ဒဂုံတက္ကသိုလ်ကြီး၏ ကြီးမားလှပေထသော မဟာစာကြည့်တိုက်ကြီးတွင် စာကြီးပေကြီး စာအုပ်ကြီးပေါင်းမြောက်များစွာကို စာအုပ်စင်ကြီးများထက် အခန့်သားစီလျက်ထားရှိပေသည် ။ ကျောင်းသားတို
့၏ အသိအမြင် ဗဟုသုတ ပညာဥာဏ်အလင်းရောင်များ ထွန်ပြောင်လာဖို့ ရာတည်း ။ သို
့ရာတွင် ယင်းစာအုပ်တို့အား ကျောင်းသားများဝင်ရောက် ရွေးချယ်
ဖို့ငှာ မစွမ်းသာချေ ။ အဘယ်ကြောင့်ဆိုသော် အဆိုပါ တန်ဖိုးကြီး စာကြီး၊ပေကြီး၊စာအုပ်ကြီးများ ပျောက်ရှမည်ကို စိုးရိမ်တော်မူပေသော စာကြည့်တိုက် ဆိုင်ရာအကြီးအကဲ ကြီးများက့ ကျောင်းသားတို့ ၏ ကိုယ်ကျင့်သိက္ခာကို ယုံကြည်ကိုးစားသောအားဖြင့် စာအုပ်များကို စာအုပ်စင်များအနီးသို့  ကိုယ်တိုင်ဝင်ရောက်ရွေးချယ်ခြင်းကို မပြုလေဘဲ စာအုပ်စာရင်းကဒ်ထူပြားကလေးများကိုသာ ကျောင်းသားတို့ အား
ကိုင်တွယ်ထိတွေ့ခွင့်ပေးချေသည် ။ ယင်းစာအုပ်စာရင်းကဒ်ထူပြားကလေးများမှာလည်း စာကြည့်တိုက်ဆိုင်ရာ တာဝန်ခံတို့၏ စီမံခန့် ခွဲမှုအောက်တွင် နာမည်များအစီအစဉ်မကျသည်
တို့ ကတမျိုး ၊ စာရင်းတွင်ရှိ လက်တွေ့တွင်မရှိ ၊ လက်တွေ့တွင်ရှိ စာရင်းတွင်မရှိသည်တို့က တဖုံရှိနေလေသောကြောင့် စာအုပ်တအုပ်
ဖတ်ရှုဖို့အရေးသည် ငှက်ပျောသီးအခွံနွှာစားရသလို မလွယ်ကူဘဲ ကျွဲခေါင်းသီး အခွံနွှာရသလို ကသိကအောက်နိုင်လှပေသည်...။ မစားရအညှော်ခံရရှာသော ကျောင်းသားတို့ သည် စာကြည့်တိုက်ကြေးကိုမူကား ကျောင်းအပ်စဉ်တပါးတည်းပေးဆောင်ရ
ပါသော်လည်း စာအုပ်စင်ကြီးတို့ကိုမူကား မြင်သာမြင်ရမကြင်ရပေ။ ခက်ခဲလှသော စာကြည့်တိုက်စနစ်နှင့် စာပေလေ့လာရေးကို များစွာစိတ်ဝင်စားသော ကျောင်းသားတို့ တွေ့ကြလေသောအခါ.........။ ။
Words Credit To Thuracan Nayset
ဖို့ငှာ မစွမ်းသာချေ ။ အဘယ်ကြောင့်ဆိုသော် အဆိုပါ တန်ဖိုးကြီး စာကြီး၊ပေကြီး၊စာအုပ်ကြီးများ ပျောက်ရှမည်ကို စိုးရိမ်တော်မူပေသော စာကြည့်တိုက် ဆိုင်ရာအကြီးအကဲ ကြီးများက့ ကျောင်းသားတို့ ၏ ကိုယ်ကျင့်သိက္ခာကို ယုံကြည်ကိုးစားသောအားဖြင့် စာအုပ်များကို စာအုပ်စင်များအနီးသို့  ကိုယ်တိုင်ဝင်ရောက်ရွေးချယ်ခြင်
ကိုင်တွယ်ထိတွေ့ခွင့်ပေးချေသည် ။ ယင်းစာအုပ်စာရင်းကဒ်ထူပြားကလေးမ
တို့ ကတမျိုး ၊ စာရင်းတွင်ရှိ လက်တွေ့တွင်မရှိ ၊ လက်တွေ့တွင်ရှိ စာရင်းတွင်မရှိသည်တို့က တဖုံရှိနေလေသောကြောင့် စာအုပ်တအုပ်
ဖတ်ရှုဖို့အရေးသည် ငှက်ပျောသီးအခွံနွှာစားရသလို မလွယ်ကူဘဲ ကျွဲခေါင်းသီး အခွံနွှာရသလို ကသိကအောက်နိုင်လှပေသည်...။ မစားရအညှော်ခံရရှာသော ကျောင်းသားတို့ သည် စာကြည့်တိုက်ကြေးကိုမူကား ကျောင်းအပ်စဉ်တပါးတည်းပေးဆောင်ရ
ပါသော်လည်း စာအုပ်စင်ကြီးတို့ကိုမူကား မြင်သာမြင်ရမကြင်ရပေ။ ခက်ခဲလှသော စာကြည့်တိုက်စနစ်နှင့် စာပေလေ့လာရေးကို များစွာစိတ်ဝင်စားသော ကျောင်းသားတို့ တွေ့ကြလေသောအခါ.........။ ။
Words Credit To Thuracan Nayset

No comments:
Post a Comment