The Voice Weekly မှ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ၏ ပညာရေးနှင့် ပတ်သက်သော မေးခွန်းတွင် နိုင်ငံတော်သမ္မတကြီးက အောက်ပါအချက်များ အဓိကထား၍ ဖြေကြားခဲ့ပါသည်-
အောင်မျိုးကျော် via googlegroups.com
The Voice Weekly မှ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ၏ ပညာရေးနှင့် ပတ်သက်သော မေးခွန်းတွင် နိုင်ငံတော်သမ္မတကြီးက အောက်ပါအချက်များ အဓိကထာညး၍ ဖြေကြားခဲ့ပါသည်-
(၁) ပညာရေးစနစ် နိမ့်ကျခဲ့၍ အရည်အသွေးကျဆင်းခဲ့ရကြောင်း(ယခင
ဟိုက်စကူးအောင်မြင်သူ
ကျောင်းသားတစ်ယောက်သည် အင်္ဂလိပ်ဘာသာ စကားကို ကျွမ်းကျင်စွာ
ပြောကြားနိုင်သော်လည်း ယနေ့ခေတ် ဘွဲ့ရရှိပြီးသူ တစ်ဦးပင်လျှင်
ကောင်းစွာပြောကြားနိုင်ခြင်း မရှိတော့ကြောင်း ဥပမာပေး၍ ပြောကြားခဲ့ပါသည်။)
(၂) ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် အထူးအလေးထား ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ အခြေခံပညာရေးစနစ်ကို (၁၂)တန်းအထိ မြှင့်တင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသလို ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်၍ အဆင့်မြင်ပညာရေးစနစ် တိုးတက် မြင့်မားလာရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပမာ-အမေရိကန်ပြည်ထောင်စု သို့ သွားရောက်ခဲ့စဉ်က အဆင့်မြင့်တက္ကသိုလ်များနှင့် ချိတ်ဆက်၍ ပညာရေး အဆင့်အတန်းမြှင့်တင်နိုင်ရန် ကြိုးပမ်းခြင်းမျိုး ဖြစ်ကြောင်း၊
...
(၃) ပညာရေးစနစ်သည် နိုင်ငံတော်၏ စီးပွားရေးရည်မှန်းချက်များနှင့် 
ဟန်ချက်ညီဖြစ်စေရန် လိုအပ်ကြောင်း၊ (ပြည်ပရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်
လာချိန်တွင် ကျွမ်းကျင်လုပ်သား အဆင်သင့်မရှိမှုကြောင်း အသက်မွေးဝမ်း
ကျောင်းသင်ကြားပေးသည့် ပညာရေးကိုလည်း မြှင့်တင် ရန် လိုအပ်ကြောင်း
ပြောကြားခဲ့ပါသည်။)
(၄) Value-Added Product များ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ ကျွမ်းကျင်မှုများ လိုအပ်ကြောင်း၊ ယင်းအတွက်ကိုလည်း ပညာရေးစနစ်က ပြုစုပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊
(၅) နိုင်ငံတော်ဘတ်ဂျက်အပြင် နိုင်ငံတကာ ထောက်ပံ့ငွေများ၊ ထောက်ပံ့ ကူညီမှုများကိုလည်း ပညာရေးအတွက် တိုးမြှင့်ရရှိစေ၇န် ဆောင်ရွက်လျက် ရျိကြောင်း၊
(၆) ယမန်နှစ်ပညာရေးဘတ်ဂျက်တွင် ယခင်ကထက် (၂)ဆ မြှင့်တင် တောင်းခံခဲ့သလို ယခုနှစ်ပညာရေးဘတ်ဂျက်ကိုလည်း ပိုမို၍ တိုးမြှင့်ထားပါကြောင်း၊
(၇) ပညာရေးသာမက ကျန်းမာရေးစနစ်သည်လည်း ပြုပြင်ပြောင်းလဲမှုများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသားများ ဆေးဝါး ကုသရာတွင် ဘန်ကောက်၊ စင်္ကာပူစသည့်နိုင်ငံများသို့ သွားရောက်ကုသနေ ကြရ၍ ငွေကုန်ကြေးကျ ပိုမိုမြင့်မားစေကြောင်း၊ မိမိနိုင်ငံတွင် ထိုကဲ့သို့ ဆေးရုံကြီးများ ပေါ်ပေါက်လာစေရန် ဆောင်ရွက်သွားရန် လိုအပ် သလို သာမန်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း မြှင့်တင်ဆောင်ရွက်သွားရန် နည်းလမ်း ရှာဖွေဆောင်ရွက်လျက်ရှိကြောင်း။
