Pages

Wednesday, 31 October 2012

ပညာရေး၏အနှစ်သာရ ရှာဖွေရန် လမ်းစ


         
 ပညာရေးဆိုသည်မှာ စာအုပ်များကသာ သင်ကြားဆည်းပူးရတာမျိုး မဟုတ်ပါဘူး။ အကြောင်းအရာ တစ်မျိုးမျိုးကို စိတ်ထဲမှာ မှတ်ထားရတာမျိုးလည်း မဟုတ်ပါဘူး။ စာအုပ်တွေထဲမှာ ပြောပြထားတာတွေကို မြင်ရအောင်၊ နားထောင်လို့ရအောင် သင်ကြားဆည်းပူးရပါမယ်။ စာအုပ်ထဲမှာ ပြောထားတဲ့ အကြောင်းအရာတွေ မှားတယ်၊ မှန်တယ်ဆိုတာ ရေးကြီးခွင်ကျယ် လုပ်နေစရာမလိုပါဘူး။
      အဲဒါတွေ အားလုံးဟာ ပညာရေးရဲ့ အစိတ်အပိုင်းတွေသာ ဖြစ်ပါတယ်။ ပညာရေးဆိုတာ စာမေးပွဲ အောင်ရုံမျှသာ မဟုတ်ပါဘူး။ အလုပ်အကိုင်ရရုံမျှသာ မဟုတ်ပါဘူး။ ဘွဲ့၊ ဒီဂရီရရုံမျှသာ မဟုတ်ပါဘူး။ သားမယားရရုံမျှသာ မဟုတ်ပါဘူး။ အခြေကျ အနေကျ နေရရုံမျှသာ မဟုတ်ပါဘူး။ ကျေးငှက်သာရကာတွေရဲ့ တေးဆိုသံကိုလည်း.....

ပညာရေး အကူအညီ အမှန်တကယ် လိုအပ်နေသူ ကျောင်းသူလေးတစ်ဦးကို ကူညီပေးစေလိုပါတယ်။


ပညာရေး အကူအညီ အမှန်တကယ် လိုအပ်နေသူ ကျောင်းသူလေးတစ်ဦးကို ကူညီပေးစေလိုပါတယ်။
အကြောင်းအရာ - ပညာသင်စရိတ်ထောက်ပံ့မှုပေးနိုင်ရန် လျှောက်ထားခြင်း။
ပညာသင်စရိတ်ခံစားလိုသူ အမည် - မသက်စုကို။
နိုင်ငံသားအမှတ် - ၈/တတက(နိုင်)၂၁၄၁၄၀။
အောင်မြင်သည့်အတန်း - အခြေခံပညာ အထက်တန်း။

အောင်မြင်သည့် ခုနှစ် - ၂၀၁၀/၂၀၁၁ပညာသင်နှစ်။

Tuesday, 30 October 2012

ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ တက္ကသိုလ်ပညာ သင်ကြားခွင့် ရတော့မည်










ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည် မကြာမီကာလအတွင်း ၄င်းတို့အတွက် ဖွင့်လှစ်ပေးမည့် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်တက္ကသိုလ်၌ အဆင့်မြင့်ပညာများ သင်ယူဆည်းပူးနိုင်တော့မည်ဖြစ်ကြောင်းအောက်တိုဘာ ၂၈ရက် သတင်းများ တွင် ဖော်ပြထားသည်။

သာတူညီမျှ တက်လမ်းဖွင့်ပေးစေချင်


ကျမ ကတော့ နည်းပညာ တက္ကသိုလ်တခုက ကထိက ဆရာမတဦး ဖြစ်ပါတယ်။ ကျမတို့ ဝန်ကြီးဌာနမှာ ဇူလိုင်လတုန်း က ရာထူးတိုးတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေ ကန့်သတ်ချက်တွေပါတဲ့ စာနဲ့ပတ်သက်ပြီး ပြောချင်လို့ပါ။

ဆရာမ တယောက်အတွက် လျော်ကြေး

ငယ်စဉ်က ကျမရဲ့အိမ်မက်ဟာ ပညာတတ်အောင်သင်ပြီး မိဘတွေကို ကောင်းကောင်း ထားနိုင်စေမယ်လို့ ရည်မှန်းခဲ့ တာပါ။ အဲဒီခေတ်က ကျမတို့နယ် တခုလုံးမှာ ကွန်ပျူတာကျောင်း ဝင်ခွင့်ရတာဆိုလို့ ကျမတယောက်ပဲ ရှိပါတယ်။

ငါးတန်းသမိုင်းဖတ်စာမှ ရီသံများ …




 
ကိုသင်းမြိုင်တို့ လင်မယားမှာ ဧကပုတ္တ တစ်ဦးတည်းသောသားလေးရှိသည်။ ကိုသင်းမြိုင်က နိုင်ငံခြားတိုင်းပြည်တွေမှာ နှစ်တွေ အကြာကြီး အလုပ်လုပ်နေခဲ့သောသူ။

FRC ဦးဆောင်၍ ဖင်လန် ကျောင်းသားတစု ဒုက္ခသည် ကျောင်းသားတွေနဲ့ တွေ့ခွင့်ရ



ဒုက္ခသည်တွေအကြောင်း လူငယ်တွေသိရှိ နားလည်ဖို့ လိုအပ်တဲ့အတွက် ဖင်လန်နိုင်ငံမှ အထက်တန်း ကျောင်းသားတစုကို ဖင်လန်ဒုက္ခသည်ကောင်စီ FRC မှဦးဆောင်ပြီး ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှာ ဖွင့်လစ်ထားတဲ့ ကရင်နီအထက်တန်းလွန်ကျောင်းကို အောက်တိုဘာလ ၂၅ရက်မှ ၂၆ရက်နေ့ထိ လာရောက် လေ့လာခဲ့ကြပါတယ်။

ထိုင်းဘုရင့်သမီးတော် မြန်မာပြည်ခရီးနှင့် ကျောင်းအိမ်သာလိမ်လည်မှုကြီး Print


မကြာသေးမီက ကမ္ဘာကျော်ဘီလျံနာသူဌေးကြီး ဘေလ်ဂိတ်စ်သည် အနာဂတ်အိမ်သာပြိုင်ပွဲတစ်ခုကို ငွေကုန် ကြေးကျများခံကာ ကျင်းပပြုလုပ်ပေးလိုက်သည်။

စစ်ဗိုလ်များနှင့်ပညာရေး (၁) Print



မကြာသေးမီက Facebook ပေါ်တွင် အောက်ပါ post လေးတစ်ခုကို တွေ့လိုက်ရပါသည်။
ပညာရေး ပြောင်းချင်ရင် ဒီလူတွေကို အရင်ပြောင်းဖို့လိုတယ်။

ဘွဲ့နှင်းသဘင် ဦးထုပ် သမိုင်းကြောင်း



ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။ 

The Voice Weekly မှ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ၏ ပညာရေးနှင့် ပတ်သက်သော မေးခွန်းတွင် နိုင်ငံတော်သမ္မတကြီးကဖြေကြားခဲ့သော အချက်အလက်များ


The Voice Weekly မှ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ၏ ပညာရေးနှင့် ပတ်သက်သော မေးခွန်းတွင် နိုင်ငံတော်သမ္မတကြီးက အောက်ပါအချက်များ အဓိကထား၍ ဖြေကြားခဲ့ပါသည်-

ကျောင်းပရိဝုဏ်အတွင်း၌ တိုက်စစ်ဆင်ခြင်း ( မောင်သာချို )

Photo: ကျောင်းပရိဝုဏ်အတွင်း၌ တိုက်စစ်ဆင်ခြင်း ( မောင်သာချို )
=================================
ရန်ကုန်မြို့အခြေစိုက် တက္ကသိုလ်ကျောင်းကြီး တစ်ကျောင်းကနေ ပါမောက္ခဘ၀ဖြင့် အငြိမ်းစားယူသွားပြီးဖြစ်သူ ဆရာတစ်ယောက်နှင့် ကျွန်တော်တို့ မကြာခဏဆိုသလို စကားစမြည်ပြောဖြစ်ပါသည်။ ထိုစကားစမြည်တွင်ကား ဆရာက “တိုက်စစ်” အကြောင်းပြောကာ ရယ်ပွဲဖွဲ့ပါသည်။

“တိုက်စစ်”တဲ့။ တက္ကသိုလ်ကျောင်းထဲက တိုက်စစ်။ ဤတွင် ပညာရေးလောကနှင့်တိုက်စစ် ဘာဆိုင်လို့တုံးဟု ဆန္ဒစောသူတို့က မေးနိုင်ပါသည်။ ရေလည်အောင် ရှင်းပြပါရစေဦး။

စစ်ရေးလောက၌ တိုက်စစ်၊ ထိုးစစ်၊ ခံစစ်၊ ပြောက်ကျားစစ် စသည်စသည်ဖြင့် သေနင်္ဂဗျူဟာ အမျိုးမျိုးရှိသည်ကို အများအသိ ဖြစ်ပါသည်။ ယခုက တက္ကသိုလ်ကျောင်းပရိဝုဏ်ထဲက “တိုက်စစ်”။

ထိုဆရာတို့၏ ဘာသာရပ်က အင်္ဂလိပ်ဘာသာဖြင့် သင်ယူကာ အင်္ဂလိပ်ဘာသာဖြင့်ပင် ပြန်လည်ဖြေဆိုရသည့် ဘာသာရပ်ဖြစ်ပါသည်။ သို့ဖြင့် တစ်နေ့စာ မေး-အဖြေလွှာများ စစ်ဆေးအပြီး အမှတ်များ ထည့်သွင်းကြစဉ် သံသယဖြစ်ဖွယ် ခုံနံပါတ်တစ်ခုကို သွားတွေ့လိုက်ကြရသည်ဟု ဆိုပါသည်။ ထိုခုံနံပါတ်ရှင်က ဘာသာရပ်တိုင်းလိုလိုတွင် အမှတ်ကောင်းကောင်း မြင့်မြင့်တွေ ရထားပြီး တစ်ခုတည်းသော ဘာသာ၌ အလွန်ညံ့ဖျင်း စုတ်ပြတ်သည့် အမှတ်ကိုသာ ရထားသည်ဟု ဆိုပါသည်။

ဤတွင် ဆရာ၊ ဆရာမကြီးအချို့တို့ သံသယဖြစ်ကာ ထိုညံ့ဖျင်းစုတ်ပြတ်သည့် အဖြေလွှာကို ထုတ်ကြည့်ရာ ခေါင်းနားပန်းကြီးသွားကြရသည်ဟု ဆိုပါသည်။

အကြောင်းမှာ အလွန်တရာ အဆင့်အတန်းမြင့်သည့် အင်္ဂလိပ်စာအရေးအသားဖြင့် ဘာသာရပ်ကို ပိုင်ပိုင်နိုင်နိုင် ဖြေဆိုထားကြောင်း တွေ့လိုက်ရသောကြောင့်ဟု ဆိုပါသည်။ သို့ဖြင့် ထိုအဖြေလွှာ စစ်ဆေးသည့် နည်းပြဆရာမကို ခေါ်ရပါသည်။ ဘယ်လိုစစ်ဆေးသလဲ မေးရပါသည်။ ဆရာမကလည်း ရိုးရိုးသားသားပဲ ဖြစ်ပါသည်။ မည်သည့်ပယောဂ တစ်စုံတစ်ရာမှ မရှိပါ။

သူက ပို့ချချက်စာအုပ်ကို လက်ကိုင်ထားသော ဆရာမကလေးဖြစ်ပါသည်။ ပို့ချချက်ထဲက ၀ါကျတွေ၊ စာပိုဒ်တွေကို သူအကုန်မှတ်မိသည်။ ယခုအဖြေလွှာထဲက ၀ါကျတွေ၊ စာပိုဒ်တွေကို သူတစ်ခါမှမတွေ့ဖူး။ သို့ဖြင့် ပို့ချချက်စာအုပ်ကြီးကို ရှေ့တွင်ချကာ တိုက်ကြည့်သည်။ မတူ။ လုံးဝမတူ။ သို့ဖြင့် အမှတ်ကို တော်စွလျော်စွပေးကာ ချထားလိုက်ခဲ့ခြင်း ဖြစ်ပါသည်။ ဆရာကြီး၊ ဆရာမကြီးတို့ ရယ်လည်းရယ်၊ မောလည်းမော၊ ထိုဆရာမကလေးကိုလည်း သွန်သင်ဆုံးမကာ ပြန်လည်ပြင်ဆင် စစ်ဆေးပေးခဲ့ကြရကြောင်း ဇာတ်လမ်းပင်ဖြစ်ပါသည်။

“နောက်မှသိရတာက အဲဒီစာဖြေသူက မိဘတွေအလုပ်တာဝန်ကြောင့် ပြည်ပမှာ တော်တော်ကြာကြာ နေခဲ့ဖူးတဲ့သူတဲ့ ...
အင်္ဂလိပ်စာအရေးအသား သိပ်ကောင်းတာ၊ ကျုပ်တို့ဆရာမက ပို့ချချက်စာအုပ်နဲ့တိုက်ပြီး စစ်တာ... မတူတော့ မှားတယ်ထင်တာ။ အဲဒီမှာ ရယ်ရင်းမောရင်း ဆုံးမရတာ နောင်တိုက်မစစ်နဲ့ တိုက်စစ်က အန္တရာယ်များတယ်လို့”

ပါမောက္ခဟောင်းကြီး တ၀ါးဝါးရယ်နေသည်ကိုကြည့်ကာ ကျွန်တော်လည်း သူ့နောက်က လိုက်ရယ်နေမိပါသည်။ စာအုပ်ကြီးထဲကနဲ့ တူ၊ မတူကို တိုက်ပြီးစစ်လို့ “တိုက်စစ်”တဲ့။ အော် ကျောင်းပရိဝုဏ်အတွင်းက တိုက်စစ်များ။


