Sunday, 23 December 2012

ဟန်ဂေရီကျောင်းသားများ ပညာရေးပြုပြင်ပြောင်းလဲရန် ဆန္ဒပြနေ


ဒီဇင်ဘာ ၁၉၊ ဘူဒါပတ်စ်
ဟန်ဂေရီ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသားများသည် ဒီဇင်ဘာ ၁၉ ရက်နေ့က ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရန်အတွက် အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်းသိရသည်။
ဟန်ဂေရီ မြို့တော်၊ ဘူဒါပတ်စ်ရှိ ဟန်ဂေရီသိပ္ပံကျောင်းတော်ကြီးရှေ့တွင် ကျောင်းသားထောင်ပေါင်းများစွာ စုရုံးရောက်ရှိလာပြီး အစိုးရကို ဆန့်ကျင်သည့် ကြွေးကြော်သံများကို အော်ဟစ်ကာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြ ကျောင်းသားများသည် “ဆောင်းနှင်းဆီ ကျောင်းသားတော်လှန်ရေး” ဆိုသည့် စာတန်းများကိုင်ဆောင်ပြီး ထိုကျောင်းမှတစ်ဆင့် မြို့ထဲသို့ချီတက်ဆန္ဒပြခဲ့ကာ လက်ထဲတွင် ဆုပ်ကိုင်လာသော နှင်းဆီပန်းများကdု ဒဲနျုမြစ် အတွင်းသို့ ဖြန့်ကျဲခဲ့ကြသည်။
ရဲတပ်ဖွဲ့မှ ဗုဒ္ဓဟူးနေ့ဆန္ဒပြပွဲတွင် ဥပဒေချိုးဖောက်မှုဖြင့် ကျောင်းသား သုံးဦးကို ထိန်းသိမ်းထားကြောင်း၊ စုရုံးဆန္ဒ ပြခွင့်ကို ခွင့်ပြုချက်မယူဘဲ ချိုးဖောက်ခြင်းကြောင့် ထိုသို့အရေးယူခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဆန္ဒပြ သူအုပ်စုကြောင့် ဒင်နျုမြစ်ကို ဖြတ်သန်းတည်ဆောက်ထားသည့် ချိန်းတံတားကြီးသည် နာရီပေါင်းများစွာ ပိတ်ဆို့မှုဖြစ် ကာ ကားအသွားအလာများ ရပ်ဆိုင်းခဲ့ရသည်။
အစိုးရပြောရေးဆိုခွင့်ရှိသူ အန်းဒရက်စ် ဂီရိုဆန့်ဇ်က လွှတ်တော်တွင် နိုင်ငံတော်မှပေးအပ်သည့် ပညာသင်ဆုများကို ဖြတ်တောက်တော့မည်ဟုကြေညာခဲ့ပြီး၊ လာမည့်နှစ်တွင် အနည်းဆုံး ကျောင်းသား ၅၅၀၀၀ ကိုသာပေးတော့မည်ဖြစ် ကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် ဤသို့ဆန္ဒပြမှုများ ဖြစ်လာခဲ့ရသည်ဟုဆိုသည်။ သူက ဆက်လက်ပြီး ၂၀၁၃ ခုနှစ်တွင်ပညာရေးအတွက် ဒေါ်လာ သန်း ၁၁၀ ခန့် တိုးမြှင့်သုံးစွဲရန် လျာထားကြောင်းပြောခဲ့သည်။
ကျောင်းသားများကလည်း နိုင်ငံတော်စရိတ်ဖြင့် ကျောင်းတက်ခွင့်ရှိခဲ့သည့် ကျောင်းသားများအနေဖြင့် ကျောင်းပြီးလျှင် အလုပ်အကိုင်ရရေးအတွက် အစိုးရနှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးကာ အာမခံချက်ရလိုကြောင်း၊ ထို့ပြင် ယခု လက်ရှိပညာရေးစနစ်သည် စနစ်ကျနမှုမရှိကြောင်း၊ ကြုံသလိုသင်၊ ဖြစ်သလိုသင်နေသည့်အတွက် ပညာရေး တွင် ပြုပြင်ပြောင်းလဲရန်လိုကြောင်း၊ အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုတစ်ခုခု လုပ်တော့မည်ဆိုလျှင် ကျောင်းသား များကို အသိပေးပြီးမှ လုပ်စေလိုကြောင်း ပြောကြားခဲ့သည်။
ကျောင်းသားအများစုသည် လွန်ခဲ့သည့် နှစ်ပတ်ခန့်ကတည်းက ဆန္ဒပြနေကြခြင်းဖြစ်သည်။ ပညာရေးဝန်ကြီး ဗစ်တာ အော်ဘန်းက လာမည့်စာသင်နှစ်တွင် အထက်တန်းကျောင်းများ၌ မိမိစရိတ်ဖြင့်သာ ကျောင်းတက်ခွင့်ပြုတော့မည်ဟု ပြောဆိုခဲ့သဖြင့် မကျေနပ်ကြသောကြောင့် ဆန္ဒပြနေခြင်းဖြစ်သည်။ ပညာရေးဝန်ကြီး အော်ဘန်းသည် ၁၉၈၀ ပြည့်နှစ်လောက်က ကွန်မြူနစ်များ စိုးမိုးချိန်တွင် ကျောင်းသားခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့သည်။
Written by ရွှေမောင်

No comments:

Post a Comment