
တောင်ကိုရီးယား၊ ဒီဇင်ဘာ ၂၁
ကိုရီးယားဆရာတစ်ယောက် ရက်စက်စွာ ဆုံးမလိုက်သည့် ဗီဒီယိုမှတ်တမ်းတစ်ခုကို နိုဝင်ဘာလ ၁ ရက်နေ့ကတည်းက YouTube တွင် တင်ထားရာ ကြည့်ရှုသူပေါင်း ၅၁၀၀၀ ရှိသွားပြီဟုသိရသည်။
Korea Bang တွင် ထိုပုံကို ဖယ်ရှားလိုက်ပြီဟုဆိုထားသော်လည်း မူလကော်ပီကို YouTube တွင် ၀င်ရောက် ကြည့်ရှုနိုင်သေးသည်ဟုဆိုသည်။
ထိုဗီဒီယိုမှတ်တမ်းတွင် ဆရာတစ်ယောက်သည် ကျောင်းသူလေးတစ်ဦး၏ မျက်နှာပြင်နေရာအနှံ့ကို ရိုက်သည့် အပြင် လက်သီးနှင့်လည်း ထိုးမည်ဟု ခြိမ်းခြောက်နေကြောင်းတွေ့ရသည်။
နောက်ဗီဒီယိုပြကွက်တွင် ကျောင်းသူလေးသည် လည်ပင်းကိုကိုင်ကာ ခြောင်းမပြတ်ဆိုးနေကြောင်း တွေ့ရ သည်။ ဆရာကလည်ပင်းညှစ်လိုက်သောကြောင့်ဟု ယူဆရသည်။ ထိုဗီဒီယိုမှတ်တမ်းကို ကျောင်းသားတစ်ဦး ကဖုန်းဖြင့် ခိုးရိုက်ထားခြင်း ဖြစ်မည်ဟု ယူဆရသည်။
Written by ရွှေမောင်
No comments:
Post a Comment