“တိုက်စစ်” အန္တရာယ်က ပညာရေးလောကအတွက် ကြီးလွန်းလှပါသည်။ ၏သည်မလွဲ ပြန်ပြောနိုင်လျှင် လူတော် မပြောနိုင်လျှင် လူညံ့အဖြစ် ဆရာ၊ ဆရာမများကိုယ်တိုင်က သဘောထားနေကြသည်ကို မပြင်ဘဲနှင့်တော့ ဘာမှဖြစ်လာလိမ့်မည် မထင်ပါ။ ရန်ကုန်မြို့၌ ရွှေတိဂုံစေတီတော် ရှိပါသည်ဟူသည့် ၀ါကျကိုပင်လျှင် “ရွှေတိဂုံစေတီတော်သည် ရန်ကုန်မြို့၌ရှိသည်”ဟု ပြန်မရေးရဲသော ကလေးတွေကို နေရာတိုင်းမှာ ကျွန်တော်တို့ တွေ့နိုင်ပါသည်။ ဆရာ သို့မဟုတ် ဆရာမက သူရေးပေးတဲ့အတိုင်း မရေးရင် အမှတ်မပေးဘူးဟုဆိုကာ စိုးထိတ်နေကြပါသည်။ ခြေလေးချောင်းသတ္တ၀ါ သုံးမျိုးကို ဆရာ၊ ဆရာမက ခွေး၊ ကြောင်၊ နွားဟု ရေးပေးထားသည် ဆိုပါတော့။ ကလေးက ဆင်တို့၊ ကျွဲတို့၊ မြင်းတို့၊ ဆိတ်တို့ကို မရေးရဲ။ ရေးလျှင် အမှတ်မရမှာ (သို့မဟုတ်) ဆူမှာ သို့မဟုတ် အငြိုငြင်ခံရမှာကို စိုးထိတ်နေရသည့် အနေအထားဖြစ်ပါသည်။

ဝါကျကလေးများ စကားလုံးကလေးများကိုပင်လျှင် လွတ်လွတ်လပ်လပ် ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ချမရေးရဲမှတော့ အတွေးအခေါ် အယူအဆတွေကို ချပြရဲ၊ တင်ပြရဲဖို့ ဆိုသည်မှာ ဟိုးအဝေးကြီးမှာပါ။



ပြင်သစ်နိုင်ငံ၌ ပညာသင်ကြားကာ မြန်မာနိုင်ငံမှာ ဟိုတယ်တွေ လာဖွင့်နေသူ သွက်လက်ထက်မြက်သော ရှမ်းသမီးပျိုကလေးတစ်ဦးနှင့် အင်းလေးကန်ဘေးက သူတို့ဟိုတယ်ထဲမှာပင် စကားဝိုင်းဖွဲ့ဖူးပါသည်။ မိုးလေ၀သဆရာကြီး ဒေါက်တာဦးထွန်းလွင်တို့၊ ဆရာချစ်ဦးညိုတို့၊ မနုနုရည်(အင်းဝ)တို့လည်း ထိုမိန်းကလေးကို ကောင်းကောင်းသိပါသည်။

သူက ဆိုကြပါစို့တဲ့။ ပြင်သစ်စာရေးဆရာကြီး ဗစ်တာဟူးဂိုး (Victor Hugo)ကို သင်သတဲ့။ ဆရာ၊ ဆရာမက ဗစ်တာဟူးဂိုး (Victor Hugo) ပြောတာကို ကြိုက်၊ မကြိုက် လက်ခံ၊ လက်မခံ မေးသတဲ့။ လက်ခံရင် ကြိုက်ရင် လက်ခံကြောင်း ကြိုက်ကြောင်း ရေး၊ လက်မခံဘူး မကြိုက်ဘူး ဆိုရင်လည်း လက်မခံကြောင်း မကြိုက်ကြောင်း ရေးတဲ့။

ကျွန်တော်တို့ကတော့ မှတ်စုများကိုပင် ရိုက်နှိပ်ထုတ်ဝေကာ ကျောင်းသား၊ ကျောင်းသူများဆီသို့ ရောင်းချဝေငှ ထားလိုက်ပါသေးသည်။ အဲသည့် စာအုပ်ထဲကအတိုင်း ဖြေဆိုကြပေတော့။

ငါရေးချပေးထားတဲ့ ၀ါကျအတိုင်းပဲရေး။ မကွန့်နဲ့။ ငါတွေးပြပေးထားတဲ့အတိုင်းပဲတွေး။ မတွန့်နဲ့။ ငါတွက်ပြပေးထားတဲ့အတိုင်းပဲတွက်။ မညွန့်နဲ့။ ငါခံစားပြထားတဲ့အတိုင်းပဲခံစား။ မလွန့်နဲ့။

ဒါကို ကျွန်တော်က အာဏာ၏အရိပ်ဟု ထင်ပါသည်။ စာသင်ခန်းထဲသို့ အာဏာ၏အရိပ်များ လွှမ်းမိုးလာခြင်းဖြင့် ပညာရေးလောကသည်လည်း အခြားသော လောကများနှင့်အတူ ဆွံအကြုံလှီ ညှိုးနွမ်းခြောက်သွေ့သွားခဲ့ရခြင်း ဖြစ်ပါသည်။

အလွတ်ကျက်ထားသည်ကို တစ်သဝေမတိမ်း ပြန်ရွက်ပြ ပြန်ရေးပြသည်ကို Factual Recall ဟု ခေါ်ဆိုရာ ထိုဖက်ကျူရယ်ရီကောလ်သည် Reasoning Power ခေါ် ဆင်ခြင်ခြင်း၏ရန်သူ၊ Critical Thinking ခေါ် ဝေဖန်သုံးသပ်ခြင်း၏ရန်သူ၊ Decision Making ခေါ် ဆုံးဖြတ်ချက်ချခြင်း၏ရန်သူ၊ Problem Solring ခေါ် ပြဿနာဖြေရှင်းခြင်း၏ရန်သူပင် ဖြစ်ပါသည်။

စာအုပ်ထဲကအတိုင်း ပြန်ချရေးနိုင်၊ မရေးနိုင် စစ်ဆေးသော “တိုက်စစ်”သည် Factual Recall ပင် ဖြစ်ပါသည်။

ယခုအာဏာ၏အရိပ်ကို ဖယ်ကာ ဒီမိုကရေစီရေးသို့ ရှေးရှုနေသောကာလ၌ ကျောင်းပရိဝုဏ်များအတွင်းတွင် “တိုက်စစ်” ရှိနေသေးသည်ဆိုလျှင် ဆရာ၊ ဆရာမတို့ကိုယ်တိုင်က အာဏာအရိပ်အောက်က မလွတ်မြောက်နိုင်ကြခြင်းပင် ဖြစ်ပါသည်။ ငါရေးတဲ့ ငါတွေးတဲ့၊ ငါတွက်တဲ့၊ ငါချက်တဲ့အတိုင်း ရေး၊ မရေး၊ တွေး၊ မတွေး၊ တွက်၊ မတွက်၊ ချက်၊ မချက် တိုက်စစ်ကြည့်သော ဓလေ့။

