အလယ်တန်းကျောင်းသား ဘ၀လောက်တုန်းကဆို မိုးတွင်းကျောင်းပိတ်ရက်မှာ
ကျောင်းပိတ်ရက်ကိုပျော်တယ်။ အိမ် ပေါ်ထပ်က ကျနော့်အခန်းကို တနေ့ကုန်ပိတ်ပြီး
စာဖတ်တော့တယ်။ နတ်ရှင်နောင်၊ ဦးတိုး၊ မင်းသုဝဏ်၊ ဇော်ဂျီ ကဗျာ စာအုပ်တွေ
ဖတ်လိုက်ရေနွေးကြမ်းလေးသောက်လိုက်၊ ကျနော့်အတွက် တကယ့် ဇိမ်ပဲ။
ကရင်ပြည်နယ်မှာ ဆယ်စုနှစ် ၂ ခုလောက် ကျနော် ကျင်လည်ခဲ့ရတယ်။
ကရင်တပ်တွေနဲ့ ပူးတွဲပြီး ကျနော်တို့ တိုက်ပွဲ ဆင်ခဲ့ကြတော့
တောင်ငူသံတောင်ကစလို့ နတ်အိမ်ထောင်အလယ်၊ ရေးဘိတ်ထားဝယ်ခရိုင်ဖက်တွေ အဆုံး
ခေါက်တုံ့ ခေါက်ပြန် သွားခဲ့သပေါ့။
Pages
▼
Thursday, 31 January 2013
ရခိုင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ ပထမ အကြိမ် ပညာရေးဆိုင်ရာ ဆွေးနွေးပွဲ ဂွမြို့တွင် ကျင်းပ
ရွှေတွံတေး ဆရာတော်ရဲ့ ပညာဒါန
ဧရာဝတီတိုင်း ပုသိမ် ချောင်းသာကမ်းခြေအနီး အခြေခံပညာမူလတန်းလွန်ကျေင်းသို့ ဇန်န၀ါရီလ၂၈ရက်
နေ့ က ရွှေတွံတေးဆရာတော်ကြွရောက်ခဲ့ပါတယ်။
ကျေင်းသူကျောင်းသား ၅၀၀ ကျော်ရှိပြီး ၆ တန်းအထိ ပညာသင်ကြားသော်လည်း ဆရာမလုံလောက်ခြင်း
ကျောင်းဆောင်မလုံလောက်ခြင်း ပြင်ပမှလစာဖြင့်ခန့်ထားသော ဆရာမများကိုလည်း လစာပုံမှန် မပေးနိုင်
ခြင်းစသည့်အခက်အခဲ များရှိနေကြောင်းသိရ သဖြင့် အရေးပေါ်လိုအပ်ချက် ကိုမေးမြန်းပြီးရွှေတွံတေး ဆရာတော်က ကျောင်းဆောင်ငယ် ၁ခု မတည်လှူဒါန်းခဲ့ပါတယ်။
ပညာရေးစနစ်ပြောင်းပြီးမှသာ ဆယ့်နှစ်တန်း လုပ်သင့်
၁၂ တန်းပညာရေးပြုလုပ်နိုင်ဖို့အတွက် လက်ရှိအချိန်မှာ ပြင်ဆင်နေတာတွေ လက်ရှိအချိန်မှာ ပြင်ဆင်နေတာတွေ ရှိနေပါတယ်။ ဒါပေမဲ့ လက်ရှိပညာရေးစနစ်ကို အရင်ဦးဆုံး ပြောင်းလဲပြီးမှသာ ပြုလုပ်ရင် ပိုကောင်းနိုင်လိမ့်မယ်လို့ ပညာရေးကဏ္ဍမှ ပညာရှင်တချို့ရဲ့ သုံးသပ်ချက်အရ သိရှိရပါတယ်။
'ပညာရေးစနစ်ပြောင်းပြီးမှ ၁၂ တန်းလုပ်ရင် ကောင်းတယ်၊ စာမေးပွဲစနစ်တို့၊ နည်းစနစ်တို့ ပြောင်းပြီးမှ ၁၂ တန်းစနစ်ကို ပြောင်းသင့်တယ်၊ စနစ်မပြောင်းဘဲနဲ့ လက်ရှိစနစ်အတိုင်း လုပ်သွားမယ်ဆိုရင် ကျောင်းသားတွေ ကျူရှင်တတ်တဲ့အခါမှာ ကျူရှင်ခက နောက်ထပ် နှစ်နှစ်စာပိုပေးရမယ့်သဘော ဖြစ်နေတယ်' လို့ အင်န်အယ်ဒီ ပညာရေးကွန်ရက်မှ ပညာရေးအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာသိန်းလွင်က ပြောပါတယ်။
