သူပုန်ဌာနချုပ်က
အထက်တန်းကျောင်း FRIDAY, FEBRUARY 15, 2013 ZARNY WIN SSA ဌာနချုပ်
လွိုင်တိုင်းလျန်းကို ရောက်ဖြစ်ရင် လေ့လာသင့်တဲ့နေရာတခုကတော့ ကျောင်းသား
၈၀၀ ကျော် ရှိတဲ့ အထကကျောင်း ဖြစ်ပါတယ်။
ဒီကျောင်းမှာ ထူးခြားတာက
ရှမ်းစကားနဲ့ သင်ကြားပေးခြင်းပါပဲ။ မြန်မာ၊ အင်္ဂလိပ် စတဲ့
ဘာသာရပ်တွေလည်းရှိပြီး အလယ်တန်း ရောက်ရင် ထို
င်း၊
တရုတ် ဘာသာရပ်တွေ သင်ပေးပါတယ် တဲ့။ ပြီးခဲ့တဲ့ ရက်ပိုင်းက
ရှမ်းပြည်နယ်အမျိုးသားနေ့ အခမ်းအနား ကျင်းပတဲ့ ကာလမှာ အဲဒီကျောင်းကို
ရောက်သွားတော့ ကျောင်းပိတ်ထားပါတယ်။ စာသင်ခန်းများကို အခမ်းအနားကိုလာတဲ့
ဧည့်သည်တွေ တည်းမယ်၊ ကျောင်းဆရာတချို့လည်း အခမ်းအနားအတွက်
ပါဝင်ကူညီနေကြတာကြောင့် ကျောင်းပိတ်ထားခြင်း ဖြစ်မယ် ထင်ပါတယ်။
ခေါင်းပေါင်း ပေါင်းထားသူက ကျောင်းအုပ်ကြီး ဖြစ်ပါတယ်။ ရင်ထိုး
အပြာရောင်နဲ့ ပုဂ္ဂိုလ်က ဆရာ စိုင်းဝန်းကျောက် ဖြစ်ပါတယ်။ ဒီကျောင်းသက်တမ်း
၁၃ နှစ် ရှိပြီလို့ ကျောင်းအုပ်ကြီးရဲ့ အတွင်းရေးမှူးဖြစ်တဲ့
စိုင်းဝန်းကျောက်က ပြောပါတယ်။ စိုင်းဝန်းကျောက် ကိုယ်တိုင်လည်း ၅ တန်းကနေ
၁၀ တန်းအထိ စာသင်ပေးပါတယ် တဲ့။ ဌာနချုပ် အထက ကျောင်းမှာ
ကျောင်းအိတ်ကျောင်းစား ကလေးများလည်းရှိတယ်လို့ ဆိုပါတယ်။
ကျောင်းဆရာစိုင်းဝန်းကျောက် ပြောပြတာကတော့ ကျောင်းမှာ ကြုံနေရတဲ့
အခက်အခဲကတော့ သင်ထောက်ကူပစ္စည်း အားနည်းခြင်းပါပဲ တဲ့။ ကျောင်းမှာ အင်တာနက်
ရပေမယ့် မိုဘိုင်းဖုန်းနဲ့ တွဲတဲ့ အင်တာနက်ပဲ ရတာကို အားမရဘူးလို့
ဆိုပါတယ်။ သတင်းမီဒီယာခေတ်မှာ ကမ္ဘာတလွှား ဘာဖြစ်နေတယ် ဆိုတာကို ကျောင်းသူ
ကျောင်းသားတွေ ချက်ချင်း သိကြဖို့က အင်တာနက် ကောင်းမှ ဖြစ်ပါမယ် တဲ့။
ကလေးတယောက် သင်ပုန်းကွန်ပျူတာတလုံး လိုအပ်တယ်လို့ သူ မပြောပါဘူး။
(ကျောင်းသူကျောင်းသားအများအပြားကို
အင်တာနက်စာမျက်နှာတွေ ဖွင့်ပြဖို့) ပရော်ဂျက်တာ လိုတယ် လို့ သူက
ပြောပါတယ်။ အခမ်းအနား ပြင်ဆင်နေတဲ့ နေ့မှာ ဆရာစိုင်းဝန်းကျောက်ကို
စစ်ယူနီဖောင်းနဲ့ တွေ့ရပါတယ်။ ကျောင်းဆရာတိုင်း စစ်ပညာ သင်ဖို့ စည်းကမ်း
သတ်မှတ်ထားသလား လို့ မေးတော့ သတ်မှတ်မထားဘူးလို့ ဖြေပါတယ်။ စိတ်ဝင်စားရင်
ဒီအဖွဲ့စည်းကဖွင့်တဲ့ နိုင်ငံရေးသင်တန်း၊ စစ်သင်တန်း ဘယ်သင်တန်းမဆို
ကိုယ်ဝါသနာပါရာ တက်လို့ရတယ် လို့ သူက ရှင်းပြပါတယ်။
ကျောင်းဆရာစိုင်းဝန်းကျောက်က ရန်ကုန် စက်မှုတက္ကသိုလ်ကနေ Electrical Power
နဲ့ ၂၀၀၅ ခုနှစ်မှာ ကျောင်းပြီးသူပါ။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း
ဒီ ဌာနချုပ်ကျောင်းကို ရောက်လာပါတယ် တဲ့။ ဒီကျောင်းကနေ
ကျောင်းပြီးတဲ့ကလေးတွေက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တက္ကသိုလ်ပညာ
ဆည်းပူးနိုင်ဖို့ အခွင့်အလမ်း ရှိတယ်လို့ သိရပါတယ်။ ၀င်ခွင့်စာမေးပွဲ
အောင်မြင်မယ်၊ ပညာသင်ထောက်ပံ့ကြေး ရမယ် ဆိုရင် အဲဒီကလေး
တက္ကသိုလ်ရောက်ပြီဆိုတဲ့သဘောပါ။ ၀င်ခွင့်စာမေးပွဲ ဖြေဆိုနိုင်ဖို့အတွက်
ထိုင်းတက္ကသိုလ်တခုနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ် တဲ့။
သူပုန်ဌာနချုပ်မှာ အထက်တန်းကျောင်းကြီးတခု ရှိလိမ့်မယ်လို့
ထင်မထားမိခဲ့ပါဘူး။ SSA ရဲ့ နိုင်ငံရေး အဖွဲ့ ဖြစ်တဲ့ ရှမ်းပြည်
ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က ဖွင့်ထားတဲ့ ကျောင်းက ဒီတခုတည်း
မဟုတ်ဘူး၊ အရေအတွက် ၆၀ ကျော် ရှိတယ်၊ နယ်စပ်ဒေသမှာ ၅ ကျောင်းရှိတယ်လို့
ဆိုတယ်။ (ဌာနချုပ်ကျောင်းကတော့ အကြီးဆုံးလို့ ယူဆရပါတယ်) RCSS နဲ့ အစိုးရ
အပစ်အခတ်ရပ်စဲဖို့ သဘောတူထားတာ တနှစ်ပဲ ရှိပါသေးတယ်။ ငြိမ်းချမ်းရေး
အမှန်တကယ် ဖြစ်ထွန်းပြီ ဆိုရင်တော့ ပညာရေးလုပ်ငန်းတွေ ပိုပြီးတော့
ဆောင်ရွက်နိုင်ကြမယ်လို့ ယူဆရပါတယ်။ အေးချမ်းမွန်မှ ဧရာဝတီ တွင်ပါရှိသော
သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။
No comments:
Post a Comment