Pages

Monday, 31 December 2012

တောင်ကုတ်ဒေသ ကောလိပ်ကျောင်း ဒီဇင်ဘာ (၃၁) ရက်နေ့တွင် စတင်လည်ပတ်တော့မည်







TGK College၂၀၁၁ ခုနှစ် ဇူလိုင်လ (၈)ရက်နေ့က စတင်တည်ဆောက်ခဲ့သည့် တောင်ကုတ်ဒေသ ကောလိပ်ကျောင်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် စတင်လည်ပတ်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
" ကျောင်းဆောက်လုပ်မယ့် ညွှန်ကြားချက်အမိန့် လက်ခံရရှိတာ နည်းနည်းနောက်ကျတော့ ဒီနှစ်မကုန်ခင် ကောလိပ်ကျောင်း ပြီးစီးအောင် အားတိုက်အင်တိုက်ကြိုးစား ဆောက်လုပ်နေကြပါတယ်။ ဒီဇင်ဘာ (၃၁)ရက် နေ့မှာ စတင်ဖွင့်လှစ် လည်ပတ်တော့မှာပါ။

သာဓု သာဓု ဆရာကြီး


 

ဘဘကြီး ဦးခင်မောင်လတ် 
(၁၉၁၅ သြဂုတ်လ ၂၄ ရက် – ၁၉၉၆ သြဂုတ်လ ၁ ရက်)
ကွယ်လွန်ခဲ့သော ၁၉၉၆ခုနှစ် သြဂုတ်လ ၁ ရက်နေ့က 
အမှတ်တရကဗျာ





နေ့စဉ်ကောင်းမူ၊ အမြဲပြုသည်
သာဓု သာဓု ဆရာကြီး။

ထူးခြားတဲ့ အ၀ပြန် စာသင်ကျောင်းကလေး

အခုတင်ပြလိုက်တဲ့ ပုံလေးက ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ တယ်ပင်ဆိပ်ကျေးရွာ အုပ်စုက အ၀ပြန် ဆိုတဲ့ရွာလေးမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းလေးဖွင့်ပြီး စာသင်နေကြရ ပုံလေးများ ဖြစ်ပါတယ်။ ဆရာမလေးများကိုလည်း အရပ်ခန့် အနေနဲ့ ငှားသင်ကြရတာပါ။

ဒေါ်စုနဲ့ တယောသမားများသို့


မြန်မာပြည်ရှိသမျှ အဆိုတော်တွေ အသံဝင်အောင်အော်
ခရိုနီတချို့ပါ အလံဝင်အောင် လှော်ပါမှ
တညလုံး သိန်းတထောင့်ခုနှစ်ရာ
ပညာရေးရံပုံငွေရတယ်။

Friday, 28 December 2012

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ။




အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။။ (ဗိုလ်ဥတ္တမကျော်)

ထူးဆန်းထွေလာပြည်မြန်မာ



(၁)မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး ၍ အိမ်သာတက်ခဲ့သော ဘုရင်မှာ ဘိုးတော် ဦးဝိုင်း ( ၁၇၈၂- ၁၈၁၉ ) ဖြစ်သည်။

(၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ ကျရောက်ပီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ် ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။

ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ်နှုတ်ထွက်ပေးပါ

ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ်အပါအ၀င် ကျောင်းအာဏာပိုင်များမှ
သေဆုံးသူနှင့်ပတ်သတ်သောသတင်းများ ဖုံးဖိထားခြင်း။ တာဝန်မဲ့စွာ လျစ်လျူရှုခြင်း၊ ဖြစ်ရပ်မှန်အားထိန်ချန်ထားခြင်း နှင့်ပတ်သတ်ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ကွန်ပျူတာ တ.က.သ)မှ သေဆုံးသူမိသားစုများဝမ်းနည်းကြောင်းသွားရောက်
တွေ့ဆုံပြီး

Thursday, 27 December 2012

တက္ကသိုလ်ဝင်တန်း ရမှတ်ကောင်းသူများ ဆေးတက္ကသိုလ်ကိုသာ ဦးစားပေးဆဲ


တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရလဒ်အကောင်းဆုံး ရရှိကြသော ကျောင်းသား၊ ကျောင်းသူများ၏ ဦးစားပေးရွေးချယ်မှုကို ဆေးတက္ကသိုလ်များက ရရှိနေသည်။ တက္ကသိုလ်ဝင်ခွင့်သတ်မှတ်မှုသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲရလဒ်တွင် မူတည်နေခြင်းကြောင့် အမှတ်အများဆုံး ရရှိသူများကသာ ဆေးတက္ကသိုလ်ဝင်ခွင့် ရရှိနေသည်။

ဘာသာစကား ၃၂ မျိုးကို ဘာသာပြန် ပေးနိုင်သော အဘိဓာန် ထွက်ရှိ




နိုင်ငံခြားသို့ ပညာသင် သွားကြသော ကျောင်းသား ကျောင်းသူများ၊ စကားပြန်များ၊ ဧည့်လမ်းညွှန်များ၊ သင်္ဘောသားများ၊ နိုင်ငံခြားသို့အလုပ် သွားရောက် လုပ်ကိုင်မည့် သူများ၊ နိုင်ငံတကာသို့ ခရီးသွား နေသူများ အတွက်ရည်ရွယ်၍ ဘာသာစကား ၃၂ မျိုးကို အပြန်အလှန်ဘာသာပြန် ပေးနိုင်သော အဘိဓာန် တစ်မျိုးကိုဒီဇင်ဘာလ၁၅ ရက်တွင်စတင်ဖြန့်ချိ နေပြီ ဖြစ်ကြောင်း KMD Computer Group မှ သိရသည်။

တရုတ်တွင် အလုပ်ရှား ဘွဲ့ရများ အမှိုက်သိမ်းမည်


ဘေကျင်း၊ ဒီဇင်ဘာ ၂၅
တရုတ်အရှေ့မြောက်ပိုင်းတွင် ယဉ်မောင်းနှင့် သန့်ရှင်းရေးအလုပ်များခေါ်ရာ အရည်အချင်းပြည့် လျှောက်ထားသူပေါင်း ၇၀၀၀ ကျော်ရှိကြောင်း၊ ထိုလျှောက်ထားသူများအနက် ၂၉ ဦးသည် မာစတာ ဘွဲ့ရထားသူများဖြစ်ကြောင်း သတင်း ရရှိသည်။

ကိုရီးယားဆရာ အရိုက်ကြမ်းလိုက်ပုံက

 
တောင်ကိုရီးယား၊ ဒီဇင်ဘာ ၂၁
ကိုရီးယားဆရာတစ်ယောက် ရက်စက်စွာ ဆုံးမလိုက်သည့် ဗီဒီယိုမှတ်တမ်းတစ်ခုကို  နိုဝင်ဘာလ ၁ ရက်နေ့ကတည်းက YouTube တွင် တင်ထားရာ ကြည့်ရှုသူပေါင်း ၅၁၀၀၀ ရှိသွားပြီဟုသိရသည်။
Korea Bang တွင် ထိုပုံကို ဖယ်ရှားလိုက်ပြီဟုဆိုထားသော်လည်း မူလကော်ပီကို YouTube တွင် ၀င်ရောက် ကြည့်ရှုနိုင်သေးသည်ဟုဆိုသည်။

Wednesday, 26 December 2012

ခေတ်သစ်သင်ပုန်းကြီးဖတ်စာ(၂၅)



၂ဝ၁၂ ကား ကုန်ဆုံးတော့မည်။
ဒေါင်းလုလင်ကြီးများမှာ
အသက်က ကျောင်းအုပ်အရွယ်ရောက်လာ
အလုပ်မှာ ကျောင်းသားလည်း မဟုတ်တော့ရာ
စာရေးဆရာလိုလို စာဟောဆရာလိုလို
ပန်းချီဆရာလိုလို ကဗျာဆရာလိုလို
ဟိုလိုလို သည်လိုလိုလုပ်မနေကြပါနှင့်တော့
နောင် ၃ နှစ်ဆိုလျှင်
ဥပဒေပြုရေးထဲပဲ ဝင်မလား၊ အုပ်ချုပ်ရေးပိုင်းပဲ ပြောင်းမလား
ဒေါင်းပျိုများက သိချင်နေကြ၏။

“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက် ဂီတပွဲတော် ”


“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက် ဂီတပွဲတော် ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဂီတပွဲတော်ကို ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ် အတွင်း
 (၂၇)၊(၂၈)ရက် နေ့များတွင် ကျင်းပမည်ဖြစ်သည်။ 
ဒီဇင်ဘာ(၂၇)ရက်နေ့ မွန်းလွှဲ(၁) နာရီတွင် အဖွဲ့ချုပ်ဥက္ကဌ
 ဒေါ်အောင်ဆန်းစုကြည်က တက်ရောက် ဖွင့်လှစ်ပေးမည်။ 
လက်မှတ်များကို (၂)ရက်စာအတွက် -
 (၁၅၀၀၀)ကျပ်နှင့် (၇၅၀၀)ကျပ် နှစ်မျိုး သတ်မှတ်ထား
သည် ။

မြန်မာ့အနာဂတ်မျိုးဆက်သစ်တို့အတွက် ပညာပါရမီဖြည့်ကာ
ကုသိုလ်ယူလိုသူများအား  အသိပေးလိုက်ပါသည်။



ဂီတပွဲတော်ကို ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ် အတွင်း
(၂၇)၊(၂၈)ရက် နေ့များတွင် ကျင်းပမည်ဖြစ်သည်။

စေတနာ အကျိုးပေးသူ ဆရာမလေး

စေတနာ အကျိုးပေးသူ ဆရာမလေး 

အသက် ၂၁ နှစ်အရွယ် ကောလိပ်ကျောင်းသူလေး Pushpa Basnet ဟာ နီပေါမှာ သာမန် အရပ်သား တစ်ဦး ဖြစ်ပါတယ်။ ငွေရှိ၊ လူချမ်းသာ စာရင်း ထဲ လုံးဝ မပါပါဘူး။ 

ကော်လိပ်ကျောင်း assignment အတွက် နီပေါအမျိုးသမီးထောင်ကို အလည် ရောက်ပါတယ်။ ထောင်တွင်းက အမျိုးသမီးများနဲ့အတူ အသက် ရှင် နေထိုင်နေရတဲ့ ကလေးငယ်များကို မြင်တွေ့လို့ ကိုယ်ချင်းစာ သနားစိတ် ဝင်သွားပါတယ်။ မိဘက ထောင်ကျနေတော့ အကူအညီမဲ့ ကလေးများဟာ မိဘနဲ့အတူနေရပါတယ်။ သူတို့လေးတွေသာ ပညာ မတတ်ပဲ အသက်ကြီး သွားရင် ဒီရာဇဝတ်မှုများ၊ လူ့ဆင်းရဲလောကသား များကြားမှာသာ အသက် ရှင်ရမှာကို တွေးမိတော့ သူမ မနေနိုင်တော့ပါဘူး။

ဒါကြောင့်ပဲ သူ့ဆီမှာရှိတဲ့ ၈၈၅ ဒေါ်လာ ဝန်းကျင် စုဆောင်းငွေလေးနဲ့ ကလေးငယ်များကို ကူညီဖို့ စဉ်းစားပါတယ်။ ငွေဒီတိုင်းလှူရင် ကုန်ရုံပဲရှိ တာမို့ ပညာလှူဖို့ စိတ်ကူးပြီး ကလေးငယ်များ အတွက် နေ့မူကြိုကျောင်း စလုပ်ပေးပါတယ်။ မူကြိုကျောင်းဆိုပေမယ့် မူကြိုအရွယ်ကို ကျော်လွန်ပြီးတဲ့ ကလေးများလည်း ပါဝင်နေပြန်ပါတယ်။ ဒါကြောင့် ကလေးပြုစုစောင့်ရှောင့်၊ ပညာသင်ကြားရေး ကျောင်း အဖြစ် ဒေသခံ အစိုးရဆီမှာ မှတ်ပုံတင် လို့ ထောင်မှာ စလုပ်ပါတယ်။ 

နေ့ပိုင်းမှာ ကလေးများကို ခေါ်ယူ စာသင်ပေးပြီး ညကျတော့ မိဘဆီ ပြန်တဲ့ Day Care ပုံစံ ဖြစ်ပါတယ်။ သူမရဲ့ လုပ်ဆောင်ချက်ဟာ လူသိများလာပြီး အလှူရှင်အချို့  ပေါ်ပေါက်လာပါတယ်။ ဒါကြောင့် အပြင်မှာ ကလေးပြု စုစောင့်ရှောင့်ရေး ကျောင်းငယ်လေး တစ်ခုထောင်ဖို့အတွက် အလှူငွေတွေ ရရှိပါတယ်။ ဒါနဲ့ ကလေးပြုစုရေးကျောင်းလုပ်ပြီး အနေ၊အစား အားလုံး တာဝန်ယူပေးပါတယ်။ အားလပ်ရပ်ကျတော့ ထောင် ထဲက မိဘဆီ ပြန် လည်ဖို့ ခွင့်ပေးပြီး စည်းစနစ်နဲ့ လုပ်ပါတယ်။ 

နောက်တော့ ထောင်ကျမိဘရဲ့  ကလေးများအတွက်တင်မကတော့ပဲ နီပေါ ရဲ့ ဆင်းရဲသား ရပ်ကွက်များက ကလေးငယ်များ၊ အလေအလွင့် ကလေးငယ် များကိုပါ စုစည်းလို့ ကျောင်းမှာ ပညာသင်ကြားပေးပါတယ်။ ကျန်းမာရေး အတွက် ထောက်ပံ့ပေးပါတယ်။ စားဝတ်နေရေး အားလုံး တာဝန် ယူပါ တယ်။ အလှူရှင်တွေလည်း ပြည်တွင်းကတင် မကတော့ပဲ ပြည်ပ အလှူရှင် များပါ လာရောက် လေ့လာလှူဒါန်းပါတယ်။ လူမှုရေး လုပ်ငန်းလုပ်တဲ့ Pushpa Basnet ဟာ ဘွဲ့ကြီးကြီးမားမား ရရှိသူ မဟုတ်ပေမယ့် နိုင်ငံ တကာရဲ့ အာရုံစိုက်မှုကို ခံရလာပါတယ်။ သူမွေးထုတ်ပေးတဲ့ ကလေးငယ် များဟာလည်း ထူးချွန်သူများ ဖြစ်လာပြီး နီပေါနိုင်ငံရဲ့  အစိုးရပညာရေး စနစ်မှာ ထူးချွန်ကျောင်းသားများ ဖြစ် လာပါတယ်။ 

