Saturday, 2 March 2013

 ရောက်ရောက်ခြင်း ရိုက်ချက်ပြင်းလှတဲ့ မြ၀တီမြို့နယ်ပညာရေးမှူးအသစ် ဒေါ်လှလှမြင့်



အခုမြ၀တီမြို့နယ်၊ ပညာရေးမှူးအသစ် ဒေါ်လှလှမြင့်သည် ရောက်လာတာ တစ်လမပြည့်သေးပါဘူး။
ရိုက်ချက်တွေက ပြင်းထန်လွန်းပါတယ်။

ပထမဆုံးရောက်ရောက်ချင်း ဇန်န၀ါရီလ လကုန်ရက်အစည်းအဝေးပွဲမှာပြောသွားတဲ့စကားကတော့ ကျွန်မဒီကိုလာတာ စားဖို့လာတာ မဟုတ်ပါဘူး၊ အလုပ်လုပ်ဖို့ လာတာပါတဲ့ သိပ်မကြာပါဘူး (၁၀) လောက်အကြာမှာ မြ၀တီမြို့ပေါ်က အခြေခံပညာကျောင်းအုပ်ကြီးတွေကိုခေါ်ပြီး အစည်းအဝေးလုပ်ပါတယ်။



ဘားစည်းဝေးလဲဆိုတာ တောင်းတဲ့အစည်းအဝေးဖြစ်ပါတယ်။ ဘာတွေတောင်းတာလဲဆိုတော့ ကဲဒီကျောင်းကတော့ ရေခဲသေတ္တာ၊ ဟိုကျောင်းကတော့ လေအေးပေးစက်၊ ဒီကျောင်းက စက်တီစားပွဲ (၁) စုံ၊ ဟိုကျောင်းကတော့ ဘာညာဘာညာ စသည်ဖြင့် အမျိုးမျိုးစုံနေအောင် တောင်းလိုက်ပါသည်။
ကျောင်းအုပ်ကြီးတွေက တန်ဖိုးကြီးတဲ့ပစ္စည်းတွေကို မ၀ယ်ပေးနိုင်ပါဘူးလို့ပြောတဲ့အခါမှာ ဒေါ်လှလှမြင့်ရဲ့ ပြန်လည်ချိန်းခြောက်ခြင်းကိုခံခဲ့ကြရပါတယ်။
အဲ့ဒီတော့ဘာဖြစ်လဲ ၀ယ်ပေးလိုက်ရကြပါတယ်။
အဲ့ဒါနဲ့အားမရသေးပါဘူး။

အခုလဲ ကျောင်းတွေအနေနဲ့စာမေးပွဲစစ်ဆေးနေချိန်မှာ တစ်ကျောင်းပြီးတစ်ကျောင်း စစ်ဆေးရေး ၀င်တယ်ဆိုပြီးတော့ နောက်ထပ် တစ်မျိုးပြီးတစ်မျိုး လိုက်တောင်းနေပြန်ပါတယ်။
အလိုမကျတဲ့အခါမှာတော့ အော်ဟစ်ဆူပူကြိမ်းမောင်းပြီး အမျိုးမျိုးစုံနေအောင်ကျောင်းတွေကို ပစ်တင်ကြိမ်းမောင်းပါတယ်။
အခုဒါ နယ်ဘက်ကကျောင်းတွေမပါသေးပါဘူး။

ဘယ်အချိန်သွားရင်ကောင်းမလဲဆိုတာ ချောင်းနေတယ်လို့ထင်ရပါတယ်။ တစ်ခုခုဖြစ်လာပြီးဆိုရင် အရင်ဆုံးအဆူပူကြိမ်းမောင်း စစ်ဆေးခံနေရတာက အခြေခံပညာကျောင်းများသာဖြစ်ပါတယ်။
တကဲ့တကယ် ၀ါမျိုးလုပ်စားနေတာကတော့ အထက်ကအကြီးအကဲများသာဖြစ်ပါတယ်။

မြို့နယ်ပညာရေးမှူးတွေက အဆိုးဆုံးဖြစ်ပါတယ်။ အခုလဲ မြ၀တီမှာ ဘယ်မြို့နယ်ပညာရေးမှူးလက်ထက်ကမှ ဒါမျိုးတစ်ခါမှမတောင်းဘူးပါဘူး။
အခုဒေါ်လှလှမြင့်ဆိုသူသည် အခုစရောက်ချိန်မှာတောင် ဒီလောက်ဆိုးဝါးနေရင် နောက်ဆိုရင်ဘာတွေဆက်ဖြစ်မလဲဆိုတာ မတွေးရဲပါဘူး။
အထက်ကလူကြီးတွေအနေနဲ့ ခေါ်ပြီးသတိပေးစေချင်ပါတယ်။

တော်တော်တရားလွန်ပါတယ်။ တခြားကိစ္စတွေတော့မပြောတော့ပါဘူး။
အယ်ဒီတာကြီးခင်ဗျား မဖြစ်မနေအမြန်ဆုံးတင်ပေးပါ။ ဆိုးလွန်းပါတယ်။


မြ၀တီမြို့နယ်စာနယ်ဇင်းတစ်ဦး

No comments:

Post a Comment