ကျောင်းပရိဝုဏ်တွေထဲမှာ “တိုက်စစ်” ရပ်ပါတော့။ ။

မောင်သာချို

ရန်ကုန်မြို့အခြေစိုက် တက္ကသိုလ်ကျောင်းကြီး တစ်ကျောင်းကနေ ပါမောက္ခဘ၀ဖြင့် အငြိမ်းစားယူသွားပြီးဖြစ်သူ ဆရာတစ်ယောက်နှင့် ကျွန်တော်တို့ မကြာခဏဆိုသလို စကားစမြည်ပြောဖြစ်ပါသည်။ ထိုစကားစမြည်တွင်ကား ဆရာက “တိုက်စစ်” အကြောင်းပြောကာ ရယ်ပွဲဖွဲ့ပါသည်။

Monday, 29 October 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲမှ ပညာရေးနှင့်ပတ်သက်သော ဖွင့်ဟချက်



ကျွန်တော်တို့ရဲ့ ပညာရေးက နောက်ကျကျန်နေတာတော့ အမှန်ပါ။ နောက်ကျကျန်နေရတာလည်း အကြောင်းကြောင်းတွေ ကျွန်တော်တို့ အများကြီး ရှိပါတယ်။

နွမ်းပါးကလေးငယ်များအတွက် သင်တန်းများ ပို့ချကာ စောင့်ရှောက်ပေးသည့် အဖွဲ့များ ရှိလာ

မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီး မြို့ခံ လူငယ်များနှင့် ဖွဲ့စည်းထားသော ရန်ကင်း လူငယ်များ အဖွဲ့

ရန်ကုန်သား အငှားလွမ်းတဲ့ မန်း တက္ကသိုလ်။



ကျွန်တော် ဒီတစ်ခေါက် ခရီးသွားဘို့ ရည်ရွယ်တာက ပုဂံ နဲ့ ပုပ္ပါးကို ဖြစ်ပါတယ်။ ကျွန်တော် တို့ စုံတွဲရယ် တူလေးနဲ့ တူမလေး တို့ လေးယောက် သွားဘို့တစ်လလောက်ကတည်းက ကြို စီစဉ်ထားခဲ့တာပါ။

ရန်ကုန် တက္ကသိုလ် အလွှမ်းပြေ ရိုက်ချက်များ

ကိုပေါက်၊ ကိုစိန်သော့ နှင့် ကိုချို တို့၏ ရိုက်ချက်များကို အားကျပြီး ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းထဲသို့ ဒီနေ့ ဓါတ်ပုံရိုက်ထွက်ဖြစ်ပါသည်။

အိမ်သုံးကင်မရာလေးနှင့် အပျော်တမ်းရိုက်ချက်များကို ရန်ကုန်တက္ကသိုလ်အလွမ်းပြေ အဖြစ် တင်ဆက်လိုက်ပါသည်။
ကျောင်းသားဟောင်းကြီးများရော၊ ဒီကျောင်းရဲ့ အရိပ်မှာ မခိုနားဘူးခဲ့သူများရော ခံစားမှု တစ်ခုခုရရှိသည် ဆိုလျှင် ကျွန်တော်ကျေနပ်ပါသည် ခင်ဗျား။

မြန်မာပညာရေးအပြောင်းအလဲအတွက် နယ်ပယ်အသီးသီးမှ အမြင်များ

ဒေါက်တာတင်လှိုင် (စာရေးဆရာ ဘိုးလှိုင်)
ပညာရေးလွတ်လပ်ခွင့်ဆိုတာက ဆရာက အဓိကပေါ့လေ။ ဆရာက သူ့ပေးထားတဲ့ သူသင်ဖို့တာဝန်ရှိတဲ့ ပညာရပ်ကို ဘယ်လိုသင်မလဲဆိုတာ သူ့စိတ်တိုင်းကျစီမံခွင့်လေးပေါ့။

Sunday, 28 October 2012

“စာ​​ရေး​​စာဖတ် ဘာလုပ်ဖို့​​”











က​လေး​​​တွေ မူကြို​​ကျောင်း​​ပို့​​လို့​​ ဝလုံး​​​ရေး​​ဖို့​​ ညီ​​လေး​​ထိုင်ဆိုတဲ့​​ အရွယ်​​ရောက်ရင် ကိုယ်​​တွေ​​ခေတ်တုန်း​​က​​တော့​​ ဆရာကြီး​​မင်း​​သုဝဏ်တို့​​ ဆရာပျဉ်း​​မနား​​​မောင်နီသင်း​​တို့​​ ကဗျာ​​လေး​​​တွေနဲ့​​ ကြီး​​ပြင်း​​ခဲ့​​ကြရပါတယ်။ ခု​​ခေတ်က​​လေး​​​တွေက​​တော့​​ ဆွမ်း​​အုပ်နီနီ အ​​မေရွက်တာ ငါတို့​​​ကျောင်း​​တက်တာနဲ့​​ ဘာဆိုင်လို့​​လဲ လို့​​ နား​​လည်ကြမှာ မဟုတ်ပါဘူး​​။

စနစ်ပြောင်းလာပေမဲ့ မူမပြောင်းနိုင်သေးတဲ့ ပညာရေး (Dr. Dhamma Piya)






            မြန်မာနိုင်ငံတော်ကို အသွင်တစ်မျိုးဖြင့် ဆန်းသစ်နိုင်ခဲ့လို့ ကမ္ဘာ့အလယ်မှာမျက်နှာပန်းလှနေ ချိန်ဝယ်…။ အခွင့်အလမ်းတွေ၊ အခွင့်ရေးတွေဟာ မြန်မာနိုင်ငံအတွင်းသို့ တန်းစီဝင်လာနေခြင်းပါ။

လွှတ်တော် ဆုံးဖြတ်ချက်ကို မလိုက်နာသော အခြေခံပညာရေးဌာန




သို့
သမ္မတကြီးရှင့်
ကျမသည် တနသာင်္ရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်မှ ကျောင်းအုပ်ဆရာမကြီး တစ်ဦးဖြစ်ပါသည်။ ကျမ တင်ပြချင်သည့် အကြောင်းက လွှတ်တော်တွင် တင်ပြသော ဒု-၀န်ကြီး ဦးအေးကြူ၏ တင်ပြချက်နှင့်

“အိပ်မက်ဆိုးများထဲက ကျောင်းအိပ်မက်ဆိုး”


