြိမ်းစားကျောင်းဆရာမဒေါ်စန်းစန်းက ပြောပြသည်။
မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
by Myit Makha Mediagroup on 22 Mar, 2013
by Myit Makha Mediagroup on 22 Mar, 2013
No comments:
Post a Comment