ဒီလိုနဲ့ တိမ်ပြာလေးဟာဖြင့် Ivy Tech Community College မှာ ဈေးနှုန်းသက်သာစွာဖြင့် တက်ခွင့်ရသော Transfer Courses for Purdue University ကိုပဲ တက်ရင်း စိတ်ကူးထဲက နန်းတော်ကြီးကို အကောင်အထည်ဖော်နေရပါတော့တယ်၊၊ နောက်ဆုံးနှစ်နှစ်ကိုပဲ Purdue University သွားတက်မှာပါ၊၊ Community College ကနေ တဆင့်သွားခြင်းရဲ့ အားသာချက်ကတော့ ကျောင်းစရိတ် တစ်ဝက်ခန့်သက်သာပြီး အားနည်းချက်တွေကတော့ သက်ဆိုင်ရာ Elective Course တွေ ယူလို့ မရပါဘူး၊၊ General Study အတွက် လိုအပ်တဲ့ Course တွေကို Ivy Tech မှာပဲ အပြီးယူဖို့ စဉ်းစားထားပါတယ်၊၊
![]() | ||
| Source: Google |
![]() | ||||
| Register ရုံးခန်းရှိတဲ့ ဝင်ပေါက်ပါ Source: Google |
Ivy Tech Community College မှာ ကျောင်းသားစုစုပေါင်း 27,000 သင်ကြားနေကြပါတယ်၊၊
AAS( Associate of Applied Science), AA( Associate of Art ), AS ( Associate of Science ) ဒီဂရီတွေကို ချီးမြင့်ပါတယ်၊၊ အမေရိကန်ကျောင်းသားတချို့တွေဟာ ဒီလို community college တွေမှာ နှစ်နှစ်တက်ပြီး University, Four year College တွေကို transfer လုပ်ကြပါတယ်၊၊ အဓိက အကြောင်းရင်းကတော့ ငွေကုန်ကြေးကျသက်သာလို့ပါ၊၊ ဒီနည်းလမ်းကို ရွေးချယ်ကြတဲ့သူတွေဟာ ကျောင်းပြီးသွားရင် ပြန်ဆပ်ရမယ့် အကြွေးဟာ 4 Year University တက်တဲ့ သူတွေလောက် မများတော့ပါဘူး ၊၊
အမေရိကန်ပြည်ထောင်စုမှာ အထက်တန်းအထိကို အခမဲ့ တက်ခွင့်ပေးထားပါတယ်၊၊ အဲဒါကြောင့်ပဲ University, College တွေ တက်ရင် မတန်တဆ ဈေးကြီးလွန်းတာလားလို့ စဉ်းစားမိပါတယ်၊၊ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ပညာရေးကို ပိုင်ဆိုင်ထားတဲ့ အမေရိကန်နိုင်ငံဟာ ပြည်ပကနေ ပညာလာသင်တဲ့ ကျောင်းသားတွေဆီက မနည်းလှတဲ့ ဝင်ငွေတစ်ခုကို ရရှိထားပါတယ်၊၊ ဒါပေမယ့် ဒီနောက်ပိုင်းမှာ ပညာရှင်တွေစိုးရိမ်တာ တစ်ခုရှိပါတယ်၊၊ Professional ပညာရှင် လေးဦးမှာ တစ်ဦးဟာ ပြည်ပမှာမွေးဖွားတဲ့ သူတွေဖြစ်နေတာပါပဲ၊၊ ကျွန်တော့်ရဲ့ အရင်ပိုစ်မှာ ပြောထားသလိုပါပဲ မိဘတွေနဲ့ ယဉ်ကျေးမှုတွေကြောင့်ပဲလို့ ထင်ပါတယ်၊၊ အမေရိကန်မိဘတွေဟာ သူတို့သားသမီးတွေကို စိတ်ကြိုက်လုပ်ပိုင်ခွင့်အပြည့်အဝ ပေးထားတဲ့အတွက်ကြောင့်မို့ ကလေးတွေဟာ သူတို့သန်ရာ ဝါသနာပါရာတွေကို လုပ်နေတာကြောင့်လည်း အကြောင်းတစ်ခုဖြစ်မှာပါ၊၊
ကျွန်တော်ကတော့ဖြင့် ဝါသနာပါတာတွေ အမြောက်အများရှိပေမယ့် ဦးနှောက်က အဲဒီအရာတွေကို ဦးစားမပေးသင့်ဘူးလို့ ထိန်းချုပ်နေတုန်းပါပဲ၊၊ ခက်ခက်ခဲခဲနဲ့ကျောင်းတက်ခွင့်ရပြီးမှတော့ music ၊ Social တို့လိုမေဂျာမျိုးကို ယူဖို့သတ္တိမရှိပါဘူး၊၊ ကျောင်းပြီးရင်အလုပ်မရနိုင်မှာစိုးလို့ပါ :)
မနောမြေ ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။



No comments:
Post a Comment