လက်ရှိကျင့်သုံးနေတဲ့ ပညာရေးစနစ်ရဲ့ အနေအထားက အလွတ်ကျက်၊ အလွတ်ဖြေသဘောမျိုး ဖြစ်နေပြီး ကျောင်းသားတွေအတွက် ပြန်လည်အသုံးချလို့ရတာမျိုး မဟုတ်ဘူးလို့ ဒေါက်တာသိန်းလွင် ကဆိုပါတယ်။
လျှပ်စစ်မီး မရ၍ တက္ကသိုလ် ဝင်တန်း ကျောင်းသားများ စာ မကျက်နိုင်ကြ
ပညာရေးဌာနမှ ကျောင်းဆရာတဦးက “ကလေးတွေစာဖတ်ဖို့က မီးမရှိဘူး။ ဇန်နဝါရီလကုန်ပြီဆိုရင် ကျောင်းသူကျောင်းသားတွေကို စာဖတ် ဝိုင်းတွေ လုပ်ရတော့မယ်။ စခန်းသွင်းတာပေါ့။ စာဖတ်ခိုင်းတယ် ဆရာ/မတွေကို ကြီးကြပ်ခိုင်းတယ်။ တချို့က ဆရာ/မ အိမ်မှာထားမှာလား ပေါ့။
Monday, 28 January 2013
အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်
အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်ဖြစ်ကြောင်း
Saturday, 26 January 2013
ပညာရေးဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်၊ကောလိပ်များကို ကိုယ်ပိုင်လွတ်လပ်ပိုင်ခွင့် ၇၅ ရာခိုင်ပေးထားသည်ဟု
ပညာရေးဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်၊ကောလိပ်များကို
ကိုယ်ပိုင်လွတ်လပ်ပိုင်ခွင့် ၇၅ ရာခိုင်ပေးထားသည်ဟု အဆင့်မြင့်ပညာ
ဦးစီးဌာန ညွှန်းကြားရေးမှူးက ဆိုထားသည်။
ဦးဝီရသူ- လောကအလင်း ကျူရှင်ကျောင်း
ခရိုနီငွေများ နယ်စပ်ကျောင်းကိုသွား
~
လှူဒါန်းမှုကြီးများ
ဦးကျော်ဝင်းရဲ့ ရွှေသံလွင် / Sky Net ရုပ်သံ - သိန်း ၁,၃၅ဝ
ဦးတေဇရဲ့ ထူးကုမ္ပဏီ - သိန်း ၇ဝဝ
*** အမေ့လျော့ခံဧရိယာထဲမှ နိုင်ငံ့ရတနာလေးများသို့မဟုတ် အနာဂတ်စိန်ခေါ်သံ ***
မြန်မာနိုင်ငံတွင်ပညာသင်ကြားခွင့်မရှိသောကလေးပေါင်းများစွာရှိနေသည့်အနက် အချို့မှာ ကျောင်း မတက်နိုင်ဘဲ မိမိတို့ဝမ်းရေးအတွက်ကိုယ်တိုင်ရုန်းကန်နေရမှုများရှိနေ ပြီး ကလေးသူငယ်များရဲ့ အသက်မွေးမှု များမှာလည်း ရေရာသေချာမှုမရှိသောအနေအထားများစသွာနှင့်ပြည့်နှက်နေခဲ့ သည်။ အိမ်ခြေရာခြေမဲ့များ ၊သာမာန်လက်လုပ်လက်စားလူတန်း စားများ၏ ရင်သွေးငယ်ကလေးများ၏ အနာဂတ်များသည်လည်းကူညီမည့် သူမရှိဘဲ လွင့်မျောလို့သာနေပါတော့တယ် ။
Friday, 25 January 2013
Photo ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွှာသာကြီး)သို့.....
