၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင်မူ ပထမအကြိမ်လွှတ်တော်ခေါ်ယူခြင်းမှ အစပြု၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ စတင် အသက်ဝင်လာခဲ့ပါသည်။ ယခုအခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူများနှင့် ၀ိရောဓိဖြစ်ဖွယ် အခြေအနေများကို မြင်တွေ့ကြားသိနေရပါသဖြင့် စာဖတ်သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ သိမြင် စဉ်းစားအ ဖြေရှာနိုင်ရန် လေးစားစွာ ရေးသား တင်ပြ အပ်ပါသည်။
နိုင်ငံတော်၏ အခြေခံမူများတွင် နိုင်ငံတော်၏ ပညာရေးနှင့် ကျန်းမာရေးတို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အ ခန်း(၁) နိုင်ငံတော်အခြေခံမူများတွင် ဥပဒေပုဒ်မ၂၈ ပုဒ်ခွဲ (ဂ) အရ နိုင်ငံတော်သည် အခမဲ့မသင်မနေရ မူလတန်းပညာ ရေးစနစ်ဖော်ဆောင်မည် ဟုဆိုခဲ့သလို အစိုးရမှ ယခု စာသင်နှစ်ကျောင်းဖွင့်ရာသီတွင် အခြေခံပညာမူလတန်း ကျောင်း များ၌ အခမဲ့ ကျောင်းအပ်နိုင်ကြောင်း ကြေငြာထားသော ဆိုင်းဘုတ်များအား အခြေခံပညာမူလတန်း ကျောင်းများအား လုံးလိုလိုတွင် တွေ့မြင်ခဲ့ကြရပါသည်။ ထိုသို့ စိတ်ချမ်းမြေ့ဖွယ်ရာ ပညာသင်ကြားမှု အခြေအနေပြောင်းလဲလာမှုအား ၀မ်းသာ မဆုံးခင်ပင် အချို့သော ကျောင်းများမှ ကျောင်းအပ်ခမယူသော်လည်း ဘိလပ်မြေ ဘယ်နှစ်အိတ် အလှူခံ ကြောင်း ဘိလပ်မြေအိတ်ဖိုး ဘယ်၍ဘယ်မျှကျကြောင်း နောက်ဆက်တွဲ သတင်းတွေ ကြားရပြန်တော့ ဥပဒေကိုမသိ တာလား၊ ဥပဒေအသိ မရှိတာလားလို့ မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။
မိဘများသိစေရန်
သတင်းစာဖိုး
Report-card
စာမေးပွဲဖြေသောစာအုပ်
မေးခွန်း
သန့်ရှင်းရေး များအတွက်ပိုက်ဆံ ၁၀၀၀၀/ိ တသောင်းကျပ်တိတိ ယူလာပါရန် အသိပေးအပ်ပါသည်။
အထက်ဖော်ပြပါပုံမှာ 25.5.2011 (တနင်္လာနေ့) တွင် အ.မ.က (၁) ဗဟန်း
အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာမ ကြီး ဒေါ်လှဝင်းယဉ်၏ ညွှန်ကြားချက်ဖြင့်
အခြေခံပညာမူလတန်း အ.မ.က(၁) ဗဟန်းမှ ဒုတိယတန်းစာသင်ခန်းများတွင်
ဆရာ/ဆရာမများက စာသင်ဘုတ်ပေါ်တွင် ရေးသားပေးသည်ကို ကျောင်းသူ/
ကျောင်းသားများမှ မိဘများအားပြန် လည်ပြသရန် ကူးယူရေးသားလာခြင်း ဖြစ်ပါသည်။
ထိုအကြောင်းအရာနှင့် ပက်သက်၍ အ.မ.က(၁) ဗဟန်းကျောင်းမှ ဒုတိယတန်း
ကျောင်းသူ/ကျောင်းသားများ၏ မိဘအချို့မှာ အလွန်ပင် အကျပ်ရိုက်နေကြရပါသည်။သတင်းစာဖိုး
Report-card
စာမေးပွဲဖြေသောစာအုပ်
မေးခွန်း
သန့်ရှင်းရေး များအတွက်ပိုက်ဆံ ၁၀၀၀၀/ိ တသောင်းကျပ်တိတိ ယူလာပါရန် အသိပေးအပ်ပါသည်။
