ယခုနှစ် တက္ကသိုလ်ဝင်တန်းအား ရမှတ်
၄၅၀ နှင့်အထက်ရရှိ အောင်မြင်သူ များမှာ ရန်ကုန်နှင့် မန္တလေး နည်းပညာ
တက္ကသိုလ်များ၌ ဖွင့်လှစ်မည့် B.E နှင့် B.Arch ဘွဲ့သင်တန်းများအား
တိုက်ရိုက်လျှောက်ထား နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ကျောင်းသားဦးရေ ၂၅၀
ဦးစီကို လက်ခံသင်ကြားပေးသွားမည် ဖြစ်ပြီး Bio. Technology ၀ါသနာပါသူ
များအတွက် လေးနှစ်ဆက်တိုက် သင်ယူစေကာ အောင်မြင်သူများအား B.S.(Bio.Tech)
ဘွဲ့ကို ပေးအပ်ချီး မြှင့်သွားမည်ဖြစ်သည်။
ရမှတ် ၃၆၀ နှင့် အထက်ရရှိ အောင်မြင်ထားသူများမှာမူ ယခုလက်ရှိ ဖွင့်လှစ်လျက်ရှိသော နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံများတွင် A.G.T.I Certificate ရရှိရန် သုံးနှစ်တက်ရောက် သင်ကြားရမည်ဖြစ် ပြီး B.E ဘွဲ့တက်ရောက်ရန် အဆင့်မီသူများမှာ အင်ဂျင်နီယာ Orientation သင်တန်းတစ်နှစ်ကို တက်ရောက်ရမည်ဖြစ်ကာ အောင်မြင်ပါက B.Eဘွဲ့ပေးရန် သတ်မှတ်ထားသည့် နည်းပညာတက္ကသိုလ်များ၌ ဆက်လက် တက်ရောက်ခွင့် ရရှိမည်ဖြစ် ကြောင်း သိရှိရသည်။
B.E ဘွဲ့သင်တန်းသို့ တက် ရောက်ရန်အဆင့်မမီသူများမှာမူ ယခင်ပုံစံအတိုင်း သက်ဆိုင်ရာ တက္ကသိုလ် များ၌ B.Tech သင်တန်းနှစ်နှစ်ကို တက်ရောက်နိုင်ပြီး အောင်မြင်ပါက B.Techဘွဲ့ကို ပေးအပ်သွားမည်ဖြစ်သည်။
ပြောင်းလဲလိုက်သည့်ပညာရေး စနစ်အရ အဆင့်မြှင့်နည်းပညာ တက္ကသိုလ်များမှ တိုက်ရိုက် B.E ဘွဲ့ရရှိ ရန် ခြောက်နှစ်ကြာမြင့်မည်ဖြစ်ပြီး A.G.T.I အောင်မြင်ပြီး B.E ဘွဲ့တက်ရောက်သူများမှာ ခုနစ်နှစ်ကြာမြင့်မည် ဖြစ်သည်။ B.Tech ဘွဲ့ရရှိရန် ငါးနှစ်ကြာမြင့်မည်ဖြစ်ပြီး M.Tech တက်ရောက်ရပါက ခုနစ်နှစ်ကြာမြင့်မည်ဖြစ်သည်။ နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံများ၏ B.E ဘွဲ့သင်တန်း၌ A.G.T.I နှစ်နှစ်၊ B.Tech နှစ်နှစ်နှင့် B.E ဘွဲ့တစ်နှစ်ပေါင်း ငါးနှစ်တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
Ref:EMG
ဓာတ်ပုံ-နည်းပညာတက္ကသိုလ်(တောင်ကြီး)Group

No comments:
Post a Comment