Pushpa Basnet ဒီမှာတင် မရပ်တန့်ပါဘူး။ ကလေးတွေကို တစ်သက်လုံး သူ ကျွေးမထားနိုင်ဘူးဆိုတာကိုလည်း သိနေပါတယ်။ ယနေ့ ၂၀၀၇ခုနှစ် အထိ သူ့လက်အောင်ကနေ ကလေးပေါင်း၁၀၀ မကေ မွေးထုတ်ပြီး ဖြစ်ပါ တယ်။ ဒီလို တစ်ရာမက ကလေးငယ်များကို တစ်သက်လုံး သူကျွေး မထားနိုင်တော့ အစီအစဉ် သစ်တစ်ခုအနေ နဲ့ ထောင်ကျ မိဘများကို အသက်မွေးဝမ်းကျောင်းပညာရပ် သင်ကြားပေး တဲ့ ဖောင်ဒေးရှင်းတစ်ခု စပြန်ပါတယ်။ ဒါကြောင့် ထောင်ကထွက်လာတဲ့ မိဘများဟာ ကျောင်း တက်နေတဲ့ သားသမီးများအတွက် သမာအာဇီဝနည်း လမ်းနဲ့ လုပ်ကိုင်ကျွေးမွေး စောင့်ရှောင့် နိုင်စေဖို့ ဖြစ်ပါတယ်။ သူမ ဖောင်ဒေးရှင်း အောင်မြင်ပြီး နီပေါဆင်းရဲသားများအတွက် အလုပ်အကိုင် အခွင့်အလှမ်းများ ပိုမိုတိုးတက်လာပါတယ်။ 

ဒါကြောင့် သူမရဲ့  လုပ်ဆောင်ချက်ကို အသိအမှတ်ပြုတဲ့ နိုင်ငံတကာက မီဒီယာများ လာရောက် အင်တာဗျူးပါတယ်။ လေ့လာပါတယ်။ CNN မှလည်း ၂၀၁၂ ခုနှစ်၏ တစ်နှစ်တာ စံပြ လူစွမ်းကောင်းဆု ချီးမြင့်ခဲ့ပါတယ်။ နီပေါနိုင်ငံ ကရော၊ တောင်ကိုရီးယားနိုင်ငံကရော ဆုတံဆိပ်များ ချီးမြင့် ပါတယ်။ အမေရိကန်ပြည်ထောင်စု ဂျော့ဝါရှင်တန် တက္ကသိုလ်မှ Basnet ကို တက္ကသိုလ်ကျောင်းသားများအတွက် မိန့်ခွန်းပြောကြားဖို့အတွက် သီးသန့် ဖိတ်ကြားပါတယ်။

လက်ရှိချိန်မှာ အသက် ၃၀ ဝန်းကျင်ရှိပြီ ဖြစ်တဲ့ ကမ္ဘာ့စံပြပုဂ္ဂိုလ်/ နီပေါနိုင်ငံ ဂုဏ်ဆောင် Pushpa Basnet ဟာ ကလေးတွေကြား မှာ ပျော်ရွှင်ရင်း စာသင်လျက် ရှိပါတယ်။
-
Ref: wiki,CNN
International news for myanmar

http://www.innewsmyanmar.com/2012/12/blog-post_5353.html


အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။


အသက် ၂၁ နှစ်အရွယ် ကောလိပ်ကျောင်းသူလေး Pushpa Basnet ဟာ နီပေါမှာ သာမန် အရပ်သား တစ်ဦး ဖြစ်ပါတယ်။ ငွေရှိ၊ လူချမ်းသာ စာရင်း ထဲ လုံးဝ မပါပါဘူး။

ကော်လိပ်ကျောင်း assignment အတွက် နီပေါအမျိုးသမီးထောင်ကို အလည် ရောက်ပါတယ်။ ထောင်တွင်းက အမျိုးသမီးများနဲ့အတူ အသက် ရှင် နေထိုင်နေရတဲ့ ကလေးငယ်များကို မြင်တွေ့လို့ ကိုယ်ချင်းစာ သနားစိတ် ဝင်သွားပါတယ်။ မိဘက ထောင်ကျနေတော့ အကူအညီမဲ့ ကလေးများဟာ မိဘနဲ့အတူနေရပါတယ်။

စင်္ကာပူနိုင်ငံက ကျောင်းသားဆိုးနှင့် ဆရာဆိုးများ၏ ဇာတ်လမ်းများ


စင်္ကာပူနိုင်ငံက ကျောင်းသားဆိုးနှင့် ဆရာဆိုးများ၏ ဇာတ်လမ်းများ

စင်္ကာပူနိုင်ငံရဲ့ ထိပ်တန်းဥပဒေကျောင်းက ကျောင်းသားများဟာ  သူတို့ရဲ့ ပရော်ဖက်ဆာကြီး တစ်ယောက် မှ ဘွဲ့မ ရသေးတဲ့ ကျောင်းသူလေးတစ်ဦးကို ကာမရယူပြီး တုန့်ပြန်တဲ့အနေနဲ့ ထိပ်ဆုံး အဆင့် သတ်မှတ် ချက်ေ တွ ပေးခဲ့တာကို ကြားတော့ အရမ်းအံ့သြသင့်ခဲ့ကြပါတယ်။

ပထမဦးဆုံး NUS က ဆရာ Tey Tsun Hang ၄၁ နှစ်ဟာ Mont Blanc Pen တွေ iPod touch တွေ နဲ့ ရှမ်အကျီင်္ အကောင်းစားတွေကို ကျောင်းသား တစ်ဦးဖြစ်သူ Darinne Ko ၂၃ နှစ်ဆီက အဆင့် သတ်မှတ်ချက် ကောင်းတွေ ရဖို့ အလဲလှယ်အဖြစ် လက်ခံရယူခဲပါတယ်။

ဒီလို ယောက်ျားလေး ဆရာတင် မဟုတ်သေးပါဘူး။  Eat, Pray ,Love ဆိုတဲ့ စာအုပ်နဲ့ ကျောင်းသားေ လး ကို ဆွဲဆောင်ခဲ့တဲ့ အသက် ၃၂ နှစ် အရွယ် ဆရာမ တစ်ဦးရဲ့ အမှုကလဲ ရှိပါသေးတယ်။ ထိုသို့ လက်ေ ဆာင်ေ တွ ပေးပြီး ၁၅ နှစ်အရွယ် ကျောင်းသားလေးနဲ့ ၃၂ နှစ်အရွယ် ဆရာမ တို့ ချစ်ရည်လူး ပျော်မြူးခဲ့ တာကြောင့် ကောင်လေး မိဘတွေသိသွားချိန်မှာ အမှုဖြစ်လို့ ဆရာမခင်ဗျာ ထောင်တစ်နှစ် ကျခဲ့ ပါသတဲ့။

ဒါ့ပြင် နောက်ထပ် အသက် ၃၂ နှစ်အရွယ် ကျောင်းဆရာမ တစ်ဦး ဟာလည်း ၁၃ နှစ်အရွယ် ကျောင်း သားလေးနဲ့ လှေ ကားအောက်တွေ၊၊ ပန်းခြံတွေမှာ မဖွယ်မရာတွေ လုပ်ခဲ့တာကြောင့် နောက်လမှ အမှုကို ကြား နာဖို့ ရှိနေပါသေးတယ်။

ဒီလို အမြဲတမ်းဆရာ အဖြစ် ခန့်အပ်ထားတဲ့ သူတွေပဲ ကျောင်းသား ကျောင်းသူတွေနဲ့ နီးနီးကပ်ကပ် နေရ တာ မဟုတ်ပါဘူး။  အစမ်းခန့် ကျောင်းဆရာ နှစ်ဦးဟာလည်း သူတို့ရဲ့ ကျောင်းသူလေးများနဲ့ ပလူးပလဲ လုပ် ခဲ့ တာကြောင့် သူတို့လည်း တရား ရင်ဆိုင်ကြရအုံးမှာပါ။

အသက် ၂၆ နှစ်ရွယ် တစ်ယောက်ကတော့ ၁၃ နှစ်ကျောင်းသူလေးနဲ့ လှေခါးအောက်နဲ့ လူမြင်ကွင်းများမှာ တွေ့ခဲ့ပြီး တစ်ခြားတစ်ယောက်ဖြစ်တဲ့ အသက် ၃၀ နှစ်အရွယ် အခြားတစ်ယောက်လည်း အတူတူပါပဲတဲ့။
ဒါကြောင့် လိင်မှုပွေတဲ့ ခြင်္သေ့မြို့တော်လို့ တင်စားခေါ်ဝေါ်ကြတာ။ ကဲ။ ထားအုံးမလား စင်္ကာပူကျောင်း။

The Straits Times | Wed Dec 26 2012 Teachers in the news for wrong reasons

ref: oppositeyes

စင်္ကာပူနိုင်ငံရဲ့ ထိပ်တန်းဥပဒေကျောင်းက ကျောင်းသားများဟာ သူတို့ရဲ့ ပရော်ဖက်ဆာကြီး တစ်ယောက် မှ ဘွဲ့မ ရသေးတဲ့ ကျောင်းသူလေးတစ်ဦးကို ကာမရယူပြီး တုန့်ပြန်တဲ့အနေနဲ့ ထိပ်ဆုံး အဆင့် သတ်မှတ် ချက်ေ တွ ပေးခဲ့တာကို ကြားတော့ အရမ်းအံ့သြသင့်ခဲ့ကြပါတယ်။

Tuesday, 25 December 2012

ခေါင်းပုံဖြတ်ခံရသော ဖိလစ်ပိုင် ရွှေ့ပြောင်းကျောင်းဆရာများ အမှု အနိုင်ရရှိ


ဖိလစ်ပိုင် ကျောင်းဆရာ ၃၅၀ ဦးအား လျော်ကြေးငွေ ၄ ဒသမ ၅ သန်း ပေးဆောင်ရန် လော့စ်အိန်ဂျလိစ် ဖက်ဒရယ်တရားရုံးက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုအား ပြစ်ဒဏ်ချမှတ်လိုက်သည်။
ရွှေ့ပြောင်း ဧည့်ကျောင်းဆရာအစီအစဉ်အရ ရောက်ရှိလာခဲ့ကြသည့် ဖိလစ်ပိုင်ကျောင်းဆရာများအပေါ်တွင် အလုပ်စာချုပ်ဖြင့် မတရား ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့သည့်အမှုဖြစ်သည်။

သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ


မိဘနှစ်ဦးစလုံးက AIDS ရောဂါကြောင့် သေဆုံးသွားခဲ့ပြီး မိဘမှတဆင့် HIV ပိုး ကူးစက်ခံခဲ့ရကာ မိဘမဲ့ဖြစ်နေသော ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ရန် ဖွင့်လှစ်ထားသည့် ပရဟိတ ဂေဟာဖြစ်သည်။ အစိုးရ၏ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော မိဘမဲ့ကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာများ နှင့် အခြားအဖွဲ့အစည်းများက ဖွင့်လှစ်ထားသည့် ဂေဟာများရှိသော်လည်း ၎င်းတို့၏ သတ်မှတ်ချက်များနှင့် မကိုက်ညီ၍ ငြင်းပယ်ခံရသော ကလေးများဖြစ်သည်။
သုခရိပ်မြုံ ဂေဟာသည် ထိုကလေးငယ်များကို အသက်ရှည်အောင်ပြုစုစောင့်ရှောက်ပြီး မိသားစုပုံစံဖြင့် ကြင်နာမှုများပေးရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်လိုက်သည့် ရိပ်မြုံဖြစ်ပြီး ‘သုခရိပ်မြုံ လူမှုထောက်ပံ့ရေး စီမံချက်’ အရ ဖွင့်လှစ်ထားခြင်းဖြစ်သည်။

နိုင်ငံရေးပိုင်သူ ရှားပါး


 

ကျနော်တို့ မြန်မာနိုင်ငံရဲ့ နောက်ပိုင်းသမိုင်းကို ပြန်ပြောင်းကြည့်လိုက်ရင် ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးကို ပိုင်ပိုင်နိုင်နိုင် ခွဲခြမ်းသုံးသပ် သိမြင်တတ်သူ အတော်ရှားပါးတာကို တွေ့ကြရတယ...်။ ခေတ်ပညာအသိ မကြွယ်ဝသေးတဲ့ ပဒေသရာဇ်ဘုရင်ခေတ်ကို ထားလိုက်တော့။

အောင်မြင်မှုနောက်ကွယ်မှ ဆုံးရှုံးမှုများ

 


 ဆုံးရှုံးမှုဆိုတာ အောင်မြင်ခြင်းရဲ့လမ်းမကြီးတစ်ခုဖြစ်တယ်။ IBM က Tom Watson Sr. က "အောင်မြင်ချင်ရင် နှစ်ဆလောက် ဆုံးရှုံးတာခံရမယ်" လို့ပြောဖူးတယ်။
သမိုင်းကိုလေ့လာရင် အောင်ပွဲဆင်နိုင်ခဲ့သူတွေမှာ မအောင်မြင်ခဲ့တဲ့ ဆုံရှုံးခဲ့ရမှုတွေ အများကြီးရှိနေခဲ့တာကို တွေ့ရလိမ့်မယ်။ လူတွေက အောင်မြင်မှသာ သတိပြုမိတာ။ ဆုံရှုံးခဲ့ရတာတွေကို သိကြတာမဟုတ်ဘူး။ နောက်ဆုံးရလဒ်ကိုကြည့်ပြီး ဒီလူကံကောင်းလိုက်တာဆိုတဲ့မှတ်ချက်မျိုးနဲ့ "ခုမှပဲ လူမှန် နေရာမှန်ရောက်တယ်" လို့ပြောကြတာ။
သမိုင်းဝင်ဇာတ်လမ်းလေးတစ်ပုဒ်ပြောပြချင်ပါတယ်။

“ ဖိနပ်မရှိဘူး။ ဆေးမရှိဘူး။ အနာတွေက နာတယ်….”