“ကျနော်က ဒီကျောင်းမှာ ကျောင်းသားသုံးယောက်ရှိတာ၊ စီးပွားရေးကလဲ သိပ်မကောင်းဆိုတော့ ဘယ်လိုလုပ်ရမှန်း မသိပါဘူးဗျာ…” ဆိုတဲ့ ကျောင်းသားဖခင် တဦးရဲ့ စကားသံမှမဆုံးသေးခင်မှာ၊ ကျောင်းသူတစ်ဦးရဲ့ မိခင်နဲ့ ဖခင်ကတော့ “မပေးနိုင်ဘူးဗျာ… ဘယ်… အနုကြမ်းစီးခံနေရသလိုပဲ… အခမဲ့ပညာရေးလဲဆိုသေး ကျောင်းအပ်တုန်းကလဲ စေတနာရှိ သလောက်လှူပါဆိုပြီး ၅၀၀၀ ထက်နည်းရင် မျက်နှာတွေကပျက်နေလို့ ၅၀၀၀ ကျပ် ထည့်ခဲ့ရတယ်။ တက်နိုင်တဲ့သူတွေ က တော့ငွေ (၄/၅) သောင်းကနေ သိန်းကဏန်းထိ ထည့်သွားကြတာပေါ့ဗျာ။ ရှင့်ကို မပြောဖြစ်တာ။ ၄.၇.၂၀၁၁ တုန်း ကလဲ ဗလာစာအုပ်နဲ့ ခဲတံဖိုးဆို ၃၀၀၀ ကျပ် တောင်းလို့ ပေးလိုက်ရ သေးတယ်။ နောက်တခါလဲ ပေးရသေး တယ်ဗျ။ ဘာဖိုးလဲ ဆိုတာတော့ မမှတ်မိတော့ဘူး။
အခုတခါ ငွေတသောင်းတဲ့ဗျာ။ ဒုတိယတန်းကျောင်းသူ/ကျောင်းသားတွေ ချည်းပဲ ကောက်တယ် ထား။ ဒါလဲ ကျန် ကျောင်းသားတွေ လွတ်မယ်မထင်နဲ့နော်။ အခု လောလောဆယ် ပြောတာ။ နှစ်တန်းကျောင်းသူ/ကျောင်းသား အခန်း ချည်းကို (၅) ခန်း ရှိတယ်။ တခန်းကို ကျောင်းသူ/ကျောင်းသား ၆၀ အနည်းဆုံးရှိတယ်။ (၅) ခန်းဆိုတော့ ကျောင်းသား (၃၀၀) ပဲထား တယောက် တသောင်းဆိုတော့ အယောက် (၃၀၀) ငွေသိန်း (၃၀) ဆယ် ဘယ်နေရာမှာ ဒီလောက်ကုန် မှာမို့လဲ။ စာလေး ရေးပေးလိုက်တာ ဆရာမတွေအတွက်တော့ ဘယ်ခက်မလဲ ဆော့ပင်လေးကိုင် ၀ှိုက်ဘုတ်ပေါ်မှာ ရေး၊ ဒါပဲလေ… အဲ……အဲဒီငွေတော့ရဖို့ကတော့ ဒီမောင်တွေ ဒီမိတွေကတော့ ကုန်းတော့ ရုံးတော့ပဲဗျာ မကျေနပ်ဘူးဗျာ ကျုပ်အဖေကတော့ ပေးကိုမပေးနဲ့ ပြောတာဗျ။”
အသံတွေနဲ့ ဝေးရာထွက်သွားဖို့ ဆုံးဖြတ်ပြီးထွက်လာစဉ်မှာပဲ နားထဲကိုနှုတ်ဆက် ကြားလိုက်ရတဲ့ မိဘတဦးရဲ့ စကားသံကတော့…
“အင်း…ဖေကြီးရေ တော်မှာလဲရှာလိုက်ရတာ ကျုပ်လဲထိန်းသိမ်းတာပါပဲတော် ကလေးပညာရေးဆိုတော့လဲ အမေ့ဆေး ဖိုးထဲကပဲ လောလောဆယ် ထည့်သုံးရတော့မှာ ပါပဲရှင ပညာရွေအိုး လူမခိုးဆိုတဲ့ ဆိုရိုးသာ ကြားဖူးခဲ့တာ အခုသမီးတို့ ခေတ်ရောက်မှပဲ ရွှေအိုးပေးမှ ပညာရလို့တောင် ပြောင်းရမလိုဖြစ်နေပါပြီတော်…”
ရယ်လိုက်ရမှလား ငိုရတော့မှာလား မသိအောင် မိဘတွေရဲ့ ညည်းတွားသံတွေကြား အပြုံးစတစ်ခုနဲ့ ဆက်တွေးမိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူများတွင် ဥပဒေပုဒ်မ ၂၈ အရ နိုင်ငံတော်သည်-
(ဂ) အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ် ဖော်ဆောင်မည်ဆိုတာ ကျောင်းအပ်ခကိုပဲ အခမဲ့ ဖြစ်စေမှာလား ကျောင်းသင်ယူထောက်ကူပစ္စည်းတွေနဲ့ သတင်းစာဖိုးဆိုတာတွေ၊ Report card ဖိုးတွေ၊ စာမေးပွဲဖြေသော စာအုပ်ဖိုး တွေ၊ မေးခွန်းဖိုးတွေ၊ သန့်ရှင်းရေးဖိုးဆိုတာတွေ ရောမပါဘူးလား။
ပညာရေးဖြင့် ခောတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို တည်ဆောက်မဲ့ နိုင်ငံတော်သစ်မှာ ဆရာ မိဘတွေ အပြန်အလှန် နားလည်ချစ်ခင် ယုံကြည်မှုတွေရှိဖို့ ခုချိန်ခါမှာမှ မကြိုးစားနိုင်ဘူးဆိုရင်တော့ဖြင့် ပညာရွှေအိုး လူမခိုးဆိုတဲ့ ဆိုရိုးကို ရွှေအိုးပေးမှ ပညာရ လို့သာ ပြောင်းရတော့မလို ဖြစ်နေပါကြောင်းရေးသား တင်ပြအပ်ပါသည်။
No comments:
Post a Comment