ကျောင်းသားတွေစုမှာ၊ ဆန္ဒပြမှုတွေပေါ်ပေါက်လာမှာ၊ ကျောင်းသားလှုပ်ရှား မှုတွေဖြစ်လာမှာ စိုးရိမ်မှုနဲ့တက္ကသိုလ် ကျောင်းတွေကို မြို့ စွန်၊ မြို့ပြင်ထုတ် ပစ်လိုက်၊ မြို့ပြင်ထုတ်နေစဲ အကျိုးဆက်များကိုပြန်တွက်ကြည့်တဲ့အခါ။

Saturday, 27 October 2012

နဲသမိန် စံပြကျေးရွာ ပညာရေး ၀န်ထမ်းများ မတရား လုပ်ဆောင်နေ


ရန်ကုန် တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ နဲသမိန် စံပြကျေးရွာ၊ အထက (ခွဲ)
စာသင်ကျောင်းရှိ ပညာရေး ၀န်ထမ်း များဖြစ်သော အတန်းပိုင် ဆရာမများသည် ကျောင်းသား နှင့် ကျောင်းသားမိဘ၊ အုပ်ထိန်းသူများအား မတရား လုပ်ဆောင်နေမှု့များမှာ အောက်ဖေါ်ပြပါအတိုင်း ဖြစ်ပါသည်။

ကလေးငယ်အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေဆဲဟုဆို Print Email


မြန်မာနိုင်ငံရှိ ကလေးငယ်အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေဆဲဖြစ်နေတယ်လို့ လူမှုဝန်ထမ်း ဦးစီးဌာနက သိရပါတယ်။

ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး စတင်ဆောင်ရွက်ဖို့သဘောတူ Print







ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နိုင်ဖို့အတွက် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး ကဏ္ဍလေ့လာသုံးသပ်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နိုင်ဖို့ သဘောတူညီချက်ကို ပညာရေး ဝန်ကြီးဌာန ပညာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Development Partner) တွေ သည်ကနေ့မှာ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးကြပါတယ်။

Friday, 26 October 2012

မူလတန်းနှင့် အလယ်တန်းအဆင့် သင်ရိုးညွန်းတမ်းနှင့် သင်ရိုးမာတိကာများကို လိုတိုး၊ ပိုလျှော့ ရေးဆွဲနေ Print

အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားများအတွက် အသက်အရွယ်နှင့် လိုက်ဖက်၍ခေတ်နှင့်လျော်ညီသော သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများကို ပြုပြင်ရေးဆွဲနေပြီ ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။

ပညာရေး ပြင်ရန် အတွေးအခေါ် ပြင်ဖို့လိုဟု ၈၈ ပြော Print

ရန်ကုန် (မဇ္ဈိမ)။       ။ မြန်မာနိုင်ငံ၏ နိမ့်ကျနေသော ပညာရေးစနစ်ကို ပြုပြင်ရန်မှာ အတွေးအခေါ် အရေးကြီးပြီး နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်နှင့် ပညာရေး၊ ကျန်းမာရေးစနစ် မည်သည်က ပိုအရေးကြီးသည်ကို ခွဲခြားရန် လိုအပ်ကြောင်း ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က

အခြေခံပညာအဆင့်တွင် အတန်းစဉ်အလိုက် ကျောင်းပျက်၊ ကျောင်းထွက်မှုနှုန်း မြင့်မားနေ Print



အခြေခံပညာအဆင့် အတန်းစဉ်အလိုက် ပညာသင်နှစ်အတွင်း ကျောင်းပျက်၊ ကျောင်းထွက်နှုန်း များပြားနေခဲ့ပြီး

Thursday, 25 October 2012

ပညာလိုပါသလား ဒေါက်တာခင်မောင်ညို

ကိုဘသစ်တစ်ယောက် ရွာပြန်သွားတော့ ၀မ်းသာစရာတွေ မြင်တွေ့ရသလို စိတ်မကောင်းစရာတွေလည်း အများကြီးပါပဲ။ ရွာထဲမှာ သွပ်မိုး ပျဉ်ထောင်တွေ များလာသည်။ သို့သော် စာကြည့်တိုက်ကတော့ ဖတ်သူ အင်မတန်နည်းသည်။ ရွာထဲ အလုပ်လုပ်နေသော အရွယ်ပေါ့လေ။ လူငယ်လူရွယ်တွေ အင်မတန်နည်းသည်။

ငါတို့ ဘာကြောင့် ကျောင်းသွားရတာလဲ။





ကင်ဇာဘူရို အိုအဲ (Kenzaburo Oe) ကို ၃၁၊ ဇန်န၀ါရီ၊ ၁၉၃၅ ၌ မွေးသည်။ ၁၉၉၄ ၌ စာပေနိုဘဲလ်ဆုကို ရပါသည်။ တိုကျို၌ နေကာ ကမ္ဘာတစ်ခွင်လှည့်၍ ဧည့်ပါမောက္ခ လုပ်ပါသည်။ နိုဘဲလ်ဆုရ ပြီး ပထမဆုံး ရေးသော သူ၏ ၀တ္ထုရှည်မှာ Somersault ဖြစ်သည်။

နှစ်ပေါင်းငါးဆယ်ကြာ ပညာရေးစနစ်ညံ့ဖျင်းမှုကြောင့်

နှစ်ပေါင်းငါးဆယ်ကြာ ပညာရေးစနစ်ညံ့ဖျင်းမှုကြောင့် လူငယ်မျိုးဆက်များအကြား လုပ်နိုင်ကိုင်နိုင်သည့် သူများ ရှားသွားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါသည်။

ကြောက်စိတ် ___မောင်သစ်ဆင်း


ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်း အထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲသတိရနေမိပါတယ်။ မြန်မာစာ အချိန်မှာ ပင်ရင်း စကားပြေ လက်ရွေးစင်ထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား  ဆောင်းပါးကို သင်ပြီးစပေါ့။

Wednesday, 24 October 2012

အခြေခံပညာအထက်တန်းအဆင့်သချာင်္နှင့်သိပ္ပံဘာသာရပ်များကို မြန်မာဘာသာပြောင်းရန်ဆွေးနွေးနေ

 အခြေခံပညာအထက်တန်းအဆင့်တွင် သချာင်္ ဘာသာရပ်အပါအ၀င် ဓာတုဗေဒ၊ ရှုပဗေဒ ၊ နှင့် ဇီဝဗေဒစသည့် သိပ္ပံဘာသာရပ်များအား မြန်မာဘာသာဖြင့် ပြောင်းလဲသင်ကြားရန် ဆွေးနွေးမှုများ ရှိနေကြောင်း အခြေခံပညာရေး အသိုင်းအ၀န်းမှ စုံစမ်းသိရပါသည်။

Monday, 22 October 2012

ပညာခေတ်ကို အဓမ္မကျင့်ခြင်း


၂၀၀၇ ခုနှစ်တွင် ပညာရေးဆိုင်ရာ အတွေးသစ် အမြင်သစ်များဟုဆိုကာ စစ်အစိုးရက ပညာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုအသွင်ဖြင့် လုပ်ဆောင်လာသည်။ ဆရာ ဆရာမများကို မွမ်းမံသင်တန်းတွေ တက်ခိုင်း သည်။ အရည်အချင်းစစ်ဆေးပြီး ဘာသာရပ်အလိုက် ဘာသာကိုင်စနစ် ကိုပြန်လည်ကျင့်သုံးသည်။