  ကလေး ၅၀ကျော် ကျောင်းတက်နေတဲ့ မူလတန်းကျောင်းလေး

“ခြေထောက်မှာ အနာတွေနဲ့ပါလား။ ဖိနပ်လည်း စီးမထားဘူး” 
“ဖေဖေတို့က ၀ယ်မပေးလို့ရှင့်။ အနာတွေ ပေါက်နေတာ ကြာပြီ။ နာတယ်”
အသက် ၅နှစ်ခန့်သာ ရှိဦးမည့် ကလေးငယ်လေးက ကျွန်မ၏ အမေးများကို ဖြေသည်။ သူမ၏ ခြေထောက် သေးသေးလေးတွင် လူကြီးတစ်ယောက်၏ လက်မ၀က်ခန့်လောက်ရှိမည့် အနာစိမ်းများကပြည့်နှက်နေ သည်။

Monday, 24 December 2012

မြန်မာ့ပညာရေးတွင် အအောင်မြင်ဆုံးသော ကဏ္ဍ


အာရှ ပစိဖိတ်ဒေသတွင်း အစိုးရများအနေဖြင့် မူကြိုကလေးပညာရေး ECE အတွက် ပိုမို ရင်းနှီးမြှပ်နှံကြရန် Education International EI က တိုက်တွန်းလိုက်သည်။ ကွာလာလမ်ပူမြို့တွင် ဒီဇင်ဘာ ၁၅-၁၆ ရက်နေ့များတွင် ကျင်းပခဲ့သည့် EI အလုပ်အဖွဲ့က မူကြိုဆရာများနှင့် သင်တန်းအတွက် ပိုမို သုံးစွဲရန်အရေးကြီးကြောင်း ထောက်ပြခဲ့ကြသည်။
လုပ်ငန်းအဖွဲ့တွင် သြစတြေးလျ AEU, အိန္ဒိယ AIPTF, တောင်ကိုးရီးယား KTU, မလေးရှား NUTP, ဖိလစ်ပိုင် ACT နိုင်ငံများမှ ပညာရေးသမဂ္ဂများ ပါဝင်ဖွဲ့စည်းထားသည်။ ပညာရေးအသင်းအဖွဲ့များ၊ သမဂ္ဂများနှင့် အစိုးရများက ECE ကို ဦးစားပေး လုပ်ဆောင်ရန်အတွက် လှုံ့ဆော်ထားသည်။

ကျေးလက်ဒေသများတွင် ကွန်ပျူတာ အခမဲ့သင်တန်းပေးသွားမည်ဟု ဝံလက်ဖောင်ဒေးရှင်းပြော






Wnk Lark 4ရခိုင်လူငယ်များ၏ အခြေခံလိုအပ်ချက်ဖြစ်သော ဆက်သွယ်ရေးနည်းပညာများအား မြှင့်တင်ပေးနိုင်ရန် ရခိုင်ပြည်အရပ်ရပ်ရှိ ကျေးလက်ဒေသများတွင် ကွန်ပျူတာသင်တန်းများ အခမဲ့ဖွင့်လှစ်ပေးသွားမည်ဟု ဒီဇင်ဘာလ ၂၃ ရက်နေ့တွင်ကျင်းပသော အခမဲ့ကွန်ပျူတာသင်တန်း ဆင်းပွဲအခမ်းအနားတွင် ဝံလက် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ပြောကြားခဲ့ကြာင်း သတင်းရရှိသည်။

သံဖြူဇရပ်မြို့ အထက (၁) ရွှေရတုသဘင် အထိမ်းအမှတ် ပွဲတော် ကျင်းပမည်



သံဖြူဇရပ်မြို့ အထက(၁)
မွန်ပြည်နယ် သံဖြူဇရပ်မြို့ အထက (၁) ၏ နှစ်ငါးဆယ်ပြည့် ရွှေရတုသဘင် အထိမ်းအမှတ်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စ၍ သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း ကျင်းပရေး ကော်မတီ ဥက္ကဌ က ပြောသည်။
“အခမ်းအနား ပြုလုပ်တဲ့ ရည်ရွယ်ချက်ကတော့ ဒီကျောင်းရဲ့ နှစ် ၅၀ အတွင်းမှာ တိုးတက်မှု အဆင့်ဆင့်ကို သိရှိနားလည်နိုင်စေဖို့နဲ့ ပညာခေတ်ရဲ့ လိုအပ်နေတဲ့ နိုင်ငံ့ဂုဏ်ဆောင် သားကောင်း ရတနာတွေ မွေးထုတ်ပေးတဲ့ ကျောင်းတော်ကြီးရဲ့ ဂုဏ်ကျေးဇူးကို သိရှိနားလည်ဖို့အတွက်ကို အဓိက ရည်ရွယ်ပြီး အခမ်းအနားကို ပြုလုပ်တာပါ” ဟု ပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဌ ဦးခင်မောင်ဦး က ပြောသည်။

ကျန်းမာ/စီမံ MBA (သြစတြေးလျ)ပညာသင်ထောက်ပံ့ကြေး စတင်လျှောက်ထားနိင်






ကျန်းမာရေးစီမံခန့်ခွဲမှုအသက်မွေးဝမ်းကျောင်းဘာသာရပ်များကို စိတ်ဝင်စားသောသူများနေဖြင့် Health Services Management အထူးပြု MBA ဘာသာရပ်ကို Nanyang Institute of Management တွင် ၀င်ခွင့် များ လျှောက်ထားနိုင်ကြောင်း သိရသည်။

အကြင်နာလက်များဖြင့် နွေးစေသတည်း



"ဟယ် … ခိုင်မာ အစောကြီး ရောက်နေပါလား"
လစဉ် လစာထုတ် အစည်းအဝေး ခန်းမထဲသို့ အစောကြီးရောက်နေသော ခိုင်မာ အသံလာရာသို့ ကြည့်လိုက်တော့ သူငယ်ချင်း အကူကျောင်းအုပ် ဒေါ်မြင့်မြင့်သိန်း ဖြစ်နေသည်။
"ဟယ် …… ဟုတ်တယ် မမြင့်မြင့်သိန်းလာ ဒီမှာထိုင် ….. ကဲ ဒီလ လစာ ဘယ်လောက်ကျန်မှာလဲ …"
"အင်း GEC ကပစ္စည်းယူထားတာရယ်၊ စု/ ချေး မှာ ဆပ်ရမှာရယ်ဆို .. ဟဲဟဲ … ကိုယ်တော့ ပြန်အမ်း ရလိမ့်မယ် ထင်တယ်၊ ခိုင်မာရော …."
"ခိုင်မာလည်း ဟင်းချေးများတဲ့အိမ်က သားကြီးနဲ့သားငယ်ကို ဒီလတော့ပီတိဟင်းနဲ့ ချော့ကျွေးရ လိမ့်မယ်…."

စာဖတ်တတ်အောင်လုပ်ပေးကြပါ


စာကိုကျက်တယ်လို့ပြောကြတယ်။ ကျက်တာရော၊ ဖတ်တာရော၊ မှတ်တာရော၊ လေ့လာတာရော အတူတူပါပဲ။ ကဲ ဒီတော့ မေးပါရစေဦး။ စာဘယ်လို ကျက်ကြသလဲ။ စာကျက်တတ်ရဲ့လားလို့လေ။
စာကျက်တယ်ဆိုတာ
- တစ်ညလုံး ပြည့်ကျပ်နေအောင်ထည့်ရတာလား
- တဖြည်းဖြည်း ထည့်ရင်းနဲ့ စာအုပ်ပေါ် အိပ်ပျော် သွားရတာမျိုးလား
- အဖွဲ့လိုက်စုပြီး အော်လိုက်၊ ပြောလိုက်၊ ရယ်မောလိုက်ထည့်ရတာမျိုးလား
အဲဒီစာကျက်နည်းတွေကတော့ တစ်ခုမှ မကောင်း ပါဘူး။ ဒါကြောင့် မေးကြည့်ရတာ။ စာကျက်တတ်ရဲ့ လားလို့။

ဒဂုံ တ.က.သ အဖွဲ့ဝင်များ သတိပေး တားမြစ်ခံရ


Dagon ta ka tha
ဒဂုံ တ.က.သ အဖွဲ့ဝင်များကို ကျောင်းလုံခြုံရေးကားဖြင့် ခေါ်ယူသတိပေးခံရစဉ်
ယနေ့ ၂၄.၁၂.၂၀၁၂ ၊ မနက် ၉း၁၅ မိနစ်ခန့်တွင် ဒဂုံ တ.က.သ အဖွဲ့ဝင်များသည် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ လက်ကမ်း ကြေညာ စာရွက်များကို ကျောင်းသားများထံသို့ ဝေနေစဉ် ကျောင်းလုံခြုံရေးများက လာရောက်ခေါ်ဆောင်သွားပြီး ကျောင်းတာဝန် ရှိသူများ၏ စစ်ဆေး သတိပေးခြင်းကို ခံခဲ့ရကြောင်း သတင်းရရှိပါသည်။

"သူပုန်ကျောင်း"


သူပုန်တွေ စားတဲ့ အစားအစာ
နွေးချင်နွေး၊ အေးချင်အေး၊
မေတ္တာပေါင်းကူးလေး ဖြစ်ချင်ဖြစ်မယ်

Sunday, 23 December 2012

‌ကျောင်းဆရာတစ်ဦး၏ မအောင်မြင်သောအားထုတ်မှုတခုအကြောင်း

ကျောင်းဆရာတဦးအဖို့     တပည်ကျောင်းသားများကို    သြဝါဒပေးခြင်းအမှုမှာ အဆန်းတကျယ် ကိစ္စမဟုတ်ပါ။ ကျွှန်တော့်အနေနဲ့တော့ ‘ သွန်သင်ဆုံးမသြဝါဒ ‘ ဆိုတာမျိုးထက် ကိုယ်ပိုင်အသိနဲ့ဆင်ခြင်ကြည့်ဖို့ ’ Food For Thought’  ဆိုတာမျိုးကိုပိုကြိုက်ပါတယ်။ ဆရာဟူသည် ‘ စာကိုသာသင်ပေးရမည်မဟုတ်၊ စိတ်ကိုပါသင်ရမည်’။ ဟု ဆရာအောင်သင်းဆိုခဲ့ဖူးသည်မဟုတ်လား။ သည်အတွေးအမြင်ရှိသည့်တိုင် စိတ်ကိုသင်ခြင်း ကဲ့သို့သော မလွယ်ကူလှသည့် အလုပ်ကိုလုပ်ရန် ဝန်လေးနေခဲ့သည်။

ပန်ဂျပ်တွင် ၁၂ တန်း အနီးကပ်ကို အခမဲ့သင်ယူနိုင်မည်


ပန်ဂျပ်ရှိ အစိုးရကျောင်းများတွင် ၁၂ တန်းအတွက် အခမဲ့သင်တန်းများကို စီစဉ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။ ၁၂ တန်းသည် အင်ဂျင်နီယာ၊ ဆေးတက္ကသိုလ်များတက်ခွင့်ရရေးအတွက် အရေးကြီးသည့် အတန်းများဖြစ်သဖြင့် ပန်ဂျပ်အစိုးရမှ အောင်နိုင်ရေးအခမဲ့သင်တန်းများကို စီစဉ်ပေးခြင်းဖြစ်သည်ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ကျောင်းသားနိုင်ငံရေး



ဒီဇင်ဘာလ ၂၂ရက်၊ 

နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးစနစ် ကောင်း/မကောင်း ဆိုတာ အုပ်ချုပ်တဲ့ အစိုးရအပေါ်မှာ အများကြီး တာဝန်ရှိပါတယ်။ လုံးဝကို တာဝန်ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကျဆင်းခဲ့တာဟာ အရင်အနှစ် (၅၀) လောက်က စခဲ့တာပါ၊ အာဏာရှင် အစိုးရ တက်တာနဲ့ပဲ ပညာရေးစနစ်ဟာ ယိမ်းယိုင်ခဲ့တယ်၊ ဘာဖြစ်လို့လဲလို့ သေချာစဉ်းစားလို့ရှိရင်
အာဏာရှင် အစိုးရဆိုတာ မိမိတို့ အာဏာတည်မြဲရေးကိုပဲ အဓိကစဉ်းစားကြတယ်၊ မိမိတို့ အာဏာ တည်မြဲရေးကိုပဲ အဓိကထားစဉ်းစားတဲ့ အခါကျတော့ ပြည်သူပြည်သားတွေ သိပ့်အင်အားကြီးသွားမှာကို သိပ့်ကြောက်ကြတယ်၊ ပြည်သူပြည်သားတွေ အင်အားရှိလို့ရှိရင် အစိုးရအတွက် အန္တရာယ်လို့ အာဏာရှင် အစိုးရက မြင်ကြတယ်၊

ဦးသောင်း ဆိုတာ .. ကျနော်တို့ RIT ကျောင်းတော်ကြီး ကို သူပုန်ကျောင်း ဆိုပြီး .. Systematic Destroy လုပ်ခဲ့သူ ..


ဦးသောင်း ဆိုတာ ..

ကျနော်တို့ RIT ကျောင်းတော်ကြီး ကို သူပုန်ကျောင်း ဆိုပြီး ..
Systematic Destroy လုပ်ခဲ့သူ ..

ကျနော်တို့ ရဲ့ ဆရာ ဆရာမတွေ ကို သူပုန်ဆရာ တွေလို့ စွပ်စွဲပြီး ..
သူ့ရဲ့ ကိုယ်ပိုင်တပည့်(Phd အလိုအလျောက်ရ) တွေနဲ့ နည်းမျိုးစုံ နှိပ်ကွပ် ခဲ့သူ ..

