Monday, 18 February 2013

" များတို့က များမှာပဲ "



အချင်းချင်းတွေ သူ့အကြောင်းမပြောချင်ပေမဲ့ ပြောရဦးမယ် ဟွန့်
တကယ်တမ်း ပြောရကြေးဆို သူ့လို ရွာနဘေးက သာအေး ရုပ်နဲ့ ဒို့များကို ယှဉ်စရာလား
ဒို့များ ရူပါက အပီမ တွေတောင် ချူချာသွားစေတာ သူလဲအသိ
အတန်းထဲက ခေတ်ဟောင်းဓာ့ရှင်မင်းသားနဲ့ နာမည်ရော ရုပ်ရော တူတဲ့တစ်ယောက်ရယ်


သနပ္ပင်က သနပ်တွေခူးပြီး လက်နက်ကုန်သည် လုပ်စားနေတဲ့တစ်ယောက်ရယ်
ဒီနှစ်ယောက်ပဲလာလာပြီး ခစားနေတာနဲ့ သူ့ကိုယ်သူ အလှဘုရင်မတစ်ပါးလို ငါ့လင်,ငါ့မယား လုပ်ချင်နေသေး
ဒို့များလို အခစားကလေးတွေ ပေါလွန်လွန်းလို့ Roll Call လိုခေါ်နေရလောက်အောင် များနေရင် ဘယ်လောက်ဘဝင်မြင့်မယ်မသိ
ဒါတောင် အခစားဝင်တာ ၇၅% မပြည့်လို့ စာရင်းဖျက်လိုက်တဲ့သူတွေ တစ်ပုံကြီး
ဒါပေမဲ့ ဒို့များရင်ထဲမှာတော့ ယောက်ျားပီသတဲ့ ဇာတာကြီးကိုပဲ တစ်ယောက်ဆို တစ်ယောက်, ငါးသလောက်ဆို ငါးသလောက်ရယ်ပါ ။

ဟိုး သမိုင်းဆောင်မှာနေတုန်းကတည်းက အဆောင်က အကောင်တွေ ဒို့များနဲ့ဆို အကုန်ငြိမ်
အဆောင်ရှေ့မှာ နေ့ဘက် RC-2 က လာပြီး ရစ်သီရစ်သီ လုပ်နေတဲ့ အပီမ တွေရော
ညည ဂီတာ တဒေါင်ဒေါင်နဲ့ သံသေးသံကြောင် လာလာအော်ဟစ်နေတဲ့ အပီမ တွေရော
ဖောခြင်းသောခြင်းတွေကြားထဲက ဒို့များ အငြိမ်ထိန်းထားခဲ့တာနော်
ဂီတာ လာတီးတဲ့ အပီမ တွေဆို သူတို့သီချင်းနားထောင်ဖို့ လက်ဖက်သုပ်တွေ၊ ချင်းသုပ်တွေ
အဆောင်ပေါ်ကို ညစောင့်က တဆင့် ပေးခိုင်းနေကြတာများ မျက်စေ့ကိုနောက်လို့ ။

ကျောင်းတက်ချိန်မှာတော့ ရန်ကုန်မြို့အနှံ့တက္ကသိုလ်ပေါင်းစုံက လာလိုက်ကြတဲ့ အပီမ တွေ
နွေးအေးတို့၊ မေတ္တာပေါင်းကူးတို့မှာ အပြည့်
အဆိုးဆုံးက စာသင်ခန်းဝ ကော်ရစ်ဒါမှာ လာလာရှိုးနေကြတော့
အတန်းထဲက အကောင်တွေဆို မျက်နှာတောင် မဖော်ရဲကြရှာဘူး
အကောင်တွေကလဲ သူတို့လို ရွက်ကြမ်းရေကြိုတွေကို ဂရုမစိုက်ပါဘူး
ဒို့များကျောင်းက မြန်မာပြည်အရပ်ရပ် ကွမ်းတောင်ကိုင်တွေချည်းပဲ ရွေးထားတာကလား ။

တစ်ခါတစ်လေတော့လဲ ဒို့များ အသည်းကွဲစရာတွေ မကြုံချင်ပေမဲ့
ကျောင်းက အကောင်တွေ အပီမ နဲ့ကြည်သွားရင် ကြုံရတယ်
အသည်းအနာဆုံးက ကျော်ကြီးဆိုတဲ့ အကောင်ပေါ့
နာမည်မှာသာ ကြီး ပါတာပါ၊ တကယ်တမ်းတော့ သူ့အသည်းက ငယ် ရှာပါတယ်
ဒါကြောင့်မို့လဲ ကျောင်းဖော်သူငယ်ချင်းနဲ့ ရည်းစားဖြစ်သွားတာပေါ့
တစ်နေ့ ECO က အပီမတွေကို အော်တိုရေးပေးလို့ဆိုလား
သူ့ရည်းစားက ဒို့များကို လာမေးသေးတယ်
ဒို့များလဲ မဟုတ်ပါဘူးလို့ ငြင်းပေးလိုက်ပါတယ်
သူမသိသေးတာကတော့ အော်တိုရေးခိုင်းသူတွေဟာ တကယ်လဲ
ECO က မဟုတ်ခဲ့ပါဘူး ၊ MC ကပါ
အခုတော့ သူတို့လဲ ကလေး သုံးမွှာပူး ၊ သုံးဒါဇင်လောက် ရ နေရောပေါ့
ကျော်ကြီးကို စိတ်အနာဆုံးက fb မှာ friend request လုပ်ထားတာကို
accept ပြန်မလုပ်သေးတာပါပဲ - လူဆိုး

ကျောင်းတုန်းက ဒို့များအခင်ဆုံး အသည်းလေးတွေက အာခီ အဖွဲ့တွေပေါ့
သူတို့တွေ ပုံဆွဲတာတို့၊ ပရောဂျက်လုပ်တာတို့ သွားသွားကြည့်ရတာနဲ့
သူတို့တွေ ဘော်လုံးကန်ရင် သွားသွားအားပေးရတာနဲ့
ဒို့များဘဝ ပျော်နေရတာ မဟုတ်လား
တကယ်တော့ ဒို့များလဲ ပုံဆွဲတာ ဝါသနာပါလို့ အာခီယူခဲ့ချင်ပါတယ်
ဒါပေမဲ့ ဒို့များက အလှသာပြင်နေချင်တာ ၊ ခဲတံချွန်ရမှာတော့ ပြင်းတယ်ကွယ်
နောက်ပြီး ဒို့များ အာခီ ယူခဲ့ရင် သူတို့တွေ Roll number one ဘယ်တော့မှ မရတော့မှာမို့ အားနာလို့ပါ ။

ဪ အခုတော့ ဒို့များလဲ အားလုံးနဲ့ ဝေးရာကို ရောက်ရှိလို့နေခဲ့ပေမဲ့
ကျောင်းတက်ဖော်တွေရဲ့ အသည်းထောင့်တစ်နေရာရာမှာ ဒို့များတစ်ယောက်
ရှိနေသေးတုန်းပဲဆိုရင် ဒို့များ တစ်သက်လုံး အထီးကျန် နေနိုင်ပါတယ်လေ ။ ။

သွေးအေး

( မှတ်ချက် ။ ။ ဘယ်သူတွေလဲဆိုတာ သတ်ချင်သတ်ပလိုက် ၊ မပြောဘူး ခိခိ )

No comments:

Post a Comment