(၁) ကျေးလက်ဒေသ ပညာရေးအထူးဇုန် - ဥပဒေ (မူကြမ်း)
ပုဒ်မ (၁)အမည်သတ်မှတ်ပြဋ္ဌာန်းခြင်း
ဤဥပဒေအားကျေးလက်ဒေသပညာရေးအထူးဇုန်ဥပဒေဟု ခေါ်တွင်စေ ရမည် ။
ပုဒ်မ (၂)နယ်နိမိတ်သတ်မှတ်ခြင်း
ဤဥပဒေအရ အာဏာတည်သောနယ်နိမိတ်ကိုသတ်မှတ်ရန်အောက် ပါအတိုင်းပြဋ္ဌာန်းလိုက်သည် ။
(က) မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မည်သည့်တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်တွင် တည်ရှိနေ သည်ဖြစ်စေ - အခြေခံပညာ(မူလတန်းမှ အထက်တန်းအထိ) ပညာသင်ကြားရန်ကလေး တစ်ယောက် အနည်း ဆုံး ရှိနေသော ဒေသဖြစ်ခြင်း ။
(ခ) ထိုကျောင်းတက်မည့်ကလေး၏နေအိမ်မှ(ရာသီမရွေး) တစ်နာရီ အတွင်းပုံမှန် သွားရောက်နိုင်သောခရီးအကွာအဝေးတွင် သက်ဆိုင်ရာ ကျောင်းမရှိ သော ဒေသဖြစ်ခြင်း ။
အထက်ဖော်ပြပါ အခြေအနေ နှစ်ရပ်နှင့် ကိုက်ညီသော မည်သည့် ဒေသတွင်မဆို ဤဥပဒေ ၏အကျိုး ကို ခံစားခွင့်/ ရယူ အသုံးချခွင့်ရှိရမည် ။
ပုဒ်မ (၃)အခွင့်အရေးလျှောက်ထားခြင်း
(က) ဤဥပဒေအရအကျိုးခံစားခွင့်ကိုရယူ လျှောက်ထား လိုသူကျောင်းသား မိဘသည်မိမိ ကိုယ် တိုင်သော် လည်းကောင်း/ လူမှုရေးအဖွဲ့အစည်း တစ်ခုခု မှတစ်ဆင့်သော်လည်းကောင်း/ နိုင်ငံ့ ၀န်ထမ်းတစ်ဦးဦး ( ဥပမာ - ထွေအုပ်/စိုက်ပျိုးရေး /မြေစာရင်း/ပညာရေး ၀န်ထမ်း)တစ်ဦးဦးမှတစ်ဆင့် သော်လည်းကောင်း လျှောက်ထားရယူနိုင်သည် ။
(ခ) လျှောက်လွှာကို မြို့နယ်ပညာရေးမှူးသို့ လိပ်မူ၍ပေးပို့ရမည် ။
(ဂ) မြို့နယ်ပညာရေးမှူးအနေဖြင့် ပုဒ်မ(၃) ပုဒ်မခွဲ(က) အရတင်ပြချက်ကို ပုဒ်မ(၂)နှင့်မညီညွတ် ကြောင်းအထောက်အထားမပြနိုင်ပါ ကငြင်းပယ်ခြင်းမပြုရ ။
(ဃ) မြို့နယ်ပညာရေးမှူးအနေဖြင့်လျှောက်ထား လာသော ကျောင်း သား၏ လိုအပ်သောအချက်အလက် များကိုရယူပြီး တိုင်းဒေသကြီး အဆင့်ပညာရေး ၀န်ကြီး ထံသို့ပေးပို့ရမည် ။
(င) တိုင်းဒေသကြီးအဆင့် ပညာရေးဝန်ကြီးအနေဖြင့် လိုအပ်သော နည်းဥပဒေများကို သတ်မှတ် ပြဌာန်းပြီးမြို့နယ်ပညာ ရေးမှူးထံသို့ လိုအပ်သလို လမ်းညွှန်နိုင်သည် ။
(စ) အခွင့်အရေးလျှောက်ထားသူ ကျောင်းသားအနေ ဖြင့် စာရွက်စာတမ်းနှင့်အခြား ရုံးလုပ်ငန်း ကုန်ကျ ငွေအ မျိုးမျိုး အတွက် ၀န်ထမ်းစရိတ်(ကျပ်ငါးထောင်)ထက်မပို စေရန် မြို့နယ်အဆင့်ပညာရေးမှူး မှ တာဝန် ယူရမည် ။
(ဆ) အခွင့်အရေးလျှောက်ထားရယူသူကျောင်း သားအနေဖြင့် ရုံးလုပ်ငန်းဆိုင်ရာအကြောင်းကြောင့် ပညာသင်နှစ်တစ်နှစ်မဆုံးရှုံးစေရန်တိုင်းဒေသကြီး အဆင့်ပညာရေး ၀န်ကြီး မှတာဝန်ယူရမည် ။
(ဇ) အခွင့်အရေးရယူခံစားလိုသော ကျာင်းသား သည် နှစ်စဉ်ပညာသင်နှစ်၏ ပထမ သုံးလအတွင်း စတင် လျှောက်ထား ရမည် ။ ပထမသုံးလကျော်လွန်ပြီးမှလျှောက်ထားသူနှင့်ပတ်သက်သော အခွင့်အရေး ချထား ပေးခြင်းကိစ်္စများ ရရှိခြင်း/မရရှိခြင်းသည် မြို့နယ်ပညာရေးမှူး၏ တာဝန်နှင့်ပတ်သက်ခြင်း မရှိစေရ ။
