Saturday, 2 March 2013

 သူ့ သမိုင်းနဲ့သူ


ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဟာမြန်မာ ပြည်မှာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ကို မြန်မာ နိုင်ငံ ကလေးများနေ့ အဖြစ် သတ်မှတ်ပြီး မျိုးချစ်စိတ် နိုးကြားရှင်သန်ရေးအတွက် ဟောပြောပွဲတွေ နိုင်ငံ အနှံ့ အပြားမှာ အခန်းအနားတွေ လုပ်ကြတယ်။
မြစ်ဆုံ စီမံကိန်းလုပ်ဖို့ အရွှေ့ ပြောင်း ခံရတဲ့ ရွာက ကလေးတွေ စုထားတဲ့ စာသင်ကျောင်းလေး တစ်ခုမှာတော့ ---
ဆရာမ -- ကလေးတို့ရေ ၊ ဗိုလ်ချုပ်အောင်ဆန်းက ကိုယ်ကျိုးစွန့် ၊ အသက်စွန့် ပြီး မြန်မာပြည် လွတ်လပ်ရေး ရအောင်လုပ်ခဲ့တာကွဲ့ ။


တပည့်များ -- မြန်မာ ပြည်ရဲ့ လွတ်လပ်ရေးရဲ့  ဖခင်ကြီးပေါ့နော်

ဆရာမ -- လွတ်လပ်ရေးဆိုတာ ဘာကို ဆိုလိုတာလဲကွယ်

တပည့်များ -- ကိုယ့်တိုင်းပြည်က သယံဇာတတွေ မတရား ယူတယ်။ မြန်မာ နိုင်ငံသားတွေကို ဗိုလ်ကျခံရတယ်။ အဲဒါတွေက လွတ်မြောက်အောင် လုပ်တာ ကိုခေါ်တာပါ



ထို့နောက် ဆရာမက ဦးသန်းရွှေ (အငြိမ်းစား ဗိုလ်ချုပ် မှုးကြီး ) ပုံကို ထုတ်ပြတယ်။

ဆရာမ ဒီပုံကို ကြည့်စမ်း ။ သူ့ ကိုရော သိကြသလားကွဲ့ 
တပည့်များ -- သိပါတယ်။ ဟွန်း- ဟင်း--တောက်!

ဆရာမ -- ဟေ-ဟေ ။ ဘာကြောင့် အဲလို ပြောရတာလဲကွယ်။
တပည့်များ -- တရုတ် လက်ထဲ မြန်မာနိုင်ငံကို ရောင်းစားတဲ့ လွတ်လပ်ရေး ဖျက်ဆီးတဲ့ လူယုတ်မာကြီး ။ 

-အာပြဲမောင် -
၁၅-၂-.၂၀၁၃
ဟစ်တိုင်မှ ကူးယူဖော်ပြပါသည်။


No comments:

Post a Comment