Friday, 21 December 2012

အမေရိကန် သင်္ချာပြိုင်ပွဲသို့ မြန်မာ ကျောင်းသားများ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြု


အမေရိကန် နိုင်ငံက စစ်ဆေးမည့် Math Olympiads for Elementary and Middle School (MOEMS) သင်္ချာပြိုင်ပွဲသို့ မြန်မာ ကျောင်းသားများ ပထမဆုံး အကြိမ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင် နိုင်မည် ဖြစ်ကြောင်း T & H After School Maths for Kids ကျောင်း မှ ကျောင်း အုပ် ဒေါ်နှင်းဆက်အေးက The Voice Weekly သို့ ပြောကြားသည်။

"ပြိုင်ပွဲက ဧပြီလ ၂၃ ရက်နေ့မှာ လုပ်မှာပါ။ ကျောင်းသားတွေ ဘယ်စာအုပ် တွေကို လေ့ကျင့် ထားဖို့ လိုမယ် ဆိုတာ အခုထိ မသိသေး ပါဘူး" ဟု ၄င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ ပြိုင်ပွဲသို့ အခြေခံ မူလတန်း နှင့် အလယ်တန်း ကျောင်းသား ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင် နိုင်ပြီး အဆင့် သတ်မှတ်ချက် ကို နိုင်ငံတကာ မှ ကျောင်းသား များအား Top 30, Top 20 နှင့် Top 10 စသည် ဖြင့် ခွဲခြားကာ ဆုပေးအပ် သွားမည် ဖြစ်ကြောင်း ယင်းကျောင်းအုပ် ထံမှ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ The Voice Daily Newsletter
 

No comments:

Post a Comment