ပုဒ်မ (၄) ပညာသင်ယူခွင့်နှင့်စာမေးပွဲဖြေဆိုခွင့်သတ်မှတ်ခြင်း
(က) ဤဥပဒေအရ အခွင့်အရေး ရရှိသော ကျောင်းသား သည် အစိုးရအသိအမှတ်ပြု ထားသော ( အစိုးရ ကျောင်း/ပုဂ်္ဂလိကကျောင်း/ဘကကျောင်း ) စသောကျောင်းများတွင် တက်ရောက်ရန်မလိုဘဲ မိမိတို့ နှစ်သက် ရာ ( အိမ် / တဲ / ဇရပ် / ဘုန်းတော်ကြီး ကျောင်း ) တို့တွင် မိမိတို့ နီးစပ်ရာ ပညာရှာမှီး သင်ယူခွင့်ရှိသည် ။
(ခ) ဤဥပဒေအရ အခွင့်အရေးရရှိသော ကျောင်းသား သည် အစိုးရအသိအမှတ်ပြု ထားသော သင်ကြားခွင့်ရှိသူဆရာဖြစ်စေ သို့တည်း မဟုတ် ကျောင်းသား နှင့် မိဘတို့ ညှိနှိုင်းထားသောဈေးနှုန်းအရနား လည် သင်ကြားနိုင်သူဖြစ်စေသို့တည်းမဟုတ်အစိုးရအသိအမှတ်ပြုလက်မှတ်မရှိသော အခမဲ့သင်ကြား ပေးသူဖြစ်စေကို ငှားရမ်း သင်ကြားခွင့်ရှိသည် ။
(ဂ) ဤဥပဒေအရ အခွင့်အရေးရရှိသောကျောင်းသားသည် မြို့နယ်ပညာရေးမှူးမှသတ်မှတ်ညွှန်ပြသောအနီးဆုံးအစိုးရကျောင်း တွင် စာရင်း ရေးသွင်းဖြေဆိုခွင့်ရရှိစေရမည် ။
ပုဒ်မ (၅) စားမေးပွဲနှင့်အတန်းတက်ခွင့်
(က) ဤဥပဒေအရအကျိုးခံစားခွင့်ရသော ကျောင်းသား/ သူအနေဖြင့် အခြားအစိုးရ ကျောင်းတက် ကျောင်းသား/သူများနှင့် တန်းတူ သော စာမေးပွဲ စည်းမျဉ်း ၊ အမှတ် ပေးစည်းမျဉ်း အတန်းတက် ခွင့် / တက်္က သိုလ်ရွေးချယ်ခွင့် တို့ကို ရရှိစေရမည် ။
(ခ) ဤဥပဒေအရအကျိုးခံစားခွင့်ရသောကျောင်းသား/သူအ နေဖြင့် လစဉ်စာမေးပွဲမှကင်းလွတ်သော အခြေ အနေဖြစ်သဖြင့် အတန်းတင်စာမေးပွဲ၏ ရမှတ်ကိုသာ အောင် မှတ် အဖြစ်သတ်မှတ်ပြဋ္ဌာန်းရမည် ။
(ဂ) ဤဥပဒေအရအကျိုးခံစားခွင့်ရသောကျောင်းသား /သူအနေဖြင့် သင်ရိုးညွှန်းတမ်း စာအုပ်များ/သင် ထောက် ကူပြုပစ်္စည်းများ ရယူခွင့်ကို ( နိုင်ငံတော်အစိုးရ ထံမှဖြစ်စေ/အခြားအဖွဲ့အစည်းများ ထံမှဖြစ်စေ လူမှုရေးနည်းလမ်းအရ အလှူခံခြင်း၊ မေတ်္တာရပ်ခံ ခြင်းနည်းလမ်းမှအပ ဥပဒေကြောင်းအရ တောင်းခံ ရယူပိုင်ခွင့်မရှိစေရ ။
(ဃ) ဥပဒေအရအကျိုးခံစားခွင့်ရသောကျောင်းသား /သူအနေဖြင့် ဤဥပဒေမှအပဖြစ်သော အခြားအကျိုး စီးပွါး အထူးအခွင့်အရေးများတောင်းဆိုပိုင်ခွင့်မရှိစေ ရ ။
ပုဒ်မ (၆) ပြစ်မှုနှင့်ပြစ်ဒဏ်များ
(က) ဤဥပဒေပြဋ္ဌာန်းချက်များကိုချိုးဖောက် သော ကျောင်းသား/သူအနေဖြင့် ထိုနှစ်၏ ပညာသင် နှစ်တွင် စာမေးပွဲဖြေဆိုခွင့်ကို ပိတ်ပင်ရမည် ။
(ခ) ဥပဒေပြဋ္ဌာန်းချက်များကိုချိုးဖောက်သော နိုင်ငံ့ဝန်ထမ်းကို (၁၀၀၀၀၀ိ/-)ထက်မပိုသော ငွေဒဏ် ကိုချမှတ်ရမည် ။
(ဂ) ဤဥပဒေပါ ပြစ်မှုပြစ်ဒဏ်များသည် အဂတိ လိုက်စား မှုတားမြစ်ရေးဥပဒေများနှင့် သီးခြား စီဖြစ် သည် ။ ဤဥပဒေပါ ပြစ်ဒဏ်များစီရင်ခံရခြင်းသည် အဂတိလိုက်စားမှု တားမြစ်ရေးဥပဒေများနှင့် စီရင်ခံရခြင်းဟုမမှတ်ယူစေရ ။ အဂတိလိုက်စားမှုများပေါ် ပေါက်ပါက အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေ အရ သီးခြားစီရင်ခြင်းခံရမည် ။
No comments:
Post a Comment