ကျနော်တို့ RIT သမိုင်း နဲ့ အတူ အမဲစက်ကြီး စွန်းကျန်ခဲ့ မဲ့ သူ ..
 ----------------------------------------------------------------------------------------
“ဒီကျောင်းကြီးကို အဆင့်မြင့်အောင် နိုင်ငံခြားသားတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ် ဆိုပြီး ကျွန်တော် ပါမောက္ခချုပ် လုပ်နေတုန်း ၉၇၊ ၉၈ လောက်ကပေါ့၊ နိုင်ငံခြားသားဆရာ တွေလာပြီး စာလာသင်တာမျိုး လုပ်ခဲ့ဖူးတယ်။ စင်ကာပူနှင့် မလေးရှားကိုလည်း ပညာတော်သင်တွေ လွှတ် တယ်။ နောက်တော့ ဒါပေမယ့် လုံးဝ ကွဲပြားခြားနားတဲ့ စနစ်တစ်ခု ၂ဝဝဝ ခုနှစ်မှာ ပေါ်လာတယ်။ နယ်တွေမှာ ကျောင်းတွေ အများကြီး ဖွင့်ပြီး ဒီကျောင်း နှစ်ကျောင်းမှာတော့ ကျောင်းသား လက်မခံဘဲ ဖြစ်သွားတယ်။ ကျောင်းသားပေါင်း ၈ဝဝဝ ကျော်နဲ့ သင်တန်းပေါင်း ၁ဝဝ ကျော်နဲ့ နေ့ရော၊ ညရော မီးတွေ ထိန်လင်းပြီး လည်ပတ် နေခဲ့ရာက စောစောက ပြောသလို စနစ်အသစ်ထွင်ပြီး နောက်ပိုင်းမှာ ဒီဟာတွေ အကုန်လုံးလောက် ပျောက်ပျက်သွားခဲ့တယ်”
ဆရာဦးညီလှငယ်- ပါမောက္ခချုပ်(ငြိမ်း)
                -------------------------------------------------------------------

"သုံးသိန်းတစ်သောင်း"

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ၀န်ကြီး ဦးသောင်း တယောက်ထဲမှ တာဝန်ယူခဲ့သည်မှာ ဆယ်စုနှစ်ကျော်ကြာညောင်းခဲ့ပါပြီ။

န-အ-ဖ စစ်အစိုးရသမိုင်းမှာ ၀န်ကြီးဌာနတခုထဲမှာ အရှည်ကြာဆုံး တာဝန်ယူခဲ့တဲ့ သက်တော်ရှည်အမတ်ကြီးလို့ ဆိုနိုင်လောက်ပါပေတယ်။ တပ်ချူပ်ကြီး-သန်းရွေနဲ့ တမြို့ထဲ ကျောက်ဆည်သားချင်း ဖြစ်သလို၊ ဒုချူပ်-မောင်အေး နှင့်လည်း D.S.A အပတ်စဉ် ( ၁ ) မှာ Same Batch တွေလည်း ဖြစ်ပါတယ်။

ဦးသောင်းဟာ D.S.A 1st Batch ရဲ့ BC(Best Cadet)ကိုလည်း ရခဲ့တယ်၊ ပြီးခဲ့တဲ့၂၀၀၇-Sep:ရွေဝါရောင်တော်လှန်ရေးမှာ စစ်အစိုးရ၏အကြမ်းဖက်မှုတွင် အထက်မြန်မာပြည်မှာ စက်မှု (၁) ၀န်ကြီးအောင်သောင်း၊ အောက်မှာ ဦးသောင်းဟုလည်း စစ်အစိုးရ၏ အကြံပေး ပရောဟိတ်တဦးအဖြစ် ထင်ရှားခဲ့သူလည်း ဖြစ်သည်။ စစ်အစိုးရအဖွဲ့ထဲမှာတောင် ဦးသောင်း ပြီးလျှင် အားလုံးပြီးတယ်။ အဲသလောက်ထိ ဦးသောင်းက ပိုင်တယ်။ ဦးသောင်း မျက်စောင်းထိုးခံရမှာ ဗိုလ်ချုပ်ကြီးတွေတောင် ကြောက်ရဆိုဘဲ။ တပ်ချုပ်ကြီးအိမ်နောက် ဖေးပေါက်က၀င်ပြီး ဒေါ်ကြိုင်ကြိုင်ကို သွားသွားညှော် တယ်တဲ့။ အတို့အထောင်ကောင်းတဲ့ ၀န်ကြီးတယောက်ပါ။

သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနတွင် - သုံးသိန်းတသောင်း - ဟု ပြောစမှတ်တခု ရှိသည်။ ကွန်ပျုတာကျောင်းသားများကပင်အစ သိကြသည်။ ဆိုလိုသည်မှာ သုံးသိန်း ဆိုသည်မှာ ဒေါက်တာ ဒေါ်နီလာသိန်း (ပါမောက္ခချုပ် - ရန်ကုန် ကွန်ပျုတာ တက္ကသိုလ်- Ph;D, S'pure)၊ ဒေါက်တာဒေါ်သန္တာသိန်း ( ကထိက- ရန်ကုန်ကွန်ပျုတာ တက္ကသိုလ်- Korea ၌ Post Ph:D တက်နေဆဲ)၊ နောက်တယောက်က ဒေါက်တာဒေါ်ရတနာသိန်း (ကထိက-ရန်ကုန်ကွန်ပျုတာ တက္ကသိုလ်-Local Ph:D) စသည့် ညီအမသုံးဖော်နှင့် တသောင်းကတော့ ၀န်ကြီးဦးသောင်း။

ဒေါက်တာ ဒေါ်နီလာသိန်း၏လက်မှတ်ဖြင့် မန္တလေးကွန်ပျူတာတက္ကသိုလ် B.C.Sc (Hons:) ဘွဲ့လက်မှတ်တွင် Bachelor နှင့် Bechelor ဟု စာလုံးပေါင်းအမှားဖြင့် ထုတ်ပေးသည်။ အလွန်ရုတ်ပျက် ဆင်းပျက်နိုင်သော အမှားအရွင်း ဖြစ်သည်။ ၄င်းကိစ္စဖြင့်တာဝန်ရှိသူအချို့ ကို ၀န်ကြီးက Action ယူသည်။ ဒေါ်နီလာသိန်း မပါ။ စီမံထူးချွန်(တတိယ)အဆင့်ပင် ဦးသောင်း၏ ထောက်ခံမှုဖြင့် ရလိုက်သေးသည်။ ညီအမသုံးယောက်လုံး ဦးသောင်း၏ မြှောက်စားချီးမြင့်ခြင်းကို အလွန်ခံရသည်။ နယ်ကျောင်းများသို့ ဦးသောင်း ရောက်လျှင်ပင် ဒေါ်နီလာသိန်း မည်ကဲ့သို့တော်ကြောင်း၊ တတ်ကြောင်း ပြောရသည်မှာ ဦးသောင်း အတွက် မမောနိုင် မပန်းနိုင်ရှာ။ မိသားစုခြင်းလည်း အလွန်နီးကပ်စွာဆက်ဆံမှုရှိသည်၊ မည်ကဲ့သို့ အလျော်အစားရှိသည်မသိ။

ဝန်ကြီးဦးသောင်း မြှောက်စားချီးမြင့်မှု အလွန်ကောင်းသည်။ M.I.Sc/ M.A.Sc 1st Batch, 2nd Batch များကိုလည်း ဦးသောင်း မြှောက်စားခဲ့သည်။ Ph: D ဆင်းလာပြီဆိုလျှင် နယ်ကွန်ပျူတာတက္ကသိုလ်များတွင် ကျောင်းအုပ် ပေးသည်။ Ph;D 1st Batch တွေ ဆင်းလာတော့ 1st Batch Ph:D များကို မြှောက်စားသည်။ 2nd Batch ဆင်းလာတော့ 1st Batch တွေ မြောင်းထဲရောက်သည်။ မတည်မြဲသော သင်္ခါရသဘောကို ဦးသောင်းအောက်တွင်ပို၍ တရားရစေသည်။
M.I.Sc/ M.A.Sc 1st Batch, 2nd Batch များကိုလည်း ဦးသောင်း မြှောက်စားခဲ့သည်။ ယခုတော့ ၄င်းတို့ဘေးဖယ်ခံမြောင်းထဲမှာ။ သူကြိုက်လျှင်ကြိုက်သလို သူ့ သဘောကျတုန်းကတော့တမျိုး။ ဦးသောင်းက စိတ်အပြောင်းအလဲမြန်သည်။ အာဏာရှင်သန်းရွေ၏လူယုံတပည့်ပီသစွာ သ-ပ-န တွင် အာဏာရှင်ဆံသည်။ မည်သည့်ကိစ္စူမဆို သူစိတ်တခုတည်းဖြင့် အဆင်ခြင်မဲ့ ဆုံးဖြတ်သည်။ ဌာနဆိုင်ရာ DE Report က မတင်ရသေး၊ ဦးသောင်းက Action ယူပြီးပြီ။ စိတ်ထင်ရာစိုင်းသည့် လုပ်ရပ်ဖြစ်သည်။
မြန်မာစကားတွင် ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်ဆိုသော စကားကို လူတိုင်း ကားဘူးကြပေလိမ့်မည်။ အဘ မည်မျှအလုပ်လုပ်ရသည်။ ငါဘယ်လို Admin ကောင်းသည်။ အဘရှိလို့ မင်းတို့ မြောင်းထဲ မရောက်တာ။ နင်တို့ကို အဘက မြောင်းထဲကနေ ဒီနေရာရောက်အောင် တင်ထားရတာ။ ကျောင်းတိုင်းရောက်တိုင်း-သ-ပ-န ၀န်ထမ်းများနှင့်တွေ့တိုင်း ဦးသောင်း ပြောနေကြ။ သူတော်တာ လူတိုင်းသိစေချင်သည်။ သူမကိုက်သူများကို နာမည်တတ်ပြီး လူပုံအလည်မှာ မကောင်းပြောသည်။
လူကြီးလူကောင်း အင်္ဂါရပ်နှင့်ကိုက်ညီမှု၊ ၀န်ကြီးတယောက်၏ဂုဏ်သိက္ခာ ဦးသောင်းတွင် လုံးဝမရှိ။ တပ်ချုပ်ကြီးသန်းရွေ၏နောက်ခံဖြင့် ကီးကျယ်နေသူသာ ဖြစ်သည်။ အစိုးရအဖွဲ့ဝင် လူကြီးများ၊ ထိပ်ပိုင်းလူကြီးများ၊ ဦးသောင်း ဘာမှမဟုတ် ဘာမှမတတ်ဆိုတာ အားလုံးအသိ။
(ရေးသားသူ - ဖရီးဘားမား mm-နစ်နေမန်း ဘလော့)
-------------------------------------------------------------------------------------------------------------
အရင် သနပ ၀န်ကြီး ဦးသောင်းလက်ထက် DSA ဆင်း Best Cadet တွေကို ဘဲ
စက်/သက် ညွှန်ချုပ်အဖြစ် ခေါ်ခန့်ခဲ့တယ်။ ရောက်လာတဲ့ ညွှန်ချုပ်က ၀န်ထမ်းအားလုံး တန်းတူညီမျှ တာဝန်ယူရမယ်ဆိုပြီး နတ်မောက်လမ်း စက်/သက် ညွှန်ချုပ်ရုံး ဧရိယာမှာ ၁၀ ပေပတ်လည် အကွက်ချ အားလုံး(အားလုံး) မြက်ပေါက်ရမယ်လို့ ခိုင်းခဲ့တယ်။ အဲဒီ့ညွှန်ချုပ် ဒုဝန်ကြီးဖြစ်သွားခဲ့ပေမယ့် ပညာရှင်ကို နှိပ်ကွပ်ခံရလို့ ပညာမာနရှိတဲ့ ညွှန်၊ ဒုညွှန်/လက်ထောက်ညွှန်နဲ့
ကျောင်းအုပ်တွေ နှုတ်ထွက်သွားခဲ့ကြတာက စပြီး ယနေ့လက်ရှိ ဘာမှ မတတ်တဲ့ အင်ဂျင်နီယာ ကျောင်းဆင်းတွေ ထွက်လာခဲ့တော့တာပါ ခင်ဗျ။
ဦးသောင်းနှိပ်ကွပ်လို့ ဦးညီလှငယ် (RIT ပါချုပ်) နှုတ်ထွက်စာ တင်ထွက်သွားတာ ဗိုလ်ခင်ညွှန့်က ချိန်ခွင်လျှာ ညှိချင်လို့ ဒုဝန်ကြီးပေးပြီး ပြန်ခန့်ခဲ့ရတာပါ။
ဦးသောင်း (DSA အပတ်စဉ် (၁) Best Cadet ရ ၊ တပ် လုံးပြုတ်အောင်တိုက်သူဟု နာမည်ရခဲ့သူ၊
ယခင် ဗမခ အောင်ကြီး၏ PA လုပ်ခဲ့ဘူး၍ ဦးနေ၀င်း၏ အမျက်မာန်ရှကာ ပြည်နှင် ဒဏ်ခံခဲ့ရသူ (အမေရိကန် သံအမတ်အဖြစ်) ရဲ့ ထူးချွန်မှုတွေကိုတော့
ယနေ့ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကျောင်းတွေရဲ့ အခြေအနေကို ကြည့်လိုက်တာနဲ့ သိသင့်ပါတယ်။
တပည့်တွေကို PhD အထိ တက်ခိုင်းပြီး
( ဦးသောင်းက အင်တာနက်ရှိရင် Ph D ဘွဲ့ပေးလို့ရဆိုဘဲ)
အဲဒီ့ တပည့်တွေကို သင်ပေးခဲ့တဲ့ ဆရာဆရာမတွေကို B Tech, B.E လောက်နဲ့ ရပ်ထားခဲ့တဲ့ အထက်အောက် ပြောင်းပြန်လှန် သွေးခွဲစနစ်ခင်ဗျ။
တစ်နိုင်ငံလုံးနေရာတိုင်းမှာ အရေးပါတဲ့ အင်/ယာတွေ အရည်အသွေး နိမ့်ကျပြီ ဆိုမှတော့ သွားပြီပေါ့ ဗျာ။ တိုင်းပြည်ဇောက်ထိုးဆင်းပြီဗျို့။
(Swal Taw Ywet –mandalaygazette မှ)
----------------------------------------------------------------------------------------------
San Ko
+++ အင်ဂျင်နီယာဘွဲ့ တံဆိပ်အသစ် +++