ကိုကျော်မင်းဆွေ၏ မေးခွန်းမှာ မေးသင့်မေးထိုက်သော မေးခွန်းဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဖြေကြားရန် လိုအပ်သဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားလိုပါသည်ဟု အစချီကာ နိုင်ငံတော်သမ္မတကြီးက ဖြေကြား သွားခြင်း ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
မှတ်ချက်။ တစ်စွန်းတစ်စ သတင်းဖော်ပြချက်များကို ပြည့်ပြည့်စုံစုံ သိရှိထားခြင်း မရှိဘဲ အမြင်ကျဉ်းစွာ အကောက်အယူ ပြုလျက် ဝေဖန်ပြောကြားမှုများအား အဓိက ရည်ရွယ်ပါသည်။
Hmuu Zaw
(၂) ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် အထူးအလေးထား ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ အခြေခံပညာရေးစနစ်ကို (၁၂)တန်းအထိ မြှင့်တင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသလို ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်၍ အဆင့်မြင်ပညာရေးစနစ် တိုးတက် မြင့်မားလာရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပမာ-အမေရိကန်ပြည်ထောင်စု သို့ သွားရောက်ခဲ့စဉ်က အဆင့်မြင့်တက္ကသိုလ်များနှင့် ချိတ်ဆက်၍ ပညာရေး အဆင့်အတန်းမြှင့်တင်နိုင်ရန် ကြိုးပမ်းခြင်းမျိုး ဖြစ်ကြောင်း၊
...
(၃) ပညာရေးစနစ်သည် နိုင်ငံတော်၏ စီးပွားရေးရည်မှန်းချက်များနှင်
(၄) Value-Added Product များ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ ကျွမ်းကျင်မှုများ လိုအပ်ကြောင်း၊ ယင်းအတွက်ကိုလည်း ပညာရေးစနစ်က ပြုစုပျိုးထောင်ပေးရန်လိုအပ်ကြေ
(၅) နိုင်ငံတော်ဘတ်ဂျက်အပြင် နိုင်ငံတကာ ထောက်ပံ့ငွေများ၊ ထောက်ပံ့ ကူညီမှုများကိုလည်း ပညာရေးအတွက် တိုးမြှင့်ရရှိစေ၇န် ဆောင်ရွက်လျက် ရျိကြောင်း၊
(၆) ယမန်နှစ်ပညာရေးဘတ်ဂျက်တွင် ယခင်ကထက် (၂)ဆ မြှင့်တင် တောင်းခံခဲ့သလို ယခုနှစ်ပညာရေးဘတ်ဂျက်ကိုလည်း ပိုမို၍ တိုးမြှင့်ထားပါကြောင်း၊
(၇) ပညာရေးသာမက ကျန်းမာရေးစနစ်သည်လည်း ပြုပြင်ပြောင်းလဲမှုများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသားများ ဆေးဝါး ကုသရာတွင် ဘန်ကောက်၊ စင်္ကာပူစသည့်နိုင်ငံများသို့ သွားရောက်ကုသနေ ကြရ၍ ငွေကုန်ကြေးကျ ပိုမိုမြင့်မားစေကြောင်း၊ မိမိနိုင်ငံတွင် ထိုကဲ့သို့ ဆေးရုံကြီးများ ပေါ်ပေါက်လာစေရန် ဆောင်ရွက်သွားရန် လိုအပ် သလို သာမန်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကိုလည်
ကိုကျော်မင်းဆွေ၏ မေးခွန်းမှာ မေးသင့်မေးထိုက်သော မေးခွန်းဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဖြေကြားရန် လိုအပ်သဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားလိုပါသည်ဟု အစချီကာ နိုင်ငံတော်သမ္မတကြီးက ဖြေကြား သွားခြင်း ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
မှတ်ချက်။ တစ်စွန်းတစ်စ သတင်းဖော်ပြချက်များကို ပြည့်ပြည့်စုံစုံ သိရှိထားခြင်း မရှိဘဲ အမြင်ကျဉ်းစွာ အကောက်အယူ ပြုလျက် ဝေဖန်ပြောကြားမှုများအား အဓိက ရည်ရွယ်ပါသည်။
Hmuu Zaw
No comments:
Post a Comment