မသန်စွမ်းကျောင်းသူ မစုပုံချစ် သြစတြေးလျတက္ကသိုလ် ပညာသင်ဆုရရှိ

မသန်စွမ်းအမျိုးသမီးငယ်တစ်ဦးဖြစ်သည့် မစုပုံချစ်သည် သြစတြေးလျနိုင်ငံတွင် မဟာတန်းတက်ရောက်ရန် ပညာသင်ဆု ရရှိသည့်အတွက် ဖေဖော်ဝါရီ ၂၀ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မွေးရာပါ လက်နှစ်ဖက် မသန်စွမ်းဖြစ်ခဲ့သည့်အတွက် ခြေထောက်ဖြင့် စာရေးခဲ့သည့် မစုပုံချစ်အား ငယ်စဉ်ကပင် နိုင်ငံပိုင်မီဒီယာနှင့် ပုဂ္ဂလိကမီဒီယာများမှတစ်ဆင့် အများပြည်သူ ရင်းနှီးခဲ့သူ
တစ်ဦးလည်း ဖြစ်သည်။
၎င်းသည် ပြည်ပတက္ကသိုလ်တွင် ပထမဆုံးပညာသင်ဆုရရှိသည့် ပထမဆုံးသော မသန်စွမ်းတစ်ဦးဖြစ်ကြောင်း မစုပုံချစ်က ဂုဏ်ယူစွာပြောပြသည်။
“မြန်မာနိုင်ငံမှာ ဥပဒေတွေ၊ အခွင့်အရေးတွေ အရေးပါလာပြီ။
အဲဒီတော့ မသန်စွမ်းတွေရဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေအတွက် ဦးဆောင်ပေးချင်လို့ အခုလို ကျောင်းသွားတက်ဖို့ ဆုံးဖြတ်တာဖြစ်ပါတယ်”ဟု ပြည်ပမထွက်ခွာမီ တစ်ရက်အလိုတွင် ၎င်းကပြောကြားသည်။
သူမ သွားရောက်ပညာသင်မည့် တက္ကသိုလ်မှာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ New South Wales တက္ကသိုလ်ဖြစ်ပြီး Master of Policy Studies ကို ၁၈ လကြာ တက်ရောက်သင်ကြားမည်ဖြစ်သည်။
ယင်းကဲ့သို့ ပညာသင်ဆုရရှိရန် နှစ်နှစ်ဆက်တိုက် လျှောက်ထားခဲ့ခြင်း
ဖြစ်ပြီး ယခုအကြိမ်တွင်မှ ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
မစုပုံချစ်သည် တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးလေး
ဘာသာဖြင့် အောင်မြင်ခဲ့ပြီး သတင်းနှင့် နည်းပညာအင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ကာ လက်ရှိတွင် သတင်းနှင့် နည်းပညာအင်ဂျင်နီယာ မဟာဘွဲ့သင်တန်းကို တက်ရောက်နေဆဲ ကျောင်းသူတစ်ဦးဖြစ်သည်။
လက်ရှိ တက်လက်စကျောင်းကို ရပ်နားခွင့်တင်ပြီး ပညာတော်သင်
သွားမည်ဖြစ်ကာ ပြည်ပမှ ပြန်လည်ရောက်ရှိမှသာ နည်းပညာ
မဟာဘွဲ့သင်တန်းကို ဆက်လက်တက်ရောက်မည်ဖြစ်သည်။
( New by 7Day News Journal )
( Photo by Aye Chan Mon )
No comments:
Post a Comment