မြန်မာအင်ဂျင်နီယာလောကတွင် ဘွဲ့တံဆိပ် အသစ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ BE, ME, Phd အပြင် 
BE (ဦးသောင်း)၊ ME (ဦးသောင်း)၊ Phd (ဦးသောင်း) ဆိုပြီးပေါ်လာခဲ့ပါသည်။ အင်ဂျင်ယာလောက ပျက်စီးရန် ရည်ရွယ်၍ ဦးတည်ချက်ရှိရှိ ဖျက်ဆီးခဲ့ပါတယ်။ ဦးသောင်း ပုံသွင်းခဲ့သော စနစ်ဆိုးအောက် ပုံဖော်မည့် လူများစွာ မွေးထုတ်ခဲ့ပါတယ်။ မကောင်းအကျင့်ဆိုးဟု တချို့သိ၍ ပြုပြင်သော်လည်း စနစ်ဆိုး ဆက်လက်
အသက်ဝင်ရန် စနစ်ဆိုးကို ဆက်လက်ခံကျင့်သုံးဖော်နေသော သူများမှာလည်း အများအပြားတွေနေရပါတယ်။
သူတို့တွေဟာ နောက်ဆယ်စုနှစ် နှစ်ခုလောက် ဒီလောကထဲမှာရှိနေကြဦးမှာပါ အရေအတွက် သောင်းဂဏန်း နီးနီးရှိနေကြတယ် ဒီလိုလူတွေဝင်နေတဲ့ ပညာရေးစနစ်ဟာ ရင်လေးစရာပါ။ ငွေသာ ပြောပြီး ပညာကို မပြောတတ်တဲ့ လူတွေပိုများနေတာ တွေ့ရတယ်။ စနစ်ဆိုးကို ဆက်လက်ပုံဖော်မဲ့ ကျွန်သဘောက်လို့ပဲ မြင်တယ်။ ဒီအကျင့်ဆိုးကို မပြင်ပဲ ဆက်လက်ကျင့်သုံးနေရင်တော့ ဝေးဝေးရောက်အောင် နှင်ထုတ်ရမှာပဲ..


ကျနော်တို့ ရဲ့ ဆရာ ဆရာမတွေ ကို သူပုန်ဆရာ တွေလို့ စွပ်စွဲပြီး ..
သူ့ရဲ့ ကိုယ်ပိုင်တပည့်(Phd အလိုအလျောက်ရ) တွေနဲ့ နည်းမျိုးစုံ နှိပ်ကွပ် ခဲ့သူ ..

ကျနော်တို့ RIT သမိုင်း နဲ့ အတူ အမဲစက်ကြီး စွန်းကျန်ခဲ့ မဲ့ သူ ..

တက္ကသိုလ် ကြိုပို့ယာဉ်များ အဆင်မပြေသည့်အတွက် ပညာရေး နစ်နာချက်များ (ပေးစာ)

..... ဝေးလံလွန်းသည့် တက္ကသိုလ်သို့ အသွား ၂ နာရီ၊ အပြန် ၂ နာရီ ခရီး၊ တနေ့လျှင် စုစုပေါင်း ၄ နာရီခန့်မှာ ကားပေါ်တွင် အချိန်ကုန်ခြင်း၊ လစာ၏ ၃၀ ရာခိုင်နှုန်းကို ကားခပေးနေရခြင်း၊ ကျောင်းကား မလုံလောက်ခြင်း၊ အချိန်မီ စာသင်ခန်းအတွင်း မရောက်နိုင်ခြင်း၊ ကား ၂ ဆင့်၊ ၃ ဆင့် စီးရခြင်း၊ လိုင်းကား စောင့်ရခြင်း၊ တိုးစီးရခြင်း၊ ကျောင်းရောက်လျှင် အင်အားကုန်ခန်း၊ ပင်ပန်းနွမ်းနယ်နေကြခြင်း၊ တက်ကြွမှု မရှိခြင်း။

ဟန်ဂေရီကျောင်းသားများ ပညာရေးပြုပြင်ပြောင်းလဲရန် ဆန္ဒပြနေ


ဒီဇင်ဘာ ၁၉၊ ဘူဒါပတ်စ်
ဟန်ဂေရီ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသားများသည် ဒီဇင်ဘာ ၁၉ ရက်နေ့က ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရန်အတွက် အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်းသိရသည်။
ဟန်ဂေရီ မြို့တော်၊ ဘူဒါပတ်စ်ရှိ ဟန်ဂေရီသိပ္ပံကျောင်းတော်ကြီးရှေ့တွင် ကျောင်းသားထောင်ပေါင်းများစွာ စုရုံးရောက်ရှိလာပြီး အစိုးရကို ဆန့်ကျင်သည့် ကြွေးကြော်သံများကို အော်ဟစ်ကာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

Saturday, 22 December 2012

သမိုင်းမှာ မင်းတရားခံဖြစ်မယ်



မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ်၊
ငါမမှန်ရင်
ငါတရားခံဖြစ်မယ်၊

ပညာရွှေအိုး ဘယ်သူခိုးသလဲ


တရုတ်မိဘများ ပညာရေးတွင် သည်းသည်းလှုပ်ဖြစ်နေသည်မှာ ကာလကြာခဲ့ပြီ။ တရုတ်တွေက ဂုဏ်တု ဂုဏ်ပြိုင်တွေ သိပ်မလုပ်ကြ။ ဤသည်မှာလည်း ကွန်မြူနစ်လောင်းရိပ်က လွှမ်းမိုးနေဆဲကြောင့် ဖြစ်မည်ထင် သည်။ တရုတ်တွင် ကလေးနှစ်ယောက်ထက် ပိုမယူရေး စီမံချက်တွေကလည်း ရှိနေသည်။ ယောက်ျားလေးမွေးမှ မြတ်သည်ထင်သော တရုတ်လူနေမှုစနစ်ကြောင့်လည်း မိန်းကလေးမွေးထားသူတွေ အခက်တွေ့နေကြရသည်။

မြန်မာလိုသင်မလား အင်္ဂလိပ်လိုသင်မလား


ယခုတလောတွင် ပညာရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲသတင်းများ၊ ဆောင်းပါးများကို ဂျာနယ်အတော်များများတွင် ဖတ်ရှုရသည်။ ကိုယ့်နိုင်ငံ၏ပညာရေး ကောင်းစေလိုသည့် စေတနာဖြင့် ဆွေးနွေးကြခြင်း ဖြစ်၍ ကြိုဆိုပါသည်။ သည်လို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရေးသားကြမှလည်း အမှန်တကယ် အားနည်းချက်၊ ချို့ယွင်းချက်များကို သိမြင်ပြီး အနာဂတ်ပညာရေး ကောင်းအောင် ပြုပြင် စီမံနိုင်ကြမည်ဖြစ်သည်။

ပြင်ဦးလွင် တပ်မတော်နည်းပညာ တက္ကသိုလ်မှ ညစ်ပတ်ကောက်ကျစ် အနိုင်ကျင့်ဗိုလ်ကျမှုများအား တင်ပြခြင်း ( နည်းပညာတက္ကသိုလ် ဗိုလ်လောင်းများ တိုင်ကြားစာ)






 

     ကျွန်တော်တို့ ပြင်ဦးလွင်တပ်မတော်နည်းပညာ တက္ကသိုလ်တွင် တပ်ခွဲကိုင် အရာရှိများမှ ဗိုလ်လောင်းများအပေါ် မတရားရိုက်နှက် နှိပ်စက်ခြင်း ၊ လစာများအား မတရားဖြတ်တောက်မှုများ ပြုလုပ်နေပါသည်။

Friday, 21 December 2012

အစားထိုးမရတော့သော အချိန်များ


“မြန်မာစံတော်ချိန် ညရှစ်နာရီ ထိုးပါပြီ။ ယခုအချိန်မှစ၍ သတင်းများကို ကြေငြာပါတော့မည်။” ဆိုတဲ့ မြန်မာ့အသံက အသံလွှင့်ချက်ဟာ မြန်မာပြည်သူ ပြည်သားအပေါင်း ကြားဖူးနေကြပါ။ မြန်မာစံတော်ချိန်တဲ့ တခါတရံ မိမိနာရီ နောက်ကျတာမြန်တာတွေ ဖြစ်နေရင် ရေဒီယိုက ကြေငြာတဲ့ မြန်မာစံတော်ချိန်နဲ့ တိုက်လိုက်ကြပါတယ်။ စံတော်ချိန်က အမှန်ဆုံးကိုး။ ငါ့နာရီက စံတော်ချိန်နဲ့ တိုက်ထားတာကွလို့ ၀င့်ဝင့်ကြွားကြွားကလေးဆိုလိုက်တဲ့ အသံမျိုးလည်း ကြားဖူးပါတယ်။

ခေါင်းဆောင်ကောင်းများထွက်ပေါ်လာရေးအတွက်

Organizational Management, Self- Awareness & Leader Ship Skill (အသင်းအဖွဲ့အတွင်း စီမံခန့်ခွဲခြင်းနှင့် ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာ သင်တန်းအား The Sun Institute မှဆရာမ ဒေါ်အေးမြလှိုင်နှင့် ဆရာ/မများတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ၃၁.၁ဝ.၂ဝ၁၂ ရက်နေ့မှ  ၁၈. ၁၁.၂ဝ၁၂ ရက်နေ့အထိ သင်ကြားပို့ချခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဝန်ထမ်းများ၊ အသင်းသား/ သူများနှင့် တက်ရောက်ခဲ့ကြသည်။

ကျောင်းသားမိဘများကို ခေါ်ပြီးဆွေးနွေးလျှင် ဒဏ်ရိုက်မည်





အိန္ဒိယအစိုးရက ကျောင်းဝင်ခွင့်အတွက် ကျောင်းသားမိဘများနှင့် ကျောင်းသားကို ခေါ်ယူကာ စုံစမ်း စစ်ဆေး မေးမြန်းခြင်းပြုလုပ်ပါက ဒဏ်ရိုက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ယခုနှစ် ကျောင်းသားပွဲတော် စုပေါင်းမလုပ်နိုင်

ထိုင်းမြန်မာနယ်စပ်၊ ကရင်နီအမှတ် ၁ ဒုက္ခသည်မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ကျောင်းသားပွဲတော်ကို ယခုနှစ်မှာတော့ ကျောင်းပေါင်းစုံ စုပေါင်းကာ စည်းကာသိုက်မြိုက်စွာ မကျင်းပနိုင်တော့တာကို မြင်တွေ့ရပါတယ်။

ဗိုလ်ချုပ် လုပ်ကြံမခံရမီ တစ်ပတ်ခန့်အလိုက ရန်ကုန် မြို့ မြို့တော်ခန်း မှ လူထု ပရိတ်သတ်ကြီးကို နောက်ဆုံး ဟောပြော သွားသော ဗိုလ်ချုပ်။

ဗိုလ်ချုပ် လုပ်ကြံမခံရမီ တစ်ပတ်ခန့်အလိုက ရန်ကုန် မြို့ မြို့တော်ခန်း မှ လူထု ပရိတ်သတ်ကြီးကို နောက်ဆုံး ဟောပြော သွားသော ဗိုလ်ချုပ်။

 

“ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရ ဖြစ်အောင်အတင်းအဓမ္မ လုပ်လာလို့ အစိုးရ ဖြစ်လာတာမဟုတ်ဘူး၊ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုကြောင့် ကျုပ်တို့အစိုးရဖြစ်နေ တာပဲ။ တိုင်းပြည်လူထုက ယုံကြည်မှုမရှိ ဘူး၊ မကြည်ညိုဘူးဆိုရင် ကျုပ်တို့လည်း တွယ်မနေပါဘူး၊ ထွက်မှာပါပဲ၊ သို့သော် လည်း တစ်နှစ်လောက် ကျုပ်တို့ကိုစောင့် ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာဘယ်လို လူစားတွေလဲ၊ ရာဇ၀င်ထဲအရေးခံရမယ့် လူတွေလား၊ ရာဇ၀င်မှာ အဆဲခံရမယ့် လူစားတွေလားဆိုတာ ခင်ဗျားတို့ကိုယ် တိုင်သိလာပါလိမ့်မယ်”

 

“ခင်ဗျားတို့ ဟာ လွတ်လပ်ရေး ကိုလို ချင်ရင်ရနိုင်တဲ့စည်းကမ်းရှိကြပါ။ လွတ်လပ် ရေးကိုလိုချင်ရင် လွတ်လပ်ရေး ကိုရနိုင်တဲ့ ညီညွတ်မှုကိုထိန်းသိမ်းထားပါ။ လွတ်လပ် ရေးကိုလိုချင်ရင်ရနိုင်လောက်တဲ့ထူ ထောင် မှုကို လုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့ နောက် လည်းပဲ ရှေ့ကိုလွတ်လပ်ရေးအရသာကို ခံစားချင်တယ်၊ ခံစားချင်တယ်ဆိုရင် အလုပ် လုပ်ဖို့ စည်းကမ်းရှိကြဖို့ ခင်ဗျား တို့အခုက တည်းက ခင်ဗျား တို့ရဲ့ အကျင့်ဆိုးတွေ၊ အကျင့်ဟောင်း တွေကို ပြင်ကြဖို့လိုပြီ၊ ဖျောက်သင့်ပြီ ဆိုတာ ကျွန်တော်ဒီနေ့ပြော ခဲ့ချင် ပါတယ်။


“ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရ ဖြစ်အောင်အတင်းအဓမ္မ လုပ်လာလို့ အစိုးရ ဖြစ်လာတာမဟုတ်ဘူး၊ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုကြောင့် ကျုပ်တို့အစိုးရဖြစ်နေ တာပဲ။ တိုင်းပြည်လူထုက ယုံကြည်မှုမရှိ ဘူး၊ မကြည်ညိုဘူးဆိုရင် ကျုပ်တို့လည်း တွယ်မနေပါဘူး၊ ထွက်မှာပါပဲ၊ သို့သော် လည်း တစ်နှစ်လောက် ကျုပ်တို့ကိုစောင့် ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာဘယ်လို လူစားတွေလဲ၊ ရာဇ၀င်ထဲအရေးခံရမယ့် လူတွေလား၊ ရာဇ၀င်မှာ အဆဲခံရမယ့် လူစားတွေလားဆိုတာ ခင်ဗျားတို့ကိုယ် တိုင်သိလာပါလိမ့်မယ်”

