မြန်မာပြည်မှာ မိမိကိုယ်ပိုင်ကားများကို
ထုခွဲရောင်းချကာ ကျောင်းဆောင် သစ်ဆောက်လုပ်နေသော ကျောင်းအုပ်ကြီးတစ်ယောက်အ
ကြောင်းကတော့ နဲနဲဆန်းမည်ဟုထင်ပါသည်။ အထက (၂) ကမာရွတ်၊ ရန်ကုန်ကျောင်းက
ကျောင်းအုပ်ဆရာမကြီး ဒေါ်မေလှရီ သည် ကျောင်းဆောင် သစ်ဆောက်လုပ်ရန် အတွက်
ကျောင်းသားမိဘများကို တစ်ရက်လျှင် တစ်တန်းဆီ
အစည်းအဝေးခေါ် ယူပြီး ကျောင်းသား မိဘတစ်ဦးလျှင် အနည်းဆုံး ငွေကျပ် တစ်သိန်းစီ ထည့်ဝင်ရန် အတင်းအကျပ်လက်မှတ်ထိုးခိုင်းနေပါသဖြင့်
ငွေကြေးမတတ်နိုင်သော ကျောင်းသားမိဘများအတွက် အခက်ကြုံနေရပါ သည်။
အစည်းအဝေးမတက်ရောက်သော မိဘများကိုလည်း နောက်တစ်နေ့ ကျောင်း လွှတ်ချိန်တွင်
ကျောင်းသားငယ်များနှင့် အလှူခံပုံစံ ဖြည့် စွက်စေပါသည်။
ငွေတစ်သိန်းလှူမည်ဟု ကတိပြုစေပြီး အရစ်ကျပေးသွင်းနိုင်ကြောင်းပြော ပါသည်။ MRTV 4 မှ ကျောင်းသားမိဘများနှင့်တွေဆုံခြ င်း အခန်းတွင်လည်း
ဒုသမ္မတဒေါက်တာ စိုင်းမောက်ခမ်းမှ ကျောင်းအုပ်ကြီးထံပေးအပ်သော အလှူငွေ
သိန်း ၃၀၀၀ မှာ စက္ကူပုံးသာရကြောင်း ငွေတစ်ပြားမှမရကြောင်း၊
ကျောင်းဆောင်သစ်ဆောက်လုပ်ရန် MTP ဆောက်လုပ်ရေးနှင့် သိန်း ၅၀၀၀
သဘောတူညီပြီး စတင်ဆောင်ရွက်နေကြောင်း၊ လောလောဆယ် သိန်း ၅၀၀၀ ကို MTP
ဆောက်လုပ်ရေးမှ စိုက်ထုတ်ထားသဖြင့် အရစ်ကျပြန်ပေးရမှာဖြစ်ကြောင်း ၊
မိမိ(ကျောင်းအုပ်ကြီး) suzuki R + ကားများကိုလည်း ရောင်းချပြီး
စိုက်ထုတ်ထားရသဖြင့် မိမိမှာလည်း ကုန်ပြီဖြစ်ကြောင်း၊
အလှူငွေများပြန်ရလျှင် မိမိကားဖိုးပြန်ဖြတ်ယူမည်ဖြစ်ြေ ကာင်း၊ မိမိသတင်းများ အင်တာနက်ပေါ်တွင် ပလူပျံနေသည်ကို သိရှိပါကြောင်း၊ အမှတ် (၃) အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ဆောက်လုပ်နေဖြစ် သဖြင့် လူကြီးများလည်းသိရှိပြီးဖြစ်ပါသ ဖြင့်
အင်တာနက်သတင်းများကို ဂရုမစိုက်ကြောင်း၊ မိမိမှာလည်း ပင်စင်ယူရန်
လပိုင်းသာလိုသဖြင့် ပြုတ်မှာမကြောက်ကြောင်း၊ ပင်စင်မယူခင်
အပြီးဆောက်မှာဖြစ်သဖြင့် အမြန်ဆုံးလှူဒါန်းကြရန်
တိုက်တွန်းကြောင်းပြောကြားသွားပါ သည်။
အစည်းအဝေးခန်းမ အတွင်း Projector ဖြင့် အဆောက်အဦကိုရှင်းပြစဉ်
ကျောင်းသားမိဘ အင်ဂျင်နီယာတစ်ဦးမှာ ယင်းခြောက်ထပ် အ ဆောက်အဦ သိန်း ၅၀၀၀
ကုန်သည်ဆိုသည်မှာ မည်သို့မျှမဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါသည်။
၎င်းဆရာမကြီးသည် နှစ်စဉ် သူငယ်တန်းကျောင်းသား မြို့နယ်ကျော် ၂၀၀ အတွက်
ကျောင်းသားတစ်ဦးလျှင် အသားတင် ၅ သိန်းနှုန်းဖြင့် သိန်း ၁၀၀၀ အပြင် ၎
တန်းမှ ၅ တန်းပြောင်းရွှေ့လာသော မြို့နယ်ကျော်ကျောင်းသားများ တစ်ဦး ၅
သိန်းနှုန်းဖြင့် ၂၀၀ ဦးအတွက် သိန်း ၁၀၀၀ နှစ်စဉ် ကန်တော့ငွေများ
(လာဘ်ငွေများ) ရရှိနေကြောင်း၊ ၎င်းဖြစ်စဉ်ကို အထက (၂)
ကမာရွတ်ကျောင်းသားမိဘတိုင်း သိရှိပါ ကြောင်း၊ ကျောင်းဖွင့်ရာသီတွင်
လာရောက်မေးမြန်းစုံစမ်းနိုင်ပါေ ကြာင်း တင်ပြလိုက်ရပါသည်။ ကျောင်းသားမိဘများ အထက (၂) ကမာရွတ်
by: Chit Coco
No comments:
Post a Comment