ကော့မှူးမြို့နယ်မှာ မြေးကိုရိုက်တဲ့ ကျောင်းဆရာကို အဘွားဖြစ်သူက
ပါးရိုက်သောကြောင့် ပြည်သူ့ ဝန်ထမ်းကို နာကျင်စေမှုနှင့် အမှုဖွင့်ထားကြောင်း
စိတ်မကောင်းဖွယ်ရာ သတင်းဖတ်လိုက်ရသည်။ ကသာမြို့နယ်၌လည်း သားဖြစ်သူကို
ကျောင်းဆရာက ရိုက်ရကောင်းလားဆိုပြီး အထက်သို့တင်ပြ တိုင်တန်းထားရာ
မြို့နယ်ပညာရေးမှူးက ခုံအဖွဲ့ ဖွဲ့၍ စစ်ဆေးအရေးယူနေသည့် သတင်းထပ်မံကြား
လုိက္ရျ
ပန်ပါသည်။ ထူးဆန်းလိုက်လေ။
နာနာကြင်ကြင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုမြင်က၊ ဆုံးမတတ်သူ၊ ဆရာဟူ ၏တဲ့။ ပညာလည်းသင်၊ လူလည်းပြင် (စာရိတ္တ ပြုပြင်ပေးခြင်း) လုပ်နေရသော ဆရာတွေ၊ ဆရာမတွေ ရှေ့လျှောက်ဘယ်လိုပုံ ဘယ်လိုနည်းများဖြင့် ပညာရေးပန်းတိုင်ကို သင်ကြားရေးလှော်တက်၊ ပဲ့ပင်ရေးလှော်တက်များဖြင့် ခရီးသွားကြပါမည်နည်း။ ထိုဖြစ်ရပ်ဖြစ်ပွားပြီးနောက်ပိုင်း
ပညာသင် ကျောင်းသားသူငယ် လူမမယ်လေးများ ထင်တိုင်းကြဲပြီး
ဖြစ်ချင်သလိုဖြစ်နေသည်ကို ဒီအတိုင်း ကြည့်နေရုံကလွဲ၍
အခြားနည်းလမ်းရှိအံ့မထင်။
ဆရာကခပ်ဖွဖွလေး ခေါင်းခေါက်မိတာတောင် ကျောင်းသားက မကျေမနပ်ဖြင့် တောက်ပြန်ခတ် သတဲ့။ 'ရှေ့က ကျောင်းသားတစ်ယောက်တိုင်လို့  အရေးယူထားတာမကြာသေးဘူး။ ဘာများမှတ်နေ သလဲ' ဟု ပြန်လည်ကြိမ်းကြုံးဝါးသတဲ့။ ကောင်းကြပါပေ့
အရပ်ကတို့။ ယခုဆိုလျှင် စာမေးပွဲဖြေဆိုနေ သောကျောင်းသားတစ်ယောက်က
မိတ္ထူဘာဂျာခေါက်ကလေးဖြင့် စာခိုးချနေသည်ကိုပင် မည်သူမျှ မသိမ်းဆည်းရဲကြ။
ကျောင်းသားက အုတ်ခဲတစ်လုံးကို စာရေးစားပွဲပေါ်တင်ထားပါသတဲ့ ။ လာသိမ်းတဲ့ ဆရာ၊ ဆရာမကို ထုပစ်မယ်ပေါ့။
အကြိမ်ကြိမ် စမ်းသပ်နေဆဲဖြစ်သော ပညာရေးစနစ်ထဲ၌ ဖူးဖူးမှုတ် သင်ကြားရေးတို့၊ ထိန်းထိန်းပွေ့ပွေ့ သင်ကြားရေးတို့၊ ချော့ချော့မော့မော့ သင်ကြားရေးတို့၊ နော့တော့တော့ပျော့ပေါ့ပေါ့သ င်ကြားရေးတို့ ထည့်သွင်းနိုင်ရန် ပညာရှင်များသုတေသန ဆက်လုပ်ရန်သာ ကျန်တော့၏။ ဒါဟာ ခေါင်းစားရမည့် ကိစ္စထူးဖြစ်သည်။