ဥရောပတက္ကသိုလ် ပညာသင်ဆု ၁ဝ ဆု မန္တလေး တက္ကသိုလ် ရရှိ



လာမည့် ၂ဝ၁၃ ပညာသင်နှစ် အတွက် ပြင်သစ် နိုင်ငံရှိ University Montpelier 2 တက္ကသိုလ် တွင် မန္တလေး တက္ကသိုလ် ကျောင်းသူ ကျောင်းသားများ အတွက် မဟာဘွဲ့၊ ပါရဂူဘွဲ့ နှင့် ပါရဂူ ဘွဲ့လွန် သင်တန်းများ တက်ရောက်ရန် ပညာသင်ဆု ၁ဝ ခု ရရှိ ထားကြောင်း မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် က The Voice Weekly သို့ ပြောကြားသည်။

ဒီမိုကရေစီကို စော်ကားသည့်အတွက် အစိုးရကို ကနေဒါကျောင်းဆရာသမဂ္ဂ ဝေဖန်ရှုတ်ချ


သမဂ္ဂများ၏ ငွေစာရင်းအသေးစိတ်ကို တင်ပြရမည့် ဥပဒေကြမ်း Bill C-377 ကို အတင်းအကျပ် ပြဌာန်းသည့်အတွက် ကနေဒါကျောင်းဆရာများသမဂ္ဂအဖွဲ့ချုပ် CFT က ရှေးရိုးစွဲဝါဒီ ဟာပါအစိုးရကို ပြစ်တင်ရှုတ်ချလိုက်သည်။ တရားမျှတသည့် အချေအတင် ငြင်းခုံဆွေးနွေးမှု debate လုပ်ခွင့်မရဘဲ အလျင်စလိုဖြင့် ဥပဒေ ပြဌာန်းချက်မှာ ဒီမိုကရေစီကို စော်ကားခြင်းဖြစ်သည်ဟုလည်း သမဂ္ဂ ဥက္ကဌ Paul Taillefer က ဆိုပါသည်။

မိုးကောင်းမြို့ ကျောင်းသားများ ကြက်ဆူသီးစားမိ၍ ဆေးရုံတင်ထားရ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးဒေသ မရမ်းကျေးရွာ အထက်တန်းကျောင်းက ပထမတန်းနဲ့ ဒုတိယတန်းကျောင်းသား အယောက် ၂၀ ကျော်ဟာ ဒီကနေ့လည် ၁၂ နာရီ နေ့လည် ကျောင်းဆင်းချိန်မှာ ကျောင်းရှေ့မှာစိုက်ထားတဲ့ ကြက်ဆူသီး များကို စားမိတဲ့အတွက် မူးဝေအော့အန်ပြီး နမ္မတီး တိုက်နယ်ဆေးရုံ မှာ ဆေးကုသပေးနေရတယ်လို့ သိရှိရပါတယ်။

ကျောင်းမလာတဲ့ ကျောင်းအုပ်ဆရာမ




ရန်ကုန်တိုင်း ဒလမြို့နယ်မှာရှိတဲ့ ညောင်လေးပင် ကျေးရွာက အမကကျောင်း
ကျောင်းအုပ်ဆရာမ ဒေါ်ထက်ထက်ခိုင်ကျောင်းကို ပုံမှန်မလာပဲ ဖြစ်နေလို့
ကျောင်းအကျိုးတော်ဆောင်တွေနဲ့ ကျောင်းသား မိဘတွေဟာ ကလေးတွေရဲ့
ပညာရေးအတွက် စိုးရိမ်ပူပန်နေကြပါတယ်။

သံပုရာသီးထက်သာတဲ့ မြန်မာ့ပညာရေး (သူ့အမြင်)


(မောက္ခပညာရေးမဂ္ဂဇင်းသို့ ပေးပို့လာသည့် စာတစ်ပုဒ်ကို ဝေငှလိုက်ပါသည်။ ဆင်ခြင်ဝေဖန် သုံးသပ်ဖို့ရာဖြစ်ပါကြောင်း...)
ဒီစာဟာ လူတိုင်းအတွက် မဟုတ်ဘူး။ ခေါင်းစဉ်ကိုဖတ်ပြီး မလေးတော့ မြန်မာပြည်ပညာရေးဘယ်လောက် ညံ့ဖျင်းအသုံးမကျတာတွေကို ရေးတော့မယ်လို့ ထင်ပြီး ကျေနပ်မည့်သူတွေ… ဆက်ပြီး မဖတ်ဖို့ တိုက်တွန်းလိုပါတယ်။
ဒီစာဟာ ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်လေးတစ်ခုမှ ပေးနိုင်သမျှ ပညာလေးကို ရသလောက်ယူပြီး ဘဝကို တိုးတက်အောင် လုပ်ချင်တဲ့ သူတွေအတွက် ရေးတဲ့စာပဲဖြစ်တယ်။

အလွန်ရိုးသော ကျွန်တော့်ဆရာ


ကျွန်တော့်မှာ ကျေးဇူးကြီးသောဆရာများ အများအပြားရှိပါသည်။ ကျွန်တော့်အဖို့ အရေးအကြီးဆုံး လည်းဖြစ်၊ ရှေးဦးအကျဆုံးလည်းဖြစ်သည့် ငယ်ဆရာသုံးဦးရှိပါသည်။ ထိုဆရာများမှာ (တစ်) ကံ့တူလက်လှည့် ငယ်ဆရာဦးပညာ၊ (နှစ်) ဆရာဦးအုန်းနှင့် (သုံး) အင်္ဂလိပ်စာကို အေဘီစီမှစ၍ (၁ဝ) တန်းအောင် အောင် သင်ပေးလာသည့် ဆရာဦးအောင်သိန်းတို့ ဖြစ်ပါသည်။ ယခု (တစ်) နှင့် (သုံး) ဆရာများအကြောင်းကို စာဖွဲ့၍ ထိုဆရာများ၏ကျေးဇူးကို ကျွန်တော်ထုတ်ဖော်ရေးသားပြီးပါပြီ။ (နှစ်) နေရာရှိနေသော ဆရာ့အကြောင်းသာ စာဖွဲ့ဖို့ ကျန်ပါတော့သည်။

စစ်ကိုင်းငလျင်ဒဏ်ခံ စာသင်ကျောင်းများအတွက် ဂျက်လီ လှူဒါန်းမည်



ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် သွေးလှူဒါန်းရေး လှုံ့ဆော်ပွဲ၌ တွေ့ရသော သရုပ်ဆောင် ဂျက်လီ (ဓာတ်ပုံ – Reuters)
ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင် တရုတ်မင်းသား ဂျက်လီသည် နိုဝင်ဘာလက စစ်ကိုင်းတိုင်း ရွှေဘိုကို ဗဟိုပြု လှုပ်ခတ်သွားသည့် အင်အားပြင်း မြေငလျင်ဒဏ်ခံဒေသများရှိ စာသင်ကျောင်းများ  ပြန်လည် တည်ဆောက်ရေးအတွက် အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တကယ်မွှေးမှာလား ကံ့ကော်မြေ

တကယ်မွှေးမှာလား ကံ့ကော်မြေ

ရေးသားသူ- ဥက္ကာကိုကို

“ကန်ရေပြင် မြေနီလမ်း ..တို့နဲ့ဝေး ..စွယ်တော်ခုံပြာတန်း တို့နဲ့ဝေး .. ယုံပါကွာ အချစ်ဆုံးမင်းကို . တို့တော့ သတိရ နေမှာပါ ...”

လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက ကျောင်းဖွင့်ချိန် ဇွန်လများမှာ မိုးစက်များခပ်ဖွဲဖွဲရွာနေပေလိမ့်မည်။ စိန်ပန်းတွေလည်း ရဲရဲပွင့်နေလိမ့်မည်။ တရုတ်စကားပွင့်တွေလည်း ဖူးပွင့်နေပေလိမ့်မည်။ အဓိပတိလမ်းမကြီးတစ်လျှောက် ထီးရောင်စုံကိုယ်စီဖြင့် အဆင်အသွေးစုံ ကျောင်းသား၊ ကျောင်းသူများ ပျားပန်းခတ်နေလိမ့်မည်။ သည်လမ်း မကြီးကို ဂုဏ်ယူဝံ့ကြွားစွာ ခြေချခဲ့ကြပါလိမ့်မည်။

ပြီးတော့ ရန်ကုန်တက္ကသိုလ် ရင်ခွင်ကို ခိုလှုံဖူးသူတို့ ဘယ်တော့မှမေ့မရနိုင်သည့် သစ်ပုပ်ပင်ကြီး၊ အဓိပတိလမ်းကို ၀င်ဝင်ချင်း ဘယ်ဘက်က မန္တလေးဆောင်ကြီး၊ ညာဘက်က ဗိုလ်အောင်ကျော် ကျောက်တိုင်ပုလေး၊ ဂျပ်ဆင်ဘုရားကျောင်း၊ ရွှေဘိုဆောင်၊ နာမည်ကျော်မာလာဆောင်၊ အင်းလျားဆောင်၊ ကိုအောင်ဆန်းနေဖူးသော ပဲခူးဆောင်စသည့် အဆောင်များအားလုံး၏ ပင်မဖြစ်သော ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး၊ တက္ကသိုလ်စာကြည့်တိုက်ကြီး .. ပြီးတော့ .. ကံ့ကော်ပင်တွေ၊ ပိတောက်ပင်တွေ၊ တရုတ်စကားပွင့်လေးတွေ၊ သစ်တိုပင်လမ်းကလေး၊ ဦးချစ်လက်ဖက်ရည်ဆိုင်၊ ယမ်းဘီလူးဆိုင်၊ အင်းလျားကန်ပေါင်။

ရန်ကုန်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတို့အတွက် ဂုဏ်ယူစရာအထိမ်းအမှတ်နေရာများစွာက ခေတ်အဆက်ဆက် ရှင်သန်နေဆဲဖြစ်သည်။ ယခင်က တက္ကသိုလ်ကြီးထဲ ခြေချဖူးသူတို့ ၏ သတင်းစကားများ၊ တက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် စာရေးဆရာကြီးများ၏ ရေးသားဖော်ပြ ချက်များကိုသာ  ယနေ့မှာတော့  ခေတ်လူငယ်တို့အတွက် ပုံပြင်တစ်ပုဒ်နှယ် ကြားသိခဲ့ရသည်။

တက္ကသိုလ်ကြီးအကြောင်း မည်သည့်အချိန်မှာပင် ကြားရစေတော့ ချက်ချင်းပင်ပြေးကြည့်၊ ပြေးတက်လိုက်ချင်သည့်စိတ်ကလည်း တဖွားဖွားပေါ်လာတတ်စမြဲ၊ သို့ သော် ရန်ကုန်တက္ကသိုလ်ကြီး ကိုယ်တိုင်ပင် သူ့ရင်သွေးများနှင့်ဝေးကွာခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။
အမိရင်ခွင်မှ အမှတ်တရများကိုတော့ ဘယ်သောအခါမျှ မမေ့နိုင်ကြ။ 

အဓိပတိလမ်းထက်က ရွက်ကြွေများ 
“ကြင်နာသူရဲ့ ကံ့ကော်တန်း .. ခြေရာထင်ကျန်ဆဲ အဓိပတိလမ်း ... ရင်မှာသံမှိုစွဲ နှလုံးအိမ်ထဲ ... တို့တော့သတိရနေမှာပါ”
ရန်ကုန်တက္ကသိုလ်ပင်မဂိတ်ပေါက်မှ လှမ်းဝင်လိုက်သည်နှင့် အဓိပတိလမ်းမကြီးက ခန့်ထည်စွာ ဆီးကြိုပါလိမ့်မည်။ ယခုအခါ ပြန်လည်ပြင်ဆင်ထားသည့် အဓိပတိလမ်းသည် ၀ဲယာတစ်ဖက် တစ်ချက်၌ မီးတိုင်သစ်များ၊ ပိုးထားသော ကတ္တရာသစ်များ၊ ပလက်
ဖောင်းသစ်များ၊ မြက်ခင်းသစ်များဖြင့် ကြည့်ကောင်းနေပေသည်။ ၀င်ဝင်ချင်း ညာဘက်သို့ လှည့်ကြည့်ပါက ဗိုလ်အောင်ကျော်အထိမ်းအမှတ်   ကျောက်တိုင်ငယ်လေး တွေ့ရပါမည်။ 

ဘယ်ဘက်သို့ လှမ်းကြည့်ပါက New Hall ဟုခေါ်ဆိုခဲ့ကြသော မန္တလေးဆောင်၊  အမရဆောင်၊ ရာမညဆောင်၊ တောင်ငူဆောင်စသည်တို့ကို တွေ့ရမည် ဖြစ်သည်။ အဓိပတိလမ်းမတစ်လျှောက်တွင် ငွေစာရင်းရုံး၊ ရွှေဘိုဆောင်၊ ဒဂုံဆောင်၊ တက္ကသိုလ် စာကြည့်တိုက်နှင့် သိပ္ပံ၊ ၀ိဇ္ဇာစာ သင်ဆောင်များရှိကြသည်။

ဗြိတိန်နိုင်ငံ၊ အောက်စဖို့ဒ် တက္ကသိုလ်ဖွဲ့စည်းပုံအတိုင်း တည်ထောင်ထားသော ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမကြီးသည် ယနေ့ထက်တိုင်ပင်   သစ်ရွက်ခြောက်များ တဖွဲဖွဲကြွေကျဆဲဖြစ် သည်။ သူ့ရင်ခွင်ပေါ် နင်းဖြတ်လာမည့် ကျောင်းသား၊ ကျောင်းသူတို့၏ ခြေသံများကိုလည်း နားစွင့် နေဆဲဖြစ်ပါသည်။ 

