" ကျနော်တို့ပေးဖို့ဆိုတာကတော့ အခုလူငယ်လူရွယ်ကြားထဲမှာ အင်တာနက် အီးမေးသုံးတတ်စေချင်လို့ပါ။ အခုရှိနေတဲ့ အမှုတွေ၊ ဟိုးအရင်ကပင်ဖြစ်ခဲ့တဲ့ အမှုအခင်းကိစ္စတွေ၊ ကျူးလွန်ခဲ့တဲ့ ကိစ္စတွေကို လူမသိသူမသိဘဲနဲ့ ပျောက်သွားတာတွေ အများကြီးရှိတယ်။ အဲဒီလို ပျောက်သွားတာမျိုးရှိတဲ့အခါမှာ computer online access နှင့် Citizen Journalism ပေါင်းပြီးတော့ သတင်းအချက်အလက် တင်ပေးစေချင်တယ်။ အဲဒီအတွက် လူငယ်တွေကြားထဲမှာ အင်တာနက် အီးမေးကို မတတ်မဖြစ်လိုအပ်လာပါတယ်။ ဒါကြောင့် သင်ပေးရလိမ့်မည်ဖြစ်ပါတယ်။ " ဟု ကွန်ပျူတာသင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ဝံလက်ဖေါင်ဒေးရှင်မှ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုထွန်းမြင့်သိန်းက ပြောကြားသွားသည်။
ယခုပြုလုပ်သွားမည့် ကျေးလက်ဒေသ ကွန်ပျူတာသင်တန်းပေးခြင်းအစီအစဉ်ကို ရမ်းဗြဲမြို့၌ ပထမဆုံး ပြုလုပ်သွားရန် ရည်ရွယ်ထားပြီး၊ သင်တန်းကို ဇန္နဝါရီလတွင် ပြုလုပ်နိုင်ရန်မျှော်လင့်ထားကြောင်းနှင့် သင်တန်းအတွက် ကွန်ပျူတာ (၁၀) လုံးနှင့် သင်တန်းဆရာများကို ငှားရမ်းသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသွားသည်။
အဆိုပါပြီးဆုံးခဲ့သော အခမဲ့ကွန်ပျူတာသင်တန်းမှာ လွန်ခဲ့သောနှစ်ကလွတ်မြောက်ခဲ့သည့် အိန္ဒိယနိုင်ငံ အကျဉ်းထောင်တွင် ဆယ်စုနှစ်တစ်စုကျော်ကြာ အကျဉ်းကျခံနေခဲ့ရသော နယ်သာလန်နိုင်ငံရောက် ရခိုင်များမှ လှူဒါန်းလိုက်သည့်ငွေဖြင့် ဝံလက်ဖေါင်ဒေးရှင်းမှ ဦးစီး၍ ကွန်ပျူတာ အခမဲ့သင်တန်းကို လူငယ် ၁၅၀ ဦး၊ တစ်လကျော်ကြာ စစ်တွေမြို့တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဝံလက်ဖောင်ဒေးရှင်း၏ လက်ရှိအခြေအနေမှာ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကုလား-ရခိုင် အဓိကရုဏ်းတွင် ဒုက္ခနေကြသော ဒုက္ခသည်များအတွက် အထောက်ပံ့ပေးရေး လုပ်ငန်းနှင့် ပညာရေးကဏ္ဍဖြစ်သော ဆယ်တန်းအခမဲ့ကျောင်းများကို မင်းဂံ၊ ကသဲရွာ၊ စံပြရွာ၊ တရားသီးစုရပ်ကွက် စသောနေရာများတွင်လည်း ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
| Written by မိုးဇော် Monday, 24 December 2012 05:47 |
No comments:
Post a Comment