ယနေ့
၂၄.၁.၂၀၁၃ တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)ကို
ရောက်ရှိခဲ့ပါသည်။အကြောင်းမှာ တတိယနှစ် B.Econ(stat)
သင်တန်းကိုY.I.E(ရန်ကုန်စီးပွား ရေး)တက္ကသိုလ်တွင်ဆက်လက်တက်ရောက် ခွင့်နှင့်ပတ်သက်ပြီး မော်ကွန်းထိန်းအဆင့်(၁)ဦးသန်းစိုးဦး နှင့် သင်တန်းရေးရာမှ မော်ကွန်းထိန်းဦးတင်အောင်မှခေါ် ယူ တွေ့ဆုံစကားပြောခဲ့ပါသည်။
Tuesday, 15 January 2013
အတန်းပိုင် ဆရာမက ဒုတိယတန်း ကျောင်းသားအား ရိုက်နှက်ဆုံးမခြင်းအား မကျေနပ်၍ ပညာရေးမှူးထံ တိုင်ကြား
တနသ်ာရီတိုင်း မြိတ်မြို့ အထက(၂) ဒုတိယတန်း (စီ) တွင် ပညာသင်ကြားနေသည့် ယခင် ကြောင်ငယ်ရပ် (ယခု- ကန်ကြီးရပ် သဲကွင်း ) တွင် နေထိုင်သူ ဦးတင်ထွန်း ၊ ဒေါ်နွဲ့နွဲ့ရှင်တို့၏ သား မောင်ထက်ဇာနည်ထွန်း အား ၄င်း၏ အတန်းပိုင် ဆရာမ ဒေါ်ဖြူဖြူသွယ်က ကျောင်းတက် ပျက်ကွက်သည့် အတွက် ရိုက်နှက် ဆုံးမမှု ကို မကျေနပ်သဖြင့် မြို့နယ် ပညာရေးမှူးထံ တိုင်ကြားထားကြောင်း သိရှိရသည်။
Thursday, 10 January 2013
စစ်ပွဲများကြား တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကချင်ပြည်နယ်သား ၂ဝဝဝ ခန့် တိုးပွား"
စစ်ဖြစ်နေသော ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုရန် လျှောက်လွှာတင်ထားသည့် ကျောင်းသား၊ ကျောင်းသူဦးရေမှာ ယခင်နှစ်ထက် ၂ဝဝဝ နီးပါး ပိုတိုးလာကြောင်း ကချင်ပြည်နယ် ပညာရေးဌာနစာရင်းများအရ သိရှိရသည်။
ပညာရေးစီမံချက်မှာ ပြည်သူ့နီတိကိုပြန်လည်သင်ကြားပေးရန်
ပညာရေးစီမံချက်ရေးဆွဲရာတွင် ပြည်သူ့နီတိသင်ကြားရေးကိုထည့်သွ
ကျောင်းတက္ကသိုလ်ထဲမှာ ဆရာဟန်ဆောင်၍ ထောက်လှမ်းရေးလုပ်နေသော စစ်ဗိုလ်ဟောင်းများက ကျောင်းသားထုအား စော်ကား
ကျောင်းတက္ကသိုလ်ထဲမှာ ဆရာဟန်ဆောင်၍ ထောက်လှမ်းရေးလုပ်နေသော
စစ်ဗိုလ်ဟောင်းများက ကျောင်းသားထုအား စော်ကားသည့်အပြင် ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို
ပါ လုယူ။
Tuesday, 8 January 2013
၁၀ တန်းအောင်ချက်မြင့်မားရေး
ကန်ပက်လက် အထက မှာ ၁၀ တန်းဟောပြောပွဲသွားစဉ်ကပါ ကျောင်းအုပ်ကြီးက အလွန်ခင် စရာကောင်းတဲ့ နာဂ လူမျိုးပါ ၁၀ တန်းအောင်ချက်မြင့်မါးရေးအတွက် သူရွက်ပြတဲ့ ကဗျာလေးကို သတိရမိတယ် ....
