ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့ပိုင်း၌ မကြာသေးမီက တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ကျောင်းပေါင်း ၂၅ဝ ကျော် လုယက်ခံရခြင်း သို့မဟုတ် သိမ်းပိုက်ခြင်းများဖြစ်ပွားခဲ့ကြောင်း၊ ယခုနှစ် အတွင်း အဆိုပါ ပဋိပက္ခကြောင့် ကျောင်းပေါင်း ၆ဝဝ ကျော် လုယက်ဖျက်ဆီးခံရကြောင်း ကုလသမဂ္ဂ ကထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပဋိပက္ခတွင်ပါဝင်သော မိသားစုများနှင့် ပါတီအဖွဲ့အစည်းအမျိုးမျိုးက တောင်မြောက်ကီဗူးပြည်နယ်များ၌ စက်တင်ဘာလနောက်ပိုင်း ကျောင်းပေါင်း ၂၅ဝ ကျော်ကို လုယက်ဖျက်သိမ်းခြင်း သို့မဟုတ် ကျူးကျော်နေထိုင်ခြင်းများ ပြုလုပ်ခဲ့ ကြကြောင်း ဒီဇင်ဘာ ၁ဝ ရက်က ထုတ်ပြန်သော အေအက်ဖ်ပီ သတင်းတွင်ဖော်ပြထားသည်။
မြောက်ကီဗူးပြည်နယ်အတွင်း နောက်ဆုံးဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ကျောင်းများလုယက်ခံရမှု များကို တိုးပွားလာပြီး ယခုနှစ်အတွင်း ကျောင်းပေါင်း ၆ဝဝ ကျော်အထိ လုယက်ခံရမှုများ တိုးပွားလာ ခဲ့ကြောင်း ကုလသမဂ္ဂအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။
Written by မြင့်မောင်စိုး
No comments:
Post a Comment