Tuesday, 11 December 2012

ထူးချွန်ကျောင်းသားများအား လေ့လာရေးနှင့် အပန်းဖြေ ခရီးများ စေလွှတ်သွားရန်ရှိ



Friday 30th November 2012
အမှတ် ၃ အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ လာမယ့် ပညာသင်နှစ်မှ စတင်ကာ အဋ္ဌမတန်း၊ န၀မတန်းနဲ့ ဒဿမတန်းများမှ ခရိုင်အဆင့် ထူးချွန် ကျောင်းသား၊ ကျောင်းသူများကို နွေရာသီမှာ လေ့လာရေးနဲ့ အပန်းဖြေ ခရီးစဉ်များ ပညာရေး ၀န်ကြီးဌာနမှ စေလွှတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို စေလွှတ်ဖို့ ထူးချွန် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ် နိုင်ဖို့ အတွက်ကိုတော့ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှာရှိတဲ့ မြို့နယ်အလိုက် ကျောင်းများမှာ မြို့နယ် အဆင့် အရည်အချင်း စစ်စာမေးပွဲများ စစ်ဆေး သွားမှာ ဖြစ်ပါတယ်။

အဆိုပါ မြို့နယ် အဆင့်မှာတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေ ဗဟုသုတရေးဖြေနဲ့ လူတွေ့ နှုတ်ဖြေများ ပြုလုပ်သွားမှာ ဖြစ်သလို ကိုယ်လက် ကြံ့ခိုင်ရေးနဲ့ ယုံကြည်မှုကိုလည်း စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါ တယ်။ အဲ့ဒီလို စစ်ဆေးပြီး မြို့နယ်အဆင့်မှာ ထူးချွန်ကျောင်းသား ကျောင်းသူတွေကိုတော့ ခရိုင်အဆင့် စာမေးပွဲကို ၀င်ရောက်ဖြေဆိုစေမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ဖြေဆိုရာမှာ သတ်မှတ်ချက်အလိုက် ကျောင်းသား၊ ကျောင်းသူ အရေအတွက်ကို ၀င်ရောက်ဖြေဆိုစေမှာ ဖြစ်ပြီး ခရိုင်အဆင့် စာမေးပွဲကိုတော့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၇ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။
 ယခုလို အဆင့်ဆင့် ရွေးချယ်မှုများ ပြုလုပ်ပြီးရင်တော့ ခရိုင်အဆင့် ထူးချွန်တဲ့ သက်ဆိုင်ရာ အတန်းအလိုက် ထူးချွန် ကျောင်းသား၊ ကျောင်းသူများကို နွေရာသီ လေ့လာရေးနဲ့ အပန်းဖြေစခန်းများ ဖွင့်လှစ်ပြီး အပန်းဖြေ လေ့လာရေးခရီးများ စေလွှတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ယခုလက်ရှိမှာ စေလွှတ်မယ့် နေရာများကို အတိအကျ မသိရှိရသေးဘူးလို့ သတင်းရရှိပါတယ်။
http://www.mrtv4.com.mm/ မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment