“အိပ်မက်ဆိုးများထဲက ကျောင်းအိပ်မက်ဆိုး”
ကျောင်းသားတွေစုမှာ၊ ဆန္ဒပြမှုတွေပေါ်ပေါက်လာမှာ၊ ကျောင်းသားလှုပ်ရှား
မှုတွေဖြစ်လာမှာ စိုးရိမ်မှုနဲ့တက္ကသိုလ် ကျောင်းတွေကို မြို့ စွန်၊
မြို့ပြင်ထုတ် ပစ်လိုက်၊ မြို့ပြင်ထုတ်နေစဲ
အကျိုးဆက်များကိုပြန်တွက်ကြည့်တဲ့အခါ။
၁။ မိဘများကိုမလိုလားအပ်သော ကျောင်းစားရိတ်များ(ဖယ်ရီကြေး၊ တက္ကစီ ခ၊ ဆိုက်ကယ်ဖိုး) ပိုမိုကုန်စေခြင်း
၂။ ကျောင်းသားများ မိဘ၊ အုပ်ထိန်းသူ၊ တာဝန်ရှိသူများရဲ့ နားမျက်စိကွယ် ရာမှာ ဖြစ်ချင်တိုင်းဖြစ်နေကြခြင်း
၃။ ယဉ်ကားမတော်တဆမှုများကြောင့် နှစ်စဉ် ကျောင်းသူ/သားများသေ
ဆုံးထိခိုက်မှုများရှိခြင်း(နယ်က ကျောင်းသားလေးတွေ ဟာ ဆိုက်ကယ်၊
သုံးဘီးဆိုက်ကယ်စတာတွေနဲ့ကျောင်းတက်ကြရသလို၊ ရန်ကုန်မှာလည်း
ဘီအမ်လို့ခေါ်တဲ့ စစ်ပြီးခေတ် လက်ကျန်ကားတွေကို
ကျောင်းကားအဖြစ်အသုံးပြုနေကြရတာပါ။)
၎။ နိုင်ငံအတွက် အသုံးကျ၊ အကျိုးပြုမည့်အချိန်များ၊ ငွေကြေးများဟာ
ကျောင်းနှင့်ဝေးကွာလွန်းသောကြောင့် ကုန်ရသော ကျောင်းသွားချိန်(ဆီ၊ ဂတ်စ်၊ လမ်းစရိတ်၊ စာသင်ချိန်)ပေါ်တွင် လေလွင့်သွားခြင်း
၅။ ကျောင်းသားများ ပညာရပ်အပေါ်လေးနက်စွာစိတ်ဝင်စားမှုမရှိ
တော့ခြင်းစတဲ့ဆိုးကျိုးများကို ရင်ဆိုင်လာရစေပါတယ်။
ဒါဟာ အကြမ်းဖျင်းတွက်ချက်မှုဘဲရှိပါသေးတယ်။ အရွယ်မတိုင်ခင်
ပညာတစ်ပိုင်းတစနဲ့ ကျောင်းစားရိတ်တွေမတတ်နိုင်လို့
ကျောင်းထွက်သွားရတဲ့ကျောင်းသားတွေ၊ ဖိဖိစီးစီးစာသင်ကြားခွင့်မရလို့
ဘွဲ့စာရွက်ကလွဲပြီး ဘာမှမရလိုက်တဲ့ကျောင်းသား တွေဟာလည်း ပြည်နယ်တိုင်းမှာ
အများ ကြီးပါ။ ဒါဟာ တစ်ဦးချင်းနစ်နာမှုဖြစ်သလို၊ နိုင်ငံအတွက် နစ်နာမှုလည်း
ဖြစ်ပါတယ်။
ဒါကိုကြည့်ရင် တက္ကသိုလ်ကျောင်းသားကျောင်းတွေနဲ့ ကျောင်းသားကျောင်း
သူမိဘတွေချည်း ရင်ဆိုင်နေရတဲ့ပြသနာမ ဟုတ်ဘူးဆိုတာ သိသာပါတယ်။
အစိုးရမှာလည်း ပညာရေးအသုံးစားရိတ်တွေကို မလိုအပ်သော ကျောင်း ကားများအတွက်
သုံးရသည့် ဆီ၊ ဂတ်စ်၊ စားရိတ်များထောင်းပါတယ်။ ချော
ဆွဲတယ်။ က၊ ည၊ နက
ကျခံပေးတယ်ဆိုလည်း တဖက်ကပြန်ကုန် တာပါ ဘဲ။ ကျောင်းလုံခြုံရေးနဲ့
ပြုပြင်ထိန်းသိမ်း(အောက်ခြေမှာ လုပ်တာမလုပ် တာအသာထား)တွေ ထောင်းပါတယ်။
နယ်တွေမှာ ၅ မိနစ်စာလောက်ဘဲ ဝေးတဲ့ကျောင်းလေးကို မသွားနိုင်လို့၊
သွားဖို့မတက်နိုင်လို့ ကျောင်းထွက်လိုက်ရတဲ့ မူလ တန်း၊ အလယ်တန်း
အရွယ်ကျောင်းသားလေးတွေ အများချည်းပါ။ ၅မိနစ်အဝေးကို ဘာကြောင့်
မသွားနိုင်တာလည်းဆို တော့ ကျောင်းရှိတဲ့ရွာနဲ့ မိမိရွာအကြား မှာ ရေတက်
ရေကျရှိတဲ့ ချောင်းကြီးရှိနေလို့ပါ။ ကျောင်းစရိတ်လှေခအပြင်၊ ကလေး တွေ
ချည်း ဘဲလွှတ်မရတဲ့အတွက် မိဘမောင်ဘွားတွေပါ လိုက်ပါစောင့်လျောက် ရတဲ့အတွက်
ဆင်းရဲသားမိသားစုတွေခမျာ အဲဒီပြဿနာကို အကောင်းဆုံး
ဖြေ ရှင်းလိုက်နိုင်တာက ကလေးကိုကျောင်းထုတ်လိုက်ကြတာပါပဲ။
ဒါတင်လား။ ချင်းတောင်ဘက်တွေမှာ ဗလာစာအုပ်လေးတစ်အုပ်ဝယ်ဖို့
စာအုပ်အရောင်းဆိုင်ကို နေ့တ၀က်ခရီးသွားရတဲ့ ကလေးလေးတွေရှိပါ တယ်။
နေမကောင်းလို့ဆေးခန်းသွားပြတာ မနက် ၆ နာရီကနေဆေး ခန်းသွားတာ နေ့လည် ၁၂နာရီ
လောက်မှ ဆေးခန်းရောက်တဲ့ ကလေးလေး
တွေ အများချည်းပါ။
နောက်
ဘာသာစကားပြဿနာ။ ချင်း၊ ကချင်၊ ကရင် မည်သည့်တိုင်းရင်း သားကလေးလေးတွေမဆိုဟာ
သူတို့ မိဘကျေး ရွာမှာ အသက် ၅ နှစ်အ ထိ နေလာစဉ်တလျောက်လုံးမှာ
သူတို့မိရိုးဖလာဘာသာစကား နဲ့ ပြောဆို ဆက်ဆံရာကနေ စာသင်ကျောင်းဆိုတဲ့
ပျော်ရွှင်ဖွယ်အ၀န်းအ၀ိုင်းလို့ လူကြိး
တွေသတ်မှတ်ပေးတဲ့နေရာလေးကို ၀ုန်းဆိုအရောက်မှာ သူတို့နားမလည်တဲ့
မြန်မာစာ၊ မြန်မာစကားတွေနဲ့ တည့်တည့်တိုးတဲ့အချိန်မှာ ကလေးလေးတွေ
ရဲ့စိတ်မှာ စာနဲ့ ကျောင်းဟာ ထိတ်လန့်စရာကြီးဖြစ်သွားရရှာပါတယ်။
ကျောင်းခေါ်ရာသီအစမှာ ကလေးတချို့ဖျားတတ်နာတတ်ကြပါတယ်။ နှုန်းချိ
ပြီးကိုယ်ပူတတ်ကြပါတယ်။ အိမ်မှာတစ်ရက် ၂ ရက်လောက်နေလိုက်ရင် အဲဒီ
ကလေးပြန်သက်သားသွားတတ်ပါတယ်။ အဲဒါဟာ ကလေးစိတ်ကိုထိ ခိုက်လို့ဖြစ်တတ်တဲ့
အခြေခံအကျဆုံးပြသနာလို့ထင်ပါတယ်။ စဉ်းစားစေချင်
လို့ပါ။
သင်တဲ့ဆရာမလေးကလည်း ကလေးတွေနားလည်တဲ့ ဘာသာစကားကို
သေချာနား မလည်၊ မကျွမ်းကျင်တဲ့ မြေပြန့် သို့ မဟုတ် အခြားဒေသတစ် ခုခုက
တာဝန်ပေးခံရလို့ရောက်လာရရှာတဲ့ ဆရာမလေးတွေဖြစ်တော့ ကလေးနဲ့ ဆရာကြားက
ဆက်သွယ်ဆက်ဆံရေးဟာ ကြိမ်လုံး သို့မဟုတ် ပေ တံ သို့မဟုတ်
အပြစ်ပေးနည်းတမျိုးမျိုးဖြစ်သွားရတဲ့အခါမှာ ကလေးတစ်
ယောက်ရဲ့ ကျောင်းသွားချိန်တွေဟာ ငရဲကာလတွေဖြစ် လာပါတော့တယ်။
ဒီလိုဘဲ မိဘတွေအနေနဲ့ အဆင်မပြေမှုရဲ့ ဖြေရှင်းချက်အနေနဲ့ ကလေးကို
စားပွဲထိုး၊ အိမ်ဖော်စတဲ့အလုပ်ခိုင်းဖို့ ကျောင်းထုတ်ရတာ သိပ်လွယ်သွားပါ
တော့တယ်။
ကျွန်တော်တို့ခေတ်မှာ မီးလင်းဖိုဘေး စာသွားဖတ်၊ လမ်းမီးတိုင်အောက်မှာ
စာအပတ်တကုတ်ကျက်ပြီး အောင်မြင်ထင်ရှားတယ်ဆိုတဲ့ လင်ကွန်းလို
လူတွေမျှော်ကိုးလို့မရနိုင်တော့ပါ။ ကျေးလက်ကအိမ်တစ်အိမ်မှာ ကျောင်းမှန်
မှန်တက်ပြီး စာအော်ကျက်နေတဲ့ကလေးထက် မြို့တက်ပြီး စားပွဲထိုးလုပ်၊
အိမ်ဖော်လုပ်ပြီး မိဘထံပိုက်ဆံပြန်ပို့နိုင်တဲ့ကလေးက ရွှေသားရွှေသမီးတွေ
ဖြစ်နေရသလို၊ အင်းဂလိပ်လိုဆိုရင်တော့ ဘရတ်ဝင်းနား၊ အက်ဆန်ရှယ်စ တိတ်ခ်ဟိုဒါအော့ဖ် ဖမ်မလီပေါ့ဗျာ။
အမျိုးသမီးများ ပညာသင်ကြားခွင့်အတွက် ကြွေးကြော်တိုက်ပွဲဝင်တောင်းဆို
ခဲ့တဲ့ ပါကစ္စတန်က ၁၄နှစ်သမီးလေး မာလာ လာယူဆက်လေးကို သေနတ်
နဲ့တေ့ပစ်ခံလိုက်ရတုန်းက ကမ္ဘာအပါအ၀င် ကျွန်တော်တို့နိုင်ငံမှာလည်း
တော်တော်များများ စိတ်မကောင်း၊ ဒေါသဖြစ်ခဲ့ရသူတွေ ထုနဲ့ဒေးပါ။ ကျွန်
တော်ကိုယ်တိုင်ကိုပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံက မူလတန်း အရွယ်၊ အလယ်တန်း အရွယ်ကလေးငယ်လေးတွေမှသည် တက္ကသိုလ်
ကျောင်းသားတွေအထိလည်း နိုင်ငံရေးစနစ်၊ ပညာစရေးစနစ်နဲ့ ပညာရေး
ဆိုင်ရာစီမံခန့်ခွဲမှုစနစ် ညံ့ဖျင်းမှုဆိုတဲ့ စက်သေနတ်နဲ့
နှစ်တိုင်းနှစ်တိုင်း တ ဒိုင်းဒိုင်းတေ့ ပစ်ခံရပြီး
ကျောင်းပြင်ပကိုဘုန်းဘုန်းလဲရောက်ရှိ ကျဆုံးနေကြ
ရရှာတဲ့ ကလေးတွေ၊
ကျောင်းသားကျောင်းသူတွေအားလုံးအတွက် ကျွန်တော်တို့တွေ
ဘယ်သူတာဝန်အရှိဆုံးလို့ အော်ဟစ်ညည်း ညူနေကြဦး မလဲခင်ဗျာ……….။
စိမ်းခက်စိုး။
အကြမ်း............................
No comments:
Post a Comment