ရင်ထဲက ကျောင်းတော်

လူတယောက်ရဲ့ ဘ၀မှာ တစိမ့်စိမ့်နဲ့ ပြန်လည်လွမ်းဆွတ်မိတတ်တဲ့ ဘ၀ဟာ ကျောင်းသားဘ၀လို့ ဆိုလေ့ရှိကြပါတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားဘ၀တွေက အစပြုလို့ တက္ကသိုလ်ကျောင်းသားဘ၀ တွေအထိ ကျောင်းသားဘ၀ရဲ့ အမှတ်တရတွေက ရင်ထဲမှာ အတိုင်းအတာ တခုအထိ နေရာယူထားတတ်ပါတယ်။ ကျမရဲ့ ရင်ထဲ မှာ ဒီလိုနေရာယူထားတဲ့ ကျောင်းသားဘ၀လေးတခု ရှိပါတယ်။

ပညာရေးနှင့်ဆိုင်တဲ့ သမိုင်းစာမျက်နှာများကို ပြန်လှန်၍သုံးသပ်ခြင်း



ဒေါက်တာဓမ္မပိယ (I.T.B.M.U)
အောက်တိုဘာ ၁၉၊ ၂၀၁၂

မြန်မာနိုင်ငံတော်ကြီးသည် သမိုင်းခေတ်များစွာကို ကျော်ဖြတ်ခဲ့ရ၍ နွမ်းနွမ်းနယ်နယ်ဖြစ်နေချိန်ဝယ်…။

ကျောင်းသား အခြေမပြုသေးတဲ့ အခြေခံပညာရေးစနစ် တစ်ခါပြင်ကြပြန်ပြီ




ဝန်ကြီးတစ်ခါပြောင်း..ပညာရေးစနစ်တစ်ခါပြင်တဲ့..ပြင်ညာရေးလို့ အရပ်ထဲမှာ အသောဖောက်ကြတဲ့ အခြေခံပညာရေးစနစ်ကို ထုံးစံအတိုင်း ခေတ်နဲ့အညီ ပြောင်းဖို့ ပြင်ကြရပြန်ပါပြီ။

ကျောင်းပြန် ဖွင့် ရန် မူလတန်း ကလေးငယ်များ ငိုယိုပြီး ဆန္ဒပြ


535686_291029184346777_1811178466_n
HKT စစ်ကိုင်းတိုင်း ၊ မုံရွာ ခရိုင် လက်ပံတောင်း တောင် ကြေး နီစီမံ ကိန်း ဒေသ က မူလတန်း ကလေး
ငယ် ၁၀၀ ကျော် ဟာ ၀ှက်မှေး ကျွေး ရွာ မှ စုပြီး ရပ် ဆိုင်း ရေး နှင့် ကျောင်းများ ပြန် လည် ဖွင့်လှစ်ရေး
အတွက် မူလတန်း ကလေး ငယ်များ  တနင်္ဂနွေ နေ က ဆန္ဒပြ ကြသည် ဟု  သတင်း ရရှိသည်။

တက္ကသိုလ်ဝင်တန်း မေးခွန်း လွှတ်တော်၌သာ အတည်ပြုမည်

တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်း ကိစ္စနှင့် ဝိဇ္ဇာ-သိပ္ပံ ဘာသာတွဲများ တွဲခြင်း၊ ခွဲခြင်း ကိစ္စရပ်တို့ကို လွှတ်တော်၌သာ အတည်ပြုတော့မည်ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပြောသည်။


Friday, 19 October 2012

တချိန်တုန်းက တက္ကသိုလ်



by San Yu on Monday, October 1, 2012 at 4:05am ·

မိဘတွေရဲ့ အမျှော်အမြင်ရှိမှုကို ခဏခဏကျေးဇူးတင်မိတယ်။. ဆယ်တန်းအောင်တော့အများက အဝေးသင်တက္ကသိုလ် တက်ပြီး အလုပ်လုပ်ဖို့ အကြံပေးကြတယ်။ မိဘတွေကတော့. ဗဟုသုတရှိအောင် အမြင်ကျယ်အောင်ဆိုပြီး တက္ကသိုလ် ကိုပို့ ပြီးသူတို့ ရဲ့ ချွေးနည်းစာနဲ ကျောင်းထားခဲ့တယ်။
၈တန်းအောင်တုန်းကလည်း ဘောဂဗေဒဘာသာအတွက်ကိုရည်ရွယ်ပြီး. Arts ဘာသာတွဲကိုယူစေခဲ့ တယ်!!

ကြေကွဲ မြေဖြူခဲလေးများအကြောင်း

ဒီက ဆရာမအိုကြီးကတော့ ဆံဖြူခါးကိုင်း နားထိုင်းသည့် အရွယ် ရောက်နေပါပြီ၊ လေမှာလွင့်နေသည့် ဆံဖြူစများကို လက်နဲ့ ပင့်သပ်လိုက်မိပါသည်။ ဆံဖြူစများ ဟိုယိမ်းသည်တိမ်း လွင့်ပါးနေကြသလို အတွေးစတွေကလည်း ဟိုယိမ်း သည်တိမ်းနဲ့။
ဘဝတာတခုလုံး ပညာရေးလုပ်ငန်းတွေ လုပ်လာခဲ့ရသည်၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြ ဆရာမဘဝ။ အ လယ်တန်းကျောင်းအုပ်၊ အထက်တန်းကျောင်းအုပ်ဘဝများ။

တက္ကသိုလ် ဆရာ တစ်ဦးအား တိုင်းဒေသကြီးအစိုးရ မှ ဖိအားပေး



ထားဝယ်တက္ကသိုလ် စိတ်ပညာ ဌာနမှ ဆရာ ဦးဇော်သူရအား လူမှုရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့်အတွက် တိုင်းဒေသကြီး အစိုးရမှ တဆင့် တက္ကသိုလ်အာဏာပိုင်များမှ ဖိအားပေး လျက်ရှိကြောင်းသိရသည် ။

Thursday, 4 October 2012

ပြည်တွင်းတက္ကသိုလ် တက်ရောက်နိုင်ရန်ရွှေ့ပြောင်းကျောင်း သားများ စခန်းသွင်းလေ့ကျင့်နေ



အောက်တိုဘာလ ၃ရက်၊ ၂၀၁၂ခုနှစ်။ စ’ဖန်းရှောင်း (ကေအိုင်စီ)


မြန်မာပြည် ရွှေ့ပြောင်းကျောင်းသူကျောင်းသားများအား ကရင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနများတွင် တက္ကသိုလ် ၀င်တန်း ၀င်ရောက်ဖြေဆိုနိုင်ရန် ယမန်နေ့(အောက်တိုဘာလ ၂ရက်)က စတင်ပြီး စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ် ကြောင်း သိရသည်။