ယခုဆိုလျှင် ကျောင်းဆရာ၊ ဆရာမများသည် လန့်ဆရာ၊ဆရာမ (ကြောက်ဆရာ၊ဆရာမ) ဖြစ်မှန်းမသိ ဖြစ်နေကုန်ပြီ။ အစဉ်အလာအရ သီတင်းကျွတ် အာစရိယပူဇော်ပွဲ လုပ်မည်ဆိုတာတောင် ဟိုကြောက်၊ သည်ကြောက် (ကြောက်လန့်နေရ၍) ကျောင်းသား/သူ ထံမှ ငွေမကောက်ခံရဲတော့သော အတန်းပိုင် တို့ကြောင့် လက်အုပ်ချီ (ပစ္စည်းမပါ) ကန်တော့ခန်းဖြင့် ဆန်းပြားစွာကျင်းပနေသော သတင်းအထူး အဆန်းများလည်း ကြားနေရပြီဖြစ်သည်။ ဘယ့်နှယ်လုပ်မည်နည်း။
မိမိတို့ရပ်ရွာ၊ မိမိတို့သားသမီးများ၏ ဘဝရှေ့ရေးအတွက် လာရောက်အရောင်သွေးပေးနေသော ဆရာသခင်တို့ကို ကျေးဇူးမတင်ချင်နေနိုင်ပါသည်။
မစော်ကားသင့်ပါ။ သူတို့ခမျာ မိဝေး၊ ဖဝေးမြို့ကြီး ပြကြီးနှင့် ဝေး၍
မှိတ်တုတ်မှိတ်တုတ် မီးရောင်ပျပျအောက်မှာ သူတို့ဘယ်လောက်များ အားငယ်နေရှာ
ကြမလဲ။ "နိုင်ငံလစာ စားနေရတဲ့ဟာတွေပဲ။ ဒါတော့သူတာဝန်သူလုပ်ရမှာပေါ့ " ဟု ရက်ရက်စက်စက် မပြောသင့်၊ မမြင်သင့်ပါ။ ယခုအခါ ကျေးရွာတော်တော်များများ၌ လူ့အရိုင်းအစိုင်းပွားများမှုနှုန်း စံချိန် တင်မြင့်တက်နေသည်ကတော့ ကောင်းသောအလားအလာ မဟုတ်ဟုထင်သည်။ ဒါကိုဝိုင်းဝန်း စေတနာထား တည့်မတ်ပေးရမည်။
သို့ဆိုလျှင် မြို့နေဆရာ/ ဆရာမကော
လုံခြုံမှုအပြည့်အဝရှိရဲ့လားဟု စိတ်ဝင်တစား စပ်စုကြည့်ပြန်ရာ
အမ္ဘုတရသမြောက်အောင် အံ့ဘနန်းခပ်ဆန်းဆန်းများ ကြားရပြန်လေ၏။ ဒီမိုကရေစီစနစ်
ကူးပြောင်း လာပြီဆိုကတည်းက အကြောက်တရားကြီးမားလှသော ဆရာ/ ဆရာမများသည်
အချို့အချို့သော နာမည်ခံ (စုန်းပြူး Watchdog များ) က စာမျက်နှာပေါ်မှ
ထည့်သွင်းအဟောင်ခံရမည်ကို စိုးရိမ်ကြပြန် ၏။ မီဒီယာသမားတို့၏
သားသမီးများကို အလွန်အကျူးပိုမိုဂရုစိုက်ပေး နေရရှာသည်ဆိုကတည်းက ဒါလည်း
နေရာမကျလှသေး။ ဒါကြီးကို အဟုတ်လုပ်ပြီး ကိုရွှေမီဒီယာက သာယာနေသည်ဆိုကတည်း က
ဆန္ဒာဂတိလိုက်စားခြင်းဖြစ်၍ ဒါလည်းမဟန်သေး။ အဆင်မပြေတဲ့နေကျတော့
ကျူရှင်အကြောင်း ငယ်ကျိုးငယ်နာဖော်သည်ဆိုတော့ လည်း အဆင်ပြေခဲ့ကြစဉ် သဘောတူအူခွေ့နေကြပြီး (အဆင် မပြေမှ ဖော်ကောင်လုပ်သည်ဆိုလေတော့) နိုင်ငံနှင့်ပြည်သူအတွက်
အကျိုးရှိရာရှိကြောင်း စေတနာ ဖြင့် ရေးသားသည်ဟု အထင်ကြီးလေးစား၍
မရနိုင်သေး။ စာနယ်ဇင်းအရေခြုံ၍ အသံကောင်းဟစ် သည်ဟုပင်
မညှာမတာပြောရမည်ထင်သည်။ ဆေးရုံက ဆရာဝန်အပြင်မှာ ကိုယ်ပိုင်ဆေးခန်းဖွင့်တာ