Friday, 4 January 2013
" မိဘ မဲ့ နေတဲ့ မြန်မာပြည် "
ခုတစ်လော FB နဲ့ အင်တာနက် စာမျက်နှာတွေပေါ်မှာ မြန်မာအများစုက သမ္မတကြီး
ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ အပေါ် သိသိသာသာ ပြောင်းလဲလာတဲ့
ရပ်တည်မှုတွေကို သုံးသပ်မိရင်း မြင်လာတဲ့ အချက်တွေကို ထောက်ပြချင်ပါတယ်။
ရှမ်းပြည်နယ်၏ ပထမဆုံး ဆေးတက္ကသိုလ် တောင်ကြီး၌ တည်ဆောက်ဖွင့်လှစ်မည်

ရှမ်းပြည်နယ်မှ ဆေးတက္ကသိုလ် ၀င်ခွင့်ရသူများ အတွက် ဆေးတက္ကသိုလ် တစ်ခုကို တောင်ကြီးမြို့တွင် တည်ဆောက်ခွင့် ရရှိထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး စီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အရှေ့ရိုးမ ဂျာနယ်သို့ပြောကြားသည်..။
မြန်မာနိုင်ငံ ပညာရေးအခြေအနေ မေးမြန်းချက် (၁) – ဒေါက်တာသိန်းလွင်
ထမင်းမ၀.....
ဆန္ဒပြရသည့် အကြောင်းအရင်းမှာ ကျောင်းသားများ ထမင်း၀၀လင်လင် မစားသောက်ရ၍
ဖြစ်ကြောင်း ကျောင်းသားများနှင့် နီးစပ်သူ ဆရာ တစ်ဦးမှ ပြောသည်။
ဟင်္သာတတက္ကသိုလ်မှ အတွင်းရေးများ(၄)
- ဟင်္သာတတက္ကသိုလ်သတင်းကမှန်လားမမှန
- ဒေါ်ရီရီမြင့်က မဆိုင်တဲ့သူတွေကိုအော်ဟောက် ကြိမ်းမောင်းနေပါတယ်….
- ဒေါ်စန်းစန်းရီကသူ့ဂုဏ်ပုဒ်ကိုဖေ
ဟင်္သာတတက္ကသိုလ်မှ အတွင်းရေးများ(၃)

ယခုအချိန်တွင် ဟင်္သာတက္ကသိုလ်၌ စာရင်းစစ်များဝင်ရောက် စစ်ဆေးနေချိန်ဖြစ်သည်။ ယခင်အချိန်များတွင် အင်တာနက်၌ ဟင်္သာတက္ကသိုလ်နှင့် ဒေါ်ရီရီမြင့်တို့ဧ။် အကျင့်ပျက်ခြစားမှု များပါလာသဖြင့် ယခုစာရင်းစစ်များ ၀င်ရောက်စစ်ဆေးသည့်အချိန်တွင် ဟိုတစ်ချိန်တုန်းက ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး စာရင်းစစ်များအားပြုစုပေးသော ဒေါ်ရီရီမြင့်သည် မိမိအောက် ခြေမှ ၀န်ထမ်းတစ်ဦးအားဦးဆောင်စေပြီး စာရင်းစစ်များအား ဧည့်ခံ ပြုစုပေးရန် အောက်ခြေ၀န် ထမ်းများကိုအလှည့်ကျစေလွှတ်နေပါသည်။
Thursday, 3 January 2013
မြန်မာ့ပညာရေး သုညကစပါ
နေတာက
လှိုင်သာယာမှာ.. ကလေးတွေကျောင်းက မရမ်းကုန်းမှာ..။ မနက်တစ်ခေါက်
ညနေတစ်ခေါက် ကျောင်းပို့ကျောင်းကြိုနဲ့ မဒမ်မှာ အားရတယ်ကို မရှိရှာဘူး..။
ကျောင်းကားရှိတယ်ဆိုပေမယ့်..ကျောင်းဆင်းတာနဲ့ အိမ်ကိုတန်းမပြန်နိုင်ဘူး..။