အထီးကျန်သော်လည်း အကျည်း မတန်သည့် ကျောင်းဆောင်များ
ရန်ကုန်ကောလိပ်အဆောက်အအုံများကို ၁၉၀၀ ပြည့်နှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၂၀၊ ဒီဇင်ဘာလ ၁ ရက်တွင် ရန်ကုန်တက္ကသိုလ်ကြီးအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ 

သထုံ၊ ပဲခူး၊ ပင်းယ၊ အင်းဝ၊ စစ်ကိုင်းကျောင်းဆောင်များသည် Central Hall ပင်မကျောင်းဆောင်များဖြစ်ပြီး ၁၉၂၈ ခုနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည်။ ပြည်၊ တကောင်းနှင့် ပုဂံဆောင်များကို ၁၉၂၆ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ၀ိဇ္ဇာနှင့်သိပ္ပံစာသင်ဆောင်များ အပါအ၀င် ရွှေဘိုဆောင်၊ ဒဂုံဆောင်၊ သီရိဆောင်များကို ၁၉၃၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။ 

New Hall ဟုခေါ်သည့် မန္တလေး၊ အမရ၊ ရာမည၊ တောင်ငူဆောင်များ၊ မာလာဆောင်၊ ရတနာဆောင်၊ အင်းလျားဆောင်တို့ကို လွတ်လပ်ရေးခေတ်ဦးကျမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ သထုံလမ်းဘက်တွင် ပညာရေးကျောင်းသူများ နေထိုင်သည့် တီတီစီကျောင်းဆောင် (နှင်းဆီကုန်း) လည်းရှိသည်။

လက်ရှိရန်ကုန်တက္ကသိုလ် နယ်မြေကြီးကို ၁၉၁၈ ခုနှစ် ဇွန်လမှစတင်ကာ  ဧက  ၇၀၀ နှင့် ၈၀၀  အကြား ကျယ်ဝန်းသည့် သရက်နှင့် မရမ်းခြံများကို ခုတ်ထွင်ရှင်းလင်း၍  ရန်ကုန်တက္ကသိုလ် အဆောက်အအုံများ ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

အင်္ဂလိပ်ခေတ်လက်ရာ အဆောက်အအုံနီနီကြီးများ၏ အခန်းငယ်များထဲမှ စာအံသံများ ထွက်ပေါ်ခဲ့ဖူးသည်။ ဂစ်တာသံများ၊ ပျော်ရွှင်စွာရယ်မောသံများ ပေါ်ထွက်ခဲ့ဖူးသည်။ တေးသီချင်းများဖြင့် အဆောင်သူတို့ အိပ်မက်တွေ လှပခဲ့ကြသည်။

ထင်ရှားသည့်နိုင်ငံ့ခေါင်းဆောင်အချို့သည် ထိုအဆောင်များထဲမှပင် ပေါ်ထွက်လာကြသည်။ အနုပညာရှင်များစွာသည် ထိုအဆောင်များထဲမှာ   သန္ဓေတည်ခဲ့ကြသည်။ စာပေပညာရှင်များသည် ထိုအဆောင်များထဲမှာ ဉာဏ်ကွန့်မြူးခဲ့ကြသည်။ ပဲခူးဆောင်မှ ကိုအောင်ဆန်းနေထိုင်ခဲ့သည့် အခန်းငယ်လေးကို တန်ဖိုးထားခဲ့ကြသည်။

မည်သို့မျှ မေ့ပျောက်မရနိုင်သော အဆောင်ဟောင်းကြီးများထဲမှာ ကြီးမားသော သမိုင်းကြောင်းတွေ ရှိသည်။ မြန်မာတစ်နိုင်ငံလုံး၏ အနာဂတ်အဆုံးအဖြတ်သည် ထိုအဆောင်ဟောင်းကြီးများထဲမှ ပေါ်ထွက်လာဖူးသည်။ ယခင်က စည်ကားသိုက်မြိုက်ခဲ့ဖူးသည့် အ ဆောင်ဟောင်းကြီးများသည် ယခုအခါ  ခြောက်သွေ့နွမ်းလျနေပါသည်။ လူတွေကလည်း နေထိုင်သည်ဆိုရုံ၊ ရှိသည်ဆိုရုံမျှ။

ထိုသို့နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့သော်လည်း အဆောင်များအားလုံး အကျည်းမတန်သေးပါ။ ခန့်ညားထည်ဝါလျက်ပင် ရှိပါသည်။ လက်ရှိတွင် ရန်ကုန်တက္ကသိုလ်ရှိ အဆောင်များကို ပြန်လည်မွမ်းမံပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

သမိုင်းကြောင်းကို ငုံ့ကြည့်နေသော  သစ်ပုပ်ပင်ကြီး
အဓိပတိလမ်းမထက်မှာ ရန်ကုန်တက္ကသိုလ်စတည်စဉ်ကတည်းက ရှိနေခဲ့သည့် သစ်ပုပ်ပင်ကြီးကို တွေ့ရပါမည်။ မလှမ်းမကမ်းမှာ     ဘွဲ့နှင်းသဘင်ကြီးက ထည်ဝါစွာ ရပ်တည်လျက်ရှိသည်။ နှစ်ပေါင်းတစ်ရာကျော်လာပြီဖြစ်သည့် သစ်ပုပ်ပင်အိုကြီးသည် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံဆဲ။

တက္ကသိုလ်နယ်မြေမှ ကျောင်းသားကျောင်းသူတိုင်းသည် သစ်ပုပ်ပင်ကြီးနှင့် ထိတွေ့ရင်းနှီးခဲ့ကြသည်။ သူ့အရိပ်အောက်မှာ ခိုဝင်ခဲ့ကြသည်။ သူ့ပင်စည်မှာ စာထွင်း၍ တစ်သက်တာ အမှတ်တရများ ရေးခြစ်ခဲ့ကြသည်။

နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်းရှိ သက်တမ်းရင့်သစ်ပင်ကြီးများစွာ ပြိုလဲခဲ့ရသည်။ ထိုစဉ်က ကျောင်း သားဟောင်းများသာမက ပြည်သူအများက သူတို့ချစ်သော သစ်ပုပ်ပင်ကြီးကို စိုးရိမ်တကြီးဖြစ်ခဲ့ရသည်။ ရန်ကုန်တက္ကသိုလ်နှင့် တွဲမြင်ရသည့် ကြီးမားသော ဂုဏ်ပုဒ်တစ်ရပ်ကြောင့် သစ်ပုပ်ပင်ကြီး အဆုံးသတ်သွားမှာကို စိုးထိတ်ခဲ့ ကြသည်။ သစ်ပုပ်ပင်ကြီးရှိနေဆဲပါ။  ကြံ့ကြံ့ခံ၍ နာဂစ်ကို ဖြတ်သန်းနိုင်ခဲ့သည်။

ဂျပ်ဆင်အိုနှင့်ဓမ္မာရုံ
အမေရိကန် ဘက်ပတစ် သူနာပြုအဖွဲ့ ထူထောင်သော ဘက်ပတစ်ကောလိပ်သည် ၁၈၉၄ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည်။ အဆိုပါကောလိပ်ကို    ယုဒသန်ကောလိပ်ဟူ၍ ၁၉၁၈ ခုနှစ်တွင် အမည်ပြောင်းလဲခဲ့သည်။ ယုဒသန်ဘုရားကျောင်းကိုလည်း တည်ဆောက်ခဲ့ပြီး နောက်ပိုင်းတွင် ဂျပ်ဆင်ခန်းမ၊ ဂျပ်ဆင်ဘုရားကျောင်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ ၁၉၂၀ ရန်ကုန် တက္ကသိုလ် အက်ဥပဒေအရ ရန်ကုန်ကောလိပ်နှစ်ခုကိုပေါင်းစည်းကာ ရန်ကုန်တက္ကသိုလ်ဟူ၍ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။

ဂျပ်ဆင်ဘုရားရှိခိုးကျောင်းမှာ ယနေ့ထက်တိုင် တနင်္ဂနွေနေ့တိုင်း လူစည်ကားဆဲဖြစ်သည်။ အမေရိကန်အဖွဲ့က ဂျပ်ဆင်ဘုရားရှိခိုးကျောင်းကို တည်ဆောက်ခဲ့ကြသလို မြန်မာကျောင်းသားကြီးများကလည်း တက္ကသိုလ်ရိပ်သာလမ်းနှင့် လှည်းတန်းမီးပွိုင့်အနီး၌ တက္ကသိုလ်ဓမ္မာရုံကြီးကို  ၁၉၃၁-၃၂ ခုနှစ်တွင် တည်ဆောက်ပြုပြင်ခဲ့ကြသည်။

ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်းက ခရစ်ယာန်ဘုရားကျောင်းနှင့် ဗုဒ္ဓဘာသာ ဓမ္ဓာရုံကြီးတို့ နှစ်ခုစလုံးသည် ယခုအခါ အိုမင်းလာကြပြီဖြစ်သည်။ သမိုင်းဝင် နေရာများအဖြစ် တည်ရှိနေကြပြီဖြစ်သည်။ ဂျပ်ဆင်ဘုရားကျောင်းထိပ်မှာ လရိပ်ကတော့ သာဆဲပင်။

ဇာတ်လိုက်ကျော်အင်းလျားနှင့် အတိတ်ဆိုးတံတားဖြူ
“အိမ်ပြန်ချိန် .. တို့ခွဲ .. တစ်လမ်းစီမို့ .. ပြန်လည်ဆုံဆည်းကြနိုင်ဖို့ .. ကံကိုသာ မျှော်လင့်ရင်းအဝေးက .. တို့ သတိရနေမှာပါ ..””
ရေပြင်သည် လေအသော့တွင် လှိုင်းကြက်ခွပ်လေးများ လှုပ်ကာလှုပ်ကာဖြင့် အမြင်တင့်နေဆဲ။ တက္ကသိုလ် ကျောင်းသားနှင့် တက္ကသိုလ်ကျောင်းသူတို့၏ ချစ်သူ့နယ်မြေဖြစ်သော အင်းလျားကန်ပေါင်သည် တစ်သက်တာ လက်တွဲရမည့် အိမ်ထောင်ဖက်ကို ရွေးချယ်ပေးလိုက်လေ့ရှိသည်။ အင်းလျားကန်ပေါင်ထက်မှ ကျောင်းသား၊ ကျောင်းသူတို့၏ ခြေရာများမှာလည်း မေ့ပျောက်မရသည့် အမှတ်တရများထဲမှ တစ်ခုပင်ဖြစ်သည်။ အင်းလျားကန်ပေါင်အောက်ဘက် ပြည်လမ်းပေါ်မှ တံတားဖြူမှတ်တိုင်ကတော့စနစ်ဆိုးအောက်မှာ သွေးစက်တို့ဖုံးလွှမ်း၍ တံတားနီအဖြစ် အတိတ်ဆိုးတွင်ရစ်ခဲ့ရသည်။ ၁၉၈၈ မတ်လ ၁၆ ရက် (တံတားနီအရေးအခင်းနေ့)ကို တံတားဖြူမှတ်တိုင်နှင့် အင်းလျားရေပြင်ကြီးက ဘယ်တော့မှမမေ့။

အစဉ်အလာကြီးသော တက္ကသိုလ်
တစ်ချိန်က ရန်ကုန်တက္ကသိုလ်သည် ပညာရေးနှင့်ပတ်သက်လျှင် အရှေ့တောင်အာရှတွင် အစဉ်အလာကြီးမားခဲ့သည်။ ၁၉၆၀ မတိုင်မီအထိ နိုင်ငံရပ်ခြား အချို့မှ ကျောင်းသားကျောင်းသူများသည် ရန်ကုန်တက္ကသိုလ်တွင် လာရောက်ပညာသင်ကြားခဲ့ကြရသည်။

ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခဒေါက်တာလုစ်၊ ကျောင်းအုပ်ကြီး ဦးဖေမောင်တင်၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာတိုက်စိုး၊ ဒေါက်တာ သန်းထွန်း၊  ပါမောက္ခချုပ်ဒေါက်တာ ထင်အောင်၊ ဒေါက်တာသာလှ၊ ဒေါက်တာညီညီ၊ ဒေါက်တာမောင်မောင်ခတို့အပြင် အင်္ဂလိပ်စာဌာနမှဆရာကြီးဦးမျိုးမင်း၊ ဦးခင်မောင်လတ်၊ ဒဿနိကဗေဒပါမောက္ခ ဒေါက်တာခင်မောင်ဝင်း၊ ယခုနိုင်ငံတော်သမ္မတ အကြံပေး ဦးမြင့် (စီးပွားရေးတက္ကသိုလ်) တို့အထိ ပေါ်ထွန်းခဲ့ကြသည်။

အပြောင်းအလဲများရဲ့အစ၊ ကျောင်းသားသမဂ္ဂနဲ့ တိုက်ပွဲခေါ်သံ
ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ဒီဇင်ဘာလ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ဖွင့်ချင်းပင် ဆောက်နှင့်ထွင်းသလိုဖြစ်ခဲ့ရသည်။ ဖွင့်လှစ်လိုက်သည့် တက္ကသိုလ်နှင့်အတူ ပေါ်ထွက်လာခဲ့သည့် ကိုလိုနီနယ်ချဲ့အစိုးရ၏ ၁၉၂၀  ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင်သောအားဖြင့် ကျောင်းသား ၂၆ ဦး ခေါင်းဆောင်၍ ပထမကျောင်းသားသပိတ်ကြီးကို ၁၉၂၀ ဒီဇင်ဘာ ၅ ရက်နေ့ (တန်
ဆောင်မုန်းလဆုတ် ၁၀ ရက်) တွင် စတင်ဆင်နွှဲခဲ့ကြသည်။ ထိုသပိတ်ကြီး၏ နောက်ဆက်တွဲအဖြစ် ယနေ့နိုင်ငံတော်က သတ်မှတ်ထား
သော အမျိုးသားနေ့အဖြစ် ပေါ်ပေါက်လာခဲ့သည်။