ပြဿနာမရှိ၊ စာသင်ကျောင်းကဆရာ၊ ဆရာမအပြင်မှာ ကိုယ်ပိုင်အချိန်ထဲကဖဲ့၍
ကျူရှင်ပြတာ ဥပဒေ ရှိနေသည်။ ဘာများကွာနေကြပါလိမ့်။ အမှန်ဆိုရချေသော်
စာသင်ခန်းထဲလည်း ဒီစာ၊ ကျူရှင်မှာ လည်း ဒီစာ သင်ကြားသည်ဆိုသောအခါ ဘာကြောင့်
သင်ကြားရတာလဲ မေးသည်။ ခိုးဝှက်သင်ကြား ပေးတာ ငြီးငွေ့လွန်း၍
မေးကြည့်ခြင်းဖြစ်သည်။ 'ကျောင်းသားမိဘတွေက အတင်းတောင်းဆိုလို့ပါ တဲ့။'
'ပိုက်ဆံရယ်လို့လည်း မယူပါဘူး' ဆိုပဲ။ 'ဒါဆိုလျှင်
ဥပဒေကတားမြစ်ထားပါလျက်ကယ်နှ င့်
ကျောင်းသားမိဘက ဘာကြောင့်တောင်းဆိုသလဲ' ဟု မေးကြည့်ရာ 'ကလေးတွေ
ဂိမ်းဆိုင်၊ အင်တာ နက်ဆိုင်နဲ့ တခြားပေါက်ကရတွေ သွားမှာစိုးလို့
ခေါ်ပြီးထိန်းခိုင်းတာပါ' တဲ့။ ကိုယ့်အားလပ်ချိန်ဖဲ့ပြီး
နွားကျောင်းသားလုပ်နေရတာပေါ့ ။ သြော်ဖြစ်ရလေ ကျူရှင်ပြ ဆရာ၊ ဆရာမတွေ။ 'ဆ…ဆရာရိုသေပါ၊ ဆ…..ဆရာမရိုသေကြ' ဆိုတဲ့ ခေတ်ကုန်ခမ်းသွားခဲ့လေပြီလား။ သူတို့၏ရှင်သန်လှုပ်ရှားနေရေ သာ
မြို့ပြဘဝ၊ ကျေးလက်ဘဝကို လေ့လာသုံးသပ်ပြီး တစ်ခုခုလုပ်ပေးကြပါလား။
လူမမာကို ဆေးထိုးလျှင် ဆရာဝန်ကို ကျေးဇူးတင်ရမည်။ မလိုအပ်ပဲသာ ဆေးမထိုးရပါ။
ကျောင်းသားကို မေတ္တာစေတနာဖြင့် ဆုံးမလျှင်မိဘကသူ့ကိုယ်စား
ပဲ့ပြင်ပေးခြင်းဖြစ်၍ ကျေးဇူးတောင် တင်သင့်ကြပေသည်။ ကျောင်းသား
မိဘများသည်လည်း မိမိတို့၏ (အထိမခံ ရွှေပန်းကန်) ရင်သွေးငယ်များကို ဆရာ/ ဆရာမများက
မတို့မထိရလေအောင် မိသားစုစုံညီခိုက်သင်ကြားသမှု မပြုသင့်ဘူးလား
စဉ်းစားပေးတော်မူကြပါ။ စာရိတ္တဘာသာရပ်ဆိုသည်မှာ ထမင်းဝိုင်းမှာ
သင်ကြားပေးရမည့်ကိစ္စပါ။ မဟာစည် ဆရာတော် ဘုရားကြီးနှင့် သူ့
ဒကာဆရာဝန်ကြီးတို့အမေး အဖြေလေး ထည့်ပေးလိုက်ပါသည်။ ပါမောက္ခဆရာ
ဝန်ကြီးကမေးပါသည်။
မေး- အရှင်ဘုရားတပည့်တော်တို့သည် ဆရာဝန်လောင်းလေးများကို
လက်တွေ့ခွဲစိတ်ပညာ သင်ကြား ပေးရာ၌ အရှင်လတ်လတ်ဖားကလေးများကို
ခွဲစိတ်ပြသရပါတယ်ဘုရား။ လူတွေရဲ့ အသက်ပေါင်း များစွာကယ်တင်မယ့်
ဆေးပညာသင်ခန်းစာဖြစ်၍ ဖားကလေးတွေကို ခွဲစိတ်ပြသခြင်းဟာ ငရဲကြီးမကြီး
သိပါရစေဘုရား။
ဆရာတော်-ငရဲကြီးမကြီးတော့ ငါလည်းမသိဘူးကွဲ့။ ဒါပေမဲ့ မင်းလည်း ဖားဘက်ကနေကြည့်ပေါ့ကွယ် တဲ့။