ကျုရှင် ပို့ရတယ်..။ ကျုရှင်ပြီးတော့ မှောင်ရီဖျိုးဖျ မိုးချုပ်ပြီ..။
နေရာဒေသအလိုက် ဆေးတက္ကသိုလ် ၀င်ခွင့်ပြုသော စနစ်ပြောင်းလဲ
ဆေးတက္ကသိုလ် ၀င်ခွင့်ရရှိသော ကျောင်းသားများအား နေရာဒေသအလိုက်
ကျောင်းဝင်ခွင့်ပြုသည့် စနစ်ကို ယခု (၂၀၁၂-၁၃) ပညာသင်နှစ်တွင်
စတင်ပြောင်းလဲ ကျင့်သုံးလိုက်ကြောင်း ဆေးသိပံ္ပပညာ ဦးစီးဌာနမှ
သတင်းရရှိသည်။
ကြံ့ဖွံ့လွှတ်တော်၏ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေ ဝေဖန်စာတမ်း (၁)
အပိုင်း (၁)
ပညာသမာ၊ အာဘာနတ္ထိ စာတမ်းပါ ရင်ထိုးတံဆိပ်ဝိုင်း အ၀ါလေးတွေ၊ ကောင်းမှုတခု
နေ့စဉ်ပြု ဒိုင်ယာရီ စာအုပ်ငယ်လေးတွေကို ခရိုင် ကျောင်းဆရာများ သမဂ္ဂ
ခေါင်းဆောင် မူလတန်း ကျောင်းအုပ်ဆရာကြီး အိမ်တွင် ၁၉၆၂ ခုနှစ် မတိုင်မီက
မျက်မြင်တွေ့ရှိဖူးပါသည်။
ကျောင်းသားလူငယ်များ ခေါင်းဆောင်မှုအရည်အချင်းတိုးတက်ရေး သင်တန်း
Wednesday, 2 January 2013
ကံ့ကော်တော စွယ်တော်တော စကားဝါတောတို့၏ အတွင်းသရုပ်
တက္ကသိုလ်တို့ကို
တက္ကသိုလ်နယ်မြေအတွင်း ပေါက်ရောက် ပွင့်လန်းနေသော သစ်ပင်ပန်းမာလ်တို့ဖြင့်
တင်စားသည့် အလေ့အထရှိပါသည်။ ထို့ကြောင့်ပင် ကံ့ကော်တော၊ စွယ်တော်တော၊
စကားဝါတော စသည်ဖြင့် တင်စားခေါ်ဝေါ် ကြပါသည်။ ထိုထိုသော ပန်းတော
တက္ကသိုလ်တို့အပြင် အချို့အချို့က လှောင်၍ ငေါ့၍ ကွန်ကရစ်တောဟု ကင်ပွန်း
တတ်ထားခြင်းမျိုးလည်း ကြားဖူးပါသည်။ အချို့အချို့ကလည်း တက္ကသိုလ်ရှိရာ
အနီးဒေသကို ညွှန်းသလိုလိုနှင့် ထိန်ပင်၊ တာဝ၊ ညောင်ကိုင်း စသဖြင့် ထေ့၍
နံနှိမ်၍ ခေါ်ကြခြင်းမျိုးလည်း တွေ့ဖူးပါသည်။ နှင်းဆီပန်းကို မည်သို့ခေါ်ခေါ်
မွှေးလျက်ပါပဲဟု ရေးဖွဲ့ခဲ့တာတွေ့ဖူးပါသည်။ ထို့အတူ တက္ကသိုလ်ကို
မည်သို့ညွှန်းညွှန်း မွှေးလျက်ပါပဲလို့ ရေရွတ်မိပါသည်။အရိုင်းလေး
ဆရာများသည် လိမ္မာသောကလေး၊ စာတော်သောကလေးများကို ချစ်ကြသည်။ အရေးပေးလေ့လည်းရှိကြ သည်။ သို့သော် ကျောင်းသားတိုင်းမတော်၊ မလိမ္မာကြပေ။ ထို့ကြောင့် အပြုသဘောဆောင်သော ကျောင်းသား များကဲ့သို့ အပျက်သဘောဆောင်သော ကျောင်းသားများကိုလည်း တန်းတူညီမျှ ဆက်ဆံနိုင်အောင် ကြိုးစား ကြရသည်။