၁၉၃၈ ဒီဇင်ဘာလ ၂၀ ရက် ဒုတိယကျောင်းသားသပိတ်တွင် အတွင်းဝန်များရုံးကို ကျောင်းသားများ ၀ိုင်းဝန်းဆန္ဒပြခဲ့ကြရာမှ မြင်းစီးပုလိပ်များ၏ ရိုက်နှက်မှုကြောင့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးခဲ့ရသည်။

ကိုနု၊ ကိုအောင်ဆန်း၊ ကိုသိန်းဖေ၊ ကိုသိန်းတင် (ညိုမြ)၊ ကိုကျော်ငြိမ်းတို့သည် ကျောင်းသားသမဂ္ဂကို ဦးဆောင်၍ နယ်ချဲ့အား ဆန့်ကျင်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီး ခေတ်တွင်လည်း ကျောင်းသား သမဂ္ဂနှင့် ကျောင်းသားခေါင်းဆောင်အသီးသီးသည် ကျောင်းသားအခွင့်အရေးသာမက ပြည် တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးတို့တွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့ကြစမြဲ။

ဤသို့ဖြင့် ၁၉၆၂ ခုနှစ်၊ ဇူလိုင် လ ၇ ရက်တွင် စစ်အာဏာရှင် နေ၀င်း၏ တပ်များက သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံကို မိုင်းခွဲဖျက်ဆီးရုံသာမက ပစ်ခတ်မှုကြောင့်  ကျောင်းသားကျောင်းသူပေါင်း ရာနှင့်ချီကျဆုံးခဲ့ရသည်။ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းနှင့် ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးတော်ပုံတို့တွင် ကျောင်းသားများရက်စက်စွာ သတ်ဖြတ်ခံကြရသော်လည်း ဦးကားမညွတ်။

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် လုံထိန်းများ၏ လက်ချက်ဖြင့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရသည်။ ထိုမှစ၍ ကျောင်းသားလှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး  ၁၉၉၆ တွင် ကျောင်းသားသပိတ်တစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ နောက်ပိုင်းတွင်  ရန်ကုန်တက္ကသိုလ်ကိုပိတ်ပစ်ခဲ့ပြီး တက္ကသိုလ်သစ်များကို ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များ၏ အပြင်ဘက်သို့တိုင် ပြောင်းရွှေ့တည်ဆောက်ကာ ကျောင်းသားကျောင်းသူများကို ဝေးလံစွာ တက်ရောက်စေခဲ့သည်မှာ ယနေ့ထိတိုင်ပင်ဖြစ်သည်။

ကျောင်းသားများသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး သံဃာ့အရေးအခင်းကြီးတွင်လည်း သံဃာထုနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ ကြသည်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲများနှင့် ကြီးမားသော လှုပ်ရှားမှုတိုင်းတွင် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားများကတိုင်းပြည်အတွက် အမြဲဦးဆောင် ပါဝင်ခဲ့ကြလေသည်။

ရန်ကုန်တက္ကသိုလ် ပြန်လည်အသက်ဝင်လာတော့မည်လော
“လိုင်ဘရီလေးလည်း တို့နဲ့ ဝေး .. အာစီလေးလည်း သတိရမိတယ် .. ရင်မှာလွမ်းလို့ ကျတဲ့ မျက်ရည် .. ဂျပ်ဆင်အိုကလေး .. ဘယ်မမေ့ဘူး...”
နှစ်များစွာကြာအောင် စွန့်ပစ်ခြင်းခံထားရသည့် ရန်ကုန်တက္ကသိုလ်နယ်မြေသည် သမ္မတ ဦးသိန်းစိန်ဦးဆောင်သော ဒီမိုကရေစီအစိုးရသစ် လက်ထက်တွင် ပြန်လည်အသက်ဝင်လာတော့မည့် သဏ္ဍာန်ကို ခပ်ရေးရေးတွေ့လာရသည်။  အမေရိကန် သမ္မတဘားရက်အိုဘားမား၏  နိုဝင်ဘာ ၁၉ ရက် ခရီးစဉ်တွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအတွင်း မိန့်ခွန်းပြောကြားပြီးနောက် ရန်ကုန်တက္ကသိုလ်အား ပြည်တွင်းပြည်ပမှ ပြန်လည်အာရုံစိုက်မိလာကြခြင်းသည် တက္ကသိုလ်နယ်မြေ၏    ပြန်လည်ရှင်သန်မှုအတွက် ရောင်နီဦးတစ်ရပ်ပင်ဖြစ်ပါသည်။

ပြင်ဆင်မှုများပြုလုပ်လာသည့် ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်းများ၊ အင်္ဂလိပ်စာ သင်တန်းများ၊ ဖွင့်လှစ်နေဆဲဖြစ်
သော်လည်း အများစုသော ကျောင်းဆောင်များကတော့   သော့ခတ်ထားဆဲ။

ထိုကျောင်းဆောင်များသည် တိုင်းပြည်အနာဂတ်ကို ဖန်တီးမည့် ကျောင်းသား၊ ကျောင်းသူများကို စောင့်ကြိုနေပါသည်။ အဓိပတိလမ်းကြီး သည်လည်းကောင်း၊ သစ်ပုပ်ပင်ကြီးသည်လည်းကောင်း၊ ဂျပ်ဆင်အိုကြီးသည်လည်းကောင်း၊ ဘွဲ့နှင်းသဘင်ကြီးသည်လည်းကောင်း တစ်ချိန်က အရှေ့တောင်အာရှတွင် လက်မထောင်နိုင်ခဲ့သည့် ပညာရေးစနစ်တစ်ရပ်နှင့် ပညာရည်နို့သောက်စို့ကြမည့် ရင်သွေးများကို မျှော်လင့်ကြိုဆို နေပါသည်။

ကံ့ကော်ပန်းများ ပင်လုံးကျွတ် ဝေေ၀ဆာဆာပွင့်လာမည့် တစ်နေ့တွင် အဓိပတိလမ်းမကြီးပေါ်၌ တက်ကြွသော ခြေသံများနှင့် ချိုလွင်လတ်ဆတ်သော ရယ်သံများ ပျံ့လွင့်လာပါလိမ့်ဦးမည်။ ယခုတော့ လေတစ်ချက်ဝှေ့လိုက်တိုင်း ရွက်ခြောက်များ တရှဲရှဲ အော်မြည်၍ တဖွေ့ဖွေ့ တဖွဲဖွဲ ကြွေကျ နေဆဲ .....။

မှတ်ချက်-တို့သတိရနေမှာပါသီချင်းကို လူမောင်(ဆေး-၁)ရေးဖွဲ့ခြင်းဖြစ်ပါသည်။


ရေးသားသူ- ဥက္ကာကိုကို

“ကန်ရေပြင် မြေနီလမ်း ..တို့နဲ့ဝေး ..စွယ်တော်ခုံပြာတန်း တို့နဲ့ဝေး .. ယုံပါကွာ အချစ်ဆုံးမင်းကို . တို့တော့ သတိရ 
နေမှာပါ ...”

အမေရိကန် သင်္ချာပြိုင်ပွဲသို့ မြန်မာ ကျောင်းသားများ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြု


အမေရိကန် နိုင်ငံက စစ်ဆေးမည့် Math Olympiads for Elementary and Middle School (MOEMS) သင်္ချာပြိုင်ပွဲသို့ မြန်မာ ကျောင်းသားများ ပထမဆုံး အကြိမ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင် နိုင်မည် ဖြစ်ကြောင်း T & H After School Maths for Kids ကျောင်း မှ ကျောင်း အုပ် ဒေါ်နှင်းဆက်အေးက The Voice Weekly သို့ ပြောကြားသည်။

ပရဟိတမိသားစု(ပြည်)


Photo: မေတ္တာ ပရဟိတဂေဟာရှေ့မှာ ပီတိကိုယ်စီနဲ့ မိသားစု ဝင်တွေ
ကျွန်တော်တို့ ပရဟိတမိသားစု လေးကို ပြည်မြို့ ကိုးသောင်း သာသနာ့မင်္ဂလာစာသင်တိုက် တွင် ၂၂ ၅ ၂၀၁၁ တွင် စတင်ဖွဲ့စည်းခဲ့ပါတယ်
၂၀၁၀ကတည်းက စတင်လုပ်ဆောင်ခဲ့ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုမှ ပြန်လည် စတင်ခြင်းဖြစ်ပါသည်

Thursday, 20 December 2012

ရန်ကုန်တက္ကသိုလ် စာသင်နှစ်များ


(၁)
ကျွန်မ မန္တလေးတက္ကသိုလ်မှာ ပညာသင်ကြားခဲ့တဲ့ အတွေ့အကြုံရေးခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်မရဲ့ စာသင်ဘဝမှာ ရန်ကုန် တက္ကသိုလ်ကိုလည်း ချန်လှပ်လို့ မရပါ။ မက်ထရစ်စာမေးပွဲ အောင်ပြီးတာနဲ့ ရန်ကုန် တက္ကသိုလ်ကို တန်းရောက်ခဲ့ပါတယ်။ အမှန်တိုင်း ပြောရရင် ကျွန်မတို့ ဆွေမျိုးထဲ ရှားရှား ပါးပါး တက္ကသိုလ်ကို ရောက်ခဲ့တာ ကျွန်မ တစ်ယောက်ထဲပဲ ရှိခဲ့ပါတယ်။ ကျွန်မ မေမေ၊ အဒေါ်နဲ့ ဦးလေးတွေက ဆေးလိုင်းကို ဝင်စေချင်ကြတယ်။ သည်တုံးက အမှတ်သတ်မှတ်ချက် မရှိခဲ့ပါ။

ဆရာမှတ်စု (၂)


သေကံမရောက် သက်မပျောက်
(၁)
မနက်ခရီးထွက်ရမည်ဖြစ်သဖြင့် နံနက် ၃ နာရီလောက် ကတည်းကနိုးနေသည်။ တပည့်ကျော် ၀င်းထိန်က လုံခြည်လေးခြုံပြီး ကွေးနေသည်။
“ဟေ့ကောင် ၀င်းထိန်.. ထတော့။ ၄ နာရီလောက်မှာ ဒီကထွက်မှ တော်ရုံကျမှာ”
တပည့်ကျော်က မထချင် ထချင်နှင့် မျက်စိတွေပွတ်ပြီး ကြောင်တောင်တောင် လုပ်နေသဖြင့်၊ ခေါင်းကို ဒေါက်ခနဲ ခေါက်လိုက်မှ ပြူးပြူးပြာပြာထကာ အိမ်နောက်သို့ ၀င်သွားသည်။

Sunday, 16 December 2012

ရွှေရည်လောင်းပေးနေတဲ့ စာသင်ကျောင်းတဲ့လားဗျာ


ဒါ အနာဂါတ်ကြယ်ပွင့်လေးတွေအတွက် ရွှေရည်လောင်းပေးနေတဲ့ စာသင်ကျောင်းတဲ့လားဗျာ အကာကလည်းမလုံဘူး ကြမ်းခင်းတွေလည်း ကလေးတွေအတွက် အန္တရာယ်များလှပါတယ် တံခါးကလည်း ကြိုးနဲ့ချည်ထားရပါတယ် ဘယ်လိုလုပ်ပါ့မလည်း ဘယ်လိုလုပ်ပေးရင် ရမလည်းလို့ တွေးနေမိပါတယ် ပြန်ခါနီးတော့ ကလေးတွေ လက်ပြနှုတ်ဆက်ကြပါတယ်
နောက်တစ်ခါ လာရဦးမှာပါလားလို့လည်း တွေးနေမိပါတယ်
ဒါ အနာဂါတ်ကြယ်ပွင့်လေးတွေအတွက် ရွှေရည်လောင်းပေးနေတဲ့ စာသင်ကျောင်းတဲ့လားဗျာ။

ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် တွေ ဘယ်လည်း-ဘယ်တော့လည်း?


မန်းနှင့်ရန်ကုန်နည်းပညာတက္ကသိုလ်နှစ်ခုတို့၏စီမံခန့်ခွဲမှုနှင့် သင်ကြားရေးအပိုင်းကို
ဝန်ြ့ကီးဌာနစွက်ဖက်မှုမပါဝင်ဘဲသီးခြား ဆောင်ရွက်ခွင့်ပေး

်မန်းနှင့်ရန်ကုန်နည်းပညာတက္ကသိုလ်နှစ်ခုတို့၏စီမံခန့်ခွဲမှုနှင့် သင်ကြားရေးအပိုင်းကို ၀န်ြ့ကီးဌာနစွက်ဖက်မှုမပါဝင်ဘဲသီးခြား
...ဆောင်ရွက်ခွင့်ပေးထားကြောင်းသိရသည်။
"YTUနှင့်MTUတို့ဆိုတာနဂိုထဲကစီမံခန့်ခွဲမှုတို့သင်ကြားရေးအပိုင်းတို့မှာ အုပ်ချုပ်ရေးအဖွဲ့တွေရှိကြတယ်။
ကျန်တဲ့နည်းပညာတက္ကသိုလ်တွေအားလုံးမှာတော့
စီမံ/သင်ကြားမှုကိုအပေါ်ကနေကြီးကြပ်တဲ့တစ်ဖွဲ့ပဲရှိတယ်။
ဒါကြောင့် အခုတက္ကသိုလ်နှစ်ခုကလွတ်ကင်းနေတာပါ"ဟုသိပံနှင့်နည်းပညာဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။
Popular Myanmar News Journal
မန်းနှင့်ရန်ကုန်နည်းပညာတက္ကသိုလ
်နှစ်ခုတို့၏စီမံခန့်ခွဲမှုနှင့် သင်ကြားရေးအပိုင်းကို
ဝန်ြ့ကီးဌာနစွက်ဖက်မှုမပါဝင်ဘဲသီးခြား ဆောင်ရွက်ခွင့်ပေး

သင်ဒါတွေကို သတိထားမိပါသလား



(၁)Vatican City က ကမ္ဘာပေါ်မှာ အသေးဆုံး နိုင်ငံဖြစ်ပြီး
လူဦးရေ ၁၀၀၀ ကျော် နဲ့
အကျယ်အ၀န်းက ၁၀၈.၇ ဧကပဲရှိတယ်။