Tuesday, 2 October 2012

ပြင်ချိန်တန်ပြီဖြစ်တဲ့ အခြေခံပညာရေးမူဝါဒများ

သင်္ချာဆရာတစ်ဦး၏ ဖြစ်ရပ်မှန် ဇာတ်လမ်း

Photo: သင်္ချာဆရာတစ်ဦး၏ ဖြစ်ရပ်မှန် ဇာတ်လမ်း


ပုံမှာ မြင်တွေ့နေရတာကတော့ Anand kumar အမည်ရ သင်္ချာဆရာ တစ်ဦး ဖြစ်ပါတယ်။

တွက်ချက်ခြင်းကို ငယ်ငယ်လေးကတည်းက အထုံဝါသနာပါပြီး အတန်းပညာ အဆင့်တိုင်းမှာ သင်္ချာ အမှတ်အများဆုံး ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်မှာလည်း သင်္ချာဘာသာရပ် အထူးပြုပြီး တက်ရောက်ရာ ဘွဲ့ရအောင်မြင်ခဲ့ပါတယ်။ Anand ရဲ့ ရည်မှန်းချက်က ကမ္ဘာကျော် သင်္ချာ ပညာရှင် တစ်ဦး ဖြစ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကိန်းဘရိတ်ခ်ျ တက္ကသိုလ်ကို ဆက်လျှောက်ပါတယ်။ Number Theory (Mathematical Spectrum , Mathemat
ical Gazette) အစရှိသဖြင် ကိုယ်တိုင်ဖန် တီးပြီး လျှောက်လွှာမှာ သူ့ အရည်အချင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သူ့ရဲ့ အရည်အချင်းကြောင့် ကိန်းဘရိတ်ခ်ျတက္ကိသိုလ်မှာ တက္ကသိုလ်တက်ခွင့်ပေး လိုက်ပါတယ်။

ဝမ်းသာလို့မဆုံးတဲ့ Anand ဟာ ဖခင်နဲ့ တိုင်ပင်ပါတယ်။ Anand တို့ မိသားစုဟာ ဆင်းရဲပါတယ်။ တက္ကသိုလ် ဆက်တက်ဖို့ ငွေမရှိဖြစ်နေပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်း ဆပွန်ဆာပေးမယ့် သူ တစ်ယောက်ယောက် များ တွေ့မယ်ဆိုတဲ့ မျော်လင့်ချက်နဲ့ လိုက်ရှာပါတယ်။ ကူညီမယ့်သူ မရှိပါဘူး။ နောက်ဆုံးတော့ တက္ကသိုလ်ဆက်တက်မယ့် အိပ်မက်ကို အဆုံးရှုံးခံလိုက်ရပါတယ်။ အဖေဖြစ်သူကလည်း ကွယ်လွန်သွားတဲ့အတွက် တက္ကသိုလ် ဆက်မတက်ဖြစ်ဖို့ ကြိမ်းသေသွားပါတယ်။

နောက်တော့ အမေနဲ့အတူ မုန့်ပြားသလပ် ရောင်းတဲ့ အလုပ်ပဲ လုပ်ကိုင် ပါတော့တယ်။ အပိုဝင်ငွေရရန်အတွက် လည်း ကလေးတွေကို သင်္ချာ သင်ပေးပါတယ်။ မုန့်ပြားသလပ် ရောင်းတဲ့ ရထားဘူတာဆီ ရောက်အောင် သွားရတဲ့ ခရီးက ၆ နာရီကြာပါတယ်။ သူ့မှာ သိပ်အချိန်မရပါဘူး။ လမ်းခရီးမှာ တက္ကသိုလ်စာကြည့်တိုက် တစ်ခုရှိပါတယ်။ တစ်ရက်ကို နာရီပိုင်းမျှအချိန်ပေးပြီး နေ့စဉ် ပုံမှန် သင်္ချာနဲ့ ဆိုင်တဲ့စာအုပ်တွေ ရှာဖတ်ပါတယ်။ စနေ၊ တနင်္ဂနွေ ကျတော့ သူနေတဲ့ မြို့ ငယ်တွင်းက စာကြည့်တိုက်တော်တော်များများကို သွားပြီး ရှာဖတ်ပါတယ်။

နောက်တော့ စိတ်ကူးတစ်ခု ရလာပြီး ရပ်ကွက်ထဲက အခန်းကျဉ်းတစ်ခုကို တစ်လ အိန္ဒိယရူပီ ၅၀၀ နဲ့ ငှားရမ်းပြီး ကိုယ်ပိုင် သိပ္ပံကျောင်းတစ်ခု ဖွင့်ပါတယ်။ ကျောင်းကို Ramanujam School of Mathematic (RSM) လို့ အမည် ပေးထားပါတယ်။ တစ်နှစ်အတွင်းမှာ ပဲ ကျောင်းသား နှစ်ယောက် ကနေ ၃၆ အထိတိုးလာပါတယ်။ သုံးနှစ်ကြာတဲ့အချိန်မှာတော့ ကျောင်းသား ဦးရေ ၅၀၀ အထိရှိလာပါတယ်။ ၂၀၀၀ ခုနှစ် အစောပိုင်းရောက် တော့ ဆင်းရဲသားများအတွက် ကူညီဖို့ စိတ်ကူးရလာပါတယ်။

လခများများပေးမှ တက်နိုင်မယ့် သင်တန်းကျောင်း မတက်နိုင် တဲ့ ကျောင်းသားများကို ခေါ်ယူပြီး သင်ကြားပေးပါတယ်။ ၂၀၀၃ ခုနှစ်က စတင်လို့ Super 30 ပရိုဂရမ် စတင်ပေးပါတယ်။ Super 30 ဆိုတာ ကျောင်းရဲ့  သင်္ချာအတော်ဆုံး ကျောင်းသား ၃၀ ဖြစ်ပါတယ်။ ယင်း ၃၀ထဲမှာ သူတောင်းစား၊ အိမ်ခြေမဲ့၊ အမှိုက်ကောက်သမား အစရှိသဖြင့် ဆင်းရဲနှုံချာတဲ့ ကလေးတွေတောင် ပါဝင်လာပါတယ်။ တစ်နှစ်အတွင်းမှာပဲ သူမွေးထုတ်ပေးတဲ့ စူပါ ၃၀ ဟာ အိန္ဒိယနိုင်ငံရဲ့  အတော်ဆုံး သင်္ချာကျောင်းသားများ ဖြစ်လာခဲ့ပါတယ်။ လူတန်းစားကွာဟပေမယ့် ဥာဏ်ရည်ပိုင်းဆိုင်ရာမှာ အိန္ဒိယတို့ မြင့်မားတယ်ဆိုတာကို Anand မှ သက်သေပြနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်တော့ ယင်း စူပါ ၃၀ ဟာ ကမ္ဘာ့ သင်္ချာအတော်ဆုံး စာရင်းတွေ အထိတောင် ပါဝင်လာပါတယ်။

ဒါကြောင့် သူ စစ်ပေးတဲ့ စူပါ ၃၀ စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူဟာ ၅၀၀၀ နဲ့အထက်အထိ ရှိလာပါတယ်။ သူမွေးထုတ်ပေးတဲ့ ကလေးအားလုံးကို အိန္ဒိယ နည်းပညာ တက္ကသိုလ်ဝင်ခွင့်ရအောင် ပို့ဆောင်ပေးပါတယ်။ စူပါ ၃၀ စာရင်းမပါလည်း သင်ပေးသမျှကျောင်းသားတိုင်းကို အိန္ဒိယရဲ့ အကောင်း ဆုံး တက္ကသိုလ်များသို့ အများစု ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့် အိန္ဒိယပြည်တွင်းရှိ အစိုးရတက္ကသိုလ်နဲ့ ပုဂ္ဂလိက ကျောင်းများက သူ့ကို လက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ သူ ငြင်းဆန်ခဲ့ပြီး သူ့ရဲ့ ကျောင်းမှာပဲ ဆက်လက်သင်ကြားပါတယ်။ လူဦးရေတိုးလာတဲ့အတွက် အခန်းချဲ့ ရပြီး ဒီအတွက် အခြား အလုပ်တွေပိုလုပ်ခဲ့ပါတယ်။ ဆင်းရဲသားအများစုကို သင်ပေးရတဲ့အတွက် လခ မယူပါဘူး။ လူတန်းစားပေါင်းစုံတက်ရောက်လာတဲ့အတွက် အချို့ ကို အိန္ဒိယမှာ အသက်သာဆုံး လခနဲ့ သင်ကြားပေးပါတယ်။

သူ့ရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်များကြောင့် ကိန်းဘရိတ်ခ်ျတက္ကသိုလ် ဟာ ကျောင်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ပေမယ့် Anand ငြင်းဆန်လိုက် ပါတယ်။ အခြား ဥရော နိုင်ငံကြီးမှ ပုဂ္ဂလိကအစိုးရကျောင်းများလည်း သူ့ကို ဖိတ်ခေါ်ပေမ့် ငြင်းဆန်ခဲ့ပါတယ်။ သူသင်ကြားပေးတဲ့ ကျောင်းဟာ အိန္ဒိယနိုင်ငံ က အခြေခံလူတန်းစား များအတွက်ကော အကျိုးဖြစ်ထွန်းစေ တာမို့ ဖြစ်ပါတယ်။

BBC, Newsweek , Time တို့မှ လာရောက်အင်တာဗျူးမှုများ ပြုလုပ်ပါ တယ်။ အမေရိကန် သမ္မတ အိုဘားမားကိုယ်တိုင် Anand ရဲ့ လုပ်ဆောင်ချက်ကို လေးစားပြီး သဝန်လွှာများပေးပို့ခဲ့ပါတယ်။ အကူအညီ လိုအပ်ရင် အချိန်မရွေးတောင်းနိုင်တယ်လို့ ဆိုထားပေမယ့် Anand မယူခဲ့ပါဘူး။ စူပါ ၃၀ စာရင်းဝင် ကျောင်းသားများထံလည်း သမ္မတအိုဘားမား မှ ဂုဏ်ပြု စာလွှာများ ပေးပို့ခဲ့ပါတယ်။ Discovery ရုပ်သံလှိုင်းမှလည်း Anand ရဲ့ ကျောင်းကို တစ်နာရီစာ ပရိုဂရမ်ရိုက်ကူးပြီး ထုတ်လွင့်ပြသခဲ့ပါတယ်။

သူဖွင့်လှစ်သင်ကြားပေးတဲ့ကျောင်းဟာလည်း ကမ္ဘာ့ ရှေ့ ဆောင် လမ်းပြ ကျောင်း ၄ခုစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ သူကိုယ်တိုင်ဟာလည်း Time မဂ္ဂဇင်းမှာ ရှေ့ ဆောင်လမ်းပြ ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါဝင်လာ ခဲ့ပါတယ်။ ဧပြီလ ၂၀၁၁ မှာတော့ ဥရောပ Focus မဂ္ဂဇင်းက Anand ကို ကမ္ဘာ့ စံပြပုဂ္ဂိုလ်တစ်ဦးလို့ ဂုဏ်ပြုသတ်မှတ်ပေးခဲ့ပါတယ်။ အိန္ဒိယအဆိုးရ မှလည်း အမြင့်ဆုံး လူမူထူးချွန်ဆုများ ချီးမြင့်ခဲ့ပါတယ်။

ကိန်းဘရိတ်ခ်ျ တက္ကသိုလ်တက်ခွင့်ဆုံးရှုံးခဲ့ရပြီး မုန့်ပြားသလပ် ရောင်း ရာကနေ ကမ္ဘာ့စံပြ ပုဂ္ဂိုလ်ဖြစ်လာတဲ့ Anand kumar ဟာ သာမန် အရပ်သားတစ်ဦးဖြစ်ပါတယ်။ ကိုယ့်မှာ ရှိတဲ့ ပညာအရည်အချင်းကို တစ်နည်း မဟုတ် တစ်နည်းနဲ့ ဖော်ထုတ်ပြသနိုင်တဲ့အတွက် ကမ္ဘာက စံထားရတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါတယ်။ စာဖတ်သူတို့လည်း ဒီလို ပုဂ္ဂိုလ် တို့အကြောင်းကို လေ့လာဖတ်ရှုပြီး အားတက်လာစေရန်ဆန္ဒနဲ့ ဘာသာပြန် ဖော်ပြပေးလိုက်ရပါတယ်။
--
အောင်ခမ်း (International news for myanmar)

Ref: Douknow
http://innewsmyanmar.blogspot.com/2012/10/blog-post_196.html


ပုံမှာ မြင်တွေ့နေရတာကတော့ Anand kumar အမည်ရ သင်္ချာဆရာ တစ်ဦး ဖြစ်ပါတယ်။

တွက်ချက်ခြင်းကို ငယ်ငယ်လေးကတည်းက အထုံဝါသနာပါပြီး အတန်းပညာ အဆင့်တိုင်းမှာ သင်္ချာ အမှတ်အများဆုံး ဖြစ်ခဲ့ပါတယ်။

ရွေ့ပြောင်းမြန်မာ ကျောင်းသားများပညာရေး အစိုးရနှင့် ချိတ်ဆက်







မြန်မာရွေ့ပြောင်း ကျောင်းသားကျောင်းသူတွေရဲ့ ပညာရေးအတွက် မြန်မာ့ရွေ့ပြောင်းလုပ်သားများ ပညာရေးကော်မတီ BMWEC  ဟာပြည်တွင်း ပညာရေး  ဌာနတွေ သက်ဆိုင်ရာအစိုးရနဲ့  စတင်ချိတ်ဆက်ဆောင်ရွက်နေပါတယ်။