Saturday, 17 November 2012

ကြည့်ရှုပြီးသဒ္ဒါပေါက်၍လှူဒါန်းလိုပါလျှင်။

ငလျင်ဒါဏ်ကြောင့် သပိတ်ကျင်းမြို့၊ဆိပ်ကမ်းရပ်ရှိ
၊ အမှတ်(၂)အမက ကျောင်းမှာ နံရံများ ပြိုကျ ပျက်စီးခဲ့ပြီးနောက် ပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိရာ ကျောင်းအုပ်ဆရာမကြီး နှင့် တွေ့ဆုံခိုက် ကျောင်းသားများ အတွက် မေးမြန်းရာမှ ကျောင်းတွင် မြစ်ရေ ကိုသာ သောက်သုံးနေရသည့်အတွက် ကလေးများ၏ ကျန်းမာရေး ကို စိုးရိမ်မိသော ဆရာမကြီးက သောက်ရေ
သန့် စက် တပ်ဆင်ရန်အလှူရှင်များ ကို မျှော်လင့်ကြောင်း ပြောပြပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီပမာဏ ဟာ စုပေါင်းလှူဒါန်းရင် လွယ်ကူတယ်လို့ ယုံကြည်တာကြောင့် အခုလို နိုးဆော် တိုက်တွန်းဖို့ ဆရာမကြီး၏ စကားတွေ တင်ပေးလိုက်ပါတယ်။ သပိတ်ကျင်းမြို့ ဆက်သွယ်ရေး အခြေအနေကြောင့် ကျွန်တော်တို့ ရဲ့ ဖုန်းနံပါတ်များကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ကိုရဲရင့်ကျော် ( ၀၉ ၄၀ ၂၅၅ ၄၀ ၁၅ ) ၂။ မနေနွယ်ထွန်း ( ၀၉ ၄၀၂၆ ၂၂၂ ၈၆ ) ၃။ ကိုရှည်ရှည် ( ၀၉ ၅၁ ၄၉ ၄၃၂ ) ၄။ ရန်ကုန်မြို့တွင် လှူဒါန်းလိုပါလျှင် ဖုန်း ( ၀၉ ၅၁၁ ၂၅ ၁၅ )မှ တဆင့် ဆက်သွယ် လှူဒါန်းနိုင်ပါသည်။ မိတ်ဆွေ တို့ တတ်အားသ၍သော် လည်းကောင်း ၊ စုပေါင်း၍သော်လည်းကောင်း၊ မည်သည့်နည်းဖြင့် ဖြစ်စေ ပါဝင်လှူဒါန်းနိုင်ရန် နိုးဆော်အပ်ပါသည်။ လွတ်လပ်သော သူငယ်ချင်းများ အင်အားစု ။

No comments:

Post a Comment