ကျွန်မ လူဝီစီယားနားကျောင်းသို့ ရောက်လာသည့် တစ်နေ့တွင်ဖြစ်ပါသည်။ ဆရာများ နားနေခန်းအတွင်း အနားယူရင်း သတင်းစာဖတ်နေစဉ် အခန်းတံခါး ဝုန်းခနဲပွင့်သွားကာ ဆရာနှစ်ယောက်က ကလေးတစ်ယောက် အား အခန်းထဲဆွဲခေါ်လာသည်ကို တွေ့လိုက်ရသည်။
မြန်းဂလစ် တွေ ဖြစ်ကြတော့မှာလား
ဒီနေ့ခေတ်မှာဆက်သွယ်ရေးနည်းပညာတွေကတိုးတက်၊ကမ္ဘာကြီးကိုရွာလို့တောတင်စား
ပြောဆိုနေကြတာဆိုတော့ နိုင်ငံတကာသုံးဖြစ်တဲ့ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားက
အင်မတန် အရေးပါတယ် ဆိုတာ လူတိုင်းက ပြောနေကြပါပြီ။ ဒါကို မောင်ဝလုံး
လက်ခံပါတယ်။ ဒါပေမဲ့ဗျာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တော့ နဲနဲ
ပိုလွန်းနေသလားလို့ ဒီစာကို ရေးလိုက်တာပါ။
မျက်နှာလွှဲအပ် မလွှဲအပ်

ရမည်းသင်းမြို့၊ နည်းပညာတက္ကသိုလ်ကျောင်းရှေ့ နေ့စဉ် မြင်နေရတဲ့
မြင်ကွင်းလေးပါ။ ၁၀နှစ်ပတ်ဝန်းကျင် လူမမယ် ကလေးလေးတွေက အဖြူအပြာ
ယူနီဖောင်းနဲ့ တက္ကသိုလ်ကျောင်းသား/သူ တွေ လာပြီဆိုလျင်
အပြေးအလွှားရောက်လာပြီး အင်္ကျီစကိုဆွဲလို့ ထမင်းဖိုးလေး ပေးခဲ့ပါ ဆိုပြီး
တဂျီဂျီ လိုက်တောင်းနေကြတယ်။ ကျောင်းသား/သူလေးတွေကလည်း စိတ်အနှောက်အယှက်
အဖြစ် မခံဘဲ ပါလာတဲ့ အကြွေလေးတွေကို ထုတ်ထုတ်ပေးတတ်စမြဲ။ ဒါ ခုမှ မြင်ရတဲ့
မြင်ကွင်း မဟုတ်ပါဘူး။ အရင်နှစ်တွေကလည်း ရှိပါတယ်။ ပထမတော့
သက်ကြီးရွယ်အိုတွေ
တောင်းတာ တွေ့ရတယ်။
ရမည်းသင်းမြို့၊ နည်းပညာတက္ကသိုလ်ကျောင်းရှေ့ နေ့စဉ် မြင်နေရတဲ့
မြင်ကွင်းလေးပါ။ ၁၀နှစ်ပတ်ဝန်းကျင် လူမမယ် ကလေးလေးတွေက အဖြူအပြာ ယူနီဖောင်းနဲ့ တက္ကသိုလ်ကျောင်းသား/သူ တွေ လာပြီဆိုလျင် အပြေးအလွှားရောက်လာပြီး အင်္ကျီစကိုဆွဲလို့ ထမင်းဖိုးလေး ပေးခဲ့ပါ ဆိုပြီး တဂျီဂျီ လိုက်တောင်းနေကြတယ်။ ကျောင်းသား/သူလေးတွေကလည်း စိတ်အနှောက်အယှက် အဖြစ် မခံဘဲ ပါလာတဲ့ အကြွေလေးတွေကို ထုတ်ထုတ်ပေးတတ်စမြဲ။ ဒါ ခုမှ မြင်ရတဲ့ မြင်ကွင်း မဟုတ်ပါဘူး။ အရင်နှစ်တွေကလည်း ရှိပါတယ်။ ပထမတော့ သက်ကြီးရွယ်အိုတွေ
တောင်းတာ တွေ့ရတယ်။
အမေစုဆိုတဲ့  ဗိုလ်ချူပ်သမီး မလွတ်ခင်က သားတို့  အများကြီး မျှော်လင့် ခဲ့ ကြတယ်
အမေစု အကျယ်ချူပ်ကလွတ်တော့  သားတို့ 
အများကြီး မျှော်လင့် ခဲ့ ကြတယ်...လွှတ်တော်ထဲများ ရောက်လို့ ကတော့ ကွာ...........။
Tuesday, 1 January 2013
အငိုဒုက္ခ တိုင်းပြည်
လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။
မသင်မနေရပညာရေးစနစ်၏ ဆိုးရွားချက်
၁။ အစိုးရကပြဋ္ဌာန်းလို့ ပေါ်လာရတဲ့ကျောင်းတွေမှာ မသင်မနေရ ပညာရေးနဲ့ မတက်မနေရစနစ်တွေကို အကောင်အထည်ဖော်ပါတော့တယ်။ ဒီကျောင်းတွေမှာ သင်ကြားမှုပုံစံတွေကလည်း တစ်မျိုးတစ်စားတည်း၊ သင်နည်းတွေကလည်း တစ်ပုံစံတည်း၊ သင်နေတာတွေကလည်း တစ်မျိုးတည်းဆိုသလိုဖြစ်နေတယ်။ ကျောင်းကိုလာတဲ့ကလေးတိုင်း မတူညီဘူး။ ဒါကို ဆရာတွေ သဘောမှပေါက်ပါစ။ မတူတာတွေကို ခွဲခြားပြီး ကွဲပြားအောင် သင်မယ်ဆိုတဲ့အစား၊ အားလုံးဟာ တစ်မျိုးတစ်စားတည်းလိုသဘောထားပြီး၊ တစ်တန်းတည်း သင်၊ တစ်မျိုးတည်းနဲ့ ပိုင်းဖြတ်နေတာက စမှားတော့တာပဲ။
၂။ အစိုးရကျောင်းတွေမှာ ဆရာတွေက ပေါတဲ့နေရာပေါ၊ ရှားတဲ့နေရာ မရှိသလောက်ဖြစ်နေတယ်။ ရေများရာ မိုးရွာနေသလိုဖြစ်နေသေးတယ်။
အင်ဂျင်နီယာ ကျောင်းသားဟောင်းကြီးများ အမိ RIT ကျောင်းတော်ကြီးတွင် ပြန်လည်တွေ့ဆုံ
၁၉၆၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ယခင် အာအိုင်တီဟု လူသိများသော ရန်ကုန် စက်မှု တက္ကသိုလ် အဆက်ဆက်တွင် ပညာ သင်ကြား ခဲ့ကြသော အင်ဂျင်နီယာ ဘာသာရပ် အားလုံးနှင့် ဗိသုကာ ကျောင်းသား ကျောင်းသူဟောင်းများ၏ ဆရာပူဇော်ပွဲနှင့် တွေ့ဆုံပွဲကျင်းပ ခဲ့ခြင်းဖြစ်ပြီး ယခင်က ပြင်ပနေရာအသီးသီးတွင် ကျင်းပခဲ့ရာမှ ယခုနှစ်တွင် ကြို့ကုန်း နည်းပညာ တက္ကသိုလ်ကျောင်း၌ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပါသည်။
ဦးနှောက်ယိုစီးမှုနှင့် ပညာရေးမိုးခေါင်မှု
ကျွန်တော် ဉာဏ်မီသလောက် ပြောရမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံအနေနဲ့
ဦးနှောက် ယိုစီးမှု ပြဿနာနဲ့ ပညာရေး မိုးခေါင်မှု ပြဿနာကို ရင်ဆိုင်နေရတာ
ဒီနေ့အထိတိုင်ပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ လူသား အရင်းအမြစ်ပြဿနာ၊
အထူးသဖြင့် ပညာတတ်ရှားပါးမှု ပြဿနာဟာ ယခုကျွန်တော်တို့တည်ဆောက်နေ ကြတဲ့
ဒီမိုကရေစီ နိုင်ငံတော်ကြီးအတွက် တကယ့်ကို ခေါင်းခဲစရာ ပါပဲ။
အားလုံး သိကြတဲ့ အတိုင်းပဲ ကျွန်တော်တို့ရဲ့ နိုင်ငံတော် သမ္မတကြီးက
ပြည်ပရောက်နေကြတဲ့ မြန်မာနိုင်ငံသား ပညာရှင်တွေကို ပြန်လည်ဖိတ်ခေါ်၊
ပြည်ဝင်ခွင့် ပေးတာတွေကို လုပ်ဆောင်နေပါတယ်။










