Tuesday, 20 November 2012

နယ်စွန်နယ်ဖျား ဆရာ မလောက်ငခြင်းပြဿနာ ဒေသခံဘွဲ့ရများ ခန့်ထား ဖြေရှင်းမည်



ရန်ကုန်၊ နိုဝင်ဘာ ၁ဝ
နယ်စွန်နယ်ဖျားမှ ဒေသခံဘွဲ့ရ ၆ဝဝဝ ဦးကို မူလတန်းပြဆွဲခန့် ဆရာ/ဆရာမများအဖြစ် ၂ဝ၁၃ ခုနှစ် ဇွန်လ ၁ ရက်နေ့ မတိုင်မီအပြီး ခန့်ထားရန်ရှိသည်ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူကပြောသည်။
ဒေသအလိုက် အခြေခံပညာ ဆရာ/ဆရာမများ လုံလောက်စွာ ရှိစေရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ပြီး ချပေးသည့်ကျောင်းတွင် တစ်ဆက်တည်း ၅ နှစ် လုပ်ကိုင်နိုင်ကြောင်း ဝန်ခံကတိပြုချက် လက်မှတ်ရေးထိုးရမည်ဟု ဒုတိယဝန်ကြီးကဆက်ပြောသည်။
     
စတင်ခန့်ထားမှုကို တနင်္သာရီ တိုင်းဒေသကြီးမှစ၍ ဆောင်ရွက်မည်ဖြစ်ရာ ကျောင်း၌ ဆရာလိုအပ်နေ ကြောင်း တင်ပြလာမှုနှင့် လိုအပ်နေကြောင်း စစ်ဆေးတွေ့ရှိမှုအပေါ် အခြေပြု၍လည်း အခြား ဒေသများအတွက် ဆက်လက်ခန့်ထားသွားမည်ဟု ပညာရေးဝန်ကြီးဌာနမှသိရသည်။ ဒုတိယ ဝန်ကြီး ဦးအေးကြူကလည်း “နယ်စွန်နယ်ဖျားကို မဆင်းချင်ကြတော့ အဆင်ပြေမယ့် နည်းလမ်းပဲ။ မလုပ်လို့ကလည်း မရတော့ဘူး။ နောက်ပြီး ဒီနယ်စွန်နယ်ဖျား ကျောင်းတွေကို အထူးကိစ္စ တစ်ခု အနေနဲ့ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးရမှာပဲ” ဟု ပြောသည်။ ပညာရေး ဝန်ကြီးဌာန နည်းတူ ကျန်းမာရေးဝန်ကြီးဌာနကလည်း ယခုနှစ်တွင် နယ်စွန်နယ်ဖျားရှိ တက္ကသိုလ် ဝင်တန်းအောင် ၃၆ ဦးကို အထူးအစီအစဉ်ဖြင့် မကွေးဆေး တက္ကသိုလ်တွင် ရွေးချယ်မှုဖြင့် ပညာသင်ယူခွင့်ပေးကာ ၄င်းတို့ဒေသတွင် ပြန်လည်တာဝန်ထမ်း ဆောင်ရန်ဝန်ခံကတိဖြင့် တက်ရောက်ခွင့်ပြုခဲ့သည်။ အခြေခံ ပညာရေး လေ့လာသုံးသပ်နေသူ အငြိမ်းစား ပညာရေး ဝန်ထမ်းတစ်ဦးက ဒေသခံတို့ အလုပ်အကိုင် ရရှိသည့်အပြင် ကိုယ့်ရပ်ကိုယ့်ရွာ၏ ဓလေ့ထုံးစံကိုပါသိရှိထားသည့်အတွက် ဆရာမမြဲခြင်း ဖြစ်နေသည့် ကိစ္စရပ်ကို ယခု အစီအစဉ်က ကုစားပေးနိုင်မည်ဟု မျှော်လင့်ကြောင်း မှတ်ချက်ပြုသည်။
www.Popularmyanmar.com

No comments:

Post a Comment