Sunday, 2 September 2012

အမေများနေ့အခမ်းအနား သွေးသစ်ကျောင်းတွင် ကျင်းပပြုလုပ်


သြဂုတ်လ ၁၂ ရက်နေ့သည် ထိုင်းဘုရင်၏ မိဘုရားကြီး မွေးနေ့ ဖြစ်ပေသည်။
ထိုနေ့အား အမေများနေ့ အဖြစ်သတ်မှတ်ကာ ထိုင်းနိုင်ငံရှိကျောင်းများ၊ ရွေ့ပြောင်းကျောင်းများတွင်လည်း
အခမ်းအနားများ ပြုလုပ်လေ့ရှိသည်။
မဲဆောက်၊ နောင်ဘွားရှိ ကျွန်တော့်ကျောင်းကလေးတွင်လည်း


ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး စီမံကိန်း (IMPACT)နှင့်ပူးပေါင်းကာ နောင်ဘွားရွာမှ ရပ်မိရပ်ဖများ၊ ကျောင်းသားများ၊ ကျောင်းသားမိဘများ
နှင့်အတူ တပျော်တပါး အောင်မြင်စွာ ကျင်းပခဲ့သည်။
အခမ်းအနားကို အစီအစဉ် ၁၂ ခုဖြင့် ကျင်းပရာ ကျောင်းအုပ်ဆရာကြီး ဦးဇော်လွင်ဦးမှ အဖွင့်အမှာစကားကို
ပြောကြားပေးခဲ့သည်။ ထိုနောက် နောင်ဘွားရွာမှ ရပ်မိရပ်ဖ ဦးကြည်မှ အမေနေ့ ကျင်းပရခြင်း အကြောင်းအား အကျယ်တ၀င့် ရှင်းလင်း ပြောကြားကာ ကျောင်းမှ အထက်တန်းပြဆရာ ဦးသန့်စင်မှလည်း မိခင်တို့အား ဂါရ၀တရားထားရခြင်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသူကျောင်းသားများမှ မိခင်၏ဂုဏ်ကျေးဇူးကို ဖော်ကြူးသည့် ပြဖာတ်ကပြအသုံးတော်ခံ
ခြင်း၊ အမေ့ကျေးဇူး အကြောင်းအမွှန်းတင်ရေးဖွဲ့ထားသည့် သီချင်းများ သီဆိုဖျော်ဖြေခြင်း များပြုလုပ်သည်။
ထို့ပြင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစီမံကိန်းနှင့် စပ်လျဉ်းသည့် ပြဇာတ်တိုများ တင်ဆက်ကာ
ရပ်ရွာစည်းရုံးရေးမှူးတာဝန်ယူထားသူ ဆရာဦးသန့်စင်မှ ကလေးများအား အကြမ်းဖက်ခြင်း၊ လျစ်လျူရှုခြင်း၊
ကလေးကုန်ကူးခြင်းနှင့် အမြတ်ထုတ်ခြင်း အကြောင်းကို အကျယ်တ၀င့်ရှင်းလင်းတင်ပြခဲ့သည်။
ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းအား အကျွေးအမွေးဖြင့် တည်ခင်းပြီးနောက် အမေများနေ့
စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများ၊အား ကြွရောက်လာသည့် မိဘများမှ
ဆုများ ပေးအပ်ကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ဆရာသန့် (သွေးသစ်)


No comments:

Post a Comment