ကဲစာရှုသူ။ 'ဆ….ဆရာရိုသေပါ' ကွယ်ပျောက်တဲ့ခေတ်၊ 'ဆ….ဆရာမရိုသေကြ' များကလည်း (ဖားဘက်ကနေကြည့်သလိုမျိုး) ကိုယ်ချင်းစာပေးကြည့်ပါလား။ ထစ်ခနဲဆို တီးသင့် မတီးသင့်၊ ဆော် သင့်၊ မဆော်သင့်ချင့်ချိန်ပေးပါလား။ ဒီလိုအခြေအနေတွေရှိနေသည့် (အခါသမယမျိုးမှာ) ဆ….ဆရာ ဘယ်သူလုပ်ရဲသလဲ။ ဆ……ဆရာမှဘယ်သူလုပ်ရဲကြသလဲ။ မရဲတရဲ မေးကြည့်ချင်လှသည်။
The Hot News Journal
နာနာကြင်ကြင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုမြင်က၊ ဆုံးမတတ်သူ၊ ဆရာဟူ ၏တဲ့။ ပညာလည်းသင်၊ လူလည်းပြင် (စာရိတ္တ ပြုပြင်ပေးခြင်း) လုပ်နေရသော ဆရာတွေ၊ ဆရာမတွေ ရှေ့လျှောက်ဘယ်လိုပုံ ဘယ်လိုနည်းများဖြင့် ပညာရေးပန်းတိုင်ကို သင်ကြားရေးလှော်တက်၊ ပဲ့ပင်ရေးလှော်တက်များဖြင့်
ဆရာကခပ်ဖွဖွလေး ခေါင်းခေါက်မိတာတောင် ကျောင်းသားက မကျေမနပ်ဖြင့် တောက်ပြန်ခတ် သတဲ့။ 'ရှေ့က ကျောင်းသားတစ်ယောက်တိုင်လို
အကြိမ်ကြိမ် စမ်းသပ်နေဆဲဖြစ်သော ပညာရေးစနစ်ထဲ၌ ဖူးဖူးမှုတ် သင်ကြားရေးတို့၊ ထိန်းထိန်းပွေ့ပွေ့ သင်ကြားရေးတို့၊ ချော့ချော့မော့မော့ သင်ကြားရေးတို့၊ နော့တော့တော့ပျော့ပေါ့ပေါ့သ
ယခုဆိုလျှင် ကျောင်းဆရာ၊ ဆရာမများသည် လန့်ဆရာ၊ဆရာမ (ကြောက်ဆရာ၊ဆရာမ) ဖြစ်မှန်းမသိ ဖြစ်နေကုန်ပြီ။ အစဉ်အလာအရ သီတင်းကျွတ် အာစရိယပူဇော်ပွဲ လုပ်မည်ဆိုတာတောင် ဟိုကြောက်၊ သည်ကြောက် (ကြောက်လန့်နေရ၍) ကျောင်းသား/သူ ထံမှ ငွေမကောက်ခံရဲတော့သော အတန်းပိုင် တို့ကြောင့် လက်အုပ်ချီ (ပစ္စည်းမပါ) ကန်တော့ခန်းဖြင့် ဆန်းပြားစွာကျင်းပနေသော သတင်းအထူး အဆန်းများလည်း ကြားနေရပြီဖြစ်သည်။ ဘယ့်နှယ်လုပ်မည်နည်း။
မိမိတို့ရပ်ရွာ၊ မိမိတို့သားသမီးများ၏ ဘဝရှေ့ရေးအတွက် လာရောက်အရောင်သွေးပေးနေသော ဆရာသခင်တို့ကို ကျေးဇူးမတင်ချင်နေနိုင်ပါသည
သို့ဆိုလျှင် မြို့နေဆရာ/
မေး- အရှင်ဘုရားတပည့်တော်တို့သည်
ဆရာတော်-ငရဲကြီးမကြီးတော့ ငါလည်းမသိဘူးကွဲ့။ ဒါပေမဲ့ မင်းလည်း ဖားဘက်ကနေကြည့်ပေါ့ကွယ် တဲ့။
ကဲစာရှုသူ။ 'ဆ….ဆရာရိုသေပါ' ကွယ်ပျောက်တဲ့ခေတ်၊ 'ဆ….ဆရာမရိုသေကြ' များကလည်း (ဖားဘက်ကနေကြည့်သလိုမျိုး) ကိုယ်ချင်းစာပေးကြည့်ပါလား။
The Hot News Journal

No comments:
Post a Comment